မြင့်မြတ်သူလား ယုတ်သူလား၊ ယုတ်မာသူလား မြတ်သူလား
သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား သဗ္ဗညုတဉာဏ် တော်ပိုင်ရှင် ဖြစ်တော်မူသော တရားမင်းဘုရင် ဘုရားရှင်ကိုယ် တော်မြတ်ကြီးသည် လူသတ္တဝါများတို့အား လူ ချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ လောကီချမ်းသာ လော ကုတ္တရာချမ်းသာ အမျိုးမျိုးတို့ကို ရရှိ ခံစားနိုင်စေရေးအတွက် လောကိယသဒ္ဓမ္မ နှင့် နိယျာနိကသဒ္ဓမ္မလို့ အကျဉ်းအားဖြင့် သဒ္ဓမ္မနှစ်ဖြာ ဒေသနာတော်များကို ဟောကြားတော်မူခဲ့ပြီ။ လောကိယသဒ္ဓမ္မနဲ့ နိယျာနိကသဒ္ဓမ္မတဲ့၊ သဒ္ဓမ္မတရား ဘယ်နှစ်မျိုးလဲ၊ နှစ်မျိုးပါဘုရား၊ လောကီယသဒ္ဓမ္မဆိုတာ လူ့ဘဝချမ်းသာ, နတ်ဘဝချမ်း သာ, ဗြဟ္မာဘဝချမ်းသာများကို သဒ္ဓါစွမ်းအား ဉာဏ်စွမ်းအား အလျောက် ပြုလုပ်နိုင်ကြသည့်အတွက်ကြောင့် အကျိုးတရား အားဖြင့် လူ့ဘုံမှာ လူချမ်းသာ၊ နတ်ဘုံမှာ နတ်ချမ်းသာ၊ ဗြဟ္မာ့ ဘုံမှာ ဗြဟ္မာချမ်းသာ ရရှိကြရတယ်။ ဒီလို လောကီကောင်းကျိုး အမျိုးမျိုးတို့ကို ရရှိ ခံစားစေနိုင်ရေးအတွက် ကျင့်သုံးအပ်သော လောကိယသဒ္ဓမ္မဒေသနာတော်များကိုလည်း ဟောကြားတော် မူခဲ့တယ်။
နိဗ္ဗာန်ချမ်းသာ ရရှိစေခြင်း အကျိုးငှာ နိယျာနိကသဒ္ဓမ္မ ဒေသနာတော်များကိုလည်း ဟောကြားတော်မူခဲ့တယ်။ သံသရာ ကြီးအတွင်းက ထွက်မြောက်ပြီးတော့ အိုခြင်း နာခြင်း သေခြင်း မရှိရာဖြစ်သော နိဗ္ဗာန်သို့ ရောက်ရှိရေးအတွက် လောကုတ္တရာ တရား နိယျာနိကသဒ္ဓမ္မတရားတော်ကိုလည်း ဟောကြားတော် မူခဲ့လေပြီ။ အဲဒီလို လောကိယသဒ္ဓမ္မနဲ့ နိယျာနိကသဒ္ဓမ္မ နှစ်မျိုးတို့ကို မြတ်စွာဘုရားသည် ပိဋကတ်အားဖြင့် သုံးပုံ၊ နိကာယ်အားဖြင့် ငါးဖြာ၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် များပြားလှစွာ သော ဒေသနာတော်များကို ဟောကြားတော်မူခဲ့လေပြီ။ အဲဒီလို ဟောကြားတော်မူခဲ့သော ဒေသနာတော်များထဲက သုတ္တပိဋကခုဒ္ဒကနိကာယ် သုတ္တနိပါတ်ပါဠိတော်မှာ ဝသလသုတ္တန်ဆိုတာ ရှိတယ်။
“ဝသလ”ဆိုကာ သူယုတ်မာ၊ လူယုတ်မာလို့ ဆိုတယ်။ သလဆိုတဲ့တရားများကို မြတ်စွာဘုရားသည် အကြောင်းအား လျော်စွာ ဟောကြားတော်မူခဲ့တယ်။ အဲဒီ ဝသလသုတ္တန် ဒေသ နာတော်မြတ်သည် လောကိယသဒ္ဓမ္မအတွင်းမှာ တိုက်ရိုက်အား ဖြင့်ပါဝင်ပါတယ်။ အဓိကအားဖြင့် လောကီယသဒ္ဓမ္မနှင့် ပတ်သက်နေငြားသော်လည်း ဝသလတရား စကားလုံးများကို အခြား သော ဒေသနာများနှင့် နှိုင်းယှဉ်ပြီး ဆက်စပ်ကြည့်လိုက်ရင် နိယျာနိကသဒ္ဓမ္မဘက်ကိုလည်း ဦးတည်ထားတဲ့ အချက်အလက် များကို တွေ့ရတယ်။
အဲဒီလို လောကိယသဒ္ဓမ္မနဲ့ တိုက်ရိုက် သက်ဆိုင်ပြီး နိယျာနိကသဒ္ဓမ္မဘက်ကိုလည်း ရည်မျှော်ပြီး ဟောကြားပေးခဲ့ သော “ဝသလသုတ္တန် ဒေသနာတော်မြတ်၏ မူရင်းအမည်ကို မြန်မာမှုပြုပြီး ( မြင့်မြတ်သူလား ယုတ်သူလား၊ ယုတ်မာသူလား မြတ်သူလားတရားတော်)လို့ နာမည်ပေးထားပါတယ်။
သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား မြတ်စွာဘုရားသည် သာဝတ္ထိမြို့တော် ဖေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော် မူစဉ် တစ်နေ့သောနံနက် အရုဏ်မတက်မီအချိန်မှာ မဟာ ကရုဏာသမာပတ်ကို ဝင်စားပြီး သတ္တလောကကြီးကို ဗုဒ္ဓစက္ခုတော်အစုံဟု ခေါ်ဆိုအပ်သော အာသယာနုသယဉာဏ် ဣန္ဒိယပရောပရိယတ္တဉာဏ်နဲ့ ကြည့်တော်မူလိုက်တဲ့အခါမှာ အဂ္ဂိကဘာရဒ္ဓါဖပုဏ္ဏားကြီးသည် သရဏဂုံသုံးပါး ဆောက်တည် ပြီး ငါးပါးသီလကိုလည်း ဆောက်တည်လိမ့်မယ်။ ဗြာဟ္မဏ အယူ ဝါဒကို စွန့်လွှတ်ပြီး ဗုဒ္ဓဝါဒ သက်ဝင်ယုံကြည်တဲ့ ဥပါသကာ ဖြစ်လာမှာကို မြင်တော်မူတယ်။ အဲဒီလို အရေးတွေကြောင့် နံနက်လင်းတော့ မြတ်စွာဘုရားတစ်ပါးတည်း သာဝတ္ထိမြို့တွင်း ဆွမ်းခံကြွတော်မူခဲ့တယ်။
ဗြာဟ္မဏာတ် အယူဝါဒရှိတဲ့ အဂ္ဂိကဘာရဒွါဇ ပုဏ္ဏားကြီး ရဲ့ အိမ်ပေါက်ဝအနီး ခြံအတွင်းမှာ မီးပူဇော်လုပ်ကျွေးတဲ့ ပွဲသဘင် ဆင်ယင် ကျင်းပနေတယ်။ အိမ်ရှေ့မှာ မီးပုံကြီးတစ်ပုံထင်းတုံး ကြီးတွေနဲ့ မီးရှို့ထားတယ်။ အဲဒီမီးပုံထဲကို ထောပတ် ပျားရည် ဆီဦး တင်လဲများကို ထည့်ပေးပြီး ဗြဟ္မာမင်းကြီးကို ပူဇော် နေတယ်။ အဲဒီအချိန်မှာပဲ မြတ်စွာဘုရားသည် အဂ္ဂိကဘာရဒွါဇ ပုဏ္ဏားကြီး၏ နေအိမ်အနီးသို့ ရောက်လာပြီ။ ပုဏ္ဏားကြီး၏ ဗြာဟ္မဏအယူဝါဒနဲ့ ဗြဟ္မာမင်းကို ကိုးကွယ်မှု ပူဇော်ပွဲ ပြုလုပ် တဲ့ နံနက်မှာ ပုဏ္ဏားကြီးသည်လည်း နံနက်စောစောထပြီး နံ့သာ ရည်များနဲ့ ရေချိုးသန့်စင် အဖိုးတန်အဝတ်များဖြင့် တန်ဆာဆင် ထားတယ်။ ကြီးကျယ်ခမ်းနားတဲ့ ဗြဟ္မာမင်းအား မီးပူဇော်ပွဲ ပြုလုပ်နေစဉ်မှာပဲ မြတ်စွာဘုရား ဆွမ်းခံရောက်ရှိလာပြီ။ ပုဏ္ဏား ကြီးကမြင်တော့ “မုဏ္ဍက- ခေါင်းတုံးယုတ်ကြီး၊ ရောက်တဲ့နေရာ မှာပဲ ရပ်လိုက်ပါလော့၊ ရဟန်းယုတ်ကြီး အဲဒီအရပ်မှာပဲ ရပ် လိုက်ပါလော့။ အယုတ်တမာ သူယုတ်မာကြီး ရောက်တဲ့အရပ် မှာပဲ ရှေ့မတိုးလာနဲ့ ရပ်လိုက်ပါလော့”ဟု မြတ်စွာဘုရားကို ကြမ်းတမ်း ရိုင်းစိုင်းယုတ်မာတဲ့ စကားလုံးများနဲ့ ပြောကြား တာဆီးလိုက်တယ်။
ဘာဖြစ်လို့ နားမခံသာအောင် ရိုင်းစိုင်းတဲ့ ကားလုံးများနဲ့ ပြောရတာလဲဆိုတော့ ဗြာဟ္မကာယ်ရှိတဲ့ ပုဏ္ဏားများအနေနဲ့ ဗြဟ္မာမင်းကို ပူဇော်ပွဲသဘင် ပြုလုပ်နေဆဲအချိန်မှာ ဦးပြည်း ခေါင်းတုံးဖြစ်တဲ့ ရဟန်းများကို မြင်ရပြီး အနီးနားကို ရောက်လာ ပြီဆိုရင် ပုဏ္ဏားတို့ရဲ့ ပူဖော်ပွဲ မင်္ဂလာကိစ္စ ပျက်ပြီလို့ အယူစွဲလမ်း မှုရှိတယ်။ ဒါကြောင့် မြတ်စွာဘုရားကို ကြမ်းတမ်း ရိုင်းစိုင်းတဲ့ စကားလုံးများနဲ့ ပြောတာ။ တကယ်တော့ မြတ်စွာဘုရားသည် ၃၂-ပါးသော လက္ခဏာတော်ကြီးများဖြင့် တင့်တယ်လှတဲ့ ရူပ ကာယ ခန္ဓာကိုယ်တော်ကြီးက သဒ္ဒါတရားရှိတဲ့ ပုဂ္ဂိုလ်များ၏ မျက်စိအနေနဲ့ဆိုရင် ကြည်ညိုပူဖော်စရာပါ။ အဲဒီလောက် ကြည် ညိုဖွယ်ရာ သပ္ပါယ်လှတဲ့ရူပကာယ ခန္ဓာကိုယ်တော်ကြီးကို အဂ္ဂိကဘာရဒွါဇ ပုဏ္ဏားကြီးကတော့ ကြည်ညိုရကောင်းမှန်း မသိဘူး။ ဘာဖြစ်လို့ မသိသလဲဆိုတော့ ဦးပြည်းခေါင်းတုံး ရိတ်ထားတဲ့ ရဟန်းများသည် “ကာလကဏ္ဏီ သူယုတ်မာ”လို့ သမုတ်ပြီး စွဲယူထားတဲ့ အယူမှားနေတာကြောင့်ပါ။ သို့ပါသော် လည်း ဘုရား၏ မျက်နှာတော်ကတော့ ကြည်လင် ရွှင်လန်း လပြည့်ဝန်းကြီးလို တည်ငြိမ် အေးချမ်းနေတယ်။ တုန် လှုပ်ခြင်း မရှိဘူး။ ပုဏ္ဏားကြီးအပေါ်မှာ အပြစ်မယူဘဲ သနားခြင်း ကရုဏာဖြစ်ပြီး ကြည်လင်ရွှင်လန်းတဲ့ မျက်နှာတော်၊ သာယာတဲ့ အသံ၊ သိမ်မွေ့တဲ့ စကားလုံးများနဲ့ ပုဏ္ဏားကြီးကို မေးမြန်းတော် မူလိုက်တယ်။
“အို ပုဏ္ဏားကြီး၊ သင့်အနေနဲ့ ဝသလဟု ခေါ်ဆိုအပ်တဲ့ သူယုတ်မာကိုလည်းကောင်း၊ သူယုတ်မာတည်းဟူသော ပုဂ္ဂိုလ် ကိုလည်းကောင်း၊ သူယုတ်မာဖြစ်ကြောင်း တရားကိုလည်းကောင်း ခွဲခွဲခြားခြား ပိုင်းခြားဧကန် သိရဲ့လား"ဟု မေးမြန်းတော်မူလိုက်ပြီး “ဝသလဆိုတဲ့ သူယုတ်မာ၊ ဝသလဓမ္မဆိုတဲ့ သူယုတ်မာဖြစ်ခြင်း ရဲ့ အကြောင်းတရားတို့ကို သိရဲ့လား” လို့ မေးတော်မူလိုတာပါ။ ဒီလို ဘုရားရှင်ရဲ့ အမေးစကားတွေကို ကြားတဲ့အခါမှာ ပုဏ္ဏားကြီးမှာ အတွေးတွေ ဝင်လာပြီ။ “အော . ငါအနေနဲ့က တော့ ကြမ်းတမ်း ရိုင်းစိုင်းတဲ့ စကားလုံးတွေ ဒေါသဖြစ်ဖွယ်ရာ တွေနဲ့ ဂေါတမဘုရားကို ပြောကြားနေပြီ။ ဂေါတမဘုရားရှင်က တော့ ဒေါသမဖြစ် စိတ်မဆိုးဘဲ ငါ့အပေါ်မှာ အပြစ်မယူ စကားဆို တော်မူတယ်။ မေးခွန်းတွေ မေးနေတယ်။ တကယ်တမ်း စဉ်းစား ကြည့်တော့ အမျိုးညံ့တိုင်းလည်း ဝသလ-သူယုတ်မာ ဖြစ်တာ မဟုတ်ဘူး။ ဝသလ-သူယုတ်မာဆိုတာ မြင့်မြတ်တဲ့ အမျိုးမှာ လည်း ရှိတာပဲ။ ယုတ်ညံ့တဲ့အမျိုးမှာလည်း ရှိနိုင်တာပဲ။ ဒါကြောင့် ဒီ ရဟန်းကြီးဂေါတမ မေးမြန်းလိုက်တဲ့ အမေးပုစ္ဆာပြဿနာသည် ချက်ပိုင်လိုက်တာ”လို့ ဆင်ခြင်မိပြီး “အို အရှင်ဂေါတမ၊ အကျွန်ုပ်အနေနဲ့ ဝသလဟု ခေါ်ဆို အပ်သော သူယုတ်မာကိုလည်း မသိပါဘုရား။ သူယုတ်မာဖြစ် ကြောင်း ယုတ်မာတဲ့ အကျင့်တရားများကိုလည်း မသိပါဘူး ဘုရား”ဟု ပြန်လည်လျှောက်ထားတယ်။ ဆက်လက်ပြီး “အရှင် ဂေါတမ၊ ရှင်တော်မြတ်ဘုရားကို တောင်းပန် လျှောက်ထားပါ၏ ဘုရား။ ဝသလ-သူယုတ်မာကိုလည်းကောင်း၊ သူယုတ်မာဖြစ်ကြောင်း ဝသလဓမ္မတရားကိုလည်းကောင်း အကြင်အခြင်းအရာ အားဖြင့် ခွဲခြားသိနိုင်အောင် တရားဒေသနာများကို ဟောကြား ပေးတော်မူပါဘုရား”ဟု လျှောက်ထားလိုက်ပြီ။ ပုဏ္ဏားကြီးသည် ပြောဆိုမိတဲ့စကား၏ အနက်အဓိပ္ပါယ် အကျယ်ကို သိချင်တယ်။ မြတ်စွာဘုရားကလည်း မေးခွန်းထုတ်ပြီး မေးထားတာကြောင့် မသိတာကို မသိတဲ့အကြောင်း ဖြေကြားလျှောက်ထားကာ သိချင် တဲ့အချက်ကိုလည်း မေးမြန်းလျှောက်ထားနေပြန်ပြီ။
ဒီပုဏ္ဏားကြီးသည် “ဝသလ”ဆိုတဲ့ သူယုတ်မာပုဂ္ဂိုလ်ကို လည်း မသိဘူး။ သူယုတ်မာဖြစ်ကြောင်း ဝသလမ္မတရားကို လည်း သူ မသိဘူး။ အဲဒီလို မသိဘဲနဲ့ မြတ်စွာဘုရားကို ဝသလ သူယုတ်မာကြီးလို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ မစွပ်စွဲ ဘူးလား။ စွပ်စွဲပြောဆိုနေပါတယ်။ ပုဏ္ဏားကြီးသည် မိမိ ပြောဆို မိတဲ့စကားရဲ့ အဓိပ္ပါယ်အကျယ်ကိုလည်း သိချင်နေတယ်။ ဒါ ကြောင့် မေးမြန်းလျှောက်ထားခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားချက်က ပုဏ္ဏားကြီး၏ ဗြဟ္မာမင်းကို မီးပူဇော်ပွဲသဘင် ပြုလုပ်နေခြင်းသည် မှန်တဲ့အယူလား။ မှားယွင်း တဲ့ အယူလား။ မှားယွင်းတဲ့ အယူပါဘုရား။ မှားယွင်းတဲ့အယူကို ယူထားတာက အကြောင်းတစ်ခု။ ဘုရားရှင်ကိုလည်း ကြမ်းတမ်း ဆိုးဝါးတဲ့ စကားလုံးများနဲ့ စွပ်စွဲပြီး တော့ တားဆီးနေတာက အကြောင်းတစ်ချက်။ ဒါတွေကို ကြည့် လိုက်တော့ ပုဏ္ဏားကြီးရဲ့သန္တာန်မှာ သူတော်ကောင်းစိတ်တွေ ဖြစ်နေမလား။ မဖြစ်ပါဘူး။ မသူတော်စိတ်တွေပဲ ဖြစ်နေတယ်။ အဲဒီအချိန်မှာ ရှင်တော်မြတ်ဘုရား၏ မေးမြန်းတော်မူချက်ကို ကြားတော့ ပုဏ္ဏားကြီး မူပြောင်းလာတယ်။
ဟိုး -- ရှေးအတိတ် ဘဝပေါင်းများစွာတို့က ဖြည့်ကျင့် ဆည်းပူးခဲ့သော ပါရမီကောင်းမှု အကြောင်းတရားရှိတဲ့ ပုဂ္ဂိုလ်များ သည် ပစ္စုပ္ပန်အကြောင်းမသင့် အခွင့်မရသဖြင့် ရိုင်းစိုင်းခက်ထန် ကြမ်းတမ်းနေငြားသော်လည်း ပစ္စုပ္ပန် အကြောင်းအထောက်အပံ့ ရလာသည့်အခါမှာ သိမ်မွေ့နူးညံ့ လိမ္မာယဉ်ကျေးလာပါတယ်။
ထင်ရှားတဲ့ ဥပမာက- မြေကြီးခဲကြီးသည် မိုးတစ်ကြိမ် လောက် ရွာလိုက်မယ်ဆိုရင် အစိုဓာတ်ကိုရရှိပြီး နူးညံ့ ပျော့ ပျောင်းသွားတယ်။ မိမိပြုလုပ်လိုတဲ့ အရာဝတ္ထု ပစ္စည်းများကို လွယ်ကူစွာ ပြုလုပ်နိုင်တယ်။ အဲဒီသဘောပါပဲ ပုဏ္ဏားကြီးမှာ အတိတ်ဘဝက ဖြည့်ကျင့် ဆည်းပူးခဲ့သော ကုသိုလ်အကြောင်း တရားတွေရှိတယ်ပစ္စုပ္ပန် အကြောင်းအထောက်အပံ့ကောင်း ကို မရသေးလို့သာလျှင် အယူမှားပြီး ယုတ်မာ ရိုင်းစိုင်းနေတာပါ။ နောက်ဟစ်ခုက အတိတ်ဘ၀က ပါရမီအကြောင်းတရား များ မရှိခဲ့သော ပုဂ္ဂိုလ်များသည် ပစ္စုပ္ပန်ဘဝမှာ ကောင်းမွန်တဲ့ အကြောင်းအထောက်အပံ့ များစွာ ရပါသော်လည်းပဲ လိမ္မာယဉ် ကျေးတဲ့ ပုဂ္ဂိုလ်များ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ကြပါဘူး။ အသီ တရားနဲ့ သတိထားပြီး ပြုပြင်သွားမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဥပမာက ပုံသဏ္ဌာန်လည်း ကြီးတယ်။ သိပ်သည်းမှုက လည်းများတဲ့ ကျောက်တုံးကြီးသည် မိုးအကြိမ်ပေါင်း ရာထောင် မက ရွာချပါသော်လည်း နူးညံ့ ပျော့ပျောင်းမှု ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။
ဒါပေမယ်လို့ အလျှံတပြောင်ပြောင်နဲ့ မီးပြင်းတိုက်ပြီး မီးဖုတ်လိုက်ရင် ထုံးမှုန့်အဖြစ်တော့ နောက်ဆုံးရောက်လာရတယ်။ ပစ္စုပ္ပန်မှာ အားကြီးတဲ့ အကြောင်းအထောက်အပံ့ ရမှ အချို့ ပုဂ္ဂိုလ်များ အသိဉာဏ်ရှိလာပြီး လိမ္မာယဉ်ကျေးသူတွေ ဖြစ်လာ ကြရတာပါ။ အချို့ပုဂ္ဂိုလ်တွေကြတော့ သတိလည်းမထား၊ အသိဉာဏ် လည်း မဝင်သည့်အတွက်ကြောင့် ဆရာသမားကောင်းများနဲ့ တွေ့ကြုံ ပေါင်းဆုံရ၊ အဆုံးအမကောင်းတွေ ရကြပါသော်လည်း လိမ္မာယဉ်ကျေးသူများ ဖြစ်မလာပါဘူး။ ယခု အဂ္ဂိကဘာရဒွါဇ ပုဏ္ဏားကြီးမှာကျတော့ အတိတ်ပါရမီကုသိုလ်ကံ အကြောင်း တရားကလည်း ရှိတယ်။ ပစ္စုပ္ပန်မှာ ကလျာဏမိတ္တကောင်းဖြစ်တဲ့ ဘုရားရှင်နဲ့လည်း တွေ့ကြုံ ပေါင်းဖော်ရပြီ။ ဘုရားရှင်အပေါ်မှာ လည်း ကြည်ညိုလာပြီ။ ဘုရားရှင်၏ မေးမြန်းချက်အပေါ်မှာ မိမိ သိလိုသော အချက်အလက်ကလည်းပါတော့ ဒီအခွင့်ကောင်း ကို ရလာတာကြောင့် ပုဏ္ဏားကြီးသည် စိတ်နူးညံ့ကာ မူပြောင်း လာတာပါ။
“မြတ်စွာဘုရား၊ တပည့်တော်သည် ဝသလ-သူယုတ်မာ လည်း မသိပါဘုရား။ သူယုတ်မာဖြစ်ကြောင်း ၀သလဓမ္မကို လည်း မသိပါဘုရား။ မြတ်စွာဘုရားက ဟောကြားပေးလိုက်မယ် ဆိုရင် သိနိုင်ပါတယ်။ အဲဒီလိုသိနိုင်တဲ့ တရားကို ဟောကြားပေး တော်မူပါဘုရား”ဟု လျှောက်ထားလိုက်ပါတယ်။
သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားသည် “ပုဏ္ဏားကြီး၊ သင်က တရားဟောဖို့ရန် တောင်းပန် လျှောက်ထား သောကြောင့်သာလျှင် တရားကို ရိုရိုသေသေ နာကြားလော့။ အာရုံတစ်ပါး နားမကစားဘဲ ထောင်နားစိုက်ကာ နာကြားလိုက် ပါလော့။ ကောင်းမွန် ရိုသေစွာ ကွက်ကွက်ကွင်းကွင်း ဉာဏ် မြင်ရှင်းအောင် နှလုံးသွင်းလိုက်ပါလော့။ သင်ပုဏ္ဏားကြီး နား လည်အောင် ဟောကြားပေးတော့မယ်” ဟု မိန့်ကြားတော်မူလိုက် တယ်။ အဲဒီလို ဘယ်လိုအကြောင်းကြောင့် ပြောကြား တိုက် တွန်းရသလဲဆိုရင် တရားနာတယ်ဆိုတာ နားနဲ့ နာယူရတာပါ။ ကြားရတဲ့အသံအပေါ်မှာ အာရုံစိုက်ပြီး နာယူမှ မှတ်သားမိမှာပါ။ နားအပေါ်မှာ အစိုးရမှ သတိထားစူးစိုက်မှု ရှိရမယ့်သဘောပါ။ အဲဒါကို သောတိနြေလို့ ဆိုရပါလိမ့်မယ်။ တရားသံအပေါ်မှာ အာရုံစိုက်ပြီး နာယူမှုမရှိရင် နားပျံ့လွင့်နေပြီ။ အဲဒီလို နားပျံ့လွင့် မယ့်အရေးကို တားမြစ်သောအားဖြင့် မိန့်ကြားရတာပါ။ အခြား တစ်ပါးသော အာရုံအပေါ်ကို စိတ်ရောက်နေမယ်ဆိုရင် ဗဟိဒ္ဓ အသံများ၏ အနှောင့်အယှက်ကြောင့် အပြင်အသံအပေါ်မှာ နား ကျက်စားနိုင်တယ်။ စိတ်တွေက တခြားကိုရောက်ပြီး ပျံ့လွင့်နေ မယ်။ ဒါကြောင့် နားမပျံ့လွင့်ရအောင် တရားကို သေသေချာချာ နာပါလို့ တိုက်တွန်းနေရတာပါ။
“ကောင်းမွန်ရိုသေစွာ တရားကို နှလုံးသွင်းနာယူပါလို့ ဟောကြားပေးရတာကလည်း မနိန္ဒြေ၏ စိတ်ပျံ့လွင့်မှုကို တားမြစ်သောအားဖြင့် မိန့်ကြားပေးရတာပါ။ ရုပ်ခန္ဓာကိုယ်ကြီးကသာ ငြိမ်ပြီးနေတာ၊ စိတ်ကတော့ တခြားတစ်ပါးကို ပျံ့လွင့်နေမယ်။ အသွေးအာရုံမှာ မျောနေတာတွေ မရှိဘူးသား။ ရှိပါတယ်။ အဲဒီလို စိတ်ပျံ့လွင့်မယ့်အရေး သိမြင်တော်မူသည့်အတွက်ကြောင့် တားမြစ်သောအားဖြင့် “ ကောင်းမွန်ရိုသေစွာ ကွက်ကွက်ကွင်းကွင်း ဉာဏ်မြင်ရှင်းအောင် တရားကို နှလုံးသွင်းနာယူပါ” လို့ မိန့်ကြား နေရတာပါ။
“သင်ပုဏ္ဏားကြီး နာလည်အောင် ဟောကြားပေးမယ်”လို့ ဘာကြောင့် မိန့်ကြားပေးရတာလဲဆိုတော့ ပုဏ္ဏားကြီးရဲ့ နှလုံး သားသန္တာန်မှာ အယူမှားကလည်း လွှမ်းမိုးထားတယ်။ ဘုရားရှင် အပေါ်မှာလည်း ကြမ်းတမ်း ရိုင်းစိုင်းတဲ့ စကားတွေနဲ့ စွပ်စွဲ ပြောဆိုထားတော့ ပုဏ္ဏားကြီး၏ စိတ်တွေ ဆုတ်နစ်နေတယ်။ အကုသိုလ်စိတ်တို့၏ အလွှမ်းမိုးကို ခံရတဲ့ပုဂ္ဂိုလ်သည် ဆုတ်နစ် နေမှာပါ။ စိတ်ထက်သန်မှုရှိမှာ မဟုတ်ပါဘူး။ ပုဏ္ဏားကြီးမှာ မြတ်စွာဘုရားသည် “ဝသလတရား ဝသလဓမ္မတရားများကို ဟောကြားပေးမှာကတော့ ဟုတ်ပါပြီ။ အဲဒီလို နက်နဲတဲ့ တရား များကို ဘယ်လိုများ ဉာဏ်မီအောင် ထောက်ရာတည်ရာ ရပါ့ မလဲ”လို့ ဆုတ်နစ်တဲ့စိတ်တွေ ဖြစ်နေတယ်။ ဒါကြောင့် ဘုရားရှင်က ပုဏ္ဏားကြီးမှာ သဒ္ဓါအား သတိ အားတွေ တက်လာအောင် စိတ်ထက်သန်လာအောင် တိုက်တွန်းနှိုးဆော် မိန့်ကြားပေးနေရခြင်းပါ။
သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားသည် “သင့် အနေနဲ့ အာရုံတစ်ပါး နားမကစားဘဲ သေသေချာချာ တရားကို နာယူပါ။ ကောင်းမွန်ရိုသေစွာ ဉာဏ်မှာ ရှင်းသွားအောင် နှလုံး သွင်းပါ’’လို့ သတိပေးစကား ပြောကြားပြီး ဂါထာပေါင်း (၂၀)ကို ဟောကြားပေးလိုက်တယ်။ တရားစကားလုံးက (၃၃)လုံး ပါတယ်။ တစ်ဂါထာချင်း တရားစကား တစ်လုံးချင်းကို အကျယ်ချဲ့ပြီး ဟောပေးဖို့ နှလုံးသွင်းထားပါတယ်။
မြတ်စွာဘုရား ဟောကြားထားတဲ့ ဂါထာပါဠိ တရားကား လုံးကို မူတည်ထား၊ လယ်တီပဏ္ဍိက ဆရာဦးမောင်ကြီး ရေးသား ထားတဲ့ လင်္ကာများဖြင့် ဖြည့်စွက်၊ မန်လည်ဆရာတော်ဘုရား ကြီး၏ မဃဒေဝလင်္ကာများဖြင့် ခြံရံတန်ဆာဆင်ပြီး အားဖြည့် ပေးလိုက်မယ်ဆိုရင် အမြင့်မြတ်သူလား ယုတ်သူလား၊ ယုတ်မာသူလား မြတ်သူလာ'အမည်ပေးထားတဲ့ တရားသည် အတော်လေး ကျယ်ဝန်း ပြည့်စုံသွားမှာပါ။ ဒါကြောင့်
(၁) ပထမဂါထာ ကောဓနော ဥပနာ ဟီ စ၊ ပါပမက္ခီ စ ယော နေရော၊ ဝိပန္နဒိဋ္ဌိ မာယာပိ၊ တံ ဇညာ ၀သလော ဣတိ။ ။
ဗြာဟ္မဏ ပုဏ္ဏားကြီး၊ ယာ နရော- အကြင်သူသည် ကောမနော- မဆင်မခြင် အလျင်တကာ အမျက်ထွက်လေ့ ရှိ၏။ ဥပနာတီ - အမျက်ဟုန်ကို မပျောက်ဘဲ နောက်ဆက်၍ ရန်ငြိုးဖွဲ့တတ်၏၊ ပါ၀မက္ခီ - ယုတ်မာလွန်ကျူး၍ ကျေးဇူး ချေ ဖျက်တတ်၏။ ဝိပန္နဒိဋ္ဌိ- အမှန်ပျက်ပြား၍ အယူမှားသို့ ပင် ရောက်လေ၏။ မာယာဝီ-- မိမိအပြစ်ကိုဖုံး၍ လိမ်ဉာဏ်သုံးစွဲ လေ့ရှိ၏။ တံ - ထိုသို့သဘောရှိသောသူကို၊ ၀သလောဣတိ သူယုတ်မာကြီးဟူ၍၊ ဇညာ-သိမှတ်ရာ၏။
“ပုဏ္ဏားကြီး၊ အကြင်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည်
၁။ ကောဓ - အမျက်ဒေါသ ခက်ထန်ကြီးမားမယ်။
၂။ ဥပနာဟ - ရန်ငြိုးလည်း ဖွဲ့တတ်မယ်။
၃။ ပါပမက္ခီ - ကျေးဇူးလည်း ကန်းတတ်တယ်။ ကျေးဇူးလည်း ချေဖျက်တတ်တယ်။
၄။ ဝိပန္နဒိဋ္ဌိ - အယူလည်း မှားနေမယ်။
၅။ မာယာဝီ – မိမိအပြစ်ကိုဖုံးပြီး လိမ်ဉာဏ်သုံး မာယာ များမယ်။
ဒီတရား(၅)ပါးထဲက တစ်ပါးပါးနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို အယုတ်တမာ သူယုတ်မာကြီးလို့ ဧကန်မြဲစွာ မှတ်လိုက်ပါလို့ ဟောကြားပေးပြီ၊ ဒီတရားငါးပါးသည် ဓမ္မဓိဋ္ဌာန်အားဖြင့် သူယုတ် မာဖြစ်ကြောင်း ဝသလဓမ္မများပါပဲ။ ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် အဲဒီ တရားတွေနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်သည် ဝသလ-သူယုတ်မာ လူယုတ်မာပါပဲ။ အဲဒီတရား ငါးမျိုးမှ ဆန့်ကျင်ဘက် အပြန်အား ဖြင့်ဆိုရင် မြင့်မြတ်ကြောင်း ဖြစ်သည့်အတွက်ကြောင့် သေဋ္ဌဓမ္မ မြင့်မြတ်ကြောင်း တရားငါးပါးနဲ့ ပြည့်စုံနေရင် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ မြင့်မြတ်သူဖြစ်ပြီး ဒါကြောင့် ဒီ ဝသလသုတ္တန်တရား တော်ကို “မြင့်မြတ်သူလား ယုတ်သူလား၊ ယုတ်မာသူလား မြတ်သူလားလို့ နှစ်ပင်လိမ် နှစ်ထပ်ကွမ်းအနေနဲ့ တရားအမည် ပေးထားတာပါ။ ဒီတရား ငါးလုံးတို့ကို မှတ်သားရ လွယ်ကူအောင် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက- " အပျက်လွှမ်းမိုး၊ ရန်ငြိုးသိုဖွဲ့၊ ကျေးဇူးမဲ့နှင့်၊ တိမ်းငဲ့ယွင်းပါး၊ အယူမှားလျက်၊ ဖောက်ပြားလိမ်လည်၊ ဤငါးမည်ကား၊ လူ့ပြည်တစ်ခွင်၊ ဥဒါန်း တွင်သည်၊ သိမြင်မှတ်လေ သူယုတ်တည်း”လို့ လင်္ကာစီကုံး ခဲ့တယ်။
(၁) အမျက်လွှမ်းမိုး - ဒီ ကောဓရဲ့သဘောကို မန်လည် ဆရာတော်ဘုရားကြီးကလည်း မဃဒေဝလင်္ကာမှာ- “ခိုက်ရန် ဒေါသ၊ ဟူသမျှလည်း၊ ဖြစ်ကလျင်စွာ၊ ငြိမ်းစေရာ၏၊ ယုတ်မာ လွန်ဆိုး၊ ဒေါသမျိုးကား၊ တိုးလေတိုးလေ၊ အိုးနှယ်ဝေသို့၊ လောင်ထွေမီးလား၊ အပြစ်များ၏” မဃဒေဝလင်္ကာသစ်-ပိုဒ် ၃ရ၂] ရေးသားခဲ့တယ်။ ပုထုဇဉ်မှန်လျှင် ပဋိဃာနုသယဆိုတဲ့ ဒေါသကတော့ အနုသယ ကိလေသာအနေနဲ့ ကိန်းအောင်းနေပါတယ်။ ဒေါသ ကိလေသာသည် အနာဂါမ် ရဟန္တာဖြစ်မှ မဂ်နဲ့ သမုစ္ဆေဒပဟာန် ပယ်သတ်လိုက်လို့ အကြွင်းမဲ့ ချုပ်ငြိမ်းသွားတာပါ။ သောတာပန် သကဒါဂါမ်များတောင် ရှိနေသေးတာပဲ။ ဒါပေမယ့် သောတာပန် အရိယာပုဂ္ဂိုလ်ဆိုရင် ဒေါသဖြစ်စရာ အာရုံနဲ့ တွေ့ကြုံလို့ အကြောင်းတိုက်ဆိုင်ရင် စိတ်ထဲမှာဒေါသတော့ ဖြစ်လိုက်သေး တာပဲ။ သို့သော် ဖြစ်ကြောက မရှည်ပါဘူး။ ပုထုဇဉ်ပုဂ္ဂိုလ်ဆို ရင်လည်း သူတော်ကောင်းတရားများကို လေ့လာလိုက်စားမှု ပြုကျင့်မှု မရှိဘူး၊ ထိန်းသိမ်းစောင့်မှု မရှိဘူး၊ နောက်တစ်ချက်က ဒေါသစရိုက် အားကြီးမယ်ဆိုရင် အကြောင်းပေါ်လာလျှင်တော့ ဒေါသ ကိလေသာကတော့ စိတ်ထဲမှာ ထကြွ သောင်းကျန်းလာ တာပဲ။
ဒါပေမယ့် သတိထားပြီး အသိတရားနဲ့ ထိန်းချုပ် ထိန်းအုပ် နိုင်မယ်ဆိုရင် ဒေါသသည် ငြိမ်ဝပ်သွားနိုင်ပါတယ်။ ဒေါသတည်း ဟူသော သူယုတ်မာဖြစ်ကြောင်းတရား ဝသလဓမ္မသည် ဖြစ်ပေါ် လာပြီဆိုရင် အကောင်းအဆိုး အကြောင်းအကျိုးကို မသိတော့ ပါဘူး။ ပြစ်မှားဖျက်ဆီး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ယုတ်မာ ဆိုးဝါးလှပါတယ်။ ဥပမာပေးရရင် မီးဖိုပေါ်မှာ တင်ထားတဲ့ ဆီဒယ် အိုးသည် မီးရှိန်ပြင်းပြင်းနဲ့ ကြိုချက်လိုက်ရင် ဆီများ ဆူပွက်ပြီး ဘေးကို ဝေကျလာသလို အဲဒီအတိုင်းပါပဲ ဒေါသဆီအိုးကြီး ထကြွ သောင်းကျန်းဝေကျလာပြီဆိုရင် သက်မဲ့သက်ရှိ ပတ်ဝန်း ကျင် တစ်ခုလုံးကို ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးစေပါတယ်။ ဆိုးကျိုး အမျိုးမျိုးကိုသာ ဖြစ်ပေါ်စေမှာပါ။ ဖြစ်ပေါ်လာတဲ့ ဒေါသတရားကို နိုင်အောင် တားဆီးပါ။ မထိန်းချုပ်နိုင်ရင် တိုးတိုးပြီး ပြင်းထန်လာ ရင် ကာယကံမြောက်အောင် ကြမ်းတမ်းရိုင်းစိုင်းတဲ့ အမှုကိစ္စများ ပြုလုပ်တတ်တယ်။ နှုတ်ကလည်း မကြားဝံ့ မနာသာ ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ ပြောဆိုတော့တာပါပဲ။ နောက်ဆုံး အသက် သေဆုံးသည်အထိ ဆိုးဝါးတဲ့ အကျိုးတရား ကြီးကြီးမားမားတွေ ဖြစ်ကုန်တော့တာပါပဲ။ နောက်ဆက်ပြီးတော့ မဃဒေဝလင်္ကာမှာ ‘‘လောင်ခြစ်ပွက်ဆူ၊ မျက်ထွက်သူကို၊ တုံ့မူအပျက်၊ ပြန် မထွက်က၊ အောင်ခက်နိုင်ခဲ၊ စစ်မြေထဲဝယ်အောင်ပွဲရသည်။ သူဟုမည်၏။ မကြည်စိတ်စက်၊ အမျက်ထွက်သူ၊ ထိုသည့်လူနှင့်၊ အတူပြန်လျက်၊ မျက်မာန်ထွက်သော်၊ ရှေးထက်နောက်လူ၊ မိုက်သောဟူ၏’ [မဃဒေဝလင်္ကာသစ် -ပိုဒ်-၂၆၃] ရေးသားခဲ့တယ်။
မိမိကို တစ်ဖက်လူက ဒေါသဖြင့် အမျက်ထွက် ရန်ပြု နေပြီဆိုရင် တုံ့ပြန်အပျက် ပြန်မထွက်ဘဲ သည်းခံနေလိုက်တော့ အောင်မြင်ရန်ခက်ခဲတဲ့ စစ်ပွဲကို အနိုင်ရလိုက်သလိုပါပဲ။ ဒေါသ တည်းဟူသော ရန်သူကို ခန္တီတည်းဟူသော ခံတပ်အတွင်းက မေတ္တာတည်းဟူသောလက်နက်နဲ့ ပြန်လှန်ကာ တွန်းလှန်ဖြိုဖျက် အနိုင်ယူနိုင်ရမယ်။ တန်ပြန်အမျက် ကိုယ်ကပြန်ထွက်နေရင် ရှေး ဒေါသထွက်သူထက် နောက်ဒေါသထွက်သူက ပိုပြီး မိုက်တယ်။ ဒေါသဆိုတဲ့ ကောဓတရားသည် ယုတ်မာကြောင်းဖြစ်သည့် အတွက်ကြောင့် ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလဓမ္မ၊ ကောလည်း ဟူသော ယုတ်မာကြောင်းတရားနှင့် ပြည့်စုံနေတဲ့ သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ သူယုတ်မာပါပဲ။ ကောတည်း ဟူသော ဒေါသတရားသည် တစ်ဖက်က တိုက်စစ်ပဲ။ မိမိက ခန္တီမေတ္တာနဲ့ ပြန်လည်ပြီး တွန်းလှန်လိုက်မယ်ဆိုရင် အောင်မြင် အနိုင်ရပြီး အနိုင်ယူ အောင်မြင်နိုင်တဲ့တရားသည် မြင့်မြတ် ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ။ မြင့်မြတ်ကြောင်း ဖြစ်တဲ့ ခန္တီမေတ္တာတရားများနဲ့ ပြည့်စုံတဲ့သူကို ပုဂ္ဂလဓိဋ္ဌာန်အား ဖြင့် သေဋ္ဌပုဂ္ဂလ မြင့်မြတ်သူဖြစ်ပြီး။
အဲဒီတော့ မြင့်မြတ်သူ ဖြစ်ချင်သလား၊ ယုတ်မာသူ ဖြစ်ချင်သလား။
အမှန်တကယ်တော့ မြင့်မြတ်သူပဲ ဖြစ်ချင်ကြမှာပါ။ ဒါ ကြောင့် အဒေါသတည်းဟူသော မေတ္တာတရား သည်းခံမှုတည်း ဟူသော ခန္တီတရားများ လက်ကိုင်ထားပြီး မြင့်မြတ်သူများ ဖြစ် အောင် ကြိုးစားကြရမှာပါ။ ယုတ်မာသူဖြစ်ကြောင်းလည်း သိပြီ၊ မြင့်မြတ်သူဖြစ်ကြောင်းလည်း သိပြီ။ မိမိတို့အနေနဲ့ လိုက်ချင်တဲ့ လမ်းကို လိုက်နိုင်ခွင့် မရှိဘူးလား။ အပြည့်အဝ ရှိပါတယ်။ ဒါ ပေမယ့် ကိုယ်ပိုင်အခွင့်အရေးအရ လိုက်ချင်တဲ့လမ်းကို လိုက် နိုင်ခွင့် ရှိငြားသော်လည်း ဆိုက်ရောက်မယ့်ခရီးဆုံး ပန်းတိုင်ကျ တော့ ရှေ့ကိုလှမ်းမျှော် မကြည့်သင့်ဘူးလား၊ ကြည့်သင့်ပါတယ်ဒေါသလမ်းက လိုက်မလား။ မေတ္တာ ခန္တီလမ်းက လိုက်မလား ဒေါသလမ်းက လိုက်မယ်ဆိုရင်တော့ ဒေါသ၏ အကျိုး ပေးရာသည် အပါယ်လေးဘုံအတွင်းက တိုက်ရိုက်အကျိုးပေးရာ သည် ငရဲဘုံပါပဲ။ မေတ္တာ ခန္တီလမ်းက လိုက်မယ်ဆိုရင် ကာမာ ဝစရကုသိုလ်လောက် ဆိုရင်ကိုပဲ သုဂတိဘုံကတော့ သေချာပြီ။ ဒါကြောင့် လိုက်သင့်တဲ့လမ်းကို ကြိုးစားလိုက်နိုင်ကြပြီး မလိုက် သင့်တဲ့ လမ်းကိုလည်း ကြိုးစား ရှောင်နိုင်ကြပါစေ။
မြတ်စွာဘုရားသည် အဂ္ဂိကဘာရဒွါဇပုဏ္ဏားကြီးကို ကော ဓနော- မဆင်မခြင် အလျင်တဆော အမျက်ထွက်လေ့ ရှိ၏။ အဲဒီတရားနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ဝသလ- သူယုတ်မာ လူယုတ် မာရယ်လို့ ဧကန်ပိုင်ပိုင် သေချာစွာ မှတ်သားပါလေလော့ဟု ဟောကြားပေးနေတာပါ။
နောက် နံပါတ်(၂)က ဥပနာဟ- ရန်ငြိုးဖွဲ့တတ်၏။ ရန်ငြိုးဖွဲ့တယ်ဆိုတော့ အများနားလည်တဲ့ စကားလုံးနဲ့ ဖလှယ် ပြီး ပြောရရင် အာဃာတထားတယ်။ အမုန်းပွားနေတယ်။ ရန်ငြိုး ထားနေတယ်။ ဒါဆိုရင် ဥပနာဟပဲ။ ဒေါသဟုန် အပျက်ဟုန်ကို မဖျောက်ဘဲ နောက်ဆက် ရန်ငြိုးဖွဲ့နေခြင်းပါ။ ဒါဆိုရင် ဝသလ ဓမ္မပါပဲ။ ရန်ငြိုးဖွဲ့သော တရားနှင့် ပြည့်စုံနေသောသူသည် ပုဂ္ဂလ ဓိဋ္ဌာန်အားဖြင့် ဝသလ-သူယုတ်မာ လူယုတ်မာပါပဲ။
အဲဒီမှ အပြန်အားဖြင့်တော့ ရန်ငြိုးမဖွဲ့ဘူး။ အာဃာတ မထားဘူး။ စိတ်ပြေပျောက်လွယ်တယ်။ ဒါဆိုရင် မြင့်မြတ်ကြောင်း ဖြစ်လို့ သေဋ္ဌဓမ္မ။ ရန်ငြိုးမဖွဲ့ဘဲနဲ့ အပျက်ဒေါသ နှလုံးသားမှာ ကြာရှည်စွာ တည်ကိန်းမနေစေဘဲနဲ့ ပြေပျောက်အောင် ဖြေ ဖျောက်လိုက်တဲ့ ပုဂ္ဂိုလ်ကျတော့ သူ၏သန္တာန်မှာ အာဃာတ တရားတွေ မရှိတော့သည့်အတွက်ကြောင့် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ မြင့်မြတ်သူဖြစ်ပြီ။
ဒီ အမုန်းပွား ရန်ငြိုးထားခြင်းသည် အကျိုးတရားပါး ဘာ ကြောင့် ဖြစ်ပေါ်လာရသလဲ။ အကြောင်းတရားကို ရှာသင့်တယ်၊ အကြောင်းအကျိုး ဆက်စပ်ကြည့်ရအောင်။ လူသား တစ်ဦးတစ် ယောက်သည် တစ်ဖက်သားပုဂ္ဂိုလ်အပေါ်မှာ အနိုင်လိုချင်တယ်အသာစီးရလိုတယ်။ ဗိုလ်ကျ စိုးမိုးချင်တယ်။ အဲဒီလို အနိုင်ယူ ဗိုလ်ကျလိုတာကြောင့် တစ်ဖက်သားအပေါ်မှာ အချစ်မထား အမုန်းပွားနေမှာပါ။ ဒါဆိုရင် ရန်ငြိုးထား အာဃာတဖြစ်နေပြီ။
အနိုင်ယူချင်တာက အကြောင်းတရား၊ ရန်ငြိုးဖွဲ့ အာ ဃာတထားခြင်းသည် အကျိုးတရား၊ အကြောင်းအားလျော်စွာ ဒေါသကတော့ ဖြစ်လာတတ်တာပဲ၊ ဖြစ်လာပြီဆိုရင်လည်း ကောင်း ကျိုးမပြု ဆိုးကျိုးသာ ဖြစ်ပေါ်စေတာပဲလို့ နှလုံးသွင်း ဆင်ခြင်ပြီး ပယ်ဖျောက်နိုင်ရမယ်၊ ဒေါသလည်း မပွားနဲ့၊ အာယာကလည်း မထားနဲ့။ ဒါဆိုရင် မြင့်မြတ်သူဖြစ်ပြီ။
(၃) တတိယတရားစကားလုံးက ပါပပကို ယုတ်မာလူနဲ့ ကျူး၍ ကျေးဇူးကို ချေဖျက်တက်၏။ ကျေးဇူးကန်းတဲ့ တရား သည်လည်း ဝသလဓမ္မပဲ။ ကျေးဇူးကန်းခြင်း မက္ခတရားနှင့် ပြည့်စုံနေတဲ့သူသည် ၀သလ သူယုတ်မာပါပဲ။ ကျေးဇူးကို သိ တယ်ဆိုရင် မြင့်မြတ်ကြောင်းဖြစ်လို့ သေတ္တဓမ္မတရားပါပဲ။ ကျေးဇူး မကန်းဘဲနဲ့ ကျေးဇူးသိမယ်။ သိသည့်အတိုင်း ကျေးဇူးကို ထုတ် ဖော်ပြောကြားပြီး ကျေးဇူးဆပ်တတ်မယ်ဆိုရင် မြင့်မြတ်သူ သေဋ္ဌ ပုဂ္ဂလပါပဲ။ မြင့်မြတ်သူဖြစ်ကြောင်း ကျေးဇူးသိတဲ့ ကတညုတ တရားသည်လည်း သေဋ္ဌဓမ္မပါပဲ။ ဒါကြောင့် မယဒေဝမှာ “မေတ္တာရှေးဦး၊ ပြုပေးဖူးကို၊ ကျေးဇူးသိ၊ ကတညုတည်း ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ် က၊ သူမြတ်မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်၊ လောကီလူ၊ ဉာဏ်မြင်းတို့သူပြုအထူး၊ သူ့ကျေးဇူးကို၊ ကြည်နူးဝမ်းမြောက် မခေါက်မရက်၊ နှစ်သက်အင်ရွဲ၊ သိတတ်ခဲ၏။ အမြဲမှတ်၍၊ သူမြတ်ဝါဒီ၊ ထုံးဝသိဖြင့်၊ မှန်ညီသစွာ၊ တော်ဖြောင့်ရာ၏။ ကိုယ် မှာပြုဖူး၊ သူ့ကျေးဇူးကို၊ ထိပ်ပြူးမအပ်၊ တုံ့ပြန်ဆပ်၍၊ ထွက်နပ် ကောင်းပေ၊ ပြစ်မချေနှင့်’’ ( မဃဒေဝလင်္ကာသစ် ပိုဒ် ၂၅၅] ဟု ရေးသားထားပါတယ်။
မုံရွေးဆရာတော်ဘုရားကြီး၏ မင်္ဂလသုတ်ပျို့ျို့မှာလည်း “တင်ခြင်းလွန်ကြူး၊ သူ့ကျေးဇူးကို၊ အထူးသိစေ”လို့ ရေး သားတာကိုလည်း အသိဉာဏ် ပွားစေပါတယ်။ သူတစ်ပါးတို့က မိမိအပေါ်မှာ အလွန်အကြူ၊ အထူးသဖြင့် ပြုထားအပ်သော ကျေးဇူးကို အထူးသိခြင်းသည် ကတညုတာ အမည်ရသော မင်္ဂလာတရားပါပဲ၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာ “ရခဲတဲ့ပုဂ္ဂိုလ် နှစ်ဦး ရှိကြောင်း ဟောထားတာရှိတယ်။
လောကမှာ ရခဲတဲ့ပုဂ္ဂိုလ် နှစ်ယောက်ရှိတယ်။ ပထမတစ် ယောက်က ပုဗ္ဗကာရီပုဂ္ဂိုလ် ရှေးဦးစွာ ကျေးဇူးပြုတတ်သော ပုဂ္ဂိုလ်ကိုလည်းပဲ ရခဲတယ်။ ဒုတိယတစ်ယောက်က ကတညုတ ကတဝေဒီပုဂ္ဂိုလ် သူတစ်ပါးတို့က ကျေးဇူးပြုထားတာကို ကျေးဇူး သိပြီး သိသည့်အတိုင်း နှုတ်က ထုတ်ဖော်ပြောကြား တတ်နိုင် သည့်အခါမှာလည်း ကျေးဇူးတုံ့ပြန် ပေးဆပ်သောပုဂ္ဂိုလ်ကိုလည်း ပဲ ရခဲတယ်။
ဘာဖြစ်လို့ ရှေးဦးစွာ ကျေးဇူးပြုတတ်သောပုဂ္ဂိုလ်ကို ရခဲ သလဲဆိုရင် လောကမှာ ပုထုဇဉ်လူသားတိုင်းသည် တဏှာ လောဘ ကိလေသာတရားတို့၏ လွှမ်းမိုးမှုကို အမြဲတမ်း ခံနေ ရတယ်။ မိမိတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာများကို ပေးဖို့ ဆိုတာ မလွယ်ကူတဲ့ အလုပ်ပါ။ တဏှာလောဘကို ဘော်လှန်ပယ်ခွါနိုင် မှ ဒါနကို ပြုလုပ်နိုင်တာ။ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းအပေါ်မှာ တပ် မက်တွယ်တာတဲ့ တဏှာကို ပယ်ခွပြီးမှ အလှူဒါန ပေးကမ်းမှု ပြုလုပ်နိုင်တာ။ ဒါကြောင့် ရှေးဦးစွာ ပေးကမ်း လှူဒါန်းခြင်းဖြင့် ကျေးဇူးပြုတတ်သူကို ရခဲတယ်လို့ ဟောကြားခဲ့တာပေါ့။ ကတညုတ ကတဝေဒီ ကျေးဇူးသိပြီး ပြန်ဆပ်တတ်တဲ့ ပုဂ္ဂိုလ်ကိုလည်း ဘာကြောင့် ရခဲပါသလဲ။ သတ္တဝါများသည် အဝိဇ္ဇာမောဟ ကိလေသာတရားက ဖုံးလွှမ်းထားသည့်အတွက် ကြောင့် မဟုတ်တာကို အဟုတ်ထင်၊ ကောင်းတာကို မကောင်း မြင်၊ ယုတ်မာတာကို မြင့်မြတ်တယ်လို့ ထင်ပြီး နေကြတယ်။
အဲဒီတော့ ကျေးဇူးတရားကို မသိနိုင်ကြဘူးပေါ့။ နှုတ်ကလည်း ထုတ်ဖော် မပြောရဲကြဘူး။ ကျေးဇူးကို ပြန်လည်ကာ မပေးဆပ် နိုင်ကြတော့ လောကမှာ ရခဲတဲ့ပုဂ္ဂိုလ်အတွင်းလည်း မပါဝင်ဘူး၊ ဒါကြောင့် ဘုရားရှင်က ကျေးဇူးသိ၊ သိသည့်အတိုင်း ကျေးဇူး ပြန်ဆပ်တတ်တဲ့ ပုဂ္ဂိုလ်သည်လည်း လောကမှာ ရခဲတယ်လို့ ဟောကြားခဲ့တာပါ။
ဒီအကြောင်းအရာများနဲ့ ပတ်သက်ပြီးတော့လည်း မယဒေဝလင်္ကာမှာ “ဤလူ့ဘ၀၊ လူ့လောက၌၊ ဉာဏသမ္ပာဉ်၊ ကင်းမယှဉ်ဘဲ၊ ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ ဗာလ ဟူ၏ခွေးတူမထူး၊ ကျေးဇူးကျိုးရှိ၊ ဂုဏ်သတ္တိကို မသိတတ်ကြ မိုက်ခေါင်လှသား၊ မိတ္တဒုဗ္ဘဗာလဟူသည်၊ လူမသမား ထို များစွာတို့၊ ချမ်းသာစီးပွား၊ မတည်ကြားတည့် လျော့ပါးယိမ်းယိုင် မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေကျဖျားရေသို့၊ သေရပတိုး၊ ဘုန်း ရောင်ညှိုးလျက်၊ တန်ခိုးနေ့ညဆုတ်လမာ၊ ယုတ်တတ်စွာ၏ [မဃဒေဝလင်္ကာသစ်-ပိုဒ်-၁၉၈] ရေးသားဖွင့်ဆိုထားပါတယ်။
ကျေးဇူးကို ပါးစပ်ကသာလျှင် သိပြီးတော့ လက်က မပါ ဘူးဆိုရင် ကတညုတ ကျေးဇူးသိတယ်ရယ်လို့ ခေါ်နိုင်ပါမလား။ မခေါ်နိုင်ပါဘူး။ သိရုံသာသိပြီး ကျေးဇူးကို တုံ့ပြန်မဆပ်ရင် ကတညူ ခေါ်လို့မရဘူး။ ပါးစပ်သာရှိပြီး လက်မပါရင် မှတ်ပါ လေတော့ အကတညူပါပဲ။ အချို့က ကျေးဇူးမသိသည့်အပြင် ကျေးဇူးတောင် မကန်းဘူးလား။ ကျေးဇူးကန်းသည့်အတွက် ကြောင့် ကျေးစွပ်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်မသွားဘူးလား။ ကျေးစွပ်သူ ကျေးဇူးချေဖျက်သူ ဖြစ်သွားပါပြီ။ အဲဒီလို ကျေးဇူးကန်း ကျေးစွပ်သည့်အတွက်ကြောင့် ထိုပုဂ္ဂိုလ်များသည် ပစ္စုပ္ပန်ကမ မှာလည်း သူတစ်ပါးတို့၏ အကဲ့ရဲ့ကိုလည်း မခံရဘူးလား၊ ကဲ့ရဲ့ ခံရပါတယ်။ နောင်တမလွန် ဘဝဆိုရင်လည်း ငရဲရောက်ရပါ လိမ့်ဦးမယ်။ ဒါကြောင့် ပစ္စုပ္ပန် အကျိုးလည်း မရှိ၊ သံသရာမှာ လည်း နစ်မွန်းဦးမှာ ဖြစ်သည့်အတွက်ကြောင့် ကျေးဇူးကန်းနဲ့၊ ကျေးဇူးသိပြီး တတ်နိုင်ရင် ကျေးဇူးတုံ့ပြန် ပေးဆပ်ပါလေ။
ပါပမက္ခိ … ကျေးဇူးကို ချေဖျက်တဲ့တရားသည် ဓမ္မဓိဋ္ဌာန် အားဖြင့် ယုတ်မာကြောင်းဖြစ်သည့်အတွက်ကြောင့် ဝသလဓမ္မ။ အဲဒီ ဝသလဓမ္မနဲ့ ပြည့်စုံနေတဲ့သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ယုတ်မာသူ လူယုတ်မာပဲပေါ့။
ကျေးဇူးကိုသိ၊ သိသည့်အတိုင်း ကျေးဇူးပြန်ဆပ်တဲ့သဘော တရားသည် မြင့်မြတ်ကြောင်းဖြစ်သည့် အတွက်ကြောင့် ဓမ္မ ဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ။ မြင့်မြတ်ကြောင်းတရားနှင့် ပြည့်စုံနေ သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ မြင့်မြတ်သူ ဖြစ်ပါတယ်။
(၄) စတုတ္ထ တရားစကားလုံးက ဝိပန္နဒိဋ္ဌိ- အယူမှားမှု လင်္ကာမှာ “တိမ်ငဲ့ယွင်းပါး အယူမှားလျက်” အယူမှားယွင်း ဖောက်ပြန်ခြင်းသည်လည်း ဝသလဓမ္မပါပဲ။ အယူမှန် ပျက်ပြား၍ အယူမှားသို့ ဝင်ရောက်လေ၏။ အယူမှန် အသိမှန် ချွတ်ယွင်း နေရင် ယုတ်မာကြောင်းဖြစ်သည့် အတွက်ကြောင့် ဝသလဓမ္မ။ အဲဒီအယူမှားနေတဲ့ သူသည် ဝသလ-သူယုတ်မာ။ ဒီတရား စကားလုံးနဲ့ ကြည့်လိုက်ရင် အဂ္ဂိကဘာရဒွါဇပုဏ္ဏားကြီးသည် ဗြာဟ္မဏအယူဝါဒအတိုင်းပဲ ဗြဟ္မာမင်းကြီးကို ကိုးကွယ်နေတယ်။ မီးပူဇော်လုပ်ကျွေးနေတယ်။ ဗြာဟ္မဏဇာတ်ရှိသူ ဗြာဟ္မဏလူမျိုး ကိုသာလျှင် အမြင့်မြတ်ဆုံးဖြစ်တယ်။ ကျန်တဲ့ လူမျိုး ဇာတ် ကွဲပြားသူ မှန်သမျှတို့သည် ယုတ်ညံ့သူတွေချည်းပဲလို့ အယူက မှားယွင်းနေတာပါ။ ပုဏ္ဏားကြီး အယူမှားနေတာကို ကွက်ကွက် ကွင်းကွင်း ဉာဏ်မြင်ရှင်းအောင် ထောက်ပြလိုတာကြောင့် ဝိပန္န ဒိဋ္ဌိ အယူမှန်ပျက်ပြား၍ အယူမှားသို့ ဝင်ရောက်နေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်သည် သူယုတ်မာ လူယုတ်မာပါပဲလို့ ဟောကြားပေး နေတာ။ ပုဏ္ဏားကြီးသည် ဘုရားရှင်ကို အမျိုးအနွယ်ကလည်း မတူ။ ခေါင်းကို ပြောင်အောင်ရိတ်ပြီး သပိတ်လက်စွဲ မြို့ထဲမှာ လှည့်လည် ဆွမ်းခံစားတာကို ယုတ်မာသောအလုပ်ပဲလို့ အယူမှား အမြင်မှားရှိပြီး စွပ်စွဲ ပြောဆိုခြင်းသည်လည်း ဒီအယူမှားကြောင့် ပါပဲ။ ဒီလို အယူမှားတွေ ကင်းပျောက်သွားပြီး အယူမှန် ရောက် လာအောင် “သင်ပုဏ္ဏားကြီး စွဲယူထားတဲ့ အယူတွေသည်လည်း မှားယွင်းနေတာပဲ”လို့ ဟောကြားပေးလိုက်တာပါ။ ဒီအကြောင်း အရာများကိုလည်း မဃဒေဝလင်္ကာမှာ “မိုးမြေစကြ၀ဠာသတ္တဝါလောကဟူသမျှနှင့်သုခ ဒုက္ခာ၊ ခံစားရာကို၊ ဗြာဟ္မာနတ်ဖန်၊ ဆိုကြဟန်ကား၊ မမှန်မိစ္ဆာ၊ ဒိဋ္ဌိသာရှင့်’ မဃဒေဝလင်္ကာသစ်-ပိုဒ်-၂၉ဝ] ရေးခဲ့ပါတယ်။
ပုဏ္ဏားကြီး အယူမှားယွင်းနေတာသည် မိစ္ဆာဒိဋ္ဌိ၊ မှားယွင်း တဲ့ အကျင့်များသည်လည်း မိစ္ဆာပဋိပဒါ၊ မှားယွင်းတဲ့ အယူအသိ အကျင့်အလုံးစုံတို့နဲ့ ပြည့်စုံနေသည့်အတွက်ကြောင့် ဓမ္မဓိဋ္ဌာန် အားဖြင့် ဝသလဓမ္မ။ ထိုဝသလဓမ္မများနဲ့ ပြည့်စုံနေတဲ့ သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ-သူယုတ်မာ။
ဘုရား တရား သံဃာ ရတနာသုံးပါးကို အထွတ်အမြတ်ထား ကိုးကွယ်ရမှာသည် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများ၏ တန်ဖိုးထားရမယ့် အဓိကအလုပ်ပါ။ ဟောကြားဆုံးမချက်အတိုင်း လိုက်နာဆောင်ရွက် ကျင့်သုံးရမယ်လို့လည်း ခံယူထားရမယ်။ ယုံကြည်ချက်အတိုင်း အသိဉာဏ်ယှဉ်ပြီး ရတနာသုံးပါးကို ပူဇော် လှူဒါန်း ထောက်ပံ့မှုလုပ်ငန်းများ လုပ်နေကြခြင်းသည်လည်း မှန်ကန်တဲ့ လုပ်ရပ်များပါပဲ။ တစ်ခါတစ်ခါမှာ ကြားရတာက “ကုသိုလ်ရေး၌ ဖင့်နှေးသဘော၊နက်ဖြန်သောဟု ပြောတတ် တုံငြား၊ သူ့စကားကို၊ ထောင်နားမနာ၊ ဤခန္ဓာလည်း ခိုင်မာနိစ္စ၊ မမှတ်ရဘူး၊ ဝါဒယုတ်မာ၊ မိစ္ဆာအယူ၊ လူဟုဖြစ်လျက် ခုရက် ရောက်ကြောင်း၊ မကျင့်ကောင်းတည်း မဃဒေဝလင်္ကာသစ် ပိုဒ်- ၁၂၂] မန်လည်ဆရာတော်ရဲ့ အဆုံးအမစကားတော်ပါ။
မမှန်ကန်တဲ့ အယူအဆများကို မယူကြနဲ့။ ဘာတွေလဲ ဆိုရင် “ဤခန္ဓာလည်း၊ ခိုင်မာနိစ္စ၊ မမှတ်ရဘူး” ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်တစ်ခုစီတော့ ရရှိနေကြတာပါ။ ရရှိထား သော ခန္ဓာများသည် နိစ္စဆိုတဲ့ ခိုင်မာ တည်တံ့တဲ့ သဘော အနေဖြင့် မမှတ်နဲ့။ ခန္ဓာမှန်သမျှတို့သည် အနိစ္စပဲ။ မခိုင်မာဘူး။ ဒါပေမယ့် ခိုင်မာနိစ္စအနေနဲ့ စွဲယူမထားကြဘူးလား၊ စွဲလမ်း မှတ်ယူနေကြပါတယ်။ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်လုပ်ငန်းများ လုပ်ခွင့်ကြုံလာပြီဆိုရင် ဒီနေ့တော့ မလုပ်သေးဘူး။ နောက်နေ့မှ လုပ်မယ်။ ဒီလတော့ မလုပ်သေးဘူး။ နောက်လမှ လုပ်မယ်။ ဒီနှစ်တော့ မလုပ်သေးဘူး။ နောက်နှစ်မှ လုပ်မယ်။ အဲဒီလို ရက်တွေ လတွေ နှစ်အချိန်အခါတွေကို ရွှေ့ပြောင်းနေကြခြင်း သည် မိမိတို့ ရရှိထားတဲ့ ခန္ဓာကိုယ်ကြီးကို အမြဲနိစ္စ ထင်မှတ် နေကြလို့ပါမမြဲတဲ့ ခန္ဓာကိုယ်ကို ခိုင်ခိုင်မာမာကြီးအနေနဲ့ ရေ ရှည် တည်တံ့နေမှာဘဲလို့ အမြင်မှား အထင်မှားနေသည့်အတွက် ကြောင့် ကုသိုလ်အရေးတွေမှာ မေ့လျော့နေတယ်။ နှေးကွေး တုံ့ဆိုင်းနေကြတာပေါ့“တို့ ရရှိထားတဲ့ ခန္ဓာကိုယ်သည် အနိစ္စ မမြဲတဲ့သဘောပဲ။ ခိုင်မာတဲ့သဘောမရှိဘူး။ နိစ္စ ခိုင်မာမှုဆိုတာ တစ်ခဏလေးမျှ မရှိဘူး” လို့ အသိဉာဏ်နဲ့ အမှန်ယူထားရမယ်။ လောကမှာ မှန်တဲ့အယူနဲ့ မှားယွင်းတဲ့အယူတွေက ယှဉ်ပြိုင်ပြီး ပေါ်လာစမြဲပါပဲ။ ဒါကြောင့်လည်း မဃဒေဝလင်္ကာမှာ “ဆယ်ပါးကောင်းမှုလှူဝတ္ထုကို၊ စွန့်ပြုမလွှတ်၊ စိတ္တုပ္ပါဒ် ၊ ဒါနအလှူ၊ မြောက်သောဟူ၍၊ အယူဖောက်လွဲ၊ မိစ္ဆာစွဲ၏၊ လိပ်ခဲပမာ၊ မြဲမြံစွာလျက်၊ သတ္တဝါတစ်ယောက်၊ ယူမှားမှောက်ကို သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားခြေချွတ်၊ ဖြေမလွှတ်ဘူး၊ အကျွတ်မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီး မျိုးလည်း၊ ယူကိုစွန့်ဘဲ၊ အကျင့်လွဲ၍၊ ငရဲခံလိမ့်မည်သောကြောင့် [မယဒေဝလင်္ကာသစ်-ပိုဒ်-၃၁၉] ရေးသားဆုံးမခဲ့ပါတယ်။
သုတ္တန်ဒေသနာတော်နည်းအရ လှူဖွယ်ဝတ္ထု ဆယ်မျိုး ရှိပါတယ်။ (၁) ထမင်း ခဲဖွယ် စားစရာ (၂) ဖျော်ရည် (၃) အဝတ်အထည် (၄) ထီးဖိနပ် စီးစရာယာဉ် (၅) ပန်း (၆) နံ့သာအမျိုးမျိုး (ရ) နံ့သာပျောင်း(အဖွဲ့) (၈) ကုတင်အိပ်ရာ (၉) ကျောင်းအဆောက်အအုံ (၁၀) ဆီမီး-အလင်းရောင် ပစ္စည်း အမျိုးမျိုးတို့ပါပဲ။
ဝိနည်းဒေသနာတော်နည်းအရ လှူဖွယ်ဝတ္ထု လေးမျိုးရှိ တယ်။ ဆွမ်း သင်္ကန်း ကျောင်း ဆေးပစ္စည်းတို့ပါပဲ။
အဘိဓမ္မာဒေသနာတော်နည်းအရ လှူဖွယ်ဝတ္ထု ခြောက် မျိုး ရှိတယ်။ အဆင်း အသံ အနံ့ အရသာ အတွေ့အထိနဲ့ ကျန်အာရုံအမျိုးမျိုးတို့ပါပဲ။
ယခု ဆယ်ပါးကောင်းမှု လှူဝတ္ထုဆိုတာ သုတ္တန်ဒေသ နာတော်နည်းအားဖြင့် ၁၀-ပါးကို ပြောနေပါတယ်အချို့ပုဂ္ဂိုလ် များသည် လှူဖွယ်ဝတ္ထုကို အလှူခံပုဂ္ဂိုလ်၏ လက်ထဲသို့အရောက် ဆက်ကပ်လှူဒါန်းခြင်း မပြုဘဲ လှူချင်ပါတယ်၊ လှူမယ်လို့ ပုဗ္ဗ စေတနာဖြစ်တာနဲ့ကိုပဲ အလှူက ပြီးမြောက်သွားပြီ။ ဒါနကုသိုလ် ရသွားပြီလို့ ယူဆစွဲလမ်း ပြောဆိုနေကြတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ပြောနေတာပါ။ ဒါဆို ဖောက်ပြန်တဲ့ အယူမှား၊ ယုတ်မာတာပဲ။ အစွဲသန် မိစ္ဆာဉာဏ်များတဲ့ ပုဂ္ဂိုလ်တွေသည် ဒါနလုပ်တာလည်း ပစ္စည်းကုန်တာပဲ။ သီလစောင့်ထိန်းရတာလည်း အချိန်ကုန် လူ ပင်ပန်းတာပဲ။ ဘာဝနာလုပ်ငန်းလည်း စိတ်ပင်ပန်း လူနွမ်း ဆင်းရဲတာပဲ။ ဒါနလည်း မလုပ်နဲ့။ သီလလည်း ဆောက်တည် မနေနဲ့။ စိတ်တစ်ခုသာ အဓိကပါပဲဆိုပြီးတော့ ဒါနလည်း စိတ်ကူးနဲ့ လှူဒါန်းလိုက်၊ သီလလည်း စိတ်ကူးနဲ့ပဲ ထိန်းသိမ်း စောင့် ရှောက်လိုက်၊ ဘာဝနာအရေးကျတော့ စိတ်ကူးနဲ့ပဲ နိဗ္ဗာန်ရောက် အားထုတ်လိုက်ပြီ။
အချို့ ပရမတ်ဉာဏ်ပါးမဝ တယူသန် အစွဲပြင်းထန်တဲ့ ပုဂ္ဂိုလ်များသည် သမုတိသစ္စာဒေသနာတော်အားဖြင့် ဟောကြား ထားတဲ့ တရားများအပေါ်မှာ အယူအဆ မှားယွင်း ချွတ်ချော် ကုန်တာပါ။ ယုံကြည်မှု သဒ္ဒါအားနည်းပြီး ပညာလွန်ကဲတဲ့ သူများ ရဲ့ ပြောဆိုတာ လုပ်ကိုင်တာ ကြံစည်တာမှန်သမျှ မှားယွင်း ချွတ်ချော်တာ များပါတယ်။
ပြင်းထန်မြဲမြံတဲ့ နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်သွားရင်တော့ ဘယ်သူ့ အယူမှ လက်မခံတော့ဘူး။ သူ့ရဲ့မှားယွင်းတဲ့ အယူဝါဒအရ အကျိုးပေးပြီဆိုရင် အဝီစိငရဲထက် ဆိုးဝါး ကြာမြင့်စွာ ခံစားရတဲ့ ‘လောကန္တရိကငရဲ' ပဲ၊ လောကန္တရိကငရဲသည် နောက်ဆုံးခရီး လမ်းဆုံးပဲ။ နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူသည် သဗ္ဗညုတဉာဏ်တော်ပိုင်ရှင် ဘုရားအဆူပေါင်း ထောင်သောင်းမက ကြွလာ ပြီး ဟောကြား ချေချွတ်ပါသော်လည်း မိမိစွဲယူထားတဲ့ မစွန့်လွှတ်ပါဘူး။
ယခုတော့ အဂ္ဂိက ဘာရဒွါဇပုဏ္ဏားကြီး မှားယွင်းတဲ့ အယူဝါဒ စွဲလမ်းမှုကြောင့် ဘုရားရှင်အပေါ်မှာလည်း စွပ်စွဲ ပြစ်မှားနေတာ။ မှားယွင်းတဲ့ လုပ်ရပ်ပေါ်မှာ နှစ်သက်ပြီး ဗြဟ္မာမင်းကြီးကို မီးပူဇော် လုပ်ကျွေးနေတာပေါ့။ အဲဒီလို မှားယွင်းနေတဲ့ အယူဝါဒကို ပယ်စွန့်နိုင်အောင် မှန်တဲ့အယူကို ယုံကြည်စွာ လက်ခံလာ အောင် မြတ်စွာဘုရားသည် ဝိပန္နဒိဋ္ဌိ အယူမှန် ပျက်ပြား၍ အယူမှားသို့ ဝင်ရောက်လေ၏။ အဲဒီလိုဆိုရင် သင်ပုဏ္ဏာကြီး မှတ်သားပါလေတော့၊ ထိုပုဂ္ဂိုလ်သည် ဝသလ-သူယုတ်မာပါပဲလို့ ဟောကြားပေးလိုက်တာပါ။
ဗုဒ္ဓဝါဒအရ ဒါနကုသိုလ်ရေး လုပ်ကိုင်ရာမှာ အလှူခံ ရဟန်းတော်များ၏ လက်တော်သို့အရောက် ဒါနဝတ္ထုကို ဆက်ကပ် လှူဒါန်းပြီးသည့်နောက်မှ ဒါနအလှူ ပြီးမြောက်တာပါ။ သီလကုသိုလ်ရေး ဆိုရင်လည်း သီလသိက္ခာပုဒ်များကို ခံယူ ဆောက်တည်ပြီး သတ်မှတ်ထားသော အချိန်ပြည့်သည်အထိ မကျိုး မပေါက် မပြောက်မကျား ညစ်နွမ်းမှုမရှိရအောင် ထိန်းသိမ်း စောင့်ရှောက်နိုင်မှ ငါးပါးသီလ ရှစ်ပါးသီလသိက္ခာပုဒ်များ ပြည့်စုံ စွာ ပြီးမြောက်သွားမှာပါ။ ဘာဝနာလုပ်ငန်းမှာလည်း ဘုရားရှင် အလိုတော်ကျ ညွှန်ပြ ဟောကြားထားအပ်သော နည်းလမ်း အတိုင်း သမထဘာဝနာ ၀ိပဿနာဘာဝနာများကို ကျင့်သုံး အားထုတ်မှ မှန်ကန်တဲ့ အသိဉာဏ်များ ရရှိမှာပါ။ အဲဒီ မှန်ကန် တဲ့ အသိဉာဏ်များကပဲ ဒါနပိုင်းရော သီလပိုင်းရော ပြန်လည် စောင့်ရှောက်သွားနိုင်မှသာ အကျိုးရှိတဲ့ ဘာဝနာအသိဉာဏ်ပါပဲ။ မှန်ကန်သော အကျိုးတရားရရှိအောင် အကြောင်းမှန်ကို ပွါးများ အားထုတ်ရမှာပါဗုဒ္ဓဘာသာဝင်များ၏ သန္တာန်မှာ ဒါန သီလ ဘာဝနာလုပ်ငန်းများအပေါ် မှန်ကန်တဲ့ ယုံကြည်မှုရှိပြီး မှန်တဲ့ အယူ သမ္မာဒိဋ္ဌိသည် ဓမ္မဓိဋ္ဌာန်အားဖြင့် မြင့်မြတ်ကြောင်းဖြစ်လို့ သေဋ္ဌဓမ္မ၊ အဲဒီမြင့်မြတ်ကြောင်း မှန်တဲ့အယူနဲ့ ပြည့်စုံသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ -မြင့်မြတ်သူ ဖြစ်ပါတယ်။ ။
နံပါတ် (၅)ခုမြောက် ၀သလတရားက မာယာဝီ- မိမိ အပြစ်ကို ဖုံး၍ လိမ်ဉာဏ် သုံးစွဲတတ်၏။ မိမိမှာ ထင်ရှားရှိနေ တဲ့ အပြစ်ကို ဖုံးကွယ်ထားပြီး မှန်ကန်တဲ့သဘောအားဖြင့် သူ တစ်ပါးတို့ အမှန်ထင်မှတ်အောင် လိမ်ဉာဏ်သုံးစွဲတဲ့ တရားပါ။ အကုသိုလ် ဒုစရိုက်လုပ်ငန်းများ လုပ်ထားတယ်။ ဒါကို လူများစွာတို့ လုံးဝ မသိအောင် ဖုံးကွယ်ထားတယ်။ သူ့ကို လူအများက သူတော်ကောင်းကြီးပဲလို့ အထင်ခံရအောင် ဟန်ဆောင်ကာ နေခြင်းဖြင့် လိမ်ဉာဏ်သုံးလိုက်သေးတယ်။ ဒီလိုလူကို မာယာ များတယ်လို့လည်း ပြောကြတယ်။ ဟန်ဆောင် ဝါကြွားတယ်။ ပရိယာယ်များတယ်။ ပလီစိချောက်ချက်ပြောတယ်ဒါတွေသည် မာယာနဲ့ သဘောသွားတူတဲ့ စကားလုံးများပါ)။ မှားတဲ့အကျင့် တွေကို ကျင့်နေပါလျက် အမှန်ကျင့်နေတဲ့ သဘောအားဖြင့် အယောင်ဆောင်နေရင်လည်း မာယာဝီအတွင်း ဝင်တာပါ။ ဒီမာယာရဲ့သဘောများကိုလည်း မဃဒေဝလင်္ကာမှာ “မာယာကာရီး နှုတ်ချိုးပြီဖြင့်ထိုဤဆန်းပြားသာယာ ဖြားလျက်၊ သံမျှားဝမ်းထဲမုသားစွဲ၍၊ စဉ်းလဲလျှပ်ပွ၊ မများစေနှင့်၊ စိတ်နေမမှန်၊ သူတော်ဟန်ဖြင့်ကြံဖန်ရှု၊ ရုပ်ယောင်ပြပြီ။ နည်းမျှမြက်မှိုက်၊ ဖိုးမထိုက်ကို၊ ခေါင်း၌ကပ်တင်၊ မြစ်ကြီးထင်လျက်၊ ရွှေစင်ရတနာ၊ တစ်ရာကိုမှု၊ ခိုးယူတုံလစ်၊ ရသေ့ညစ်သို့ ကောက်ကျစ်မူယာ၊ ပြုတတ်စွာ၏' မဃဒေဝလင်္ကာသစ် ပိုဒ် ၃၈၆] ရေးသားဖွဲ့ဆို အသိဉာဏ်ပေးထားတယ်။
မန်လည်ဆရာတော်ဘုရားကြီးက ဇာတ်တော်မှာ ရှိတဲ့ ရသေ့ညစ်၏ ဇာတ်လမ်းနဲ့ သာဓကတင်ပြထားတယ်။ မာယာများ သော ပုဂ္ဂိုလ်များ၏လုပ်ရပ်၊ စိတ်ထားမမှန်ဘဲ သူတော်ကောင်း ဟန်ပန်အတိုင်း ယုံကြည်လောက်အောင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းပါ။ ရှေးသာသနာပကာလတုန်းက ကာမဂုဏ်တွေ ကို ငြီးငွေ့ကြတဲ့ သူတော်ကောင်းတို့သည် တောထွက် ရသေ့ဝတ် ပြီး တောတောင်မှာပဲ နေထိုင်ကြတယ်။ လူတစ်ယောက်သည် လည်း ရသေ့ဝတ်ပြီး တောစခန်းမှာ နေတယ်။ အဲဒီရသေ့သည် ဘုရားအလောင်း အမျိုးကောင်းသားနေတဲ့ ကျေးရွာနဲ့ မနီးမဝေး တောတွင်း တစ်နေရာမှာ နေတယ်။ ဘုရားအလောင်း အမျိုး ကောင်းသားရဲ့ မိတ်ဆွေသူးငယ်ချင်းက အဲဒီရသေ့ကို ကြည်ညို ကိုးကွယ်ပြီး စောင့်ရှောက်နေတယ်။ ကျောင်းရေး ဆောက် လုပ် လှူဒါန်းထားတယ်။ တစ်နေ့သော ရွာတွင်းမှာ ခိုးဆိုး လုယက် တိုက်ခိုက်နေသော လူဆိုးတို့၏ အန္တရာယ်ကို ကြောက် ရွံ့လာတယ်။ မိမိ စီးပွားရေးလုပ်ရင်း ပိုလျှံလို့ နာင်ထားတို့ ရွှေရင်နီက္ခတစ်ရားကို အိမ်မှာလားရာ၊ လုံခြုံစိတ်ချရမှု မရှိတာ ကြောင့် မိမိကိုးကွယ်တဲ့ ဆရာရသေ့ကျောင်းသွားပြီး အနားမှာ မြှုပ်နှံသိမ်းဆည်းထားလိုက်တယ်။ နောက် ဆရာရသေ့ထံမှောက် သွားရောက်ပြီး “ဆရာရှင်ရသေ့၊ အကျွန်ုပ် တို့နေရာမှာ ရွှေစင် နိက္ခတစ်ရာ အသပြာကို မြှုပ်နှံလားပါတယ်။ အရှင်ဆရာရသေ့ သတိထားလိုက်ပါ”လို့ ပြောကြားလိုက်တယ်။ ဆရာရှင်ရမည့် ကလည်း “ဒကာ၊ တို့ ရသေ့ရဟန်းများသည် ဒကာ ဒကာမကို၏ ပစ္စည်းဥစ္စာကို ထိန်းသိမ်း စောင့်ရှောက်ပေးရတဲ့ အလုပ်ကို လုပ်ပေးကောင်းတာ မဟုတ်ဘူး။ သင့်လုပ်ငန်း သင့်အနေနဲ့ပဲ သိပါလေလော့”လို့ ပြောတော့သည်။ ထပ်မံ လျှောက် ထားစရာ မရှိတော့ ဘာမှမပြောတော့ဘဲ ပြန်သွားပါလေရော။ ဒကာ ပြန်သွားတော့ ဆရာရှင်ရသေ့ စဉ်းစား ကြံစည် တယ်။ “ဒီ ရွှေစင်နိက္ခ အသပြာတစ်ရှာဆိုရင် လူ့ဘောင်လောက မှာ ရင်းနှီးပြီး စီးပွားရှာလိုက်မယ်ဆိုရင် ကြီးပွား တိုးတက်လာ နိုင်တယ်။ ဒီ ရွှေအသပြာနဲ့ပဲ အိုးအိမ်ရာ တည်ထောင်ပြီး သုံးစွဲ နေရင်လည်း ချောင်ချောင်လည်လည် နေသွားနိုင်တယ်”လို့ ကြံ စည်မိပါတော့တယ်။ ကြံစည်မိတဲ့အတိုင်း ရသေ့သည် ရွှေအသပြာတွေကို ကူးယူပြီး ရွာအတွက် မမြင်ကွယ်ရာမှာ ငှက် ထားလိုက်တယ်။ နောက်တစ်နေ့ မနက်ကျတော့ ရွာတွင်းမှာ ရှိတဲ့ ဒကာအိမ်သွားပြီး "ဒကာတို့ ရဟန်းရသေ့များသည် တစ်နေရာမှာ ကြာကြာနေရင်ဖြင့် ဒကာ၊ ဒကာမများနဲ့ ရင်းနှီး သံယောဇဉ် နှောင်ဖွဲ့ပြီး အမှုကိစ္စ ရှပ်တာပဲ။ ဒါကြောင့် တစ် နေရာကို သွားမယ်” လို့ ပြောဆိုပြီး ထွက်သွားတယ်။ အိမ်တွင်း ကထွက် ခြံဝက လွန်သွားပြီးမှ တစ်ဖန် ပြန်လှည့်လာပြီး ဒကာ အနီးကို ရောက်လာတယ်။ ရသေ့သည် ခေါင်းမှာ ကပ်ငြိနေတဲ့ သက်ငယ်မြက်ချောင်းကလေးကို နုတ်ယူပြီး- "ဒကာ၊ တို့ ရသေ့ရဟန်းများသည် ဒကာ ဒကာမက သဒ္ဓါတရား မရှိလို့ မပေးလှူတဲ့ ဥစ္စာပစ္စည်းကို ယူကောင်းတာ မဟုတ်ဘူး။ သင် ဒကာရဲ့ အိမ် တံစက်မြိတ်ကကျွတ်ပြီး ခေါင်းမှာ ကပ်ငြိပါလာတဲ့ ဒီသက်ငယ်မြက်ချောင်းကို လာပို့တာပဲ"လို့ ပြောပြီး ဒကာရဲ့ လက်ထဲထည့်ကာ ပြန်ထွက်သွားတယ်။ အဲဒီလို ဖြစ်နေချိန်မှာ ကျောင်းဒကာရဲ့ အိမ်ကို ဘုရားအလောင်း အမျိုးကောင်းသား ရောက်နေတယ်။ ရသေ့လည်း ခြံအတွင်းက ထွက်သွားလို့ ခပ် လှမ်းလှမ်းလည်းရောက်ရော ကျောင်းဒကာကို မေးတယ်။ “မင်းရဲ့ ဆရာရသေ့ထံမှာ ဘယ်လိုပစ္စည်းများ အပ်နှံပြီးထားသလဲ" လို့ မေးတော့ “ဆရာရသေ့ရဲ့ ကျောင်းအနီးမှာ ရွှေစင်နိက္ခ အသပြာ တစ်ရာ မြှုပ်ထားမိပါတယ်"လို့ ပြောပြတော့-"ဒါဆိုရင် သွားကြည့်ရအောင်”လို့ တိုက်တွန်း ပြောကြားပြီး သွားကြည့် တော့ ရသေ့ကျောင်းအနီးနား မြှုပ်နှံထားတဲ့နေရာ တူးဖော်ကြည့် တော့ ဘာမှ မရှိတော့ဘူး။ ဘုရားအလောင်း အမျိုးကောင်းသားရဲ့ အကြံပေးချက်အရ ချက်ချင်းပဲ နောက် လိုက်ကြတယ်။ လမ်းခရီးတစ်နေရာမှာပဲ အမျိုးကောင်းသားနဲ့ ကျောင်းဒကာတို့သည် ခိုးထုပ်ခိုးထည်နှင့်တကွ ရသေ့ကို ဖမ်းမိပါတယ်။
ရသေ့သည် ရွှေရင်နီကူတစ်ရာ ခိုးယူခြင်းတည်းဟူသော ဒုစရိုက်အမှုကို သက်ငယ်မြက်ချောင်းက ပြန်ပေးခြင်းတည်း ဟူသော ပရိယာယ် လီးသုံးခြင်းဖြင့် မိမိရဲ့ အဖြစ်ကို ပုံရပါတယ်။ ဒါကြောင့် ဖြစ်သည် မိမိရဲ့ ယုတ်မာတဲ့အမှုကို ဖုံးလို့ မရော့ဘဲနဲ့ သူခိုးလို့ စွပ်စွဲကဲ့ရဲ့ခံရတယ်။ ရသေ့ဝတ်ပြီး သူတော်ကောင်းယောင် ဆောင်ထားတဲ့ ရသေ့ယုတ်ရဲ့ မယာဝီ မိမိအမြစ်ကို ဖုံး၍ လိမ်ညာ သုံးစွဲတတ်တဲ့ ယုတ်မာကြောင်း အကျင့်သည် ဓမ္မဓိဋ္ဌာန်အားဖြင့် ပသ၍ ကောက်ကျစ်ယုတ် မာတဲ့အကျင့်ဆိုးနဲ့ ပြည့်စုံတဲ့ ရသေ့သည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ-ယုတ်မာသူပေါ့။
အပြစ်ဖုံးကာ၊ မာယာလှည့်ပတ်၊ ဖြောင့်၏၊ ကောက် လတ်အကျင့်ဆိုး လို့ မှတ်သားရလွယ်အောင် လင်္ကာစီထား တယ်၊ သူတော်ကောင်းမှန်လျှင် ဖြောင့်မတ်ရမယ်၊ မကောက်ရ ဘူး လှည့်ပတ်ရဘူး၊ အပြစ် မဖုံးရဘူး၊ ၁းဆိုရင် အမာယာဝီပါပဲ။ အပြစ်ကို ဖုံးဘဲနဲ့ အမှန်အတိုင်း တင်ပြဝန်ခံ ပြောကြား မယ်ဆိုရင် ဖြောင့်မတ်သူဖြစ်ပြီး ဖြောင့်မတ်စွာ လိမ်ဉာဏ်မသုံးတဲ့ အကျင့်တရားသည် ဓမ္မဓိဋ္ဌာန်အားဖြင့် မြင့်မြတ်ကြောင်းဖြစ်လို့ သေဋ္ဌဓမ္မ၊ မိမိအစ်ကို အမှန်အတိုင်း ဝန်ခံဖော်ပြ ပြောဆိုသူ သည် မြင့်မြတ်ကြောင်း အကျင့်တရားနဲ့ ပြည့်စုံလို့ ပုဂ္ဂလဓိဋ္ဌာန် အားဖြင့် သေဋ္ဌပုဂ္ဂလ-မြင့်မြတ်သူ ဖြစ်ပါတယ်။
ဗဟုသုတဖြစ်ဖွယ် ဆင်ခြင် လိုက်နာဖွယ် ကောင်းလွန်းလို့ မဃဒေဝလင်္ကာသစ် ရေးသားတော်မူတဲ့ မန်လည်ဆရာတော် ဘုရားကြီးရဲ့ ဩဝါဒဆုံးမထားတာတွေ ပြောကြဦးစို့။
ဝါစာနှုတ်လျှာ၊ သာယာပေါ်ချွဲ၊ လူစဉ်းလဲကား၊ လက်ဝဲနံ ဘက်၊ ဝက်၏ပမာ၊ လက်ယာနံပါး၊ ဆိတ်အလားနှင့်၊ ချိုကား နွားအို၊ နွားငယ်လိုလျှင်၊ သံကိုပြည်ကာ၊ တူရာပြငြား၊ လှည့်ပတ် ဖြား၍၊ ဖမ်းစားဆိုးကြူး၊ ဝက်ဘီလူးသို့၊ ပေါင်းကူးလိပ်လစ်၊ လွန်ကောက်ကျစ်၏” [မဃဒေဝလင်္ကာသစ်-ပိုဒ်-၂၁၆]
မာယာများတဲ့ ယုတ်မာသူကို ဝက်ဘီလူးနဲ့ ဥပမာပေး သရုပ်ဖော်ထားတယ်။ သားစားကြူးတဲ့ ဘီလူးသည် တူအောင် အယောင်ဆောင်ပြီး သတ္တဝါများကို ဖမ်းစားတယ်။ အဲဒီ ဝက် ဘီလူးက ဘယ်ဘက်တစ်ခြမ်းကို ဝက်သဏ္ဌာန် ဖန်ဆင်းထား တယ်။ ညာဘက်ကိုတော့ ဆိတ်သတ္တဝါနဲ့ တူအောင် ဖန်ဆင်း ထားတယ်။ ခေါင်းက ချိုကျတော့ နွားအိုရဲ့ချိုလို ဖန်ဆင်းထား တယ်။ အသံမြည် အသိပေးလိုက်ရင် နွားငယ်၏ အသံနဲ့ တူ အောင် ပြုလုပ်နိုင်တဲ့ ဝက်ဘီလူးပါ။ ဘာကြောင့် ဖန်ဆင်းထား ရသလဲဆိုတော့ တူတဲ့အရိပ်အရောင်များကို ပြပြီး လှည့်ပတ် ဖြားယောင်း ဖမ်းစားနိုင်အောင်ပါ။ အဲဒီ ဝက်ဘီလူးသည် အနီး နားမှာ ဝက်သတ္တဝါ သွားလာနေရင် လက်ဝဲနံပါးဘက်က ဖန်ဆင်း ထားတဲ့ ဝက်ပုံသဏ္ဌာန်ကို ပြလိုက်တယ်။ အဲဒီအခါ ဝက်များ ကလည်း တို့ရဲ့ ဝက်မျိုးတွေပဲဆိုပြီး အနီးနားကပ်လာတော့ ဖမ်းဆီး သတ်ဖြတ် စားလိုက်တယ်။ ဆိတ်သတ္တဝါတွေလာရင် လက်ယာဘက်က ဆိတ်ဟန်ပြ ဖမ်းစားတာပဲ။ နွားအိုတွေ လာပြီဆိုရင် ခေါင်းမှာ ဖန်ဆင်းထားတဲ့ ချိုကို လှုပ်လှုပ်ပြီး ထောင် တော့ နွားအိုတွေကလည်း တို့ရဲ့ နွားမျိုးတွေပဲလို့ အနားကပ် လာတော့ ဖမ်းစားတာပဲ။ နွားငယ်အသံလေးပေးတော့ အခြား နွားငယ်များကလည်း ပျော်မြူးပြီးလာတော့ အဲဒီနွားငယ်များကို လည်း ဖမ်းစားပြန်တာပဲ။ ဝက်ဘီလူးက နွားငယ်အသံလို အော် မြည်ပြန်တော့ နွားအမေများက “ငါ့ရဲ့ သားငယ်အော်သံပဲ”လို့ စိုးရိမ်စိတ်နဲ့ ကပ်လာပြီဆိုရင် အမေနွားမကြီးတွေကိုလည်း ဖမ်းစားတာပါပဲ။ အဲဒီလို နည်းမျိုးစုံနဲ့ အရိပ်အရောင် ဖန်ဆင်းပြီး ဖမ်းစားနေတဲ့ ဝက်ဘီလူးလိုပဲ လူ့လောကမှာ ဝက်ဘီလူးလို လူတွေ များစွာ ရှိပါတယ်။
၁။ ဘာသာရေးနယ်ပယ်မှာလည်း တရားစကားလုံးတွေ ရေပက်မဝင်အောင်ပြောပြီး လှည့်ပတ်စားတတ်တယ်။
၂။ နိုင်ငံရေးသမားနဲ့ တွေ့ရင်လည်း နိုင်ငံရေးအကြောင်း ပြောပြီး စားလိုက်တာဘဲ။
၃။ စီးပွားရေးသမားနဲ့ တွေ့ရင်တော့ ကုန်ဈေးနှုန်း အကြောင်း ပြောပြီး စားတော့တာပါပဲ။
၄။ ဒုစရိုက်သမားနဲ့ တွေ့ပြီဆိုရင် မကောင်းမှုရော လုပ် ပြီး စားလိုက်တာပဲ။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူ့အတွက် တစ်ဝမ်းဝရေး တစ်ခါးလှရေး၊ တင့်တောင့်တင့်တယ်နေနိုင်ရေး ကောင်းမကောင်း နည်းစုံသွင်းပြီး စီးပွားရေးလုပ်စားတော့ ငွေကြေးဓန ပြည့်စုံ တာပေါ့။ ကောင်းတဲ့နည်းကို အရိပ်အယောင်ပြပြီး မကောင်း တဲ့နည်းနဲ့ လိမ်ညာလှည့်ပတ်စားတဲ့ လူတွေရော မရှိဘူးလား။ ရှိနေကြပါသည်။ ပေါင်းကူးလိမ်လစ်၊ လွန်ကောက်ကျစ်၏။ နယ်ပယ်ပေါင်းစုံမှာ လူပေါင်းစုံနဲ့ပူးပေါင်း လိမ်ပြီးတော့မှ အလစ် အငိုက်ဖမ်းကာ ကောက်ကျစ်ပြီးတော့ စီးပွားရှာသူတွေလည်း ပေါများလှပါသည်။ ဒါကြောင့် လောကမှာ အသိဉာဏ်မရှိတဲ့ လူညံ့တွေကို ဒုစရိုက်မကြောက်တဲ့ လူယုတ်မာတွေက မာယာထောင်ချောက် ဆင်ထားပြီး ပရိယာယ်ကွန်ယက်အုပ်ကာ လိမ်စားရင် ကောင်း တဲ့ခေတ် ဒီခေတ်ပဲ။ အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်များကလည်းပဲ ဒုစရိုက်သမားများ၏ မာယာကွန်ယက် ထောင်ချောက်အတွင်း ဝင်သွားပြီး အလိမ်ခံ တဲ့ ခေတ်သည်လည်း ဒီခေတ်ပါပဲ။ မိမိအပြစ်ကိုဖုံး၍ လိမ်ဉာဏ်သုံးစွဲတဲ့ အကျင့်ဆိုးသည် ယုတ်မာကြောင်း ဖြစ်သည့်အတွက်ကြောင့် ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလဓမ္မ။ လွန်ကျူးထားတဲ့ ဒုစရိုက်အမှုများကို ဖုံးကွယ်ကာ အမှန်တွေ ကျင့်နေသည့်အနေနဲ့ လိမ်လည်ပြီးတော့ နှုတ်က ပြောကြားသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ-ယုတ်မာသူပါပဲ။ အဲဒီမှ ဆန့်ကျင်ဘက် အပြန်အားဖြင့် ရိုးသားဖြောင်မတ် ဖြူစင် သန့်ရှင်းတဲ့ အကျင့်သည် မြင့်မြတ်ကြောင်း ဖြစ်သည့် အတွက်ကြောင့် ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ၊ ရိုးသားဖြောင့်မတ်တဲ့ အကျင့်တရားနဲ့ ပြည့်စုံတဲ့သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် မြင်မြတ်သူ သေဋ္ဌပုဂ္ဂလ ဖြစ်ရပြီပေါ့။ ဒါကြောင့် အပြစ်ဖုံးတဲ့ မာယာလမ်းစဉ်ကို ရှောင်ရှား၊ ရိုးသား ဖြောင့်မတ်တဲ့လမ်းစဉ်ကို ကျင့်သုံး လိုက်နာသွားနိုင်ကြပါစေ။
သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားသည် ဒါ တွေသာလျှင် ဗသလတရားတွေ မဟုတ်သေးဘူး။ သူယုတ်မာ ဖြစ်ကြောင်း အခြားတရားတွေလည်း ရှိသေးတယ်လို့ ဟော ကြားပေးလိုသည့် အတွက်ကြောင့်
(၂) ဒုတိယဂါထာ
ဧကဇံ ဝါ ဒွိဇံ ဝါ ပိ၊
ယောဝ ပါဏံ ဝိဟိံသတိ။
ယဿ ပါဏေ ဒယာ နတ္ထိ၊
တံ ဇညာ ဝသလော ဣတိ။
ဗြာဟ္မဏ- ဒါယကာပုဏ္ဏားကြီး ဣဓ- ဤလောက၌ ယော- အကြင်ပုဂ္ဂိုလ်သည် ဧကဇံ ဝါ- တစ်ကြိမ်တည်း ဖွားမြင်သည်လည်း ဖြစ်သော၊ ဒွိဇံ ဝါပိ- နှစ်ကြိမ်တိုင်တိုင် ဖွားမြင်ရသည်လည်းဖြစ်သော ပါဏံ- သတ္တဝါကို၊ ဝိဟိံသတိ - ညှဉ်းဆဲသတ်ဖြတ်၏။ ယဿ-အကြင်သူအား၊ ပါဏေ - သတ္တဝါအများ၌ ဒယာ- သနားကြင်နာခြင်းသည်နတ္ထိ - မရှိ၊ တံ- ထိုသို့သဘောရှိသောသူကို ဝသလော ဣတိ- အယုတ် တမာ လူယုတ်မာကြီးဟူ၍ဇညာ- မလွဲမှန်စွာ သိမှတ်တွင် ဒီဂါထာကို ဆက်လက်ပြီး ဟောကြားပေးထားတယ်။
ဒီဂါထာကို ဆက်လက်ပြီး ဟောကြားပေးထားတယ်။ ဒါယကာ ပုဏ္ဏားကြီးဒီလောကမှာ အကြင်ပုဂ္ဂိုလ်သည် တစ်ကြိမ်တည်းသာလျှင် ဖွားမြင်ရသောသတ္တဝါ နှစ်ကြိမ်တိုင်တိုင် ဖွားမြင်မှ အသက်ရှင်ရတဲ့သတ္တဝါအဲဒီလိုသတ္တဝါများကို ညှဥ်ဆဲ သတ်ဖြတ်မယ်။ သနား ကြင်နာခြင်းလည်း မရှိဘူး။ အဲဒီပုဂ္ဂိုလ်သည် လူယုတ်မာပါပဲလို့ ၀သလဓမ္မ-သူယုတ်မာတရားများကို ဟောကြားတာပါ။
ဒီဂါထာရဲ့ ဆိုလိုရင်းတရားသဘောများကို မှတ်သားရ လွယ်ကူအောင် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက- "ဧကဇနှင့်၊ ဒွိဇသညာ၊ သတ္တဝါကိုညှာမထောက်ထားသတ်ဖြတ် ငြားလျက်သနားကင်းကွာ၊ ဤနှစ်ဖြာသည်မှန်စွာမှတ်လေ သူယုတ်တည်း”ဟု ရေးသားခဲ့ပါတယ်။
အဲဒီမှာ [မဃဒေဝလင်္ကာသစ်ပိုဒ်-၃၅၁]က ဥပတ် သံသေ၊ ရေကြည်ဂဗ္ဘ၊ အဏ္ဍဇဟု၊ လေးဝယောနိ၊ မျိုးဇာတိဖြင့်၊ ပဋိသန္ဓေ၊ တည်နေကုန်ကြဧကဇနှင့်၊ ဒွိဇသညာ၊ သတ္တဝါကို၊ ညှာမထောက်ထား၊ သတ်ဖြတ်ငြားလျက်၊ သနားကင်းကွာ၊ ဤနှစ်ဖြာသည်၊ မှန်စွာမှတ်လေ သူယုတ်တည်း” လို့ ပြည့်စုံသွားအောင် ဖြည့်စွက်လိုက်မယ်။
လောကမှာ သတ္တဝါ လေးမျိုးရှိတယ်။ ပဋိသန္ဓေ ဇာတိ တည်နေနိုင်တဲ့နည်း လေးမျိုးရှိပါတယ်။
၁။ ဥပပတ်ပဋိသန္ဓေ - ကိုယ်ထင်ရှား ဘွားခနဲ ဖြစ်ပေါ် လာသော နတ် ဗြာဟ္မာ ပြိတ္တာ သတ္တဝါမျိုး။ ဇာတိအနေနဲ့ စပြီ ဆိုကတည်းကိုက နတ်များသည် ဥပပတ်ပဋိသန္ဓေ တည်နေကြ တား နတ်သမီးများသည် ၁၆ နှစ်အရွယ်၊ နတ်သားများသည် အသက် ၂၀-အရွယ် တန်းဖြစ်တာပါ။
၂။ သံသေဒဇပဋိသန္ဓေ-တည်နေဖွားမြင်သော သတ္တဝါ၊ အညိုကိုစွဲ၍ အလွန်သေးငယ်စွာ တဖြည်းဖြည်း ကြီးထွားရသည့် မိုးလောက်ရသော သတ္တဝါမျိုး မြစ်ချောင်း အင်း အိုင် ရေဝပ် တဲ့နေရာတွေမှာ ရေညှိ အပုပ်တွေကို ဖွဲ့ပြီး ပဋိသန္ဓေတည်နေရတဲ့ ပိုးကောင်လေးတွေပါ။
၃။ ဂဗ္ဘသေယျကပဋိသန္ဓေ- တည်နေဖွားမြင်သောသတ္တဝါ မိခင်၏သားအိမ်၌ နေရသော လူ ခွေးရသော သတ္တဝါမျိုး။
၄။ အဏ္ဍပဋိသန္ဓေ- တည်နေ ဖွားမြင်သောသတ္တဝါ၊ ဥခွံအတွင်း၌ တည်နေရသည့် ကြက် ငှက်စသော ပဋိသန္ဓေမျိုး။
အဲဒီလို မြတ်စွာဘုရားရှင်က ပဋိသန္ဓေ တည်နေကြတဲ့ သတ္တဝါလေးမျိုးကို ဖွားမြင်နည်း နှစ်နည်းနဲ့ ချုပ်ပြီး ဟောကြား ထားပါတယ်။ ဧကဇဆိုတာ တစ်ကြိမ်တည်းသာ ဖွားမြင်ရတဲ့သဘော ဆိုတော့ အများနားလည်အောင် ရှင်းရှင်းကလေး ပြောလိုက် တော့ လူသားများသည် အမိဝမ်းခေါင်းမှ တစ်ကြိမ်တည်းသာလျှင် ဖွားမြင်ရတာပါ။ ဒီ ဧကဇသတ္တဝါအတွင်းမှာ ရှေ့က ဥပပတ် သတ္တဝါ၊ သံသေဒဇသတ္တဝါ၊ ဂဗ္ဘယျကသတ္တဝါ သုံးမျိုးစလုံး သည် အကျုံးဝင်တယ်။
ဒွိဇဆိုတာ နှစ်ကြိမ် ဖွားမြင်ရတာ၊ ကြက် ငှက် ဘဲသတ္တဝါ များကျတော့ မိခင်ဝမ်းခေါင်းအတွင်းမှ ဥအနေနဲ့ တစ်ကြိမ်ဖွားမြင် ရပြီး၊ နောက်မှ ဥမှ ပေါက်တာက တစ်ကြိမ် ဖွားမြင်ရပါတယ်။ ဒွိဇကျတော့ ဥနေသတ္တဝါ မှန်သမျှတို့သည် နှစ်ကြိမ်ဖွားရတဲ့ သတ္တဝါမျိုးပဲပေါ့။
သတ္တဝါလေးမျိုးလုံးကို ညှာတာမှု မရှိဘူး။ သတ္တဝါများကို သနားညှာတာမှုကင်းပြီး ညှဉ်းဆဲသတ်ဖြတ်မှုလည်း လုပ်တယ်။ ဒါဆိုရင် သူယုတ်မာဖြစ်ကြောင်း ဝသလဓမ္မပါပဲ။ သက်ရှိသတ္တဝါ မှန်သမျှတို့ကို သနားကြင်နာခြင်းမရှိဘဲ ဘယ်လိုနည်းနဲ့ သတ် သတ်၊ ထိုသူသည် သူယုတ်မာပါပဲ။
မြတ်စွာဘုရားရှင်က အဂ္ဂိကဘာရဒွါဇပုဏ္ဏားကြီးကို ပါဏာတိပါတ သိက္ခာပုဒ်အနေနဲ့ သီလပိုင်းကို ဟောကြားပေး နေတာပါ။ ဒီအကြောင်းအရာများကိုလည်းပဲ .. မန်လည်ဆရာတော် ဘုရားကြီးက မဃဒေဝလင်္ကာသစ်မှာ ပါဏာတိပါတ်၊ သက်သတ်အမှု၊ ကိုယ်တိုင်ပြုနှင့်၊ ပြုဟု သူက၊ တိုက်တွန်းကြ၍၊ ပြုရသောသူ၊ လိုတူသောအား၊ မြစ်နိုင် ငြားလျက်၊ မတားမြစ်သူ၊ သုံးယောက်လူတွင်၊ သတ်သူ နိရယ'၊ ငရဲကျ၏၊ သူကခေါ်ရာ၊ ပါသူမှာမူ၊ “တိရစ္ဆာန’၊ ဖြစ်ထမမှား၊ လိုတူအားဖြင့်၊ မတားမြစ်သူ၊ ထိုလူမှာတုံ၊ “ပြိတ္တာဘုံဟု၊အာရုံ ဖွင့်လှစ်၊ ထူးအပြစ်ကို၊ စင်စစ်မှန်စွာ၊ ကျမ်း၌လာ၏” [ဃေဒဝ လင်္ကာသစ်ပိုဒ်-၁၉၈]လို့ ဆင်ခြင်သတိထားဖို့ ရေးသား ဆုံးမ ထားတယ်။
၁။ ကိုယ်ကိုယ်တိုင် သတ်သူ။
၂။ သူတစ်ပါး၏ တိုက်တွန်းစေခိုင်းမှုကြောင့် သတ်သူ။ ။ တားမြစ်ပိတ်ပင်ရမယ့် ဝတ္တရားရှိပါလျက် အကြောင်း တစ်ခုခုကြောင့် မတားမြစ်ဘူးဆိုရင် ဝတ္တရားပျက် ကွက်မှုနဲ့ တွဲဖက်အပြစ်သင့်သူ။
ကိုယ်တိုင်သက်သူက သေလွန်ရင် ငရဲကို တိုက်ရိုက် ကျမယ်။ အဖော်ခေါ်လို့ လိုက်သွားမိပြီး ခိုင်းစေ တိုက်တွန်းမှု ကြေင့် သတ်သူက သေဆုံးသွားရင်တော့ တိရစ္ဆာန်ဘုံရောက် မယ်။ မတားမြစ်သူကတော့ သေရင် ပြိတ္တာဘုတော့ အပေါ့ဆုံး ရောက်ရမယ်လို့ ဆိုထားပါတယ်။ ပြုလုပ်အပ်သော ပါဏာတိပါတ အကုသိုလ်ကံသည် ယုတ်မာကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလဓမ္မ၊ သတ်ဖြတ် ကြောင်း သလဓမ္မနဲ့ ပြည့်စုံနေတဲ့သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သလဗုဂ္ဂလ - သူယုတ်မာပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် သူတစ်ပါးအသက်ကို မသတ်ဘူး၊ နှိပ်စက်ခြင်း ညှဉ်းဆဲခြင်း ကင်းတယ်။ ကရုဏာတရား ရှိပြီဆိုရင် သတ္တဝါများကို အသက်ရှင်လျက် ဘေးမဲ့လွှတ်မယ်။ ဒါဆိုရင် ပါဏာတိပါတ အကုသိုလ်ကံမှ ရှောင်ကြဉ်သည့်အတွက်ကြောင့် ကိုယ်ကျင့်သီလ လုံခြုံတယ်။ အဲဒီအကျင့်ကောင်းသည် မြင့်မြတ် ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ။ မြင့်မြတ်ကြောင်း ဖြစ်သော ကရုဏာတရားနဲ့ယှဉ်သော အကျင့်နဲ့ ပြည့်စုံတဲ့ သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ-မြင့်မြတ်သူ ဖြစ်ပါတယ်။
(၃) တတိယဂါထာ
ယော ဟန္တိ ပရိရုန္ဒတိ၊
ဂါမာနိ နိဂမာနိ စ။
နိဂ္ဂါဟကော သမညာဟော၊
တံ ဇညာ ဝသလော ဣတိ။ ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ဣဓ- ဤလောက၌၊ ယော- အကြင်သူသည်၊ ဂါမာနိစ- ကျေးလက်တောရွာတို့ ကိုလည်းကောင်း၊ နိဂမာနိစ- နိဂုံးရွာကြီးတို့ကိုလည်းကောင်း၊ နဂရာနိစ- မြို့တို့ကိုလည်းကောင်း၊ ဟန္တိ- အတင်းဝင်၍ တိုက် ခိုက်သတ်ဖြတ်၏။ ပရိရုဒ္ဓတိ- တပ်ဖြင့်ဝန်းဝိုင်း၍ တိုက်ခိုက်၏ နိဂ္ဂါဟကော- မြို့ရွာအပေါင်းကို ထောင်းထောင်းကြေညက် အောင် နှိပ်စက် တိုက်ခိုက်တတ်သော ဓားပြကြီးဟူ၍၊ သမညာ တောက ထင်ရှားကျော်စော၏။ တံ- ထိုသို့သဘောရှိသော သူကို ဝသလော ဣတိ- သူယုတ်မာကြီးဟူ၍၊ ဇညာ- မလွဲမှန်စွာ သိမှတ်ရာ၏။
ပုဏ္ဏားကြီး၊ ဒီလောကမှာ အချို့သောပုဂ္ဂိုလ်များသည် ကျေးလက်တောရွာများကိုလည်းကောင်း၊ ရွာကြီးများကိုလည်း ကောင်း၊ မြို့များကိုလည်းကောင်း အတင်း ဝင်ရောက်တိုက်ခိုက် မယ်၊ သတ်ဖြတ်မယ်၊ မိမိ၏ တပ်အင်အား လက်နက်အင်အား လက်ရုံးအင်အားဖြင့် မြို့ရွာတို့ကို ဝင်ရောက်တိုက်ခိုက် သတ်ဖြတ် မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကို သူယုတ်မာ လူဆိုးကြီးရယ်လို့သာ သိမှတ်ထားလိုက်ပါတော့။
ဒီဂါထာကိုလည်း လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက “နိဂုံးမြို့ရွာ၊ ဝင်ရောက်ခါနှင့်၊ သေနာစစ်သည်၊ ပတ်လည် ဝန်းတိုက်၊ တိုင်ခိုက်လေပြီး၊ လူသိုးကြီးဟု၊ ဝေးနီးသတင်း၊ ကျော်းစာ ခြင်းဖြင့်၊ ထင်လင်းသမုတ်၊ လွန်စက်ဆုပ်သည်၊ သူယုတ်သူမိုက် သူဆိုးလည်း လို့ ရေးသားခဲ့ပါတယ်။
မြို့ရွာတွင်း ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးသော အကုသိုလ် ကံသည် ယုတ်မာကြောင်းဖြစ်သည့် အတွက်ကြောင့် ဓမ္မဓိဋ္ဌာန် အားဖြင့် ဝသလဓမ္မ။ အဲဒီအကျင့်ဆိုးနဲ့ ပြည့်စုံတဲ့သူသည် ပုဂ္ဂလ ဓိဋ္ဌာန်အားဖြင့် ဝသလပုဂ္ဂလ ယုတ်မာသူပါပဲ။ ဆန့်ကျင်ဘက် အားဖြင့် သူတစ်ပါးတို့၏ တိုင်းပြည်မြို့ ရွာ ကျေးလက်ဒေသတို့ကို မဖျက်ဆီးဘဲနဲ့ ရေရှည်တည်တံ့ တိုးတက် ကြီးပွားအောင် စိတ် ကောင်းထားပြီး တန်းတူညီမျှ သမစိတ္တ မျှတတဲ့စိတ်ထား နှလုံး သားမှာ တည်ရှိပြီဆိုရင် ဓမ္မဓိဋ္ဌာန်အားဖြင့် မြင့်မြတ်ကြောင်းဖြစ်လို့ သေဋ္ဌမွေ။ အဲဒီလို မြင့်မြတ်ကြောင်း အကျင့်တရားနဲ့ ပြည့်စုံနေ မယ်ဆိုရင် ထိုသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ မြင့်မြတ် သူ ဖြစ်သွားပြီပေါ့။ ဒီအကြောင်းအရာများကိုလည်း မဃဒေဝ လင်္ကာသစ်မှာ - “မှာ “လူတို့ရွာတွင်း၊ စီးနင်းနိုင်ထက်၊ နှိပ်စက်ပိုင်ကား၊ လက်ရုံး အားဖြင့်၊ တရားမတည်၊ လောဘစည်၍၊ တိုင်းပြည်လုယက်၊ ရွာပျက်ယောင်္ကျား၊ ခိုးသားစောရ၊ ဒါမြိကနှင့် ဓားလူဆိုး ထိုလူမျိုးတို့၊ ရန်ငြိုးမျက်သိုအပျက်လို၍၊ သူ့ကိုငါသတ်၊ ပဋိဃာတ်နှင့်၊ သေလတ်ကုန်ကြ၊ ကံပါပကြောင့် သေကြရှင်ြပန်၊ အဖန်ဖန်တည်း၊ ဖြစ်ဟန်မဆုံး၊ မတုံးဒုက္ခ၊ သဥ္စီဝဟု၊ ပထမမြေထဲ၊ မီးငရဲ၌အမြဲရှည်ကြာ၊ ခံကြရာသည်၊ ချမ်းသာပက်ဖျက် ပြုန်းပြုန်းတည်း”လို့ မယဒေဝလင်္ကာသစ်ပိုဒ်-၄၅၃) စပ်ဆိုးရေးသားခဲ့ပါတယ်။
(၄) စတုတ္ထဂါထာ
ဂါမ ဝါ ယဿိ ဝါ ရညေ၊
ယံ ပရေသံ မမာယိတံ။
ထေယျာ အဒိန္နာဒေတိ။
တံ ဇညာ ဝသလော ဣတိ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ဣဓ- ဤလောက၌ ယော- အကြင်သူသည် ဂါမေ ဝါ- မြို့ရွာန်၌လည်းကောင်း၊ ယဒိ – ထိုမှတစ်ပါး၊ ရေည- ငါ- တောထဲ၌လည်းကောင်း၊ ပေးရ သံ- သူတစ်ပါးတို့သည်၊ မမာယိတံ- အမြတ်တနိုး သိမ်းပိုက်၍ ထားအပ်သော၊ ယံ- အကြင်သက်မဲ့သက်ရှိ ပစ္စည်းဥစ္စာ အာ ဖြာသည်။ အတ္ထိ- ရှိ၏။ တံ- ထိုပစ္စည်းဥစ္စာကို အဒိန္န ပိုင်ရှင်က မပေးဘဲ၊ ထေယျာ- ခိုးလိုသောစိတ်ဖြင့် အာဒေထိ သိမ်းပိုက်ယူငင်၏ တံ- ထိုသို့သဘောရှိသောသူကို၊ ဝသလော ဣတိ- သူယုတ်မာကြီးဟူ၍၊ ဇညာ- မလွဲမှန်စွာ သိမှတ်ရာ၏။
အို ပုဏ္ဏားကြီး ဒီလောကမှာ အချို့အချို့သော ပုဂ္ဂိုလ် များသည် ရွာမှာပဲဖြစ်ဖြစ်၊ မြို့မှာပဲဖြစ်ဖြစ် တောမှာပဲဖြစ်ဖြစ် ထိုမြို့ ရွာ တောမှာ မိမိတို့၏ ကာယစွမ်းအား ဉာဏစွမ်းအား အလျောက် ရှာဖွေ၍ ထားအပ်သော သက်မဲ့ပစ္စည်းတွေ သက်ရှိ ပစ္စည်းတွေ ရှိကြတယ်။ အဲဒါတွေကို ပိုင်ရှင်က မပေးဘဲနဲ့ ခိုးကို သောစိတ်ဖြင့် မတရား သိမ်းပိုက် ယူငင်မယ်ဆိုရင် ထိုပုဂ္ဂိုလ်ကို ဝသလ အယုတ်တမာ သူယုတ်မာကြီးလို့ မလွဲမှန်စွာ သိမှတ် ထားလိုက်ပါ။ ဝသလတရား တစ်ပါးကို ထပ်ပြီး ဟောကြားပေးလိုက်ပြီ။
ဒီဂါထာကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက
“မြို့ရွာတောတွင်း၊ စောင့်ရှောက်ခြင်းနှင့်၊ မကင်းသိမ်း ဆည်း၊ သူ့ပစ္စည်းကို၊ ခိုးနည်းအပြား၊ နှစ်ဆဲ့ငါးတွင်၊ တစ်ပါး ပါးဖြင့်၊ ခိုးယူလင့်ကမူကျင့်ပျက်စီးခိုးသူကြီးသည်ဝေးနီး ခေါ်တွင် သူယုတ်တည်း လို့ ရေးခဲ့တယ်။
သူတစ်ပါးတို့ ရှာဖွေ သိမ်းပိုက်ထားအပ်သော သက်မဲ့ သက်ရှိ ပစ္စည်းဝတ္တု တစ်ခုခုကို ခိုးယူလိုသောစိတ်ဖြင့် ပိုင်ရှင်သည် မပေးဘဲနဲ့ ခိုးယူပြီဆိုရင် အဒီန္နာဒါနအကုသိုလ်ကံအမှု ဖြစ်ပြီး အဲဒီဒုစရိုက်အမှုသည် ဓမ္မဓိဋ္ဌာန်အားဖြင့် ယုတ်မာကြောင်း ဖြစ်လို့ ဝသလဓမ္မပါပဲ။ ဒီ ယုတ်မာကြောင်း သလဖြစ်တဲ့ အဒိန္နာဒါနအမှုနဲ့ ပြည့်စုံနေသော သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သလ သူယုတ်မာဖြစ်သွားပြီ။ အဲဒီကနေ ဆန့်ကျင်ဘက်အားဖြင့် သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို မခိုးယူဘူး။ ခိုးယူခွင့် ကြုံလာပြီ ဆိုရင်လည်း မခိုးဘဲနဲ့ ရှောင်ကြဉ်မယ်။ အဲဒီအကျင့်တရားသည် ဓမ္မဓိဋ္ဌာန်အားဖြင့် မြင့်မြတ်ကြောင်း ဖြစ်သည့်အတွက်ကြောင့် သေဋ္ဌဓမ္မ၊ မတရား ခိုးယူ သိမ်းပိုက်ခြင်းမှ ရှောင်ကြဉ်ကြောင်း ဖြစ်တဲ့တရားနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌ ပုဂ္ဂလ-မြင့်မြတ်သူ ဖြစ်သွားပြီ။
(၅ ပဥ္စမဂါထာ
ယော ဟဝေ ဣဏမာဒါယ၊
စုဇ္ဇမာနော ပလာယတိ။
န ဟိ တေ ဣဏမတ္တီတိ၊
တံ ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏဒါယကာ ပုဏ္ဏားကြီး၊ ဣဓ- ဤလောက၌ ယော- အကြင်သူသည်၊ ဣဏံ- ကြွေးမြီကိုအာဒါယ- ချေး ငှားယူပြီး၍၊ ဣဏသာမိကေန-ကြွေးရှင်သည်၊ စောဒိယာ နော-တောင်းဆိုအပ်သည်ရှိသော်တေသင်၏၊ ဣဏံ- ကြွေး မြီသည်နဟိ အတ္ထိ- မရှိပါတကားဣတိ- ဤသို့၊ စုဇ္ဇမာ နော- ကွယ်ဝှက်ပြောဆို၍ပလာယတိရှောင်ထွက် ပြေးပုန်း၏၊ တံ-ထိုသို့သဘောရှိသောသူကို၊ ဝသလော ဣတိ- သူ ယုတ်မာကြီးဟူ၍၊ ဇညာမလွဲမှန်စွာ သိမှတ်ရာ၏။
အို ပုဏ္ဏားကြီးဒီလောကမှာ အချို့သောပုဂ္ဂိုလ်များသည် မိမိ စီးပွားရေး မပြည့်စုံသည့်အတွက်ကြောင့် တခြားတစ်ပါးသော ပုဂ္ဂိုလ်များထံငွေကြေးများကို ချေးငှါးယူပြီးတော့ သုံးစွဲနေမိပြီး နောင်အခါ ငွေရှင် ကြွေးရှင်များက ပြန်လည်ကာ လိုချင်သည့် အတွက်ကြောင့် တောင်းဆိုပြီဆိုရင် “သင့်ကြွေးမြီသည် ငါ့ ထံမရှိဘူးဘယ်တုံးက ချေးငှားဖူးလို့လဲ”လို့ အဲဒီလို လိမ်ညာကွယ်ဝှက် ပြောဆိုမယ်နောက်တစ်ချက်အနေနဲ့ ပြန် ပေးလိုသည့်အတွက်ကြောင့် မပေးချင်သည့် အတွက်ကြောင့် ရှောင်ထွက်ပြေးပုန်းနေမယ်အဲဒီလိုပုဂ္ဂိုလ်သည် အယုတ်တမာ သူယုတ်မာကြီးရယ်လို့ သိမှတ်ထားလိုက်ပါလို့ ဟောကြားပေးပါတယ်။
လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက “ ကြွေးမြီချေးငှားယူစားပြီးလျှင်၊ ကြွေးရှင်ရလိုငွေတောင်းဆိုကဝှက်သိုကွယ် ထောင့်မဖြောင့်အတင်းဇွတ်ငြင်းငြင်း၍၊ ရှောင်ကွင်းပြေး သွား၊ ထိုမြီစားသည်၊ ငနွားလူမိုက် လူယုတ်တည်း”လို့ လင်္ကာ စီကုံးပြီး အသိဉာဏ်ပေးထားပါတယ်။
ဒီလောကမှာ အချို့သောပုဂ္ဂိုလ်များသည် စီးပွားရေးက မပြည့်စုံ၊ ငွေကြေးက လိုအပ်သုံးစွဲစရာကလည်း ကြုံလာ သည့်အတွက်ကြောင့် ရနိုင်တဲ့ပုဂ္ဂိုလ်ထံမှောက် သွားရောက်ပြီး တောင်းပန်ပြောဆိုကာ ငွေချေးငှားယူတယ်။ နောင်အခါ ငွေရှင် ပစ္စည်းရှင်များအလိုရှိသည့်အတွက်ကြောင့် ပြန်လည်ကာ တောင်းဆိုသည့်အခါမှာ ငြင်းဆိုလိုက်ပြီ။ အမှန်ကတော့ ချေးငှား ယူထားတာပါပဲ။ ပစ္စည်းအပေါင်းပြီး ချေးငှားတာပဲဖြစ်ဖြစ်၊ ပစ္စည်းပေါဘဲ အလိုးကြီးကြီးနဲ့ ချေးငှါး ချေးငှါ၊ တစ်ပါးသော ပုဂ္ဂိုလ်ထံမှ ကြွေးယူထားတာက အမှန်၊ အဲဒီလို ယူထားပြီး နောက်မှ သူ့အနေနဲ့ ပြန်လည်ကာ ပေးချင်သည့်အတွက်ကြောင့် စိတ် သားမဖြောင့်ဘဲ ဇွတ်ငြင်း ငြင်းလိုက်ပြီ။ ငွေရှင် ကြွေးရှင် ပစ္စည်းရှင်တွေက လိုချင်လို့ ပြန်တောင်း ပြီဆိုရင် တစ်ကြိမ်ရရင် နှစ်ကြိမ်၊ နှစ်ကြိမ်နဲ့ မရရင် သုံးကြိမ် ပြန်တောင်းပြီပေါ့အကြိမ်ကြိမ် အခါခါ တောင်းပါများတော့ မျက်နှာမပြရဲအောင် အရှက်ရပြီး ဝေးရာ အရပ်တစ်ပါး ရှောင်ထွက် ပြေးပုန်းနေလေပြီ။ ဒီလို မပေးနိုင်လို့ ရှောင်ထွက် ပြေး ပုန်းနေသူသည်လည်း နွားလူမိုက် လူယုတ်မာပဲလို့ ဆိုလို တာပါ။
ဒါကြောင့် လူ့လောကမှာ ငွေကြေးပြည့်စုံနေသော ပုဂ္ဂိုလ် များထံမှောက်သို့ ငွေကြေးမပြည့်စုံသော ပုဂ္ဂိုလ်များက သွား ရောက် ချေးငှားကြတာသည် ဓမ္မတာထုံးစံပါပဲ။ မပြည့်စုံလို့ ချေး ငှားကြတာပါပဲ။ ငွေကြေးပြည့်စုံသူများကလည်း ချေးငှားကြတာ ပါပဲ။ အတိုးယူပြီး ငွေချေးငှားတဲ့လုပ်ငန်းကို စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့ လုပ်နေကြတာပါ။ တချို့ ငွေချေးငှားတဲ့သူဌေး တွေသည် အခြားတစ်နေရာက အတိုးနည်းနည်းနဲ့ ချေးယူလာပြီး ဆင်းရဲသားများကို အတိုးကြီးကြီးနဲ့ ပြန်ချေးငှားပေးနေတဲ့သူတွေ လည်း ရှိနေကြတယ်။
ကြွေးယူတော့ ပြုံးပြုံး’ ကြွေးပြန်တောင်းတော့ မုန်းတယ်။ ကြွေးယူတော့ ပြုံး၊ တောင်းတော့ မုန်း၊ မတောင်းပြန်ရင်လည်း ဆုံးရှုံးရပြန်ရော။ အချိန်ကျလို့ အရင်းရော အတိုးပါ ပြန်ပေး ဆပ်ရတော့မယ်ဆိုတော့ မိမိယူထားတဲ့ ကြွေးရှင်ကို မျက်နှာ လည်း မပြရဲဘူး။ လာတောင်းပြီဆိုရင်လည်း အမုန်းခံ ရန်တွေ့ စကား ပြောဆိုပြန်တယ်။ မတောင်းပြန်ရင်လည်း အရင်းပါ ဆုံးရှုံး ဦးမယ်။ တောင်းပြန်ရင်လည်း အမုန်းခံရဦးမယ်.. ဒီသဘော တရားတွေသည် ငွေကြေးချေးငှားသူများရဲ့ လောကဓမ္မတာကြီး ပါပဲ။ တချို့ဆို ပြန်ပေးလိုတဲ့ ဆန္ဒလည်း မရှိတော့ဘူး။ မပေး တော့ဘူးရယ်လို့လည်း ပြောဆိုမယ်။ “မင်းဆီက ချေးယူ မထားဘူး”လို့လည်း ငြင်းဆိုမယ်။ ဒါမှမဟုတ် ပြည့်စုံသည့်အခါ မှာလည်း မပေးချင်တော့သည့်အတွက်ကြောင့် ရှောင်ထွက်ပြေး ပုန်းနေမယ်။ အဲဒီလို ပြုလုပ်ပြီဆိုရင် ကြွေးယူထားတဲ့ပုဂ္ဂိုလ်များ သည် လူးနွားလို့ လင်္ကာမှာ ပြောဆိုထားတယ်။ လူ့ငနွား လူ ယုတ်မာကြီးပါပဲ။
ဒါကြောင့် ငွေကြေးချေးငှားယူထားတဲ့သူတွေသည် အဆင် မပြေသေးလို့ ပြန်မပေးဆပ်နိုင်ချိန်မှာလည်း မပြေလည်သေး ကြောင်း အကျိုးအကြောင်းကို ကြိုတင် ရှင်းလင်းပြောကြားထား သင့်ပါတယ်။ ပြန်လည် ပေးဆပ်နိုင်ပြီဆိုရင်လည်း လွယ်လွယ် ကူကူ ပေးဆပ်လိုက်ပေါ့။ ပေးနိုင်လျက်နဲ့ မပေးခြင်း၊ ပေးနိုင်လျက် နဲ့ ရှောင်ထွက် ပြေးပုန်းနေခြင်းမျိုးတွေကတော့ ဘယ်နည်းနဲ့မှ မပြုလုပ်ကောင်းပါဘူး။ ဒါကြောင့် မြတ်စွာဘုရားရှင်က သူတစ်ပါးထံက ငွေချေးငှါး ကြွေးယူထားပြီး ပြန်မဆပ်သူ၊ ရှောင်ထွက်ပြေးပုန်းသူ လိမ်ညာပြီး ပြောဆိုသူများသည် ဝသလ ယုတ်မာသူများပါလို့ ဟောကြား နေခြင်းပါ။ အဲဒီလို သူတစ်ပါးထံမှ ကြွေးယူထားပြီး ပြန်လည် မပေးဆပ်လိုသော စိတ်ယုတ်မာ၊ ပေးနိုင်သော အချိန်အခါမှာ လည်း မပေးတော့ဘဲနဲ့ ပြေးပုန်းရှောင်ထွက်သွားသော စိတ်ယုတ်မာ။ ဒီလို စိတ်ယုတ်မာများသည် ဓမ္မဓိဋ္ဌာန်အားဖြင့် ယုတ်မာ ကြောင်း ဖြစ်သည့်အတွက်ကြောင့် ဝသလဓမ္ဓ။ အဲဒီ အကျင့် တရားများနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သလ ယုတ်မာသူသာ ဖြစ်ပါတော့တယ်။ ဒီကနေ ဆန့်ကျင်ဘက် အပြန် အားဖြင့် မိမိမပြည့်စုံ အဆင်မပြေသေးသည့်အချိန်မှာ ပစ္စည်းလည်း ငှားယူမယ်။ ငွေကြေးလည်း ချေးငှားမယ်။ နောင်မပေးဆပ်နိုင်သည့်အခါမှာလည်း ပစ္စည်းပိုင်ရှင် ကြွေးရှင်များကို အကျိုး အကြောင်း ပြေလည်စွာ ဖြေရှင်းပြောကြားမယ်။ နောင်အခါ ပေးဆပ်နိုင်သောအခါမှာ ပြန်လည်ကာ ပေးဆပ်သော အကျင့် တရားသည် ဓမ္မဓိဋ္ဌာန်အားဖြင့် မြင့်မြတ်ကြောင်းဖြစ်လို့ သေဋ္ဌဓမ္မ ပြောကြား ပေးဆပ်တတ်သော စိတ်နှလုံးကောင်းနဲ့ ပြည့်စုံသူ သည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ-မြင့်မြတ်သူ ဖြစ်ပါတယ်။
(၆) ဆဋ္ဌမဂါထာ
ယောဓ ကိဉ္စိက္ခကမျတာ၊
ပန္ထသ္မိံ ဝဇန္တံ ဇနံ။
ဟန္တွာ ကိဉ္စိက္ခမာဒေတိ၊
တံ ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ဣဓ- ဤလောက၌၊ ယော- အကြင်သူသည်၊ ကိဉ္စိက္ခကမျတာ- အနည်းငယ်မျှကို ပင် လိုချင်မက်မောသော အလိုဆိုးဖြင့်၊ ပန္ထသ္မိံ- လမ်းခရီး၌ ဝဇန္တံ- သွားလာ၍နေသော၊ ဇနံ- ခရီးသည်ကို၊ ဟန္တွာ- သတ်ဖြတ်၍၊ ကိဉ္စိက္ခံ - အနည်းငယ်မျှ ရနိုင်သောပစ္စည်းကို၊ အာဒေတိ- လုယူ၏။ တံ- ထိုသို့သဘောရှိသောသူကို၊ ဝသ လောဣတိ- အယုတ်တမာ လူယုတ်မာကြီးဟူ၍၊ ဇညာ မလွဲမှန်စွာ သိမှတ်ရာ၏။
အို ပုဏ္ဏားကြီး၊ ဒီလောကမှာ အချို့သောပုဂ္ဂိုလ်သည် အနည်းငယ်မျှသော ပစ္စည်းဥစ္စာကို လိုချင်မက်မောသည့် အလို ဆိုးဖြင့် လမ်းခရီးမှာ သွားလာ၍နေသော ခရီးသွားသူများထံမှ လုယူမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်သည် ဝသလ-သူယုတ်မာပါပဲလို့ ဟောကြားပေးပြန်ပါတယ်။ လယ်တီပဏ္ဍိက ဆရာဦးမောင်ကြီးက- “ရသမျှပင်လိုချင်မက်မော၊ လောဘဇောကြောင့်၊ တောပုန်းခိုအောင်း၊ လမ်း ကချောင်း၍၊ ရကြောင်းကြံစည်၊ ခရီးသည်ကို၊ ကွေ့လည်ကြောင် ပတ်၊ အသေသတ်လျက်၊ ရတတ်သရွေ့၊ လုယူလေ့သား၊ တော ကွေ့ပုန်းလျှိုး၊ ဤလူမျိုးသည်ညစ်ထိုးသူနှိုက် သူယုတ်တည်း’’လို့ ရေးခဲ့တယ်။
အချို့ပုဂ္ဂိုလ်များသည် ပစ္စည်းဥစ္စာ မရှိသည့်အခါမှာ ကြိမ်ကြံရာ ကြံစည်တော့ အလွယ်လမ်း အချောင်လမ်း ဒုစရိုက်လမ်းကို လိုက်ကြတယ်။ တောတွင်းမှာ ပုန်းအောင်း နေထိုင်ပြီး တောတွင်း ခရီးသွားများထံကနေ များများတော့ မဟုတ်ဘူး။ အနည်းငယ်သော ငွေနဲ့ပစ္စည်းများကို ရသမျှ လုယူကြတယ်။ "ဒီပုဂ္ဂိုလ်ကို ဒီလမ်းကနေ ချောင်းမြောင်းသတ်ဖြတ် လုယူလိုက် မယ်ဆိုရင် လိုချင်ရချင်တဲ့ နည်းနည်းကလေးတော့ ရနိုင်တာ ပဲ”လို့ အကြံဆိုးနဲ့ မိမိအလိုပါအောင် သွေးဆောင်ဖြားယောင်း ခေါ်သွားပြီး လူသူကင်းရှင်း တိတ်ဆိတ်တဲ့နေရာလည်း ရောက် ရော လူကိုသတ်ဖြတ်၍ ငွေနဲ့ပစ္စည်းတွေကို ယူတယ်၊ အဲဒီလို လူသတ် ပစ္စည်းလှတဲ့သူသည် လူယုတ်မာပါပဲလို့ ဟောကြား လိုက်ပါတယ်။
ဒါကြောင့် လောဘကြောင့် ပစ္စည်းဥစ္စာကို လိုချင်တယ်။ လိုချင်သည့်အခါမှာ ပိုင်ရှင်က ကျေနပ်စွာ ကိုယ်နှုတ်ဖြင့် မပေးရင် လှယူမယ်။ လူသတ် ပစ္စည်းယူမယ်။ ဒါဆိုရင် ဒေါသအလျောက် ဒုစရိုက်အမှု လွန်ကျူးမိပြီ။ အဲဒီလို လိုချင်တဲ့ 'လောဘ'၊ သတ်ဖြတ်တဲ့ 'ဒေါသ'များ ဖြစ်နေတာကို အကုသိုလ်ကံတွေပဲလို့လည်း မသိတဲ့ “မောဟ’၊ အကုသိုလ်ကံ အကုသိုလ်ကံရဲ့အကျိုးတွေကို မသိနိုင်တဲ့ မောဟ။ ကောင်းသလား ဆိုးသလား မှန်သလား မှားသလားလို့ စိစစ်နိုင် တဲ့အသိဉာဏ် ကန်းနေသည့်အတွက်ကြောင့် အဝိဇ္ဇာ တည်းဟူ သော မောဟလည်း ဖုံးလွှမ်းနေပြီ။
လောဘ ဒေါသ မောဟ အကုသိုလ်မူလ သုံးပါး၏ အလွှမ်းအမိုး ခံနေရသည့် ထိုပုဂ္ဂိုလ်များသည် ဒုစရိုက်ကံတွေ ပြုလုပ်ကြတယ်။ ဒီဒုစရိုက် အကုသိုလ်ကံတွေသည် ယုတ်မာ ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလဓမ္မ၊ ယုတ်မာကြောင်း ဖြစ်တဲ့ ဝသလဓမ္မများနဲ့ ပြည့်စုံမယ်ဆိုရင် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလပုဂ္ဂလ ယုတ်မာသူပါပဲ။ အဲဒီတရားမှ ဆန့်ကျင်ဘက် အားဖြင့် ရှောင်ကြဉ်လိုက်မယ်ဆိုရင် ပြုခွင့်ကြုံရင်လည်း မပြုလုပ် သည့်အတွက် အဲဒီစိတ်ကောင်းသည် မြင့်မြတ်ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ။ အဲဒီတရားနဲ့ ပြည့်စုံနေရင် ပုဂ္ဂလ ဓိဋ္ဌာန်အားဖြင့် မြင့်မြတ်သူ-သေဋ္ဌပုဂ္ဂလ ဖြစ်ပါတယ်။
(ရ) သတ္တမဂါထာ
အတ္တဟေတု ပရဟေတု၊
ဓနဟေတု စ ယော နရော၊
သက္ခိပုဋ္ဌော မုသာ ဗြူတိ၊
တံ ဇညာ ဝသလောဣတိ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ယော- အကြင်သူသည်၊ သက္ခိပုဋ္ဌော- ယုံကြည်ဖြောင့်မတ်သည် အထင်ဖြင့် သက်သေတင်၍ စစ်မေးအပ်သည်ရှိသော်၊ အတ္တဟေတု- ကိုယ် အကျိုး ကိုယ်စီးပွားအတွက်ကြောင့်လည်းကောင်း၊ ပရဟေတု မိမိနှင့်စပ်ဆိုင်သော သူတစ်ပါး၏ အကျိုးစီးပွားအတွက်ကြောင့် လည်းကောင်း၊ ဓနဟေတု- ပစ္စည်းဥစ္စာအတွက်ကြောင့်လည်း ကောင်း၊ မုသာဗြူတိ- မဟုတ်မတရား မှားမှားယွင်းယွင်း ထွက် ဆို၏၊ တံ- ထိုသို့သဘောရှိသောသူကို၊ ဝသလော ဣတိ အယုတ်တမာ သူယုတ်မာကြီးဟူ၍၊ ဇညာ- မလွဲမှန်စွာ သိမှတ် ရာ၏။
အို ဒါယကာပုဏ္ဏားကြီး၊ ဒီလောကမှာ အချို့သောပုဂ္ဂိုလ် များသည် မိမိကို ယုံကြည်ဖြောင့်မတ်သည် အထင်ဖြင့် သက်သေတင်ပြီး စစ်မေးလိုက်သည့်အခါမှာ ကိုယ့်အကျိုးစီးပွားအတွက် ကြောင့်လည်းကောင်းမိမိနှင့်မကင်းရာ မကင်းကြောင်း သက်ဆိုင်နေသော သူတစ်ပါးတို့၏ အကျိုးစီးပွားအတွက်ကြောင့်လည်းကောင်း၊ ငွေကြေးဥစ္စာအတွက်ကြောင့်လည်းကောင်း မတော် မတရား မှားမှားယွင်းယွင်း ပြောဆိုမိမယ် လိမ်ညာမိမယ်။ အဲဒီပုဂ္ဂိုလ်သည် ဝသလဟု ခေါ်ဆိုအပ်သော သူယုတ်မာရယ်လို့ သင်ပုဏ္ဏားကြီး ဧကန်မလွဲ သိမှတ်ထားလိုက်ပါလို့ ဟောကြား ပေးနေတယ်။
ဒီအကြောင်းများကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက “အရေးကြုံလျှင်၊ သက်သေတင်၍၊ အကြင်သူအား၊ ပေးမြန်း ငြားသော်၊ ထောက်ထားငဲ့ကွက်၊ ကိုယ့်အတွက်နှင့်၊ ကိုယ့် ဘက်ကိုယ့်လူ၊ ထိုသူဥစ္စာ၊ ယိမ်းငဲ့ကာဖြင့်၊ မိစ္ဆာသဘော၊ မုသားပြောက၊ မနောမဖြူ၊ ထိုသသူသည်၊ လူတွင်လူယုတ် လူမိုက်တည်း”လို့ ရေးသားပေးခဲ့ပါတယ်။
လောကလူသားများအနေနဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကြတယ်။ လူမှုရေး အနေနဲ့ ပေါင်း သင်းနေကြရတယ်။ အဲဒီအခါမှာ အမှုခင်းရေးဖြစ်လို့ ဥပဒေရေးရာ များနဲ့လည်း ပတ်သက်လာကြတယ်။ တရားရုံးမှာ အမှုရင်ဆိုင်ရတဲ့ ကိစ္စများနဲ့ ကြုံလာပြီဆိုရင် တရားလို တရားခံပုဂ္ဂိုလ်တို့သည် မိမိတို့နဲ့ သက်ဆိုင်တဲ့ သက်သေပုဂ္ဂိုလ်များကို တင်ပြထွက်ဆိုစေ ကြတယ်။ အဲဒီအခါမှာ တရားလိုဘက်ကဖြစ်ဖြစ်၊ တရားခံဘက် ကဖြစ်ဖြစ် အသီးသီးတို့သည် အထောက်အထား သက်သေများ ကို တင်ပြကြရတယ်။ သက်သေအနေနဲ့ ထွက်ဆိုရတော့မယ် ဆိုရင် “ဒီပုဂ္ဂိုလ်ကတော့ မဟုတ်တာ မလုပ်ဘူး၊ မပြောဘူး။ မမှန်တာ မပြောဘူး။ မှန်တဲ့ဘက်က အမြဲတမ်း ရပ်တည်တယ်” လို့ ယုံကြည် မှတ်ထင်ပြီး သက်သေအနေနဲ့ တင်ပြတယ်။ ရှေ့နေ များက မေးမြန်းတဲ့အခါ တရားသူကြီးများထံမှောက် သက်သေ ထွက်ဆိုရတဲ့ အခါမျိုးမှာ မှားယွင်းစွာ ထွက်ဆို ဝန်ခံမိမယ်။
လိမ်ညာမိမယ်။ ဒါဆိုရင် အဲဒီသူသည် လူယုတ်မာ ဖြစ်သွားပြီး ကိုယ့်အကျိုးစီးပွား သူတစ်ပါးအကျိုးစီးပွား မိမိ၏အသက်ကြောင့် လည်းကောင်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လိမ်ညာပြီး သက်သေ ထွက်ဆိုမိမယ်ဆိုရင် ဒီလိုပြုလုပ်တဲ့အမှုသည် ဝသလတရားပဲ။ အသက် ဥစ္စာကို တွယ်တာသည့် တဏှာတရား အကြောင်းခံ လိမ်ညာခြင်းပါ။ လောဘကို အကြောင်းခံ မုသာဝါဒ ပြောဆို ခြင်းပါ။ အဲဒီ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း မုသာဝါဒ အကုသိုလ်ကံသည် ဓမ္မဓိဋ္ဌာန်အားဖြင့် ယုတ်မာကြောင်း ဖြစ်သည့် အတွက်ကြောင့် ဝသလဓမ္မေ။ အဲဒီယုတ်မာကြောင်းဖြစ်တဲ့ ဝသလ ဓမ္မနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ ပုဂ္ဂလ - သူယုတ်မာ ဖြစ်ပါတယ်။
အဲဒီမှာ အပြန်အားဖြင့် မိမိအသက်ကိုလည်း မငဲ့ကွက်၊ မိမိနဲ့ သက်ဆိုင်နေတဲ့ပုဂ္ဂိုလ်များရဲ့ အသက်ဥစ္စာအရေး အတွေး တော ထောက်ထားကွယ်တာမှု မပြုဘဲ အမှန်တရား ပေါ်ပေါတီ ရေးအတွက် သက်သေအနေနဲ့ မှန်ကန်စွာ ထွက်ဆိုမယ်။ မလိမ် ညာဘူးဆိုရင် မုသာဝါဒသိက္ခာပုဒ်ကို လုံခြုံစွာ ထိန်းသိမ်း စောင့် စည်းတာပါပဲ။ အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ လိမ်ပြောတဲ့ မုသာပါ၊ သိက္ခာပုဒ်ကြီးကို မလွန်ကျူးခြင်းတည်းဟူသော ကုသိုလ်ကံသည် ဓမ္မဓိဋ္ဌာန်အားဖြင့် မြင့်မြတ်ကြောင်း ဖြစ်သည့်အတွက်ကြောင့် သေဋ္ဌဓမ္မ။ အဲဒီလို မြင့်မြတ်ကြောင်းဖြစ်သည့် သေဋ္ဌဓမ္မနဲ့ ပြည့်စုံ နေတဲ့သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ -မြင့်မြတ်သူ ဖြစ်သွားရပါပြီ။
(၈) အဋ္ဌမဂါထာ
ယော ဉာတီနံ သခီခနံ ဝါ၊
ဒါရေသု ပဋိဒိဿတိ။
သာဟသာ သမ္ပိယေန ဝါ၊
တံ ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏ- ဒါယကာပုဏ္ဏားကြီး၊ ယော- အကြင်သူသည်၊ ဉာတီနံ- ဆွေမျိုးသားချင်းတို့၏၊ ဒါရေသု ဝါ- မယားတို့၌လည်း ကောင်း၊ သခဳနံ- မိတ်ဆွေတို့၏ဒါ၊ ရေသု ဝါ… မယားတို့၌လည် ကောင်း၊ သာဟသာ- အလိုမတူဘဲ အနိုင်အထက် ဗလက္ကာရ ပြုသဖြင့်လည်းကောင်း၊ သမ္ပိယေန ဝါ- နှစ်ဦးသဘောတူ ကြည် ဖြူနှစ်ခြိုက် အစုံကြိုက်သဖြင့်လည်းကောင်း၊ ပဋိဒိဿတိ- လွန် ကျူးသဖြင့် ပြုကျင့်ထင်ရှား၏။ တံ- ထိုသို့သဘောရှိသောသူ ကို၊ ဝသလောဣတိ- အယုတ်တမာ သူယုတ်မာကြီးဟူ၍၊ ဇညာ- မလွဲမှန်စွာ သိမှတ်ရာ၏။
အို ပုဏ္ဏားကြီး၊ လောကမှာ အချို့ပုဂ္ဂိုလ်များသည် မိမိတို့ နှင့် ဇာတ်သွေးနှီးရင်း ဆွေမျိုးတော်စပ်သော ပုဂ္ဂိုလ်များ၏ ဇနီး တို့၌လည်းကောင်း၊ အပေါင်းအသင်း မိတ်ဆွေတို့၏ ဇနီး မယားတို့၌လည်းကောင်း၊ အလိုမတူဘဲ အနိုင်အထက် ဗလက္ကာရ ပြုသဖြင့်လည်းကောင်း၊ အလိုတူ အလိုပါ နှစ်ဦးသဘောတူ ကြည်ဖြူနှစ်ခြိုက် အစုံကြိုက်သဖြင့်လည်းကောင်း ပြုကျင့်ထင်ရှား လွန်ကျူးမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကို ဝသလ-အယုတ်တမာ သူယုတ် မာကြီးရယ်လို့ သိမှတ်ပါလေလော့လို့ ဟောကြားပေးပြန်ပါတယ်။
ဒီဂါထာရဲ့တရားစကားလုံးတွေရဲ့ မှတ်သားဖွယ်ရာများကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက
‘‘ဇာတ်သွေးနှီးရင်း၊ ကိုယ့်သားချင်းနှင့်၊ ပေါင်းသင်း မိတ်ဆွေ၊ ချစ်သက်ဝေကို၊ ရစေအတင်း၊ ပြုကျင့်ခြင်းနှင့်၊ ချင်းချင်းနှစ်ခြိုက်၊ တူစုံကြိုက်၍၊ လိုလိုက်ရမက်၊ လွန်ကျူး ဖျက်က၊ ကြောက်ရှက်မဲ့ငြား၊ လူ့ငနွားသည်၊ မှတ်သားထိုသူ လူယုတ်တည်း´လို့ ရေးသားခဲ့ပါတယ်။
ဒိဂါထာမှာ ပုဂ္ဂိုလ်နှစ်ဦး နှစ်မျိုးကို ခွဲခြားပြီး ဟောကြား ထားပါတယ်၊ ဆွေမျိုးတော်စပ်တဲ့ လူယောက်ျားတို့ရဲ့ ဇနီးမယား တို့ပဲဖြစ်ဖြစ်၊ အပေါင်းအသင်း လူယောက်ျားတို့ရဲ့ ဇနီးမယား တို့ပဲဖြစ်ဖြစ် ကာမပိုင်ရှိတဲ့ ဇနီး မယားများကို မိမိက လိုလား သည့်အတွက်ကြောင့် မိန်းမက အလိုမတူဘဲ အနိုင်အထက် ဗလက္ကာရပြုပြီးတော့ ကာမေသုအမှုကို လွန်ကျူးတယ်ဒါက တစ်မျိုး၊ နောက်တစ်မျိုးက အချင်းချင်းအနေနဲ့ ကာမဆန္ဒ အလိုတူ အလိုပါ နှစ်ဦးသဘောတူ ကြည်ကြည်ဖြူဖြူအနေနဲ့ ကာမေသုအမှုကို ပြုကျင့်လွန်ကျူးတယ်။ ဒီလိုနှစ်ဦး ခွဲခြားသိပါ။ သူတစ်ပါး၏ အလိုကိုပဲ လိုက်လိုက်၊ မိမိရဲ့အလိုကြောင့် ပဲဖြစ်ဖြစ် ရက် ရာဂကိလေသာကြောင့် သူတစ်ပါး ပိုင်ဆိုင်နေတဲ့ ကာမကို လွန်ကျူးဖျက်ဆီးတာပါပဲ။ ဒါကြောင့် ဒီပုဂ္ဂိုလ်သည် အရှက်တရားလည်း မရှိဘူး။ အကြောက်တရားလည်း မရှိဘူး။ အဲဒီ ဟိရီ ဩတ္တပ္ပ အရှက်အကြောက်တရား ကင်းမဲ့နေသည့် အတွက်ကြောင့် လူ့နွား လူယုတ်မာကြီးပဲလို့ လင်္ကာမှာ ဆိုထား တာပါ။
ဒီနေရာမှာ ပုဂ္ဂိုလ်နှစ်မျိုးကို ဘာဖြစ်လို့ ခွဲခြားပြီး ဟောကြားထားသလဲဆိုတော့ မဃဒေဝလင်္ကာမှာ- “သီလရှိမဲ့၊ လိုမဟဲ့ နှင့်၊ လိုဟဲ့အလျောက်၊ အပြစ်ရောက်၏ [မဃဒေဝလင်္ကာသစ် ပိုဒ်-၂၃၂]လို့ ဆိုထားတယ်။
သီလရှိမဲ့ဆိုတာ အလွန်ကျူးခံရတဲ့ အမျိုးသမီးသည် ကိုယ်ကျင့်သီလရှိခြင်း ကိုယ်ကျင့်သီလ မရှိခြင်းပါပဲ။ လိုမဟဲ့နှင့် ဆိုတာက မဟဲ့က မရှိတာကို ပြောတာပါ။ ဒါကြောင့် အလိုမရှိခြင်း။
လိုဟဲ့အလျောက်ဆိုတာက အလိုရှိတာကို ပြောပါတယ်။ အဖြောင့်စဉ်လိုက်တော့
၁။ ကိုယ်ကျင့်သီလ ရှိသူဖြစ်ပြီး ကာမလွန်ကျူးတာကို အလိုမရှိခြင်း။
၂။ ကိုယ်ကျင့်သီလ ရှိသူဖြစ်ပြီး ကာမလွန်ကျူးတာကို အလိုရှိခြင်း။
၃။ ကိုယ်ကျင့်သီလ မရှိသူဖြစ်ပြီး ကာမလွန်ကျူးတာကိုအလိုမရှိခြင်း။
၄။ ကိုယ်ကျင့်သီလ မရှိသူဖြစ်ပြီး ကာမလွန်ကျူးတာကို အလိုရှိခြင်း။
ဒီပုဂ္ဂိုလ် လေးမျိုးတို့အပေါ်မှာ လွန်ကျူးသည့် ယောက်ျား များသည် အပြစ်သင့်ရောက်ပါတယ်။ အလွန်ကျူးခံရတဲ့ အမျိုးသမီးသည်
၁။ ကိုယ်ကျင့်သီလရှိပြီး ကာမလွန်ကျူးလိုသော ဆန္ဒ မရှိသူဆိုရင် လွန်ကျူးတဲ့ယောက်ျား၌ အပြစ် ပိုကြီး လေးတယ်။
၂။ ကိုယ်ကျင့်သီလမရှိဘဲ ကာမလွန်ကျူးဖို့ အလိုဆန္ဒ ရှိနေသော အမျိုးသမီးကို လွန်ကျူးတဲ့ယောက်ျားဆိုရင် အပြစ် ပေါ့ပါတယ်လို့ အကျဉ်းမှတ်လိုက်ပါ။
အလိုဆန္ဒ ရှိ-မရှိ၊ အလိုတူတူ-မတူတူ နှစ်ယောက်လုံး၏ သန္တာန်မှာ ကိုယ်ကျင့်သီလ ရှိ-မရှိက ဒီနေရာမှာ အဆုံးအဖြတ် ပေးပြီးတော့ လွန်ကျူးသည့်ပုဂ္ဂိုလ်သည် အပြစ်ခံရတယ်လို့သာမှတ်ထားလိုက်ပါ။ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားက အဂ္ဂိက ဘာရဒွါဇ ပုဏ္ဏားကြီးကို ကာမေသုမိစ္ဆာစာရကံအနေနဲ့ ပတ်သက် ပြီးတော့ ဝသလဓမ္မကို ဟောကြားပေးနေတာပါ။ ဒီကာမ အကျင့်ဆိုးကြီးကို လွန်ကျူးကြောင်းဖြစ်တဲ့ လောဘကိလေသာ ရာဂတရားသည် ဓမ္မဓိဋ္ဌာန်အားဖြင့် ယုတ်မာကြောင်းဖြစ်လို့ ဝသလ-ယုတ်မာသူပါပဲ။ ဆန့်ကျင်ဘက်အပြန်အားဖြင့် ကာမ လွန်ကျူးတဲ့ အကျင့်ဆိုးကြီးကို မလွန်ကျူးဘဲ ရှောင်ကြဉ်တဲ့ အကျင့်ကောင်းသည် ဓမ္မဓိဋ္ဌာန်အားဖြင့် မြင့်မြတ်ကြောင်းဖြစ်လို့ သေဋ္ဌဓမ္မ။ မြင့်မြတ်ကြောင်းဖြစ်တဲ့ အကျင့်ကောင်းနဲ့ ပြည့်စုံသူ သည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ-မြင့်မြတ်သူပါပဲ။
(၉) နဝမဂါထာ
ယော မာရံ ပိတရံ ဝါ၊
ဇိဏ္ဏကံ ဂတယောဗွနံ။
ဗဟုသန္တော န ဘရတိ၊
တံ ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏ- ဒါယကာပုဏ္ဏားကြီး၊ ယော- အကြင်သူသည်၊ - ဇိဏ္ဏကံ- အိုပင်းခြင်းသို့ရောက်ထသော၊ ဂတယောဗ္ဗနံ- ပစ္ဆိမ _ အရွယ်သို့ ရောက်ထသော၊ မာတရံ ဝါ- မိခင်ကိုလည်းကောင်း၊ ပိတရံ ဝါ’ ဖခင်ကိုလည်းကောင်း၊ ပဟုသန္တော- ကျွေးမွေးခြင်း ငှာ စွမ်းနိုင်ပါလျက်၊ န ဘရတိ- သဘောထားသေး၍ မကျွေး မွေး ပြုစု တံ- ထိုသို့သဘောရှိသော သူကို၊ ဝသလောဣတိ အယုတ်တမာ သူယုတ်မာကြီးဟူ၍၊ ဇညာ- မလွဲမှန်စွာ သိမှတ် ရာ၏။
အို ပုဏ္ဏားကြီး၊ အကြင်ပုဂ္ဂိုလ်သည် အိုမင်းတဲ့ နောက်ဆုံး အရွယ်သို့ ရောက်ကုန်သော မိအို ဖအိုတို့ကို ပြုစု လုပ်ကျွေး စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်ပါလျက် သဘောထားသေး၍ မပြုစု မကျွေးမွေးပါပေ။ ထိုသို့သဘောရှိတဲ့သူကို အယုတ်တမာ သူယုတ်မာကြီးရယ်လို့ သိမှတ်ထားပါလို့ ဝသလတရားကို ဟောကြားပေးပြန်ပါတယ်။
လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက “ရွယ်လွန်ချို ယွင်း၊ အိုမင်းကုန်ကြ၊ မိနှင့်ဘကို၊ ခယလုပ်ကျွေး၊ သိမ်းမွေး ခြင်းငှာ၊ စွမ်းနိုင်ပါလျက်၊ ရှောင်ခွါပယ်ဖြတ်၊ မပြတ်မလေး။
လုပ်ကျွေးသမှုမပြုစုက၊ ယခုလက်ငင်း၊ ကဲ့ရဲ့ခြင်းနှင့်၊ သေ မင်းဆောင်လစ်၊ ဘဝသစ်၌၊ ဖြစ်တုံသောခါတေဇာဂုဏ်အင်၊ မပေါ်ထင်ဘဲပျော်ရွှင်သုခ၊ ပရလုံးလုံးအညွန့်တုံးသည် ဆုံးရှုံး လူယုတ်မာကြီးတည်း" လို့ ရေးသားထားခဲ့ပါတယ်။ အသက်အရွယ် ၆ဝ-ကျော် ရာ-အိုမင်းတဲ့ အရွယ်ကိုရောက်နေတဲ့ မိအို ဖအိုများကို ခခယယ သည်းခံ တောင်းပန်ပြီးပြုစုစောင့်ရှောက် လုပ်ကျွေးခြင်းငှာ စွမ်းနိုင်ပါလျက် ငွေကြေး တတ်နိုင်ပါလျက် မပြုစုဘူး မလုပ်ကျွေးကြဘူး။ မွေးမြူမှုလည်း မပြုဘူး။ အလေးဂရု ပြုမှုလည်း မရှိတော့ဘူး။ သားသမီးများကိုယ်တိုင် လူအားနဲ့ မပြုစုနိုင်ဦးတော့ ငွေအား ပစ္စည်းအားနဲ့ လူငှားထား ပြုစုခိုင်းမယ်။ ယောက်ပံ့ပေးနိုင်ပါလျက်လည်း မပြု လုပ်ကြဘူး။ လူကိုယ်တိုင်လည်း မပြုစု မစောင့်ရှောက်ဘူးဆိုရင် အဲဒီသားသမီးများသည် ခုမျက်မှောက်ဘဝမှပဲ ကဲ့ရဲ့ရှုတ်ချခြင်းလည်း ခံရမယ်။ “ဒီသားသမီးများသည် မိရိပ် ဖရိပ်မှာ နေတုန်း ကတော့ ချမ်းချမ်းသာသာ နေကြရတယ်။ မိအို ဖအိုများကို တစ်ဖန်ပြန်လည် စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်ပါလျက် မပြုစုကြ ဘူး။ မကျွေးမွေးကြဘူး။ မစောင့်ရှောက်ကြဘူး”လို့ ပညာရှိပုဂ္ဂိုလ် များ၏ အကဲ့ရဲ့ကို ခံကြရမယ်။ တမလွန်ဘဝဆိုရင်လည်း သား သမီးဝတ္တရား ချွတ်ယွင်း ပျက်ကွက်သူများသည် အကြောင်း ကောင်းက အကယ်၍ ထောက်ပံ့ပို့ဆောင်လို့ လူ့ဘဝရဦးတော့ လူ့ဂုဏ်တန်ခိုး လူ့ဂုဏ်သတင်းများ မပေါ်လွင် မထင်ရှား မကျော် ကြားဘဲ တိမ်မြုပ်နေပါတယ်။ သားသမီးအခြံအရံ ပြည့်စုံနေပါ လျက်၊ ဓနပေါများ ပြည့်စုံနေပါလျက် ပျော်ရွှင်မှု သုခမရလုံးလုံး အရှုံးကြီးရှုံး လူညွန့်တုံးလိမ့်မယ်။ တန်ဖိုးရှိတဲ့ လူ့ဘဝ ရင်ထားပါလျက်နဲ့ ဘဝဆုံးရှုံးနေတဲ့ လူမိုက် လူယုတ်မာပဲလို့ ဆိုထားပါတယ်။
ဒီဂါထာအနေနဲ့က သားသမီးများသည် မိဘများအပေါ်မှာ ကျွေးမွေးစောင့်ရှောက်ရမယ့် ဝတ္တရားတွေ ရှိတယ်။ ဘာတစ်ခုမှ တာဝန်ယူမှု မရှိသည့်အတွက်ကြောင့်သာ သားမိုက် သမီးမိုက် သားယုတ် သမီးယုတ်တွေ ဖြစ်ကြရတာပါ။ လူ့သဘာဝနယ်ပယ် သူတော်ကောင်း သားသမီးများသည် မိဘများက မွေးထုတ် ကျွေးမွေး သုတ်သင်လာသည့်အတွက်ကြောင့် လူ့လောကမှာ လူလားမြောက် ကြီးပွားချမ်းသာ လာကြရတာပါ။ အရွယ်တွေက အိုမင်း အင်္ဂါအစိတ်အပိုင်းတွေက ယိုယွင်း သေခါနီးအချိန်ရောက် နေတဲ့ ဒုက္ခိတ အမေအို အဖေအိုတွေ ဖြစ်လာပြီး သနားခြင်း ကရုဏာတရား ပိုထားသင့်ပါတယ်။ ပြုစုစောင့်ရှောက် ကျွေးမွေး ကြမယ်ဆိုရင် သားသမီးများသည် မိဘများ၏ မွေး ကျေးဇူး ကျွေးကျေးဇူးများကို အသိတရားရှိရှိ ပြန်လည်ကာ ကျေးဇူးဆပ်ရာ ရောက်ပါတယ်။ အိုမင်းလာတဲ့ ကျေးဇူးရှင် မိခင် ဖခင်များကို အိုမင်းသည့်ကာလမှာ ကရုဏာတရား သနားခြင်း မပြုဘဲ ပစ်ခွါ ရှောင်ကြဉ်နေကြမယ်ဆိုရင် အဲဒီသားသမီးများ သည် ကျေးဇူးမဆပ်တဲ့ သားသမီးများ ဖြစ်သွားလေပြီး၊ သားယုတ် သမီးယုတ်များ ဖြစ်သွားလေပြီ။ ဒါကြောင့် သားသမီးများသည် မိဘများ၏အပေါ်မှာ မေတ္တာတရား ကရုဏာတရားထားကာ ကျေးဇူးဆပ်ရမယ့် ဝတ္တရားများရှိနေသည့်အတွက်ကြောင့် ကျေးဇူး ဆပ်နိုင်သည့် အချိန်အရွယ်မှာ အခွင့်အရေးရတုန်းမှာ ကျေးဇူးဆပ်ကြပါ။ အဲဒီလိုမှ မလုပ်နိုင်ကြဘူးဆိုရင် ကျေးဇူးကန်းရာ ရောက် ပါတယ်ကျေးဇူးမဆပ်သည့်သားသမီများသည် ဝတ္တရားပျက် ကွက်သည် သားသမီးများပါပဲ၊ သားသမီးဝတ္တရား ပျက်ကွက် သည့် သားသမီးများသည် သားယုတ် သမီးယုတ်များပါပဲ။ အဲဒီ လို သားသမီးဝတ္တရား ပျက်ကွက် မပြုစု မစောင့်ရှောက်ရင် အဲဒီတရားများသည် ဓမ္မဓိဋ္ဌာန်အားဖြင့် ယုတ်မာကြောင်းဖြစ်လို့ ဝသလမ္မေ၊ အဲဒီချွတ်ယွင်းတဲ့ တရားများနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ-သူယုတ်မာပါပဲ။
ဆန့်ကျင်ဘက် အပြန်အားဖြင့် မိဘများ၏ ကျေးဇူးကို သိတယ်၊ အိုမင်းလာပြီဆိုရင် မေတ္တာထားကာ ကရုဏာထားပြီး ပြုစုစောင့်ရှောက် ကျွေးမွေးကြသည့်အတွက်ကြောင့် ထိုသားသမီး များ၏သန္တာန်မှာ တည်ရှိနေသော သူတော်ကောင်းတရားသည် ဓမ္မဓိဋ္ဌာန်အားဖြင့် မြင့်မြတ်ကြောင်းဖြစ်သည့်အတွက်ကြောင့် သေဋ္ဌဓမ္မအဲဒီလို မြင့်မြတ်ကြောင်း အကျင့်ကောင်းများနဲ့ ပြည့်စုံ သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ-မြင့်မြတ်သူ ဖြစ်ရ ပါတယ်။
(၁၀) ဒသမဂါထာ
ယော မာတရံ ပိတရံ ပါ၊
ဘာတရံ ဘဂိနိံ သသုံ။
ဟန္တိ ရောသေတိ ဝါစာယ၊
တံ ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏ- ဒါယကာပုဏ္ဏားကြီး ယော- အကြင်သူသည်၊ မာတရံ ဝါ- မွေးသမိခင် ကျေးဇူးရှင်ကိုလည်းကောင်း၊ ပိတရံ ဝါ- မွေးသဖခင် ကျေးဇူးရှင်ကိုလည်းကောင်း၊ ဘာတရံ ဝါ တစ်မိဝမ်းတွင်း အတူဆင်းသည့် ညီအစ်ကိုအရင်းကိုလည်း ကောင်း၊ ဘဂိနိ ဝါ၊ တစ်မိဝမ်းတွင်း အတူဆင်းသည့် ညီအစ်မ အရင်းကိုလည်းကောင်း၊ သသုံ ဝါ - ယောက္ခမကိုလည်းကောင်း၊ ဟန္တိ- ညှဉ်းဆဲ ရိုက်ပုတ်၏။ ဝါစာယ- ကြမ်းတမ်းသောစကား ဖြင့်၊ ရောသေတိ – ချုပ်ချယ်ကာ ဆဲရေးပြောကြားပါပေ၏၊ တံ ထိုသို့သဘောရှိသောသူကို ဝသလောဣတိ- အယုတ်တမာ သူယုတ်မာကြီးဟူ၍၊ ဇညာ- သိမှတ်ရာ၏။
အို ပုဏ္ဏားကြီး၊ အချို့သောပုဂ္ဂိုလ်သည် မိခင် ဖခင်တို့ကို လည်းကောင်း၊ မိမိနှင့် တစ်တုံဆင်း ညီအစ်ကိုအရင်းကိုလည်း ကောင်း၊ တစ်ဝမ်းတွင်းဆင်း ညီအစ်မအရင်းကိုလည်း ကောင်း နှစ်ဖက်တော်စပ်ကြ သောက္ခမများကို ညှဉ်းဆဲမယ် စကားခြင်းတည်းပဲ ချုပ်ချယ်၊ ရင် အဲဒီပုဂ္ဂိုလ်ကို ဝသလ သူယုတ်မာဟူ၍ ထားလိုက်ပါလို့ ဟောကြားပေးနေပါတယ်။
လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက “မိဘနှစ်လီ နောင်ညီအစ်မ၊ ယောက္ခမကို၊ ဆဲဆိုထောင်းထု၊ ရိုက်ပုတ်ပြုက အမှုယုတ်ညမ်း၊ အကျင့်ယွမ်းသည်။ ဟောရမ်းယုတ်မာ သူမိုကို တည်း’’ လို့ ရေးသားခဲ့ပါတယ်။
မိခင် ဖခင်များ၏ အပေါ်မှာ စကားလုံးနဲ့ ကြမ်းတမ်းစွာ ပြောဆိုမိမယ်၊ ချုပ်ချယ်ရမ်းကား နှိပ်စက်ပြောကြားမယ် ရိုက်နှက် ပုတ်ခတ် ညှဉ်းဆဲမယ်ဆိုရင် သားယုတ် သမီးယုတ် ဖြစ်သွားပြီး ပေါ့။ ဒါကြောင့် မိခင် ဖခင်များ၏အပေါ်မှာ သားသမီးသည် သိမ်သိမ်မွေ့မွေ့ ရိုရိုသေသေ လေးစားစွာ ပြောဆိုရပါမယ်ညီအစ်ကို မောင်နှမ ညီအစ်မ အချင်းချင်းတို့သည်လည်း ပြေပြစ်ချောမော ချောမော ချစ်ခင်ဖွယ်ရာ စကားများ ပြောဆိုရပါမယ်။ ခိုက်ရန်စကားပြောဆို ယူဆဲ အော်ငေါက်နေကြခြင်းသည် ယုတ်မာတာပါပဲ။ ဇနီးမယားနဲ့ လင်သားများသည် တစ်ဖက်က တော်စပ်တဲ့ ယောက္ခများအပေါ်မှာ မရိုမသေ ဆက်ဆံနေထိုင်မယ်။ ပြောဆို ပေါက်ဝမ်းရိုင်းစိုင်းစွာ ပြုမူနေခြင်းဟာလည်း ယုတ်မာဆိုးဝါးတာပါပဲ။ အဲဒီလို ကာယကံအပြစ် ဝစီကံအပြစ် လွန်ကျူးမိပြီဆိုရင် အဲဒီ အကျင့်ဆိုးများသည် ယုတ်မာကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန် အားဖြင့် ဝသလဓမ္မ။ အဲဒီ အကျင့်ဆိုးများနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ-ယုတ်မာသူပါပဲ။ ထိုမှအပြန်အား ဖြင့် မိခင် ဖခင်များကို ရိုရိုသေသေ ပြောဆိုခြင်း ညီအစ်ကို ညီအစ်မ မောင်နှမအချင်းချင်း ယဉ်ကျေးသိမ်မွေ့ ပြေပြစ်တဲ့စကား များ ပြောဆိုခြင်း၊ ယောက္ခများကိုလည်း ရိုသေမှု ဂါရဝတရားထား လေးစားစွာ ပြောဆိုနေထိုင် ကျင့်သုံးကြမယ်ဆိုရင် မြင့်မြတ်ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ၊ အဲဒီ ကောင်းတဲ့ အကျဉ်များနဲ့ ပြည့်စုံတဲ့သူသည် ပုဂ္ဂလဓိဋ္ဌာန်းအားဖြင့် ပသဋ္ဌပုဂ္ဂလ မြင့်မြတ်သူ ဖြစ်ပါတော့တယ်။
(၁၁) ဧကာဒသမဂါထာ
ယော အတ္ထံ ပုစ္ဆိတောသန္တော၊
အနတ္ထမနုသာသတိ။
ပဋိစ္ဆန္နေန မန္တေတိ၊
ကံ ဇညာ ၀သလော ဣတိ၊
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ယော- အကြင်ပုဂ္ဂိုလ် သည်၊ အတ္ထံ- ပစ္စုပ္ပန် သံသရာ ကောင်းကျိုးနှစ်ဖြာနှင့် စပ်သော ဓလေ့ကို၊ ပုစ္ဆိတောသန္တော- အားကိုးသမှု ပေးမြန်းခြင်းကို ပြုအပ်သည်ရှိသော်၊ အနတ္ထံ- အကျိုးမဲ့ကို၊ အနုသာသတိ- မတော်မတရား လမ်းလိုက်မှားအောင် ပြောကြား သွန်သင်၏။ ပဋိစ္ဆန္နေန- ဖုံးကွယ်နက်နဲ ခက်ခဲသော အကြောင်းဖြင့်၊ မန္တေတိ- အကျိုးလိုသောအယောင်ဖြင့် ဟန်ဆောင် ပြောကြား၏။ တံ- ထိုသို့သဘောရှိသောသူကို၊ ဝသလောဣတိ- အယုတ် တမာ သူယုတ်မာကြီးဟူ၍၊ ဇညာ- မလွဲမှန်စွာ သိမှတ်ရာ၏။
လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက “ခုရေးနောင်ကို အကျိုးလို၍ ထိုထိုနည်းလမ်း မေးစုံစမ်းသော စိတ်ဝင်းမာင့်ကွယ်ထောင့်ငှက်သို၊ မှန်မဆိုဘဲ၊ ဝန်တိုသဖြင့်၊ လမ်းမှားကျင့်အောင်၊ မသမလျော်၊ ညွှန်ပြသော်၊ သူတော်သဘော၊ စရိုက်လျှောသည် မိုက်သောသူယုတ်ဆိုသတည်း လို့ ရေးသားခဲ့ပါတယ်။
အို ပုဏ္ဏားကြီးလောကမှာ အချို့အချို့သော ပုဂ္ဂိုလ်များ အနေနဲ့ ပစ္စုပ္ပန်အကျိုးစီးပွား သံသရာအကျိုးစီးပွား ပရမတ္တ အကျိုးစီးပွားများကို လိုလားသည့်အတွက်ကြောင့် မိမိကို အဲဒီ အကြောင်းအရာများကို မှန်ကန်စွာ သွန်သင်ပြသ ဆုံးမလမ်းညွှန် ပေးနိုင်မယ့် ပုဂ္ဂိုလ်ပဲလို့ အားကိုးသမှု မေးမြန်းခြင်းပြုတဲ့အခါမှာ မှန်ကန်တဲ့အနေနဲ့ အကျိုးရှိရာရှိကြောင်း မဖြေကြားဘဲ အကျိုးမဲ့ အနေနဲ့ မတော်မတရား လမ်းလိုက်မှားအောင် ပြောကြား သွန် သင်မယ်အကျိုးလိုလားသော အယောင်ဆောင်ပြီး နက်နဲခက်ခဲ တဲ့တရား အဓိပ္ပာယ်မဖော်နိုင်တဲ့ စကားလုံးများနဲ့ ဖြေကြား ပြော ဟောပေးမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်သည်လည်း အယုတ်တမာ သူယုတ်မာပါပဲ။
ဒီဂါထာနေနဲ့ တိုက်ရိုက်သက်ဆိုင်ကို တရားလိုး လိမ်တော့လိမ်းတာကိုးဒါပေမယ့် သူက လိမ်မှန်းမသိအောင် ကွယ်ဝှက်ပြီးလိမ်တာ၊ ပစ္စုပ္ပန်အကျိုးစီးပွား လိုချင်လို့ အကြောင်းတရား ဘယ်လိုကျင့်ရမလဲ။ သံသရာ အကျိုးစီးပွား လိုချင်လို့ ဘယ်လိုအကြောင်းတရားများကို ကျင့်ရေးရ အကျိုး၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရေး ဘယ်လိုပဋိပတ် အကျင့်မှုနဲ့ များကို ကျင့်သုံးရမလဲ။ အဲဒီလို သန္ဒိဋ္ဌိက သမ္ပရာယိက ပရမတ္တ အကျိုးတရားများနဲ့ စပ်ဆိုင်ပြီးတော့မှ အမှန်တရား ဖြေကြား ပေးနိုင်လောက်ရဲ့လို့ အထင်ကြီးပြီး အားကိုးမှု သွားရောက် မေးမြန်းပြီဆိုရင် အကျိုးမဲ့အနေနဲ့ မတော်မတရား လမ်းလိုက်မှားအောင် ပြောကြား သွန်သင်ပေးလိုက်ရပြီ။ သိထားတာကို အမှန်အတိုင်း မပြောဘဲနဲ့၊ လိမ်လည်လှည့်ပတ်ပြီး နက်နဲတဲ့ သသောအနေဖြင့် လွယ်ရက်ပြောကြားမယ်။ အမှန်ကို မကျင့် နိုင်ဘဲ လမ်းမှားကျအောင် မှားယွင်းတဲ့နည်းတွေကို သင်ပြပေး လိုက်မယ်ဆိုရင် သူယုတ်မာဖြစ်ပါတယ်၊ ဒါက အကြောင်းတစ်ရပ် အင်္ဂါတစ်ပါး သူတော်ကောင်း အကျင့်စရိုက်မှ လျှောကျကုန်ပြီး အဲဒီပုဂ္ဂိုလ်ကိုလည်း လူယုတ်မာ သူယုတ်မာကြီးရယ်လို့ ကန် မှတ်လိုက်ပါလို့ ဘုရားရှင်က ပုဏ္ဏားကြီးအား ဟောကြားပေးနေပါတယ်။
အမှန်တရားကို မညွှန်ကြား မသင်ပြသည့်အပြင် လမ်းမှား ကို လိုက်အောင် စိတ်ထားမမှန်ဘဲ ပြောကြားတယ်။ အဲဒီ စိတ် ယုတ်မာသဘောတရားသည် ဓိဋ္ဌာန်အားဖြင့် ယုတ်မာကြောင်း ဖြစ်သည့်အတွက်ကြောင့် ဝသလဓမ္မ။ အဲဒီတရားများနဲ့ ပြည့်စုံးန မယ်ဆိုရင် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သလပုဂ္ဂလ - ယုတ်မာသူပါပဲ။ ဆန့်ကျင်ဘက်အပြန်အားဖြင့် မေးမြန်းစုံစမ်းသည့်အခါမှာ သိရင် သိသည့်အလျောက် မသိရင် မသိသည့်အလျောက် ပြော ဖြောင့်တန်းတန်းပဲ စိတ်ကောင်းနှလုံးကောင်းနဲ့ လိုက်သော သည် ဓမ္မဓိဋ္ဌာန်အားဖြင့် မြင့်မြတ်ကြောင်းဖြစ်လို့ သေဋ္ဌဓမ္မ။ အဲဒီစိတ်နှလုံးကောင်းနဲ့ ပြည့်စုံသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ မြင့်မြတ်သူ ဖြစ်ပါပြီး။
(၁၂) ဒွါဒသမဂါထာ
ယော ကတွာ ပါပကံ ကမ္မံ၊
မာ ပံ ဇညာတိ ဣစ္ဆတိ။
သော ပဋိစ္ဆန္နကမ္မန္တော၊
တံ ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ယော- အကြင်သူ သည်။ ပါပကံကမ္မံ - ယုတ်မာသောအမှုကို၊ ကတွာ- ပြုလုပ်ပြီး ၍ မီ- မကောင်းသောင်းကို၊ မာ ဇညာ- သူများ၊သိပါစေ သတည်း၊ ဣတိ ဣစ္ဆတိ - ဤသို့အလိုရှိ၏ ယော- အကြင် သူသည် ပဋိစ္ဆန္နကမ္မန္တော- မိမိပြုလုပ်သော ယုတ်မာသောအမှု ကို ဖုံးလွှမ်း၍ သူတော်ကောင်းပောင် ဟန်ဆောင်၍နေ၏၊ တံ ထိုသို့သဘောရှိသောသူကို ဝသလောဣတိ - အယုတ်တမာ သူယုတ်မာကြီးဟူ၍၊ ဇညာ မှန်စွာ သိမှတ်ရာ၏။
လယ်တီပဏ္ဍိက ဆရာဦးမောင်ကြီးက ““ယုတ်မာမှုကို လေတုံငြာ။ ဖုံးငှက်ထား၍၊ အများသို့တောင်၊ သူတော် ယောင်ဖြင့်ဟန်ဆောင်လှည့်ပင်၊ လိမ်လည်လင်းက သူဖြတ် သော ဂုဏ်ရည်ထည်၊ မိုက်သောမှန်၏ သူယုတ် တည်း လို့ ရေးသားခဲ့ပါတယ်။
အို ဒါယကာ ပုဏ္ဏားကြီး၊ ဒီလောကမှာ အကြင်ပုဂ္ဂိုလ် သည် ပါပကမ္မ ယုတ်မာဆိုးဝါးတဲ့ မကောင်းမှုများကို ပြုထားတယ်။ အဲဒီလို ပြုလုပ်ထားပြီးသည်၏နောက်မှ ပြုလုပ်ထားသူ ကိုယ်တိုင်က “ငါ ပြုလုပ်ထားတဲ့ မကောင်းမှုများကို သူတစ်ပါးတို့ မသိပါစေနဲ့”လို့ ဖုံးလွှမ်းထားလိုသော အလိုဆိုးရှိတယ်။ အကြင်ပုဂ္ဂိုလ်တစ်ဦးကျတော့ ယုတ်မာဆိုးဝါးတဲ့ မကောင်းမှုများ ကို ပြုထားပြီးတော့ ဖုံးလွှမ်းထားကာ မိမိကိုယ်မိမိ အများသူတို့နဲ့ ဆက်ဆံတဲ့နေရာမှာ သူတော်ကောင်းယောင် ဟန်ဆောင်နေ လိုက်ပြန်တယ်။ အဲဒီနောက်ပုဂ္ဂိုလ်ကတော့ ဝသလဘွဲ့ထူးကို သုံးထပ်ကွမ်းရတယ်။
၁။ မကောင်းမှုများကို ပြုလုပ်သည့်အတွက်ကြောင့် သလ လူယုတ်မာတစ်ဘွဲ့။
၂။ ပြုထားတဲ့ မကောင်းမှုကို ဖုံးလွှမ်းထားသည့်အတွက် ကြောင့် ဝသလ လူယုတ်မာတပ်ဘွဲ့။
၃။ မကောင်းမှု ပြုထားပါလျက် ကောင်းမှုပြုထားသူမျိုး ဟန်ဆောင်သည့်အတွက်ကြောင့် ဝသလတစ်ဘွဲ့။
အဲဒီလို သုံးမျိုးဖြစ်သွားရတာပါ။ ဒါကြောင့် ပုထုဇဉ်ပုဂ္ဂိုလ် များသည် ကိလေသာစွမ်းအားအလျောက် မကောင်းမှုများကို မရှောင်ခွါနိုင်သည့်အတွက်ကြောင့် ပြုမိကောင်း ပြုမိကြပါလိမ့်မယ်။ ဒါပေမယ့် ပြုထားမိတဲ့ မကောင်းမှုကို မကောင်းမှုမှန်းသိ ပြီးတော့ အသိဉာဏ်မရှိသည့်အလျောက် ဖြူမားမိပြီဆိုရင် သတိထားကာ နောင်အခါမှာ ဒီလိုမကောင်းမှုများကို မပြုတော့ ဘူး”လို့ ဆောက်တည်ထားလိုက်မယ်ဆိုရင် သူတော်ကောင်း ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ မိမိထားတဲ့ မကောင်းမှုကို သူတစ်ပါ။ မသိအောင် ဖုံးလွှမ်းထားလိုက်ရင်တော့ အဲဒီအမှုသည် သူယုတ်ဖြစ်ကြောင်းပါး နောက်တစ်ဆင့်တက် သူတော် ကောင်းယောင်းတည်း ဟန်ဆောင်လိုက်ဆေးကယ်။ ဒါကြောင့် ဒီလို ဖုံးလွှမ်းထားလိုမှု အလိုဆိုး ဟန်ဆောင်မှုအကျင့်များသည် ယုတ်မာကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလဓမ္မ။ အဲဒီတရား နှစ်ပါးနဲ့ ပြည့်စုံသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ပသလပုဂ္ဂလ ယုတ်မာသူဖြစ်ပါတယ်။
အဲဒီကနေ အပြန်အားဖြင့် မကောင်းမှုများကို ပြုကျင့်ထား မိပြီဆိုရင် သတိထား သံဝေဂယူပြီးတော့ ပြစ်မှားကျူးလွန်မိ ကြောင်းကို ထင်ထင်ရှားရှား ထုတ်ဖော်ပြောကြား ဝန်ခံလိုက်မယ်၊ ပြုမိတဲ့ မကောင်းမှုကို ဖုံးလွှမ်း၍ မထားလိုသော သူတော်ကောင်း စိတ်ဓာတ်သည် မြင့်မြတ်ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌ ဓမ္မ။ အဲဒီလို မြင့်မြတ်ကြောင်းဖြစ်သော အကျင့်တရားနဲ့ ပြည့်စုံ နေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ-မြင့်မြတ်သူ ဖြစ်ပါ တော့တယ်။
(၁၃)တေရသမဂါထာ
ယော ဝေ ပရကုလံ ဂန္တွာ၊
ဘုတွာန သုစိဘောဇနံ။
အာဂတံ နပ္ပဋိပူဇေတိတံ၊
ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏ- ဒါယကာပုဏ္ဏားကြီး၊ ယော- အကြင်သူ သည်၊ ပရကုလံ- သူတစ်ပါးတို့၏အိမ်သို့၊ ဂန္တွာ- သွားရောက် လှည့်လည်၍၊ သုစိဇနံ- ကောင်းမွန်ရသာ မြိန်ယှက်စွာသော အစာဘောဇဉ်များကို ဘုတွာ- ဗိုက်ပူနံကား မအောင် စားခဲ့ပြီးလျက်၊ အာဂတံ- မိမိအိမ်သို့ ရောက်လာသောသူကို၊ နပ္ပဋိပူဇေတိ- တုံ့ပြန်သမှု မပြုစုဘဲ နေ၏၊ တံ- ထိုသို့သဘော ရှိသောသူကို၀သလောဣတိ- အယုတ်တမာ သူယုတ်မာဟူ၍၊ ဇညာ- မလွဲမှန်စွာ သိမှတ်ပါ။
လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက “သူ့အိမ်သွား ရောက်၊ စားသောက်ဘောဇဉ် ချိုချဉ်ပြိန်ရှက်၊ သုံးဖူးလျက်လည်းနှစ်သက်ခင်မင်၊ ထွက်ဝင်ဝမ်းမြောက်၊ ကိုယ့်အိမ်ရောက်သော်၊ ချီးမြှောက်မြတ်လေး၊ ကျွေးမွေးမပြု၊ ဂရုမထား၊ လွန်စိမ်းကား လျှင်၊ မိုက်မှားယုတ်မာ သူသွမ်းတည်း”လို့ ရေးသားခဲ့ပါတယ်။
အို ပုဏ္ဏားကြီး၊ ဒီလောကမှာ အချို့သောပုဂ္ဂိုလ်များသည် မိမိရဲ့ဆွေမျိုးများရဲ့အိမ်ကိုပဲဖြစ်ဖြစ်၊ မိတ်ဆွေ အပေါင်းအသင်း များရဲ့ အိမ်ကိုပဲဖြစ်ဖြစ် ခရီးတို ခရီးရှည် အလယ်အပတ် သွား ရောက်ပြီဆိုရင် အဲဒီအိမ်က အိမ်ရှင်ဝတ္တရားနဲ့အညီ ပြုစု စောင့် ရှောက် ကျွေးမွေးဧည့်ခံတဲ့ အစားအသောက်များကို မိမိကတော့ ဗိုက်ပူနံကား ဝအောင်စားခဲ့တယ်။ နောက်တစ်ဖန် အဲဒီအိမ်က လူများက မိမိအိမ်သို့ အကြောင်းအားလျော်စွာ ရောက်လာတဲ့အခါ အိမ်ရှင်ဝတ္တရား ရှိသည်နဲ့အညီ ပြန်လည်ကာ ကျွေးမွေး ပြုစုရမှာ ဖြစ်ပါလျက် မပြုစု မကျွေးမွေး မစောင့်ရှောက်ဘူးဆိုရင် အဲဒီ ပုဂ္ဂိုလ်မျိုးသည်လည်း အယုတ်တမာ သူယုတ်မာကြီးရယ်လို့ သိမှတ်လိုက်ပါ။
အိမ်ရာတည်ထောင် လူ့ဘောင်မှာနေကြတဲ့ လူသားများ အနေနဲ့ မကင်းနိုင်တဲ့တရားပါ၊ သူတစ်ပါးအိပ်ကို မိမိကသွားတော့ နံနက်ပိုင်းအခါမှာလည်း နံနက်အလျောက်၊ နေ့လယ်ပိုင်း အခါမှာလည်း နေ့လယ်အလျောက်၊ ညနေပိုင်းမှာလည်း ညနေ အလျောက် သူ့ အချိန်အခါနဲ့ လျှော်ညီအောင် အိမ်ရှင်ဝတ္တရား အရ စားသောက်ဖွယ်ရာများကို စွမ်းအားရှိသည့်အလျောက် ပြုစု စောင့်ရှောက် ကျွေးမွေးကြပါလိမ့်မယ်။ အဲဒီလို ကျွေးမွေးသည့် အခါမှာ ဝလင်လင် စားသုံးခဲ့တယ်။
နောင်သောအခါ ထိုသူများက မိမိအိမ်သို့ ခင်မင်သည့် အလျောက် အကျွမ်းဝင်သည့်အလျောက် ရောက်လာပြီဆိုရင် ပြန်လည်ကာ ဧည့်ဝတ်ပြုရမှာသည် အိမ်ရှင် ဝတ္တရားပါပဲ။ အဲဒီ အခါမှာ အလေးဂရုပြုပြီး မပြုစု မကျွေးမွေးဘူး၊ စိမ်းစိမ်းကားကား နေမယ်ဆိုရင် မှတ်ပါလေတော့ အဲဒီပုဂ္ဂိုလ်သည် လူယုတ်မာပါပဲ။ လက်ကမ်းလာသူကို လက်လှမ်းရမယ်။ အတုံ့အလှည့် အပြန် အလှန် အသွားအလာ ရှိပါလျက်နဲ့ ဧည့်သည်ကို ဧည့်ခံ ကျွေး မွေးရမှာ အိမ်ရှင်ရဲ့ကျင့်ဝတ်ပါပဲ။ အဲဒီကျင့်ဝတ် ပျက်ယွင်းသည့်အတွက်ကြောင့် ဓမ္မဓိဋ္ဌာန်အားဖြင့် ယုတ်မာကြောင်းဖြစ်သည့် အတွက်ကြောင့် ဝသလမ္မေအဲဒီ ယုတ်မာကြောင်းတရားနဲ့ ပြည့်စုံပုဂ္ဂလဓိဋ္ဌာန်ဖြင့် ဝသလ ပုဂ္ဂလ -ယုတ်မာသူပါပဲ။ အဲဒီမှ အပြန်အားဖြင့် မိမိအိမ်သို့ ရောက်လာတဲ့ ဧည့်သည် ကို အိမ်ရှင်ဝတ္တရားနဲ့အညီ ပြုစု တင့်ရှောက် ကျွေးမွေးမယ်ဆိုရင် မြင့်မြတ်ကြောင်းဖြစ်လို့ သေသေဋ္ဌဓမ္မ၊ အဲဒီ အကျင့်ကောင်းနဲ့ ပြည့်စုံ သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌ ပုဂ္ဂလ-မြင့်မြတ်သူ ဖြစ်ပါ တော့တယ်။
(၁၄) စုဒ္ဒသမဂါထာ
ယော ဗြာဟ္မဏံ သမဏံ ဝါ၊
ဘတ္တကာလေ ဥပဋ္ဌိတေ။
ရာသေတိ ဝါစာ န စ ဒေတိ၊
တံ ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ယော- အကြင်သူ သည်ဘတ္တကာလေ- စားသောက်ချိန်အခါ၌၊ ဥပဋ္ဌိတေ အာဟာရအလို့ငှာ ချဉ်းကပ်၍ ရပ်တည်လာသော၊ သမဏံ ဝါ ရဟန်းကိုလည်းကောင်း၊ ဗြာဟ္မဏံ ဝါ- ရဟန္တာကိုလည်း ကောင်းဝါစာ- ကြမ်းတမ်းသောစကားဖြင့်၊ ရောသေတိ ချုပ်ချယ်ကာ မောင်းမဲပြောဆိုပါ၏။ န စ ဒေတိ- လှူမည် ဝေးမျက်နှာသာပေးခြင်းကိုမျှ မပြုပေ၊ တံ- ထိုသို့သဘော ရှိသောသူကို၊ ဝသလောဣတိ- အယုတ်တမာ သူယုတ်မာဟူ ၍ဇညာ- မလွဲမှန်စွာ သိမှတ်ရာ၏။
လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက- 'စားသောက်ချိန် တွင်ရပ်လာဝင်သည့်အကြင်ရဟန်း၊ လှူဒါန်းခံစား၊ ပုဂ္ဂိုလ် များကိုစကားကြမ်းကြုတ်ဆိုးသည့်နှုတ်ဖြင့်၊ နှင်ထုတ်ဖောင်းပဲ။ ဆိုဆဲကြိမ်းမောင်း၊ ဖောင်းပြောင်း၊ လှူမည်ကားတဲ့၊ ကျော ပေးနောက်ခိုင်းရိုင်းစိုင်းသဖြင့်မလျော်ကျင့်လျှင်မှတ်လင့် ယုတ်ဟ သူမိုက်တည်း လို့ ထားခဲ့ပါတယ်။
အို ပုဏ္ဏားကြီး ဝိလောကမှာ အချို့သော ပုဂ္ဂိုလ်များသည် အိမ်မှာ အာဟာရ စာ ဆက်ချိန်တွင် အစာအာဟာရအတွက် အလှူခံရပ်တည်လာသော ရဟန်းပုဂ္ဂိုလ်များ၊ ရဟန္တာပုဂ္ဂိုလ်များကို ကြမ်းတမ်း ဆိုးဝါးတဲ့ စကားများဖြင့် ချုပ်ချယ်ပြီး ပြောဆိုမယ်။ မျက်နှာသာပေးခြင်းမျှ မပြုဘဲနဲ့ ကျောပေးနောက်ခိုင်း ရိုင်းစိုင်း သဖြင့် ပြုကျင့်မိမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်မျိုးကို ဝသလ အယုတ် တမာ- သူယုတ်မာကြီးရယ်လို့ သိမှတ်ပြီးတော့ထားပါ။
အချိန်ကာလအားလျော်စွာ အလှူခံလာရောက်တဲ့ ပုဂ္ဂိုလ် များအပေါ်မှာ အိမ်နေသူ လူပုဂ္ဂိုလ်များ၏ ဝတ္တရားအကျင့်များ ကို ပြထားတယ်။ အလှူခံစား ရဟန်းများရှိတယ်။ ရဟန်းတော် များသည် အချိန်ကာလ သတ်မှတ်ထားတဲ့ အပိုင်းအခြားအတွင်း မှာသာ ရှာဖွေ စားသောက်ကြရတာပါ။ နံနက် အရုဏ်တက်ပြီး ချိန်မှ နေ့လယ် မွန်းမလွဲမီ အတွင်းမှာ ရဟန်းတော်များသည် သပိတ်ပိုက်ကာ ရနိုင်လောက်တဲ့နေရာ လှူဒါန်းနိုင်မယ့် ပုဂ္ဂိုလ် များထံ အနီးအစပ် ချဉ်းကပ်ရပ်တည်ကာ အလှူခံကြတာပါ။ နှုတ်ကနေ “လှူဒါန်းကြပါ၊ ပေးကြပါလို့ သီလရှင်များ ဆုတောင်း စားများ၊ သူတောင်းစားများကဲ့သို့ နှုတ်က ထုတ်ဖော်ပြောကြားပြီးအလှူမခံကြဘူး။ ဘုရားရဟန္တာ အရိယာပုဂ္ဂိုလ်များ၏ ကျင့်စဉ် သဘောထား နှလုံးသွင်းအတိုင်း ဆိတ်ငြိမ်စွာ ရပ်တည်ကာ အလှူခံကြပါတယ်။ အဲဒီလို အလှူခံ ရပ်လာတဲ့ ရဟန်းများကို ကြမ်းတမ်းဆိုးဝါးတဲ့ စကားများနဲ့ ငြူစူပြီး ပြောကြားမိမယ်မောင်းမဲ နှင်ထုတ်မိမယ်။ လှူလည်း မလှူဘဲနဲ့ မမြင်ချင်ယောင် ဆောင်နေမယ်။ အချို့ပုဂ္ဂိုလ်များမှာတော့ ကြမ်းကြမ်းတမ်းတမ်း ကြိမ်းမောင်း အော်ငေါက်ပြောဆိုတယ်။ “ပင်ပင်ပန်းပန်း အလုပ် မလုပ်တဲ့ အလကား အလှူခံစားပုဂ္ဂိုလ်တွေပဲ။ လူပေါ် လူညွန့်ခူးစားနေတာပဲ။ ခေါင်းပုံဖြတ် စားနေတာဘဲ”လို့ သေးသိမ်တဲ့ စကားနဲ့ ပြောကြားမိတတ်တယ်။ အဲဒီလို ဝစီကံ ကာယကံ အားဖြင့် ယုတ်မာဆိုးဝါးတဲ့ ပြုမူ ပြောဆိုမှုများသည် ယုတ်မာ ကြောင်း ဖြစ်သည့်အတွက်ကြောင့် ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလမ္မေ။ အဲဒီ ယုတ်မာကြောင်း အကျင့်များနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလ ဓိဋ္ဌာန်အားဖြင့် ဝသလပုဂ္ဂလ-ယုတ်မာသူ ဖြစ်ပါတယ်။
အကယ်၍ မိမိအနေနဲ့ လှူဖွယ်ဝတ္ထုပစ္စည်း အဆင်သင့် မရှိလို့ အဆင်မပြေရင်လည်း ယဉ်ကျေးစွာနဲ့ မလှူနိုင်ကြောင်း ပြောပေါ့။ လှူဖွယ်ပစ္စည်း မရှိသေးကြောင်း ပြေပြစ်စွာ ရှင်းလင်း ပြောဆိုပါ။ ဒါဆိုရင် အပြစ်လည်း မဖြစ်တော့ဘူး။ လှူဒါန်းနိုင်ရင်လည်း နည်းနည်းကလေးပဲဖြစ်ဖြစ် လှူလိုက်ပေါ့။ နည်းနည်း ကလေးကလည်း အကျိုးရှိတာပါပဲ။
မဃဒေဝလင်္ကာမှာ “သစ္စာသုံးလေ့၊ ပျက်ငွေ့မလျှံ၊ လှူခံ လာရောက်၊ နည်းများလောက်လည်း၊ မဖောက်လှူခြင်း၊ ယင်း သို့အပြား၊ တစ်ပါးပါးလျက်နတ်ရွာတက်၏' [မဃဒေဝလင်္ကာ သစ်-ပိုဒ်-၂၉ဝ]လို့ ရေးခဲ့တယ်။
၁။ သစ္စာသုံးလေ့= မှန်ကန်တဲ့စကားကို ပြောကြားခြင်း ဂုဏ်တစ်ခု။
၂။ မျက်ငွေ့မလျှံ = ဒေါသအမျက်မထွက်ခြင်းဂုဏ်တစ်ခု ၃။ လှူခံလာရောက် = အလှူခံပုဂ္ဂိုလ်ရောက်လာရင် လှူဒါန်း နိုင်တဲ့ နည်းနည်းလေးပဲဖြစ်ဖြစ်၊ ဒါန်းလိုက်ခြင်း ဂုဏ်တစ်ခု။
အဲဒီ သုံးပါးထဲက တစ်ပါးပါးသော အကျင့်ကောင်းဆိုရင်ကိုပဲ အခြားသူတော်ကောင်း အကျင့်များလည်း ဧကန်ရှိမှာ ဖြစ်လို့ ထိုပုဂ္ဂိုလ်များသည် သေရင်မလွဲ နတ်ရွာရောက်တယ်လို့ ဆိုထားတယ်။
ဒါကြောင့် လှူဒါန်းခွင့်ကြုံလို့ လှူဒါန်းနိုင်ရင်လည်း နည်းနည်းကလေးဖြစ်ဖြစ် လှူလိုက်ပါ။ မလှူဒါန်းနိုင်ဘူးဆိုရင်လည်း အကျိုးပြေပြစ်စွာ ပြောဆိုလိုက်မယ်ဆိုရင် ဘာအပြစ်မှ မဖြစ်သည့်အပြင် သူတော်ကောင်းဂုဏ်ရှိပါတယ်။ အဲဒီလို ပြုမူတဲ့ အကျင့်သည် မြင့်မြတ်ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌ မြင့်မြတ်ကြောင်းအကျင့်နဲ့ ပြည့်စုံသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ-မြင့်မြတ်သူ ဖြစ်ပါတယ်။
(၁၅) ပန္နရသမဂါထာ
ယော ဗြာဟ္မဏံ သမဏံ ဝါ၊
အညံ ပါပိ ဝနိဗ္ဗကံ။
မုသာဝါဒေန ဝေဥ္စတိ၊
တံ ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ဗြာဟ္မဏံ ဝါ- ကိ လေသာ ကင်းပြတ်သော ရဟန္တာ အရှင်မြတ်ကိုလည်းကောင်း၊ သမဏံ ဝါ- သကျနွယ်ဇာတ် - ပုထုဇဉ်ရဟန်းမြတ်ကိုလည်း ကောင်း၊ အညံ- တစ်ပါးသော၊ ဝနိဗ္ဗကံ ဝါပိ- သူတစ်ပါးတို့၏ ဘုန်းလာဘ်ကို အမှီပြု၍ စားသောက်သူကို လည်းကောင်း၊ မုသာဝါဒေန - မဟုတ်မမှန်သော စကားဖြင့်၊ ဝတိ- လှည့် ပတ်ပြောဆို၏။ တံ- ထိုသို့သဘောရှိသောသူကို၊ ဝသလော ဣတိ- အယုတ်တမာ သူယုတ်မာဟူ၍၊ ဇညာ- မလွဲမှန်စွာ သိမှတ်ထားရာ၏။
လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက- “ဗြာဟ္မဏဟု၊ မည်ရထင်စွာ၊ ရဟန္တာတည့်၊ သကျနွယ်ဇာတ်၊ ရဟန်းမြတ်နှင့်၊ ဘုန်းလာဘ်မှီစား၊ တောင်းသူများကို၊ မုသားနှုတ်ဖွင့်၊ လိမ်လည် လင့်က၊ ဂုဏ်နှင့်စီးပွါး၊ မကြီးမားသည်၊ မိုက်သောယုတ်မာ လူရမ်းတည်း”လို့ ရေးသားခဲ့ပါတယ်။
အို ပုဏ္ဏားကြီး၊ ဒိလောကမှာ အကြင်ပုဂ္ဂိုလ်သည် ကိလေသာ ကုန်ခန်းနေတဲ့ ရဟန္တာပုဂ္ဂိုလ် သကျပုတ္တဟု ခေါ်ဆိုအပ်သော မြတ်စွာဘုရားရှင်၏သားတော် ပုထုဇဉ်ရဟန်းပုဂ္ဂိုလ်၊ အဲဒီလို အလှူခံပုဂ္ဂိုလ်မြတ်များကိုလည်းကောင်း အယုတ်ညံ့ဆုံးအားဖြင့် သူတစ်ပါးတို့၏ ဘုန်းကံကို မှီခိုပြီးစားသောက်ရတဲ့ သူတောင်းစား ပုဂ္ဂိုလ်များကို မုသာဝါဒ- မဟုတ်မမှန်တဲ့စကား ပြောကြား လိမ်လည်မိမယ်ဆိုရင် သူတော်ကောင်း ဂုဏ်အင်္ဂါများလည်း ယုတ်လျော့တယ်။ စီးပွားရေး လုပ်ငန်းများမှာလည်း ချွတ်ယွင်းပျက်စီးတယ်။ ဒီလိုအကျင့်သည် မှားယွင်းတဲ့ ယုတ်မာကြောင်းအကျင့် ပဲလို့ ဟောကြားပေးတာပါ။ အလှူခံဖြစ်တဲ့ ရဟန်းတော်များကို အလှူပေး ဒါယကာ ဒါယိကာမများက ဗုဒ္ဓဘာသာ ကိုးကွယ်ကြတဲ့ ဒကာဝတ္တရားအရ ပစ္စည်းလေးပါ။ ပါယကာအဖြစ် လျှောက်ထား ဖိတ်ခံထားတတ်ကြတယ်။ နောင်အခါကျတော့ အလှူခံရဟန်းက အလိုရှိ၍ အပ်စပ်တဲ့ပစ္စည်းကို အလှူခံ တောင်းယူ သည့်အခါမှာ လှူဒါန်းနိုင်ပါလျက်နဲ့ မဟုတ်မမှန်တဲ့သဘောဖြင့် လိမ်လည် ပြောကြားမိမယ်။ အကြောင်းပြကား မလှူတော့ဘူးဒါနလည်း ပျက်ယွင်း လိမ်ညာပြောဆိုမှုကြောင့် သီလသိက္ခာပုဒ်လည်း ပျက်စီးရပြီ။ ဒါသည်ပင်လျှင် ယုတ်မာကြောင်း အကျင့်ပါပဲ။
ဒီဂါထာရဲ့အဖွင့်ကျမ်းဖြစ်တဲ့ အဋ္ဌကထာမှာ လာတဲ့အတိုင်း မဃဒေဝလင်္ကာမှာ “ရဟန်းပုဏ္ဏား၊ သူမြတ်များအား၊ လေးပါးပစ္စည်းထံကပ် ဆည်း၍၊ ဖိတ်လည်းဖိတ်လျက်၊ ဖောက်ပျက်စေတနာ၊ နောင် အခါသော်၊ သဒ္ဓါမရှေး၊ မစ္ဆေပေး၍၊ မပေးလိုလတ်၊ မကြည်ပြတ်ဘဲ၊ ယွင်းချွတ်သသူ၊ ထိုမျှလူကား၊ နောင်မူများစွာ၊ ဖြစ်လေရာ၌ကြမ္မာကူ၊ ညှိုးကြုံပူလျက်ကိုယ်ထူကိုယ်ထ၊ ဝီရိယဖြင့်၊ လုံ့လ ကြိုးစား၊ စီးပွားဖြစ်မှု၊ အားထုတ်ပြုလည်း၊ တစ်ခုကယွင်း၊ တစ်ခု ဟင်း၍၊ တိမ်းပင်းဆုတ်ဆိုင်း၊ အပိုင်းပိုင်းနှင့်၊ လုပ်တိုင်းမအောင်၊ ဆောင်တိုင်းမမြောက်၊ ဆားလှေမှောက်သို့၊ ဖောက်ဖောက်ပြား ပြား၊ မပွားမပြီး၊ အချည်းနှီးလျှင်၊ ပျက်စီးတတ်စွာ၊ လက်ချည်း ခါ၏ ယောဂလင်္ကာသစ်-ပိုဒ်-၂၈၈] “သဒ္ဓါမလှိုင်း၊ ဖိတ်တိုင်းကြည်ညို၊ မပေးလိုဘဲဝန်တို ချုပ်ချယ်၊ အနည်းငယ်မျှအကယ်ချို့ချို့၊ ပေးသူတို့မူနှစ်လို့ လိုအင်မပြည့်လင်ရှင်" “အကြင်တစ်ယောက်၊ ဖိတ်တိုင်းလောက်သာ မဖောက် ရုံမှူး ပေးတတ်ကလျှင်ကိစ္စလိုရုံ၊ ပြီးပြည့်စုံ၏” “အပုံအဖြီး၊ မြှောက်ချီးဖြိုးဝှန်၊ ဖိတ်တိုင်းလွန်အောင်၊ သွန်သွန်မှောက်မှောက်၊ ရွှင်ဝမ်းမြောက်၍၊ မောက်မောက်လျှမ်းလျှမ်း၊ လွေ့လွေ့ရမ်းဖြင့်၊ ပေးကမ်းတတ်သူ၊ ထိုလူများကား၊ စီးပွားလုပ် ဆောင်၊ ကြံတိုင်းအောင်လျက်၊ တောင်နှယ်ဖြိုးဖြိုး၊ ပွာာက်တိုး ၍၊ တန်ခိုးပေါ်ရမည်ကိုကား"
၁။ အလှူခံ ရဟန်းပုဂ္ဂိုလ်ကို ပစ္စည်းလေးပါ။ ဒကာအနေနဲ့ ဖိတ်မံလျှောက်ထားတယ်။ အလှူခံသည့်အခါမှာ လုံးဝကို မပေးလှူခဲ့သည့် အတွက်ကြောင့် စီးပွားရေးလုပ်ဆောင်သည့်အခါမှာ ပျက်စီးတယ်လို့ ဆိုပါတယ်။
၂။ အလှူခံပုဂ္ဂိုလ်ကို ဖိတ်မံလျှောက်ထားတယ်။ အလှူခံသည် အခါမှာ လှူသင့်သည်ထက် ယုတ်လျှော့ပြီး လှူဒါန်းမယ် ဆိုရင် စီးပွားရေးလုပ်သည့်အခါမှာ ချို့ချို့ငဲ့ငဲ့ မပြည့်မစုံ ယုတ်လျော့ပြီး ရမယ်။
၃။ ဖိတ်ခံထားသည့်အလျှောက် အလှူခံပုဂ္ဂိုလ် အလိုရှိသလောက် တိုင်းတာ လှူဒါန်းမယ်ဆိုရင် မိမိအလိုရှိသလောက်ကလေးပဲ လုံလောက်ရုံမျှ ပုံမှန်ကလေး အကျိုးခံစားရတယ်။
၄။ ဖိတ်မံထားသည့်အလျှောက် လှူဒါန်းမယ်။ လှူဒါန်းသည့် အခါမှာ စေတနာသဒ္ဓါတရားလည်းကောင်း၊ ပစ္စည်းဥစ္စာ လည်းရှိတော့ ပိုမို၍ လှူဒါန်းသည့်အတွက်ကြောင့် စီးပွားရေး လုပ်သည့်အခါမှာ အရာရာ အထောက်အကူ တွေရပြီး ထားတာထက် ပိုပြီးအကျိုးစားရတယ်၊ ဒီဂါထာရဲ့သဘောက အလှူခံပုဂ္ဂိုလ်အား ဖိတ်မံထားသည့်အတိုင်း အလှူခံသည့်အခါမှာ မလှူဒါန်းဘဲနဲ့ လိမ်လည် လှည့်ဖြား ပြောကြားမိသည့်အတွက်ကြောင့် ဝသလ သူယုတ်မာ ဖြစ်ရတာပါ။ ဒါကြောင့် အလှူခံစား ပုဂ္ဂိုလ်များအပေါ်မှာ လိမ်လည်လှည့်စား ပြောကြားမယ်ဆိုရင် အဲဒီမုသာဝါဒ ပြောကြား လိုသော စေတနာသည် ယုတ်မာကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အား ဖြင့် ဝသလဓမ္မ၊ အဲဒီလိုယုတ်မာကြောင်းဖြစ်သော ဝသလတရား နဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ-သူယုတ်မာ ဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အပြန်အားဖြင့် အလှူခံပုဂ္ဂိုလ်များကို လိမ် လည်လှည့်ဖြား ပြောကြားလိုမှု မရှိဘဲ အမှန်အတိုင်း ပြောကြား လိုသော စေတနာကောင်းသည် မြင့်မြတ်ကြောင်းဖြစ်လို့ ဓမ္မ ဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ။ ထိုမြင့်မြတ်ကြောင်းတရားနဲ့ ပြည့်စုံ သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ မြင့်မြတ်သူ ဖြစ်ပါတယ်။
(၁၆) သောဠသမဂါထာ
အသတံ ယောဓ ပဗြူတိ၊
မောဟေန ပလိဂုဏ္ဌိတော။
ကိဉ္စိက္ခံ နိဇိဂီသာနော၊
တံ ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ဣဓ- ဤလောက၌၊ အကြင်သူသည်၊ မောဟန-မိုက်မှားကြီးလှ မှောင် မောဟကြောင့်၊ ပလိဂုဏ္ဌိတော မြှေးယှက် ရစ်ပတ်အပ်သည် ဖြစ်၍၊ ကိဉ္စိပ္ပံ - တစ်စုံတစ်ခုသောပစ္စည်းကို၊ နိဇိဂီသာနော -မရ,ရအောင် သွေးဆောင်လိုသည်ဖြစ်၍၊ အသတံ- ထင်ရှား မရှိသည်ကို (ဝါ) မဖြစ်စဖူး အထူးအဆန်းများကို၊ ပြဗြူတိ သိုင်းဝိုင်း ချဲ့ထွင်၍ ယုံချင်ဖွယ်ရှိအောင် ပြောဆို၏။ တံ- ထိုသို့ သဘောရှိသောသူကို၊ ၀သလောဣတိ- အယုတ်တမာ သူ ယုတ်မာဟူ၍၊ ဇညာ- မလွဲမှန်စွာ သိမှတ်ထားရာ၏။
လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက- “တစ်စုံတစ်ခု၊ ရလိုမှုကြောင့်၊ စက္ခုဝဉ္စန၊ ပျက်လှည့်ပြသို့၊ မောဟမှိုင်းဝေ၊ မဟုတ်လေလည်း၊ ယုံစေသဘော၊ ဘွဲ့ဆောင်ပြော၍၊ အံ့ဩဖွယ်ပင်အကယ်ထင်အောင်၊ ချဲ့ထွင်ခင်းကျင်း၊ အယုံသွင်း၍၊ လက်ငင်းပါအောင်၊ ဖြားယောင်းဆောင်သည်၊ မိုက်ခေါင် သူယုတ် မိုက်ဗိုလ်တည်း"
အို ပုဏ္ဏားကြီး၊ ဒီလောကမှာ အချို့သောပုဂ္ဂိုလ်သည် မောဟတရားက လွှမ်းမိုးထားသည့်အတွက်ကြောင့် သူတစ်ပါး တို့၏ထံကနေ ပစ္စည်းများကို လိမ်လည်လှည့်ပတ်ကာ ရလိုတာ ကြောင့် အထင်အရှားမရှိတဲ့ဂုဏ်ကို ဒါမှမဟုတ် လောကမှာ အထင်အရှား မဟုတ်တဲ့ အထူးအဆန်းများကို သူတစ်ပါးတို့ ယုံချင်ဖွယ်ရှိအောင် သိုင်းဝိုင်းချဲ့ထွင်ပြီး လှည့်ပတ်ကာ ပြောကြမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်မျိုးသည်လည်း ဝသလ သူယုတ်မာရယ်လို့ ဧကန်မလွဲ မှတ်သား ပါလေလို ဝသလတရားတစ်ပါး ထပ်တိုးပြီးဟောကြားပေးပါမယ်။
အချို့သောသူများသည် အမှန်သဘောတရား အတိုင်း မတင်ပြရဲဘဲ အလွဲအချော် အမှားတရားများကို တင်ပြပြီးတော့ စီးပွားရှာကြပါတယ်။ မျက်လှည့်သမားများသည် လှည့်ပပြီးတော့ မဟုတ်တာကို အဟုတ်လုပ်၊ အဟုတ်ကို မဟုတ်သလို လုပ်လိမ်ညာပြီး စီးပွားရှာတဲ့ ပုဂ္ဂိုလ်များလို အခုတင်ပြနေတာ။
အချို့သော သူယုတ်မာများသည် တစ်ဖက်သားပုဂ္ဂိုလ်ကို မိမိကြိုးကိုင်ရာ ပါလာအောင် ဖြားယောင်းဆွဲဆောင် သိမ်းသွင်းတယ်။ မိမိမှာရှိနေတဲ့ အတုကို အစစ်ထင်အောင် လိုချင်လာအောင် ပုံကြီးချဲ့ကာ ပြောကြားတယ်။ မိမိကို ယုံကြည်လာလို့ လက်တွင်းလည်းပါလာရော တစ်ဖက်သားပုဂ္ဂိုလ်ရဲ့ ခန္ဓာကိုယ်ကို ပဲဖြစ်ဖြစ်၊ ပစ္စည်းဥစ္စာကိုပဲဖြစ်ဖြစ် အရသိမ်းပိုက်တဲ့ ပုံစံမျိုးတွေ ရှိပါတယ်။ အတုကတော့ အတုပါပဲ၊ အဲဒီအတုကိုပဲ တစ်ဖက် သားက အစစ်ထင်အောင် သွယ်ဝိုက်ပဲဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ် ဖြစ် လိမ်ညာပြောကြားကာ မိမိလက်တွင်းပါလာအောင် ပြောကြား အရယူမယ်ဆိုရင် လူယုတ်မာပါပဲ။ ဒီဂါထာသည်လည်း မုသာဝါဒအနေနဲ့ လိမ်ညာတာကို ပြထားတာပါ။ သူ့ရဲ့လိမ်နည်းက တစ်ဖက်သား လက်ခံလာ အောင် လိမ်တား တစ်ဖက်သားက မိမိရဲ့ဆိုလိုတဲ့သဘောကို လက်ခံတယ်။ တစ်ဖက်သားက လက်ခံသဘောတူလို့ မိမိလက် တွင်းရောက်မှ ကြိုက်သလို လုပ်တာပါ။ စိတ်တိုင်းကျ လိမ်ညာ လှည့်ပတ်ပြီး သူတစ်ပါး ပိုင်ဆိုင်ထားတဲ့ ပစ္စည်းကို သိမ်းပိုက် ယူတဲ့ လုပ်ရပ်ပါ။
ဒါကြောင့် အနည်းငယ်မျှသော ပစ္စည်းပင်ဖြစ်ပါစေတစ် ဖက်သားကို အယုံသွင်းကာ လှည့်ပတ်ယူလိုသော စိတ်စေတနာသည် ယုတ်မာကြောင်းဖြစ်သည့် အတွက်ကြောင့် ဝသလဓမ္မ။ အဲဒီလို ယုတ်မာကြောင်းတရားနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန် အားဖြင့် ဝသလ ယုတ်မာသူပါပဲ။ ထိုမှအပြန်အားဖြင့် သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို မဟုတ်မမှန် လိမ်ညာတဲ့ သဘောဖြင့် ဘယ်လိုနည်းနဲ့မှ မယူလိုသော မှန်ကန်သော စိတ်ဓာတ်သည် မြင့်မြတ်ကြောင်းဖြစ်လို့ သေဋ္ဌဓမ္မ။ အဲဒီလို သေဋ္ဌဓမ္မနဲ့ ပြည့်စုံ သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ-မြင့်မြတ်သူ ဖြစ်ပါ တယ်။
(၁ရ) သတ္တရသမဂါထာ
ယော စတ္ထာနံ သမုက္ကံသေ၊
ပရေ စ အဝဇာနာတိ။
နိဟီနော တေန မာနေ၊
တံ ဇညာ ၀သလော ဣတိ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ယောစ အကြင် သူသည်ကား၊ အတ္တာနံ- မိမိကိုယ်ကို၊ သမုက္ကံသေ- အထက် ရောက်အောင် မြှင့်မြှောက်လေ၏။ ပရေစ - သူတစ်ပါးတို့ကိုမူကား၊ အဝဇာနာတိ- နှိမ့်ချသမူ ယုတ်အောင်ပြု၏ သေနာနေ န- ထိုမိမိ၏ မာနဖြင့်၊ နီဟီနော... မိမိသည်သာလျှင် နိမ့်ရာကျ ရောက်တတ်လေ၏။ တံ- ထိုသို့သဘော ရှိသောသူကို၊ ဝသလော ဣတိ- အယုတ်တမာ သူယုတ်မာဟူ၍ဇညာ- သိမှတ် ထားရာ၏။
လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက သူတစ်ပါးကို ချထားကိုယ့်အောက်ပင့်မြှောက်ကိုယ့်ကို၊ ကောင်ထွားဆိုလျက် ထိုသူလျှောကျ နိမ့်တတ်စွသည်။ မာနလက်ကိုင်၊ သူယုတ် တည်းလို့ ရေးသားခဲ့ပါတယ်။
အို ပုဏ္ဏားကြီး၊ ဒီလောကမှာ အချို့သောပုဂ္ဂိုလ်သည် မိမိကိုယ်ကို မိမိကျတော့ အထက်ရောက်အောင် ပင့်မြှောက်ပြီး နေတယ်။ သူတစ်ပါးကိုတော့ နိမ့်ကျအောင် နှိပ်ပြီးတော့ ယုတ်မာအောင် ပြုလုပ်တယ်။ အဲဒီလို ပုဂ္ဂိုလ်များသည် မိမိ၏ မာန ဖြင့်သာလျှင် မိမိကိုယ်ကိုမိမိ နိမ့်ကျအောင် နှိမ့်တဲ့ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်များသည်လည်း ဝသလ သူယုတ်မာ ရယ်လို့ သိမှတ်ထားပါဟူ၍ ဟောကြားပေးနေပြီ။ သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား ဟောကြား ပေးနေတဲ့ တရားကို နာကြားနေသော ပုဂ္ဂိုလ်သည် အဂ္ဂိကဘာရ ဒွါဇပုဏ္ဏားကြီးပါ။ ဒီပုဏ္ဏားကြီးသည် ဗြာဟ္မဏဇာတ်အားဖြင့် ဇာတိမာန်တက်နေတယ်။ အမျိုးဇာတ်မြတ်လို့ မာန်မာန တက်ကြွ ထောင်လွှားနေတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင် သပိတ် ပိုက်ကာ ဆွမ်းခံလာသည့်အခါ “ခေါင်းတုံးယုတ်ကြီး ရဟန်းယုတ် ကြီး သူယုတ်မာကြီး”လို့ ကြမ်းတမ်း ရိုင်းစိုင်းစွာ ပြောနေတာ။ အမျိုးမာန်အားဖြင့် ထောင်လွှားနေသည့်အတွက်ကြောင့် နှိမ့်ချ ပြောဆိုခဲ့ပါတယ်။ ပုဏ္ဏားကြီးသည် မိမိကိုယ်ကိုကျတော့ အထက် တန်းရောက်အောင် ပင့်မြှောက်နေတယ်။ မြတ်စွာဘုရားကျတော့ နှိမ့်ချပြောဆိုတယ်ဒါကြောင့် မြတ်စွာဘုရားသည် တိုက်ရိုက် အားဖြင့်ပဲ အသင် ပုဏ္ဏားကြီးမိမိကိုယ်ကိုကျတော့ အထက် တန်းရောက်အောင် ပင့်မြှောက်နေတယ်။ အတ္ထုက္ကံသန- မိမိ ကိုယ်ချီးမြှောက်နေတယ်။ ပရဝမ္ဘန - သူတစ်ပါးတို့ကျတော့ နှိမ့်ချနှိမ်ပြောဆိုနေတယ်”အဲဒီလို ပြောဆိုတာသည် မာနလက်ကိုင် တရားလို့ ပြောကြားတာ။
ကြောင်းအနေအကျဉ်းချုပ်လိုက်တော့ (ရ)ပါး ရှိကြောင်းကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက ဥဗ္ဗာတိ ဓနိတာ ဣန္ဒျံ၊ ယောဗ္ဗနံ ရူပသမ္ပဒါ။ ဂဏာရာမော သိဒ္ဓိတာ စ၊ သတ္တေတေ မဒဟေတုကာ။
ဥဇ္ဇာတိစအနွယ်မျိုးမြင့်မြတ်ခြင်းလည်းကောင်း၊ ဓနိတာစ-ဥစ္စာစည်းစိမ် ဂုဏ်သိမ် ကြီးမားကောင်း၊ ဣန္ဒျံ-အာဏာမြင့်မောက် ခြေဖျားထောက်ခြင်းသည် လည်းကောင်း၊ ယောဗ္ဗနံစ-အားအင်ဖြိုးကြွယ် ရွယ်ငယ်ခြင်း လည်းကောင်း၊ ရုပသမ္ပဒါစ- အဆင်းအလှဂုဏ်တိုးနေ လည်းကောင်း၊ ဂဏာရာမောစ-ပေါင်းဖော်လမ်း သလားခြင်းလည်းကောင်း၊ သိဗ္ဗိတာစ- ပညာတတ်မြောက် စိတ်ကြီးခြင်းလည်းကောင်း၊ ဧတေ သတ္တ-အချုပ်ခုနစ်ပါးသော အချက်သည်မဒဟေတုကာ- စိတ် မာန်ယစ်ခြင်း အကြောင်းရင်း မူလတို့ပါပေတည်း။ (သောတမာလာ-ဒု-၁၃၅)
၁။ ဥစ္စာတိ= အမျိုးမြင့်မြတ်မယ်ဆိုရင်လည်း မာန် မာန တက်တတ်တယ်။ အမျိုးဇာတ် မာန် ထောင်လွှားခြင်း။
၂။ ဓနိတာ=ငွေကြေးဓန ကြွယ်ဝပြည့်စုံ ချမ်းသာ နေတဲ့ သူများသည်လည်း ဓနမာန် အနေနဲ့ ထောင်လွှားတယ်။
၃။ဣန္ဒျံ=ဣဿရိယ အစိုးတရ အာဏာရာထူး နဲ့ လူကြီးလုပ်ရပြီဆိုရင် အာဏာမာန် တက်တယ်။
၄။ယောဗ္ဗန=အသက်အရွယ် ငယ်ပြီး၊ နုပျိုနေမယ် ဆိုရင် ငယ်မာန် တက်တတ်တယ်။
၅။ ရူပသမ္ပဒါ = ရုပ်ရေအဆင်းပြည့်စုံ အလှဂုဏ် ရှိနေ တယ်ဆိုရင်လည်း အလှမာန်တက် တတ်တယ်။
၆။ဂဏာရာမော= အပေါင်းအသင်း ပရိသတ် အခြံအရံပြည့်စုံနေရင်လည်း .. ပညာမာန် တက်တယ်။
ဒီ ၇-ပါးသည် မာန်ယစ်ခြင်း၏ အကြောင်းရင်းများပါပဲ။ ဒါကြောင့် မာန်တက်ကြောင်းတရားများကို အခြေခံပြီး မာန်မာန တက်နေမယ်ဆိုရင် အဲဒီမာနတရားသည် ယုတ်မာကြောင်း ဖြစ်သည့်အတွက်ကြောင့် ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလဓမ္မ။ ထိုယုတ်မာကြောင်းတရားများနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန် အားဖြင့် ဝသလပုဂ္ဂလ ယုတ်မာသူပါပဲ။ အဲဒီက အပြန်အားဖြင့် မိမိမှာ မာန်မာနတက်စရာ အကြောင်းများရှိငြားသော်လည်း မာန် မာန မတက်ဘဲ မာနကို နှိမ့်ချထားမယ်ဆိုရင် မာနကို နှိမ်ချထား ကြောင်း အကျင့်ကောင်းသည် မြင့်မြတ်ကြောင်းဖြစ်လို့ သေဋ္ဌဓမ္မ။ အဲဒီမြင့်မြတ်ကြောင်း သေဋ္ဌဓမ္မနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန် အားဖြင့် သေဋ္ဌပုဂ္ဂလ-မြင့်မြတ်သူဖြစ်ပါတယ်။
(၁၈) အဋ္ဌာရသမဂါထာ
ရောသကော ကဒရိယော စ၊
ပါပိစ္ဆော မစ္ဆရီ သဌော။
အဟိရိကော အနောတ္တပ္ပီ၊
တံ ဇညာ ဝသလော ဣတိ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ယော- အကြင်သူ သည်၊ ရောသကော- လွန်လွန်ကြူးကြူး စော်စော်ကားကား မတရားပြုလုပ် ချုပ်ချယ်တတ်၏၊ ကဒရိယော စ- မိမိလည်း မလှူ၊ သူတစ်ပါးလှူသည်ကိုလည်း ဝန်တို ပိတ်ပင်တတ်၏။ ပါပိစ္ဆာ- အလိုကြီး၏ မစ္ဆရီ- ဝန်တိုတတ်၏။ သဌော- စဉ်းလဲ ကောက်ကျစ်၏၊ အဟိရိကော- မကောင်းမှုကို မရှက်တတ်။ အနောတ္တပ္ပီ- မကောင်းမှုကို မကြောက်တတ်၊ တံ- ထိုသို့သဘောရှိသောသူကို၊ ဝသလောဣတိ- အယုတ်တမာ သူ ယုတ်မာဟူ၍၊ ဒညာ- မလွဲမှန်စွာ သိမှတ်ရာ၏။
ဒီ ဝသလတရား (၇)ပါးကို မှတ်သားဖွယ်ရာ အကျဉ်းချုပ် အနေနဲ့ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးကလည်း- “ချုပ် ချယ်ရမ်းကား၊ လှူအားပိတ်ပင်၊ လိုအင်ပိုမို၊ ဝန်တိုစုံလျက်၊ စဉ်းလဲဖက်၍၊ ကြောက်ရှက်မဲ့တုံ၊ ပြစ်မျိုးစုံသည်၊ လူ့ဘုံ မိုက်ခေါင် သူယုတ်တည်း’’လို့ ရေးသားထားခဲ့ပါတယ်။
အို ဒါယကာပုဏ္ဏားကြီး၊ ဒီလောကမှာ အချို့သောသူသည် မကောင်းမှု လွန်ကျူးပြီး မတရားပြုလုပ်ကာ ချုပ်ချုပ်ချယ်ချယ် ပြုလုပ်တတ်ပါပေ၏။ မိမိလည်း ဒါနလုပ်ငန်းကို မပြုလို၊ သူ တစ်ပါးပြုလုပ်သော ဒါနလုပ်ငန်းကိုလည်း ပိတ်ပင်တတ်ပါပေ၏။ အလိုလောဘလည်း ကြီးပါပေ၏။ သဝန်တိုမှုအစုံကလည်း ဖြစ်ပါပေ၏။ စဉ်းလဲကောက်ကျစ်တတ်ပါပေ၏။ မကောင်းမှုကို မရှက်တတ်ပါဘူး၊ မကောင်းမှုကို မကြောက်လန့်တတ်ပါဘူး။ အဲဒီ ပုဂ္ဂိုလ်မျိုးကို ဝသလ သူယုတ်မာဟူ၍ မလွဲမှန်စွာ သိမှတ်၊ ထားပါလို့ ဝသလတရား(၇)ပါးကို ထပ်တိုး ဟောကြားပေးလိုက်ပါတယ်။
၁။ ချုပ်ချယ်ရမ်းကား = ရောသကတရား လွန်လွန်ကြူးကြူး မတရားပြုလုပ်ပြီး ချုပ်ချယ်ရမ်းကားတတ်သော အကျင့်ဆိုးပါ။ သူတစ်ပါးကို အနိုင်အထက် ကျယ်ကျယ်ဝင့်ဝင့် လုပ်ပြီးတော့ ဟိုလိုမလုပ်နဲ့ ဒီလိုမလုပ်နဲ့လို့ အခွင့်အရေးတွေကို ချုပ်ချယ်နေမယ်ဆိုရင် ဒီအကျင့်သည် ဝသလဓမ္မပါပဲ။ ဒီ အကျင့်မျိုးကို ကျင့်နေသူသည် လူယုတ်မာပါပဲ။
၂။ လှူအားပိတ်ပင် = ကဒရိယတရား မိမိလည်း မလှူ လို၊ သူတစ်ပါး လှူသည်ကိုလည်း ပိတ်ပင်တတ်ပါတယ်။ မစ္ဆရိယ အကြီးစား အကြမ်းစားပါပဲ။ ဒီသဘောတရားများကို မန်လည် ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာမှာ “ကောင်းကျိုးမရှိ လောဘရှိ၍၊ မိမိလိုလို၊ လှူကုသိုလ်၌ကိုယ်လည်းမလှူ၊ သူ့အလှူ ကို မလှူစေချင်၊ ပိတ်ပင်တတ်ဘိ၊ လူဒိဋ္ဌိတို့၊ သုစိမုခ၊ အမည် ရသား၊ အပ်မျှခံတွင်း၊ ရေစာသွင်း၍၊ အလျှင်းမရ၊ ကြီးဒုက္ခနှင့် ပေတတစ်မျိုး အဖြစ်ဆိုးတည်း”လို့ [မဃဒေဝလင်္ကာသစ်-ပိုဒ် ၄၅၁]လို့ ရေးသားထားပါတယ်။ ဒီမကောင်းမှု အကျင့်ဆိုးကြောင့် ရရှိတဲ့ ဆိုးကျိုးက ကြီးမားလှပါတယ်။ ဒါလည်း ဝသလတရားပါပဲ။
၃။ လိုအင်ပိုမို = ပါပိစ္ဆ အလိုလောဘ အားကြီးသည့် အတွက်ကြောင့် ပိုပြီးလိုချင်ပါတယ်။ ပိုင်ဆိုင်ထားမှု ဘယ်လောက် ပဲ များပြားစွာ ရှိနေပါစေ၊ ပြည့်စုံပြီ တော်ပြီဆိုတာ မရှိပါဘူး။ ထပ်ကာ ထပ်ကာ တိုးတိုးပြီးသာ လိုချင်နေပါတယ်။ ဒီအကြောင်း ကို မန်လည်ဆရာတော်ဘုရားကြီးက- “သေချာမှတ်ယုံ၊ ဤ လူ့ဘုံ၌၊ မီးပုံသမုဒ္ဒရာ၊ လူမှာတသီး၊ လောဘကြီးအား၊ ပုံပြီး ပစ္စည်း၊ အလှည်းလှည်းဖြင့်၊ ဖြင်ပြီးထိုး ပေးပုံထလည်း၊ အားရ ရောင့်ရဲ၊ ပြည့်နိုင်ခဲဟု၊ မလွဲမှန်စွာ၊ ကျမ်း၌လာ၏” [မဃဒေဝ လင်္ကာသစ်-ပိုဒ် ၂၄ရ]လို့ ရေးသားထားပါတယ်။
အဲဒီလိုပါပဲ၊ ပါပိစ္ဆ မစ္စ အလိုလောဘ အလွန်ကြီးမား တဲ့ ပုဂ္ဂိုလ်များသည် ပယလ သူယုတ်မာများပါပဲ။ အလိုလောဘ ကြီးကြောင်းတရားသင့် ယုတ်မာကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန် အားဖြင့် ဝသလဓမ္မ။ အဲဒီလို လောဘကြီးမားတဲ့သူသည် ပုဂ္ဂလ ဓိဋ္ဌာန်အားဖြင့် ဝသလ ယုတ်မာသူပါပဲ။
၄။ ဝန်တိုစုံလျက် = မစ္ဆရိယတရား ဝန်တိုခြင်း၊ သဝန်တို ခြင်းမိမိရှာဖွေ၍ ရရှိထားတဲ့ ပစ္စည်းဥစ္စာများ အပေါ်မှာ တန်ဖိုး ရှိရင် ရှိသည့်အလျောက် တပ်မက်တွယ်တာမှုက ရှိနေတော့ တစ်ပါး တခြားသောပုဂ္ဂိုလ်များ မသုံးစွဲစေလိုဘူး၊ မပိုင်ဆိုင် စေလိုဘူး။ သဝန်တိုတယ်- ဝန်တိုတယ်- တဝန်တိုတောင်း သွားတာကိုပဲ ဝန်တိုတယ်လို့ ခေါ်တယ်။ ဘယ်လို တဝန်တွေက တိုတောင်းသွားသလဲဆိုရင် လူသားအချင်းချင်း ဗြဟ္မစိုရ်တရား ပွားများကာ လက်ကိုင်ထားပြီး ပေါင်းသင်းဆက်ဆံရမယ့် ဝတ္တရား ကျင့်ဝတ်တွေရှိတယ်။ ကူညီရမယ်၊ ပေးကမ်းရမယ်၊ ဝေမျှခွဲခြမ်း ရမယ်။ ဒီလိုအကျင့်များသည် လူ့ဘောင်ဝန်းကျင်မှာ ဧကန်ပြုလုပ် ရမယ် လူ့ဝတ္တရားများပါ။ ဒီ ဝတ္တရားအကျင့်များသည်ပင်လျှင် ပတ်ဝန်းကျင်အသိုင်းအဝိုင်း လူသားများအပေါ်မှာ တာဝန်ယူကာ စောင့်ရှောက်ရမယ့် အကျင့်များပါပဲ။ ဒီလို တာဝန်ယူရမယ့် ဝတ္တ ရှားအကျင့်များ ပျက်စီးနေမယ်။ မပြုလုပ်ဘူး။ ချွတ်ယွင်းနေပြီ ဆိုရင် တာဝန်ယူရမယ့် ဝတ္တရားများ တိုတောင်း ပြတ်တောက် သွားပြီလို့ ဆိုရမှာပါ။
အဲဒီလို ဝတ္တရားများ ပျက်ယွင်းပြီး တစ်ဦးနဲ့တစ်ဦး မပိုင်ဆိုင်စေလိုသောမသုံးစွဲစေလိုသော သဘောတရားများ လွှမ်းမိုးလာရင် မိမိရဲ့တာဝန် ဝတ္တရားများ ကိုတောင်းသွားတာပါ။ ဒါကြောင့် ဝန်တိုခြင်းလို့ ဆိုရတာပါ။ ဒီဝန်တိုခြင်း မစ္ဆရိယတရားကလည်း(၅)ပါး ရှိပါတယ်။ ဒီတရားများရဲ့ဖြစ်ပုံ၊ အကျိုးတရား ခံစံရပုံများကို မဃဒေဝလင်္ကာမှာ ဘုရားဟော ကျမ်းစာမှာ ရှိတဲ့အတိုင်း ပြည့်ပြည့်စုံစုံ ရေးသားထားတာကို ယှဉ်တွဲ ဖော်ပြပေးပါမယ်။
“ဝမ်းတွင်းမကောင်း၊ ရှင်အပေါင်းကား၊ ကိုယ့်ကျောင်း ကိုယ့်ကန်၊ ကိုယ့်ဗိမာန်ဟုအမှန်တစိ၊ ရလာရှိက၊ မိမိနေရာ၊ ဝန်တိုစွာသား၊ အာဝါသမစ္ဆေရ၊ ကံပါပဖြင့်၊ ဘဝပြောင်းကာပြိတ္တာဘီလူး၊ ညစ်ညူးယောနိ၊ ဒုဂ္ဂတိ၌၊ တပ်မိတပ်ရာ၊ ဖြစ်ကြ စွာ၏” “အာဝါသမစ္ဆရိ၊ မီးအတိဖြင့်၊ တောက်ညိပူပြင်း၊ မြေ တွင်းမြုပ်တိမ်၊ ကော့၍လိမ်အောင်၊ သံအိမ်ငရဲ၊ မီးရှိန်ထဲ၌၊ အမြဲ ခံရ”။ ဒါက အာဝါသမစ္ဆရိယရဲ့ သဘောတရားလင်္ကာ။
“ဒါယကာတပည့်၊ သူ့ထံလှည့်ကမကြည့်နိုင်လိုအူတို ကုလ၊ မစ္ဆေရဖြင့်၊ ကြီးလှဒေါမနသ်တုန်ဆတ်ဆတ်နှင့် အူပြတ် သည်းကြွေပူထွေနှလုံး၊ မီးအုံးပွက်လျှံ၊ ကျွက်ကျွက်ညံမျှ၊ မခံ နိုင်စောက်၊ ဝေနောက်သည်းဝှန်၊ သွေးစိမ်းအန်၏”“ကုလံ မစ္ဆေရာ၊ ဖြစ်တိုင်းမှာလျှင်၊ ဥစ္စာနည်းပါး၊ ချမ်းသာရှား၏”။
“ပြစ်ဝန်လေးလှသံဃသန္တက၊ ဂဏိကဟု၊ ထိုမျှအပြား၊ ပစ္စည်းများကိုဝေခြားမပြု၊ ဉာဏ်မရှူဘဲ၊ သိမ်းစုဝှက်ထား၊ သုံးစား ကိုယ်သာ၊ ဝန်တိုစွာဖြင့်၊ လာဘမစ္ဆေကံညစ်တေကြောင့်၊ သေသော်ပေတ၊ ယက္ခတသီး၊ စပါးကြီးပြိတ္တာ၊ ဖြစ်ယုတ်မာ၏” "တခြားလာဘ၊ မစ္ဆေရက၊ တက္ကစက်ဆုပ်၊ နံခေါင်ချုပ်သည့်၊ ဘင်ပုပ်နိရယငရဲကျရှင့်”
““ရုပ်ခါရူပ၊ သီလကျေးဇူး၊ သူ့ဂုဏ်ထူးကို၊ မနူးမညွတ်၊ ပရိယတ်၌ သူတတ်သကို မနာလိုကြ ဝဏ္ဏ ဓမ္မ၊ မစ္ဆေရဖြင့် ဘဝဘဝ၊ ဖြစ်သမျှဝယ်၊ မလှအဆင်း၊ ကင်း၏ပညာ၊ တစ်နည်း မှာလည်း။ ဝဏ္ဏကိုသော်၊ ထင်ပေါ်မဲ့မော၊ ကျောစောမဟဲ့၊ ချို့တဲ့တတ်စွာ၊ ဓမ္မမှာမူ၊ ပြာပူနက်၊ ငရဲကျက်၏။ မဃဒေဝလင်္ကာပိုဒ် ၄၃၁
အာဝါသမစ္ဆရိယ= မိမိကျောင်းပန်၌ ဝန်တိုခြင်း။
ကုလမစ္ဆရိယ= -မိမိရဲ့ဒါယကာနဲ့ ပတ်သက်လို့ ဝန်ကို ခြင်း။ လာဘမစ္ဆရိယ =ပစ္စည်းလာဘ်လာဘနဲ့ ပတ်သက်လို့၀န်တိုခြင်း။
ဝဏ္ဏမစ္ဆရိယ= အကျင့်သီလ အဆင်းပ၌ ဝန်တိုခြင်း၊ ဓမ္မမစ္ဆရိယ = တတ်သိထားတဲ့ ပညာနဲ့ပတ်သက်လို့ ဝန်တိုခြင်း။
ဒီတရားတွေသည် ပုထုဇဉ်တို့ရဲ့သန္တာန်မှာ ရှိနေကြတယ်။ မိမိပိုင်ဆိုင်နေတာကို ရှိနေတာကို အခြားသူတို့ မပိုင်ဆိုင်နေ လိုဘူး။ မရှိစေလိုဘူးဆိုရင် မစ္ဆရိယ ဝန်တိုနေတာပါပဲ။ ဒီလို ဝန်တိုခြင်း တည်းဟူသောတရားသည် ယုတ်မာကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် ၀သလဓမ္မ၊ ဒီယုတ်မာကြောင်းတရားနဲ့ ပြည့်စုံ နေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ-ယုတ်မာသူ ဖြစ်ပါ တယ်။ အဲဒီကနေ အပြန်အားဖြင့် မိမိပိုင်ဆိုင်နေတာကို တခြား သော ပုဂ္ဂိုလ်များလည်းပဲ ပိုင်ဆိုင်ကြပါစေ။ သုံးစွဲနိုင်ကြပါစေလို့ ခွဲခြမ်း စိတ်ဖြာပြီး ပေးမယ်။ သုံးစွဲခွင့် ပေးမယ်။ ဒါဆို မန္တရိယ မဖြစ်တော့ဘူး။ ဒီ မဂ္ဂရိယတရားသည် အရေမသောက်ရ အဖတ် မစားရဘဲနဲ့ အချောက်တိုက်ဖြစ်တဲ့ အကုသိုလ်မျိုးပါပဲ။
ဒီလို မဖြစ်ရအောင် လောဘတရားကိုလည်း သိမ်းဆည်း ဒေါသတရားကိုလည်း အပြစ်မြင်၊ မစ္ဆရိယတရားရဲ့ ဆိုးကျိုးများကို လည်း ဉာဏ်နဲ့သိမြင် ကင်းကွာအောင် ကြိုးစားအားထုတ်ရမယ်။ လောဘ ဒေါသနှစ်ပါးကို အပြစ်မြင်နေပါပြီဆိုရင်လည်း မစ္ဆရိယ ကင်းကွာပါတယ်။ မဖြစ်တော့ဘူး။ ဒီမစ္ဆရိယတရား မဖြစ်ဘဲ ကင်းကွာသွားသော အကျင့်တရားသည် မြင့်မြတ်ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ၊ ထိုသေဋ္ဌဓမ္မနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် မြင့်မြတ်သူဖြစ်ပါတယ်။
၅။ စဉ်းလဲဖက်၍ = သဌော ကောက်ကျစ်ခြင်း၊ ဟို ရှေ့နားတုန်းက မာယာဝီဆိုတာကို ပြောခဲ့တယ်။ အဲဒီ မာယာဝီရဲ့သဘောက မိမိအပြစ်ကိုဖုံးကာ လိမ်ဉာဏ် သုံးစွဲ တတ်၏။ မိမိမှာ ရှိနေတဲ့အပြစ်ကို ဖုံးပြီးတော့ လိမ်ညာ လှည့် ပတ်ခြင်းပါ။ ရှိတဲ့အပြစ်ကို ဖုံးပြီး လိမ်တာ။ ဒီ သဌောဆိုတာ ကောက်ကျစ်စဉ်လဲတဲ့သဘောပါ။ မရှိတဲ့ဂုဏ်ကို အရှိလုပ်ပြီး လိမ်တာ။ မိမိသန္တာန်မှာ မရှိတဲ့ ဂုဏ်ကို အရှိလုပ်ပြီး လိမ်တာ။ မိမိ မသိတာကို သိတယ်၊ မတတ်တာကို တတ်သိတဲ့ အနေနဲ့ လိမ်တာ။ မိမိမှာ သီလ အကျင့်ဂုဏ်များ မရှိပါဘဲနဲ့ သီလဝန္တ သီလပြည့်စုံ စင်ကြယ်တဲ့ပုဂ္ဂိုလ်အနေနဲ့ လိမ်ညာဝါကြွား သူတစ်ပါး အထင်ကြီးအောင် ပြောကြားမယ်ဆိုရင် အဲဒါသည် သဌော-ကောက်ကျစ်စဉ်းလဲသူလို့ ဆိုပါတယ်။ အဲဒီလို ဟန်ဆောင် ဝါကြွား စဉ်းလဲကောက်ကျစ်တဲ့ အကျင့်သည် ယုတ်မာ ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလခမ္မ၊ ဒီ ယုတ်မာကြောင်း ဖြစ်သော အကျင့်နဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလပုဂ္ဂလ ယုတ်မာသူပါပဲ။ ဆန့်ကျင်ဘက် အပြန်အားဖြင့် မိမိမှာ မရှိတဲ့ဂုဏ်ကို မရှိကြောင်း ရှိတဲ့ဂုဏ်ကို ရှိကြောင်း ပွင့်လင်းရိုးသားစွာ ဝန်ခံ ပြော ကြားနိုင်မယ်ဆိုရင် ကောက်ကျစ်စဉ်းလဲမှု မဖြစ်တော့ဘူး။ ဒီလို ဖြောင့်မတ် ရိုးသားတဲ့ အကျင့်သည် မြင့်မြတ်ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ။ ဤသို့ ဖြောင့်မတ် ရိုးသားသော အကျင့်နဲ့ ပြည့်စုံသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် မြင့်မြတ်သူ ဖြစ် ပါတယ်။
၆-၇၊ ကြောက်ရှက်မဲ့တုံ = အဟိရိက-မကောင်းမှုမှ မရှက်ခြင်း။ အနောတ္တပ္ပ-မကောင်းမှုမှ မကြောက်ခြင်း၊ အရှက် တရား အကြောက်တရား မရှိရင်လည်း ဝသလ သူယုတ်မာပဲ။ ဒီသဘောတရားများကိုလည်းပဲ မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာမှာ အရှက်တရား အကြောက်တရား။ မရှက် တရား မကြောက်တရားကိုလည်းပဲ ပြည့်စုံစွာ ရေးသားဆုံးမခဲ့ပါတယ်။ ဝါသနာငယ်ကြိုက်၊ ဒုစရိုက်မှ၊ ကျိုက်ကျိုက်လောင်ဆူး ဖွယ်ဟူသား၊ သံပူမဝင် အပြင်ပက်ပက် ထိုနှစ်ဖက်ကို လက် ဖြစ်ချွံချွံ၊ မကိုင်သို့ ပြုအံ့ရှိ၊ ရှက်ကြောက်ဘိလျက်၊ ဇာတိယယ သူရအစစ်၊ ဗာဟုသစ်ဟု၊ ပိုင်းဆစ်လေးပါး၊ ရှုသောအားဖြင့် ထွတ်ထား၌ပဒုတ်၊ မြတ်သမ္ဗုဒ်တို့၊ ရွှေနှုတ်ချိုမော မြွက်ဖော် ဟောသား၊ လောကပါလ၊ သုက္က-ဒေဝံ၊ နာသုံးမည် ရွှေဘွဲ့ ချီလျက်၊ နတ်ပြည်ထင်ရှား၊ ဂုဏ်ထူးအားနှင့် တရားနှစ်ရပ် ဟိရောတ္တပ်ကို ကိုယ်ကြပ်ကြစေသတည်း။ မဃဒေဝ-၁၄၂]
ပုထုဇဉ်လူသားများအနေနဲ့ ကာယဒုစရိုက်၊ ဝစီဒုစရိုက် များကို လွန်ကျူးချင်ကြတယ်၊ ကြိုက်နှစ်သက်ကြတယ်။ ထို ဒုစရိုက်များကို အတိတ်ဘဝပေါင်း များစွာက ပြုခဲ့တဲ့ ဝါသနာ အထုံကြောင့် ကံအရှိန်ကြောင့် လွန်ကျူးပြုကျင့် နေကြတာပါ။ ဥပမာပေးထားတယ်။ အရှည်တစ်တောင်လောက်ရှိတဲ့ သံချောင်း သည် အဖျားတစ်ဖက်မှာ မစင်အညစ်အကြေးမျာ ပေကျံနေ တယ်။ အခြားတစ်ဖက်မှာ မီးဖြင့် ရှိပြိုက်ထားသောကြောင့် ပူ လောင်နေတယ်။ အဲဒီသံချောင်းကို ကိုင်ရင် လက်မှာ မစင်များ ပေကျံမှာကို စက်ဆုပ်ရွံရှာတယ်။ လက်ကို ပူလောင်မှာ ကြောက်တယ်။ ဒါကြောင့် အဲဒီသံချောင်းကို မကိုင်သလိုပါဘဲ၊ မကောင်းမှု ဒုစရိုက်များကိုလည်း စက်ဆုပ်ရွံရှာ ရှက်တယ်။ ပူလောင်မှာ တွန့်ဆုတ် ကြောက်လန့်သလို ကြောက်လန့်ပါတယ်။ ဒါကြောင့် မပြုကျင့်ဘူး ရှောင်ကြဉ်တယ်။
ကာယဒုစရိုက်ပဲဖြစ်ဖြစ်၊ ဝစီဒုစရိုက်ပဲဖြစ်ဖြစ် ပစ္စုပ္ပန်ဘဝ ပြုလုပ်ပြောဆိုမိပြီဆိုရင် ပညာရှိပုဂ္ဂိုလ်များက ကဲ့ရဲ့ ရှုတ်ချကြ ဘယ်ဒုစရိုက်ပြုကျင့်တဲ့ပုဂ္ဂိုလ်သည်လည်း ပြုကျင့်ထားတဲ့ အကု သိုလ်ကံကြောင့် တမလွန်ဘဝမှာ ဆိုးကျိုးများကို ခံစားရမယ်။ ဒီဘဝမှာ သူတစ်ပါးတို့က ရှုတ်ချကဲ့ရဲ့ ပြောဆိုခံရမယ့် ပရာနုဝါဒ ဘေးကိုလည်း ရှက်ကြောက်တယ်။ တမလွန်ဘဝမှာ အပါယ်ဘုံ မှာ ခံစားရမယ့် ဆိုးကျိုးဖြစ်တဲ့ ဒုဂ္ဂတိဘေးကိုလည်း ကြောက် တယ်။ ဒါတွေကို သိမြင်ပြီး ဒုစရိုက်မှုမှန်သမျှကို ရှောင်ကြဉ် တယ်။ အဲဒီလို ရှောင်ကြဉ်ရာမှာလည်း ဒီလို ဇာတိ ဝယ အစရှိတဲ့ အခြင်းအရာများကိုလည်း ဆင်ခြင်ပြီး ရှောင်ကြဉ်ပါတယ်။
- ဇာတိဂုဏ်- မိမိရဲ့ အမျိုးဇာတိဂုဏ်ကို အာရုံပြုပြီးတော့ မကောင်းမှုမှ ရှောင်ကြဉ်တယ်။ “ငါလို မြင့်မြတ်တဲ့ အမျိုးဇာတ် ရှိသူက ဒီလိုမကောင်းမှုပြုလို့ တော်ပါ့မလား” လို့ ဆင်ခြင် စဉ်းစားပြီး ရှောင်ပါတယ်။
- ဝယဂုဏ်- မိမိရဲ့ အသက်အရွယ်ကိုလည်း အာရုံပြုပြီး တော့ မကောင်းမှုမှ ရှောင်တယ်။ “ငါလို အသက်အရွယ် ကြီးရင့် တဲ့ပုဂ္ဂိုလ်က ဒီလိုဒုစရိုက်အမှု ပြုကျင့်လို့ မတော်ပါဘူးလေ”လို့ ရှုဆင်ခြင်ပြီး ရှောင်ကြဉ်ပါတယ်။
- သူရဂုဏ်- မိမိရဲ့သန္တာန်မှာ အများက ချီးမွမ်းပြောကြား ထားတဲ့ ရဲရင့်မှုဂုဏ်ကို အာရုံပြုပြီးတော့ မကောင်းမှုမှ ရှောင် တယ်။ “ငါလို သတ္တိရှိတဲ့သူက ဒီလိုမကောင်းမှုပြုလို့ တော်ပါ့ မလား”လို့ စဉ်းစားပြီး ရှောင်ပါတယ်။
- ဗာဟုသုတဂုဏ်- မိမိရဲ့သန္တာန်မှာ လေ့လာ ဆည်းပူး ထားတဲ့ ဗဟုသုတဂုဏ်ကို အာရုံပြုကာ မကောင်းမှုမှ ရှောင် တယ်။ “ငါလို အသိဉာဏ်ရှိအောင် ဗဟုသုတတွေ လေ့လာထား တဲ့သူက ဒီလို့ မကောင်းမှုပြုလို့ မတော်ဘူး”လို့ ရှုဆင်ခြင်ပြီး ရှောင်ကြဉ်ပါတယ်။
ဒီ လေးပါးကို အကြောင်းပြု အခြေခံထား ကွက်ပြီးတော့ ဒုစရိုက်ကို မပြုကျင့်ဘူး။ ဒီ ဟိရိ သြတ္တပ္ပ အရှက် အကြောက်တရားနှစ်ပါးသည် သတ္တလောကကြီးအတွင်းမှာတည်ရှိနေကြတဲ့ လူတွေကို လူနဲ့တူ အောင် လူပီသအောင် လူစဉ်မီအောင် စောင့်ရှောက်ထားတဲ့ တရားများပါ။ ဒါကြောင့်လည်း လောကပါလတရားလို့လည်းခေါ်ပါတယ်။
ဒီ အရှက် အကြောက် တရားနှစ်ပါးသာ ရှိမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်၏ ကာယကံ ဝစီကံ အကျင့်အကြံများသည် ဝီတိက္ကမ ကိလေသာ ကင်းရှင်းပြီး ဖြူစင်သန့်ရှင်းနေပါတယ်။ ဒါကြောင့် လည်း သုက္ကဓမ္မလို့ ခေါ်ပါတယ်။
ဒီ အရှက် အကြောက်တရားနှစ်ပါးသည် အထက် နတ် ပြည်ဌာနကို ရောက်သွားကြတဲ့ နတ်သား နတ်သမီးများသည် လည်း လူ့ပြည်ဌာန လူ့လောကတုန်းက ဒီအကျင့်တရားနှစ်ပါးကို အမာခံ အခြေပြုကျင့်သုံးခဲ့လို့ သေဆုံးကြတဲ့အခါ အထက်နတ် ပြည်သို့ရောက်ကြရတာပါ။ ဒါကြောင့် နတ်ဖြစ်ကြောင်းတရား သည် ဒီနှစ်ပါးဖြစ်လို့ ဒေဝဓမ္မတရားလည်း ခေါ်ပါတယ်။
လောကကြီး အေးချမ်းသာယာ ငြိမ်းချမ်းစေချင်ရင် ဒီ အရှက် အကြောက်တရားနှစ်ပါးကို စောင့်ရှောက်ရမယ်။ ကိုယ်ကျင့် သီလတရားတွေ ဖြူစင်လာအောင်လည်း ဒီ တရားနှစ်ပါးကို ထိန်းသိမ်း စောင့်စည်းရပါမယ်။ လူ့ပြည်က သေလွန်သွားရင် ဒုဂ္ဂတိဘဝဆိုးတစ်မျိုးမျိုးကို မရောက်ဘဲ နတ်ရွာသုဂတိ ရောက် လိုသောပုဂ္ဂိုလ်များသည် ဟိရီ-အရှက်တရား သြတ္တပ္ပ-အကြောက် တရား ဒီနှစ်ပါးကို ကြိုးစားဖြည့်ကျင့်ရမယ်။ ဒါက အကောင်းအမြတ်ဘက်က တင်ပြခဲ့တာ။
နောက်တစ်ဖက်က အဆိုးအယုတ်ဖက်က ပြလိုသည့် အတွက်ကြောင်း မသေးလာသစ်မှာ "တိရိဩတ္တ၊ ကိုယ်ကိုကြပ်၍၊ တည်းကွပ်မရှိ၊ သတိမရ၊ လူထိုမျှကား၊ လောကလူဝယ်၊ ကဲ့ရဲ့ဖွယ်နှင့်၊ အပါယ် ဆင်းခွင့်၊ ဟင်းလင်းပွင့်ခဲ့၊ ခွေးနှင့်ဝက်လား၊ ကျွဲနွားသိုးဆိတ်၊ အဟိတ်တိရစ္ဆာန်၊ သဏ္ဌာန်တမျှ၊ မိုက်မောဟဖြင့်၊ ဘဝဆုံတွေ့၊ ဘုံအလေ့သာ၊ အောက်မေ့သိမှတ်၊ ကြံစည်တတ်၍၊ လူနတ် စည်းပွား၊ မပြီးငြားတည်း။ [မဃဒေဝလင်္ကာသစ်-ပိုဒ်-၅၄၃] လို့ ရေးသားခဲ့ပါတယ်။
အချို့လူသားများသည် ပစ္စုပ္ပန်ဘဝမှာ ဒုစရိုက်အမှုများ ပြုကျင့်နေကြသည့်အတွက် လူ့အသိုင်းအဝိုင်းမှာ ကဲ့ရဲ့ရှုတ်ချ ခံရခြင်း တည်းဟူသော ပရာနုဝါဒဘေးသင့်ရောက်လို ဆင်းရဲရ တယ်။ သံသရာတစ်ခွင် ကျင်လည်ရတော့လည်း မကောင်းမှုကံ အလျောက် အပါယ်ဆင်းရဲ ခံစားရမှာဖြစ်လို့ ဒုဂ္ဂတိဘေးကလည်း သင့်ရောက်ဦးမယ်။ ဒါကြောင့် ဒုစရိုက်တရားများကို ပြုကျင့်ထင် ရှား လွန်ကျူးနေသူများသည် ဟိရီ ဩတ္တပ္ပတရားနှစ်ပါး ကင်း ပျောက်ပြီး အဟိရိက အနောတ္တပ္ပ မရှက် မကြောက်တရားနှစ်ပါး ရှိနေလို့ပါ။ ဒီ မရှက်မကြောက် တရားနှစ်ပါးသည် ယုတ်မာကြောင်း ဖြစ်သည့်အတွက်ကြောင့် ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလမ္မေ။ ဒီ ယုတ် မာကြောင်းဖြစ်တဲ့ မရှက်မကြောက်တရားနှစ်ပါးနှင့် ပြည့်စုံနေ သူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ ယုတ်မာသူပါပဲ။ မကောင်း မှုများကို ရှက်မယ်။ မကောင်းမှုများကို ကြောက်မယ်ဆိုရင် မြင့် မြတ်ကြောင်းဖြစ်လို့၊ ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ၊ ဒီမြင့်မြတ် ကြောင်းတရားနှစ်ပါး ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ -မြင့်မြတ်သူဖြစ်ပါတယ်။
(၁၉) ဧကူနဝီသတိဂါထာ
ယော ဗုဒ္ဓံ ပရိဘာသတိ၊
အထ ဝါ တဿ သာဝကံ။
ပရိဗ္ဗာဇံ ဂဟဋ္ဌံ ဝါ၊
ဇညာ ဝသလော ဣတိ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ ယော- အကြင်သူ သည်၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ ပရိဘာသတိ- သဗ္ဗညုဘုရား မဟုတ် စသည်ဖြင့် ရေရွတ် စွပ်စွဲ၏၊ အထဝါ- ထိုမှတစ်ပါး၊ တဿ- ထိုဘုရားရှင်၏၊ သာဝကံ ဝါ- တပည့်များကိုလည်း၊ ပရိဘာသတိ- ဆဲရေး၏၊ ပရိဗ္ဗာဇံ ဝါ- ပရိဝုဒ်ကိုလည်းကောင်း၊ ဂဟဋ္ဌံ ဝါ… အိမ်ရာထောင်သော လူသီလဝန္တကိုလည်းကောင်း၊ - ဆဲရေးစွပ်စွဲ၏၊ တံ- ထိုသို့သဘောရှိသောသူကို၊ ဝသလောဣတိ- အယုတ်တမာ သူယုတ်မာဟူ၍၊ ဇညာ- မလွဲ မှန်စွာ သိမှတ်ရာ၏။
ဒီဂါထာကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက- “ရှင် တော်ဘုရားတပည့်များနှင့်၊ တခြားပရဗိုဇ်၊ တစ်သိုက်သူမွန်း သီလဝန်ကို၊ နှုတ်လွန်စော်ကား၊ ဆဲရေးငြားက၊ မှတ်သား ထိုသူ၊ မိုက်လံထူသည်၊ လူတွင်လူယုတ် လူလွန်တည်း”လို့ ရေးသားခဲ့ပါတယ်။
အို ပုဏ္ဏားကြီး၊ အကြင်သူသည် သဗ္ဗညုတဉာဏ်တော် ပိုင်ရှင်အစစ်ဖြစ်တဲ့ ဘုရားရှင်ကို “ဘုရားမဟုတ်ပါဘူး”၊ “ဘုရား အတုကြီးပါ”လို့ မဟုတ် မတရား စွပ်စွဲမယ်။ ထိုဘုရားရှင်၏ တပည့်သားရဟန်းများကိုလည်း သူတော်ကောင်းတရား အကျင့် တွေ ကျင့်နေတဲ့ပုဂ္ဂိုလ်များ မဟုတ်ပါဘူး။ ရဟန်းတွေကိုလည်း ကဲ့ရဲ့စွပ်စွဲဆဲရေးမယ်။ ပရဗိုဇ်ဟု ခေါ်ဆိုအပ်သော သာသနာပြင်ပ အကျင့်ကောင်းတဲ့ ပုဂ္ဂိုလ်များကိုသော်လည်းကောင်း၊ လူသီလ ဝန္တပုဂ္ဂိုလ်များကိုသော်လည်းကောင်း၊ မဟုတ်မတရား စွပ်စွဲနေ မယ်။ အဲဒီလို အကျင့်ဆိုးမျိုးနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကို သူယုတ်မာ ရယ်လို့ မလွဲမှန်စွာ သိမှတ်ထားလိုက်ပါလို့ ဟောကြားပေးပါတယ်။
ဒီဂါထာမှာ သူယုတ်မာအင်္ဂါ နှစ်ပါးကို ထပ်တိုးဟောကြား
၁။ ရှင်တော်ဘုရား၊ တပည့်များနှင့် = မြတ်စွာဘုရားရှင်နှင့် တပည့်သာဝက ရဟန်းတော်များ။
၂။ တခြားပရဗိုဇ်၊ တစ်သိုက်သူမွန်၊ သီလဝန်ကိုယခုလို အချိန်ကာလမှာ သာသနာနွယ်ဝင် သီလရှင်များ ဖိုးသူတော်များ မြင့်မြတ်တဲ့ လူသီလဝန္တပုဂ္ဂိုလ်များ- ဒီပုဂ္ဂိုလ် အပေါင်းတို့ကို နှုတ်ဝစီကံဖြင့် လွန်လွန်ကျူးကျူး မဟုတ်မတရားစွပ်စွဲစော်ကား ဆဲရေးပြောဆိုမယ်ဆိုရင် အဲဒီလူသည် လူမိုက်အလံ ထူထားတဲ့ ယုတ်မာသူပါပဲ။ ဒီအယုတ်တရားနဲ့ ပတ်သက်ပြီး မန်လည်ဆရာတော် ဘုရားကြီးက မဃဒေဝလင်္ကာမှာ “ညစ်ဆိုးယူမှားမိစ္ဆာအားဖြင့်သုံးပါးမြတ်စွာ၊ ရတနာ၌၊ သဒ္ဓါမရှိ၊ ဒိဋ္ဌိအန္ဓမိုက်မောဟကြောင့်၊ ဓမ္မကျင့်မွန်၊ သီလဝန်မည်မှန်း၊ ရဟန်းပုဏ္ဏား၊ သူမြတ်များအား၊ တရားချွတ်ယွင်း၊ ပြစ်မှားခြင်းဖြင့်၊ စားကြွင်းသောက်ဖတ်၊ ရွံ့ဖွယ်ဘတ်နှင့်၊ မမြတ် မလေး၊ နှပ်တံတွေးကိုပေတတ်သသူထိုသည့်လူတို့၊ ဝိရူပက၊ ဆိုးစွရုပ်ဝါ၊ ရေစာမဝ၊ ငတ်မွတ်လှလျက်တောင့်တမပြတ်သူ့အံဖတ်ကိုညစ်ပတ်ယုတ်မာ၊ စားရစွာသား၊ သညာမည်ရဝန္တာသဟုပေတတစ်မျိုး၊ အဖြစ်ဆိုးတည်း" မဃဒေဝလင်္ကာ သစ်-ပိုဒ်-၄၅၁]လို့ ရေးသားထားခဲ့ပါတယ်။
လောကမှာ မပြစ်မှားသင့်တဲ့ပုဂ္ဂိုလ်တွေကို နှုတ်ဝစီကံ တစ်ခု အရင်းပြုပြီး မဟုတ်မတရား စွပ်စွဲကဲ့ရဲ့ ဆဲရေးပြောဆို မယ်ဆိုရင် “နှုတ်သရမ်းတော့ ဒုက်ထမ်းရတတ်တယ်” ဘယ် လို ဒုက်လဲ။ တောင်ဝှေးဒုတ်တော့ မဟုတ်ပါဘူး။ ဒုက္ခ= ဆင်းရဲ ဆိုးပြစ်အကျိုး အမျိုးမျိုးကို နှုတ်သရမ်းမိသည့်အတွက်ကြောင့် ခံစားရတာပါ။
ဝစီဒုစရိုက် အကုသိုလ်ကံအပြစ် အကြောင်းတရားကြောင့် ဆိုးဆိုးဝါးဝါး ဆင်းရဲကြီးများကို ခံစားရမယ်။ မကောင်းမှုများ ပြုလုပ်ပြောဆိုနေတာကို မြင်လို့ကြားလို့ ကဲ့ရဲ့ရှုတ်ချ အပြစ်ပြော တာကတော့ ပညာရှိဖြစ်တဲ့ သူတော်ကောင်းများက အဲဒီဒုစရိုက် အမှု အကုသိုလ်ကံများ၏ ခံစားရမယ့် ဆင်းရဲတဲ့အကျိုးတရား များကို သိမြင်လို့ပြောဆို ဆုံးမတာပါ။ တိုက်ရိုက်မြင်လို့ ကြားလို့ ကဲ့ရဲ့စွပ်စွဲတာကတော့ ပညာရှိ သူတော်ကောင်းများ၏ ကရုဏာ နဲ့ ယှဉ်တဲ့ ပြောဆိုမှုပါ။ အကဲ့ရဲ့ခံရသည့်အတွက်ကြောင့် အသိဉာဏ်ရှိပြီး ရှောင်ကြဉ်ပြုပြင်မယ်ဆိုရင် ကောင်းကျိုးရနိုင်ပါတယ်။ ယုံမှား သံသယဖြစ်တာကလည်း ဖြစ်သင့်တဲ့ ယုံမှား သံသယမဟုတ်ဘဲအတွေးချော်ပြီး မတော်မတရား သံသယ လွန်ပြီး ကဲ့ရဲ့မယ်ဆိုရင် အပြစ်ဖြစ်နိုင်ပါတယ်မဟုတ်မတရား နှုတ် လွန်စော်ကား ကဲ့ရဲ့မိမယ်ဆိုရင် နှုတ်သရမ်းတော့ ပစ္စုပ္ပန်ဘဝ မှာလည်း မိမိကိုယ်တိုင် စိတ်ဆင်းရဲခြင်း ဒုက္ခဒဏ်ချက် ခံစားရပါတယ်။ တမလွန်ဘဝဆိုရင်လည်း ဒုဂ္ဂတိဘုံမှာ ပြိတ္တာဆင်းရဲ များကို ကြီးမားစွာ ခံစားရလိမ့်မယ်။
ဒါကြောင့် ပြစ်မှားလိုသော စိတ်အစုဖြင့် ကဲ့ရဲ့စွပ်စွဲမယ် ဆိုရင် ယုတ်မာကြောင်း ဖြစ်သည့်အတွက်ကြောင့် ဓမ္မဓိဋ္ဌာန်အား ဖြင့် ဝသလဓမ္မ။ အဲဒီတရားများနဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလ ဓိဋ္ဌာန်အားဖြင့် ဝသလ သူယုတ်မာပါပဲသူတော်ကောင်းများကို မစွပ်စွဲ မကဲ့ရဲ့ဘူးအဓိဂုဏ်ကို သိအောင်ကြိုးစားမယ်၊ ကြည်ညို ပြီး ချီးမွမ်းစကား ပြောဆိုမယ်ဆိုရင် မြင့်မြတ်ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မဤတရားများနဲ့ ပြည့်စုံသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ-မြင့်မြတ်သူဖြစ်ပါတယ်။
(၂၁) ဝီသတိဂါထာ
ယာ ဝေ အနရဟံ သန္တော၊
အရဟံ ပဋိဇာနာတိ။
စောရော သဗြာဟ္မကေ လောက၊
ဧသော ခေါ ဝသလာဓမော။
ဗြာဟ္မဏ- ဒါယကာပုဏ္ဏားကြီး၊ ယော- အကြင်သူသည်၊ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်၊ အနရဟံ သန္တော- ကိလေ သာကုန်ခန်းသော ရဟန္တာမဟုတ်ပါဘဲလျက်၊ အရဟံ- ရဟန္တာ ဟူ၍၊ ပဋိဇာနာတိ- လောကအတွင်း၌ အတိအလင်း ဝန်ခံ၏။ သော- ဤသူသည်သာလျှင်၊ သဗြာဟ္မကေ- နတ်ဗြဟ္မာနှင့် တကွသော၊ လောကေ- လောက၌၊ ဝသလာ ဓမော- အယုတ် မာဆုံးဖြစ်သော၊ စောရော- သူခိုးကြီးမည်၏။
အို ပုဏ္ဏားကြီးအကြင်သူသည် အမှန်တော့ ကိလေသာ ကုန်ခန်းတဲ့ ရဟန္တာမဟုတ်ပါဘဲလျက် ရဟန္တာအစစ် ဧကန်ဖြစ် ပါတယ်ရယ်လို့ လောကအတွင်းမှာ အတိအလင်း ဝန်ခံပြောကြား နေမယ်။ အဲဒီပုဂ္ဂိုလ်မျိုးသည် လူနတ်ဗြဟ္မာနှင့်တကွသော လောကအလယ်မှာ အယုတ်မာဆုံးဖြစ်တဲ့ သူခိုးကြီးပဲရယ်လို့ မလွဲဧကန် မုချမှန်စွာ သိမှတ်ထားလိုက်ပါလို့ နောက်ဆုံး ဝသလ တရားကို ဟောကြားပေးလိုက်ပါတယ်။
ဒီအကြောင်းကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက “ကိလေသာမြူ၊ မစင်ဖြူဘဲအလှူ ခံထိုက်၊ မပြိုက်လက်ရှိမြင်သိသစ္စာ၊ ရဟန္တာဟု၊ ထင်စွာမြွက်ကြား၊ ဝန်ခံငြားက၊ သုံးပါးလောက၊ ဆိုးသွမ်းလှသား၊ စောရဗိုလ်မင်း၊ မိုက်ခေါင်ချင်း သည်၊ တုကင်းသူယုတ် ထွတ်စွန်းတည်း”လို့ ပါတယ်။ ရေးသားထားခဲ့ပါတယ်။
ကိလေသာတည်းဟူသော မြူဖုန် အညစ်အကြေးများ မကင်းစင်ပါဘဲနဲ့ အမြတ်ဆုံးအလှူခံထိုက်တဲ့ ရဟန္တာကြီးပဲလို့ ဝန်ခံပြောကြားမယ်။ အမြိုက်သစ္စာတရားများကို ထိုးထွင်းသိနေ တဲ့ ရဟန္တာအစစ်အမှန်ပဲလို့ လောကအလယ်မှာ ထင်ထင်ရှားရှား ထုတ်ဖော်ပြောကြားမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်သည် အမြတ်ဆုံးသော သူတော်ကောင်းတရားကို ခိုးယူသည့်အတွက်ကြောင့် အဆိုးဝါး ဆုံးသော တုဘက်ကင်းသော အယုတ်မာဆုံးသော သူခိုးကြီးပဲလို့ ဟောကြားပေးတာပါ။
ဒီအကြောင်းအရာများကို မန်လည်ဆရာတော်ဘုရားကြီ က မဃဒေဝလင်္ကာမှာ “ရှင်ဆိုးရှင်ညစ်၊ ရဟန်းဖြစ်လည်း၊ စင်စစ်ယုတ်မာ၊ ပါပိစ္ဆာ ဖြင့်၊ တကာလူဗိုလ်၊ ချီးမွမ်းဆိုနှင့်၊ ထိုထိုဖြင်ပည်း၊ ပစ္စည်းလာဘ် ကို၊ တောင့်တလို၏၊ လိုသည့်ရမ္မက်၊ ကြံဝိတက်ကြောင့်၊ အုတ် ကျက်အုန်းအင်း၊ ကြော်ငြာလျှင်း၍၊ သတင်းပေးကာ၊ ဒေသစာ ဖြင့် မြို့ရွာဇနပိုဒ်၊ နယ်တိုက်တိုက်ကို လိုက်၍ဖျက်ဆီး၊ ခိုးသူကြီး သို့၊ ရံသီးများစွာ၊ ပရိဝါနှင့်မလိမ္မာသူ၊ ရှင်လူဗာလ၊ အပ္ပသုတ၊ မိန်းမယောက်ျား၊ သူတို့အားလျှင်၊ လှည့်ဖြားသမှု၊ သက်မွေးပြု၏ ရှင်တုရှင်ဝါ၊ ရှင်ယုတ်မာနှင့်၊ မဟာစောရ၊ ရှင်ဓားပြတို့၊ ပါပ ကျင့်မျိုး၊ အလိုဆိုးဖြင့်၊ အကျိုးမဟဲ့၊ မိုက်သင်းဖွဲ့၍၊ ငရဲစီးပွား၊ ရှာသောလားသို့ တရားတရား၊ တဟားဟားနှင့်၊ ပြစ်များပြောဟုံ၊ တောင့်နှယ်ပုံ၏ မဃဒေဝလင်္ကာသစ် ပိုဒ်-၄၂ရလို့ ကျယ်ကျယ် ပြန့်ပြန့် ပြည့်ပြည့်စုံစုံ အချက်အလက် ထိထိမိမိနဲ့ ရေးသား ဆုံးမခဲ့ပါတယ်။ [ ဖြင်ပည်း။ အများ (ပေါရာဏ)
ဒီဂါထာမှာ အတိအကျကိုပဲ ကြည့်လိုက်တော့ ရဟန္တာတည်း ဟူသော အရဟတ္တဖိုလ်ဂုဏ်ထူးကြီးကို ခိုးယူမည့်ပုဂ္ဂိုလ် ဆိုတာ သင်္ကန်းဝတ်ထားတဲ့ ရဟန်းထဲကပဲ ဖြစ်မှာပါ။ မိမိသန္တာန် မှာ မရှိတဲ့သူတော်ကောင်း အကျင့်ဂုဏ်ကို အရှိအနေနဲ့ ပြောကြား မယ်ဆိုရင် ဒါသူတော်ကောင်းဂုဏ်ကို ခိုးယူတာပါပဲ။ စင်စစ် ကတော့ သူ၏သန္တာန်မှာ ယုတ်မာတဲ့ ပါပိစ္ဆာ အလိုဆိုးရှိတယ်။ ဂုဏ်ထူးဘွဲ့ထူးရှိတဲ့ လူချမ်းသာများကို ချီးမွမ်းပြောဆိုတယ်။ မြှောက်ပင့်ပြီးလည်း ချီးမွမ်းပြောကြားပေးတယ်။ ဒီလိုလုပ်ရပ်ကို အသိဉာဏ်မရှိတဲ့ ပုထုဇဉ်လူသားများက ကြိုက်တယ်။ မြှောက်ပင့် ပြောဆိုပြီး လိုလားတဲ့ လာဘ်လာဘပစ္စည်းများကို အလှူခံယူ တယ်။ လောဘရမ္မက်က ပြင်းထန်လာတော့ ကာမဝိတက်တွေ သာ ကြံစည်စိတ်ကူးတော့တယ်။ ဥပမာအားဖြင့် နယ်လှည့်ပြီး နောက်လိုက်ငယ်သားများစွာနဲ့ ဓားပြတိုက်စားနေကြသူတွေလို သာသနာ့အရိပ်အောက် ဝင်ရောက်လာကြတဲ့ အချို့သော အလို ဆိုးရှိကြတဲ့ ရှင်ရဟန်းများသည် အပေါင်းအသင်း အခြံအရံများ စွာနဲ့ နယ်လှည့်ကာ လုပ်ကြံဇာတ်လမ်းများ ဖန်တီးကာ အလှူခံကြတယ်။ မဟုတ်မတရား အံ့ဖွယ်ဂုဏ်ထူးများနဲ့ တပည့်များကို ကြေညာခိုင်းတယ်။ နှုတ်ကလည်း ထုတ်ဖော်ပြောဆိုတယ်။ အဲဒီ နောက်တော့ ကိုယ်ပိုင်အသိဉာဏ်လည်း မရှိ၊ အကြားအမြင် ဗဟု သုတက နည်းပါး၊ ဟုတ်၏ မဟုတ်၏လို့ မဝေခွဲနိုင်အတုလား အစစ်လားလို့ မစိစစ်နိုင်သော ပုဂ္ဂိုလ်များကို လှည့်စားပြီး အလှူခံ စီးပွားရှာကြပါတယ်။ အရဟတ္တဖိုလ်ဂုဏ်ထူးအထိ ခိုးယူထား သော သူခိုးကြီးပဲဖြစ်ဖြစ်၊ အကျိုးမရှိတဲ့လုပ်ငန်းတွေဖြင့် မိုက်သင်း ဖွဲ့ပြီး လွန်ကျူးသူပဲဖြစ်ဖြစ် ငရဲစီးပွား ရှာဖွေနေကြခြင်းပါ။
ဘုရားရှင်ကလည်း ကဲ့ရဲ့ရှုတ်ချ အပြစ်ပြောသော ပြုလုပ် ခြင်းငှာလည်း ခွင့်မပြုသော ရဟန်းဒုစရိုက်အမှုများနဲ့ စီးပွားရှာ နေတဲ့ရဟန်းများကို ပြောနေတယ်။ အဲဒီလိုပုဂ္ဂိုလ်များအနေနဲ့ မြတ်စွာဘုရားရှင် ပညတ်ထားသော သိက္ခာပုဒ်တွေကို လွန်ကျူးမယ်။ ဘုရားရှင်၏ အာဏာတော်တည်းဟူသော ဝိနည်း စည်းကမ်းများကို လွန်ကျူးသည့်အတွက်ကြောင့် အာဏာဝီတိက္ကမ အန္တရာယ်လည်း သင့်ရောက်တယ်။ ထိုပုဂ္ဂိုလ်များ၏ ဘဝသွားရမယ့် သံသရာခရီးလမ်းသည်ကား အပါယ်လမ်းပါပဲ။ ငရဲဆင်းရဲများကို ဆိုးဆိုးဝါးဝါးကို ခံစားရမှာပါ။
မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်းမှာ ဓမ္မဒေသနာ တရားဟောကြားပေးခြင်းသည် ကောင်းမွန်မြင့်မြတ်တဲ့ လုပ်ငန်းပါ။ ဒါပေမယ်လို့ အလိုလောဘ ကြီးမားစွာနဲ့ တရား ဟောကြား ပြသပြီး စီးပွားရှာတဲ့လုပ်ငန်းကိုတော့ မြတ်စွာဘုရား ရှင်က ခွင့်မပြုပါဘူးမနှစ်သက်ပါဘူး။
တရားဟောကြားပေးခြင်းသည် ကောင်းမြတ်လှပါပေ၏။ တရားဟောစားခြင်းသည် ကောင်းပါ့မလား၊ တရားပြသပေးခြင်း သည် ကောင်းမြတ်လှပါပေ၏။ တရားပြ စားခြင်းသည် ကောင်းပါ့ မလား၊ မကောင်းပါ။ အချို့သော တရားဟောကြား ပြသပေးနေ သူများသည် အကျိုးမရှိသော တရားအမည်ခံ အပိုအလျှံစကားများကို တရားလုပ် ဟောကြားပေးကြပါတယ်။ အကျိုးရှိတာ မှန်ကန်တာတွေကို ကွယ်ကာ၊ မရှိတဲ့ဂုဏ်တွေကို ဖော်ထုတ်၊ ဘေးကအခြံအရံတွေကလည်း လန်ကြုပ်(လုပ်ကြံ) ဇာတ်လမ်းများ နဲ့ ပလီပြီး လိမ်ဇာတ်သွင်းကာ အလှူခံလိုက်တော့ အသိဉာဏ် ဗဟုသုတမရှိတဲ့ လူရှင်ရဟန်း ဒကာ ဒကာမများက အထင်ကြီး ပြီးတော့ သဒ္ဓါလွန်ကြည်ညိုကြကာ ကိုးကွယ်ကြ လှူဒါန်းကြပါတယ်။ အဲဒီလိုလူများသည် ပစ္စည်းကုန်လူပန်း မှန်ကန်တဲ့ အသိဉာဏ်လည်း မရကြပါဘူး။ ဒီလို သိမှတ်ထားကြပါ၊
ဒါကြောင့် မူရင်းဂါထာမှာ ရဟန္တာ မဟုတ်ပါဘဲ ရဟန္တာလို့ ဝန်ခံပြောကြားခြင်းသည် အယုတ်မာဆုံးလို့ ဆိုထားတာပါ။ အဲဒီ လို အလိုဆိုးဖြင့် ဝန်ခံ ပြောကြားခြင်းအကျင့်သည် ယုတ်မာ ကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလဓမ္မ။ အဲဒီ ယုတ်မာ ကြောင်းအကျင့်နဲ့ ပြည့်စုံနေသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ ယုတ်မာသူပါပဲ။ ရဟန္တာဂုဏ်ထူးကိုမှ ခိုးယူပါပြီဆိုရင် အောက်ပိုင်း က အခြေခံ သီလဝိသုဒ္ဓိ သီလစင်ကြယ်ခြင်း ဂုဏ်လောက်က တော့ ပြောဖွယ်ရာပင် မရှိပါ။ ဒါကြောင့် သီလအကျင့် အစထား အရဟတ္တဖိုလ်ဂုဏ်ထူးအထိ ခိုးယူလိုခြင်း ခိုးခြင်းတည်းဟူသော အကျင့်တရားသည် ယုတ်မာကြောင်းဖြစ်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် ဝသလဓမ္မ။ အဲဒီလို ယုတ်မာကြောင်းတရားနဲ့ ပြည့်စုံသူသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ ယုတ်မာသူပါပဲ။
အဲဒီအပြန်အားဖြင့် မိမိမှာ မရှိတဲ့ဂုဏ်ကို မရှိကြောင်း အတိအလင်း ရိုးသားဖြောင့်မတ်စွာနဲ့ ဝန်ခံပြောကြားမယ်ဆိုရင် မြင့်မြတ်ကြောင်း ဖြစ်သည့်အတွက်ကြောင့် ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌဓမ္မ။ ထိုမြင့်မြတ်ကြောင်းသေဋ္ဌဓမ္မနဲ့ ပြည့်စုံသူသည် ပုဂ္ဂလ ဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ မြင့်မြတ်သူဖြစ်ပါတယ်။
သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားက ဝသလဓမ္မ သူယုတ်မာတရားများကို ဂါထာပေါင်း (၂ဝ)တို့ဖြင့် အကျယ် တဝင့် ဟောကြားပေးလိုက်ပြီ။ ပရမတ္ထတရားကိုယ် စကားလုံး အားဖြင့် (၃၃)ပါးရှိတယ်။ ဆက်လက်ကာ
ဧတေ ခေါ ဝသလာ ဝုတ္တ၊
မယာ ယေ တေ ပကာသိတာ။
န ဇစ္စာ ဝသလော ဟောတိ၊
န ဇစ္စာ ဟောတိ ဗြာဟ္မဏော။
ကမ္မုနာ ဝသလော ဟောတိ ကမ္မုနာ ဟောတိ။
ဗြာဟ္မဏော။ ဗြာဟ္မဏ- ဒါယကာပုဏ္ဏားကြီး၊ ယေ တေ- အကြင် ကောဓ အစရှိသော အယုတ်တရားတို့ကိုမယာ- ငါဘုရား သည်၊ ပကာသိတာ- အလွန်ပင်ထင်ရှားအောင် ပြတ်ပြတ်သား သား အကျယ်အားဖြင့် ဟောကြား ပြသတော်မူအပ်ကုန်ပြီ၊ ဧတေ- ထိုတရားတို့ကိုသာလျှင်၊ ၀သလာ- ယုတ်မာသော တရားတို့ဟူ၍၊ ဝုတ္တာ- အကျဉ်းအားဖြင့် ဟောကြားအပ်ကုန်ပြီ။
ဇစ္စာ- အမျိုးဇာတ်အားဖြင့်ဝသလော- သူယုတ်မာ သည်န ဟောတိ- မဖြစ်နိုင်၊ ဇစ္စာ- အမျိုးဇာတ်အားဖြင့်၊ ဗြာဟ္မဏော- မကောင်းမှုကို မျှောပြီးသော သူတော်သူမြတ်သည်။ န ဟောတိ- မဖြစ်နိုင်၊ အပိစ- စင်စစ်သော်ကား၊ ကမ္မုနာ- မိမိပြုသော မစင်ကြယ်သော အမှုကြောင့်၊ ဝသလော ဟောတိ သူယုတ်မာ ဖြစ်ရလေ၏။ ကမ္မုနာ- မိမိပြုသော စင်ကြယ်သော အမှုကြောင့်၊ ဗြာဟ္မဏော ဟောတိ - မကောင်းမှုတို့ကို မျှော ပြီးသော သူတော်သူမြတ်ဖြစ်၏။
အို ပုဏ္ဏားကြီး၊ ဒီလောကမှာ ကောဓ အစရှိသောတရား တို့သည် သူယုတ်မာတရားတို့ဟူ၍ အကျဉ်းအားဖြင့် ပုဂ္ဂလဓိဋ္ဌာန် အားဖြင့် ဟောကြားအပ်ကုန်ပြီ။ ၃၃-ပါးသော တရားတို့ကို အကျယ်အားဖြင့် ဓမ္မဓိဋ္ဌာန်အားဖြင့် ဟောကြားအပ်ကုန်ပြီ။
အို ပုဏ္ဏားကြီး၊ မျိုးရိုးဇာတ်အားဖြင့် ယုတ်မာသူလည်း မဖြစ်နိုင်ပါဘူး။ အမျိုးဇာတ်အားဖြင့် မြင့်မြတ်သူလည်း မဖြစ်နိုင်ပါဘူး။ မိမိပြုလုပ် ကျင့်ကြံတဲ့ မကောင်းမှု ဒုစရိုက်ကံကြောင့် ယုတ်မာသူဖြစ်တာပါ။ မိမိပြုကျင့်ထားတဲ့ ကောင်းမှု သုစရိုက်က ကြောင့်သာလျှင် မြင့်မြတ်သူ ဖြစ်ရပါတယ်လို့ မြတ်စွာဘုရားရှင်က ကံကို ဦးတည်ပြီး ဟောကြားပေးလိုက်ပြီ။
ဘာဖြစ်လို့ အဲဒီလို ကံကို မူတည် ဟောကြားပေးလိုက်ရ သလဲဆိုတော့ မူရင်းအနေနဲ့က အဓိကဘာဒွါရပုဏ္ဏားကြီးသည် ဗြာဟ္မဏဇာတ်ဖြစ်နေသည့်အတွက်ကြောင့် အမျိုးဇာတ်မြင့်မြတ် ရင် မြင့်မြတ်သူဖြစ်တယ်။ အမျိုးဇာတ် ယုတ်နိမ့်ရင် ယုတ်နိမ့်သူ ဖြစ်တယ်လို့ အယူစွဲလမ်းမှုက ရှိနေလို့ပါ။ အဲဒီလို အယူမှားစွဲလမ်း မှုရှိနေတာကြောင့် ဗုဒ္ဓဘုရားရှင်သည် အမှန်ကို ပြောကြားကာ မှန်ကန်တဲ့လမ်းကို ညွှန်ကြား အသိဉာဏ် ပေးလိုသည့်အတွက် ကြောင့် မကောင်းကံပြုရင် ယုတ်မာသူ။ ကောင်းကံပြုရင် မြင့် မြတ်သူလို့ ကျဉ်းကျဉ်းရှင်းရှင်းကလေးပဲ ဟောကြားပေး လိုရင်းပါ။
မကောင်းမှု ဒုစရိုက်များကို ပြုလုပ်နေသည့်အတွက် ကြောင့် သူယုတ်မာ လူယုတ်မာ ဖြစ်ပါတယ်။ ကောင်းမွန် စင်ကြယ်သော သုစရိုက်များကို ပြုလုပ် နေသည့်အတွက်ကြောင့် မြင့်မြတ်သူဖြစ်ပါတယ်။ ကံအကြောင်းတရား စင်ကြယ်ရင် မြင့်မြတ်သူဖြစ်ပါတယ်။ ကံအကြောင်းတရား မစင်ကြယ်ရင် ယုတ်မာသူ ဖြစ်ပါတယ်။ ဒီလိုကွဲပြားစွာ သိစေလိုတာပါ။ ဆက်လက်ပြီး သိစေလိုတာက
အဇ္ဈာယကကုလ ဇာတာ၊
ဗြာဟ္မဏာ မန္တဗန္ဓဝါ။
တေစ ပါပေသု ကမ္မေသု၊
အဘိဏှမုပဒိဿရေ။
ဒိဋ္ဌဝ ဓမ္မေ ဂါရယှာ၊
သမ္မာယေ စ ဒုဂ္ဂတိ။
န နေ ဇာတိ နိပါရေတိ၊
ဒုဂ္ဂတျာ ဂရဟာယ ဝါ။
ဗြာဟ္မဏ- ဒါယကာ ပုဏ္ဏားကြီး၊ အဇ္ဈာယကကုလေ ဗေဒင်ကို သရဇ္ဈာယ်တတ်သည့်အမျိုး၌၊ ဇာတာ’ ဖြစ်ကုန်သော၊ ဗြာဟ္မဏာ- ပုဏ္ဏားတို့သည်၊ မန္တဗန္ဓဝါ- ဗေဒင်ဟူသော အဆွေ ခင်ပွန်းရှိကုန်၏တေစ- ထိုပုဏ္ဏားတို့သည်လည်း၊ ပါပေသု ကမ္မေသု- ယုတ်မာသော အမှုတို့၌၊ အဘိဏံ- မပြတ်၊ ဥပဒိဿရေ တွေ့မြင်ရကုန်သည်ဖြစ်အံ့ဒိဋ္ဌေဝ ဓမ္မေ စ- ယခု ဘဝ၌ပင်လျှင်၊ ဂါရယှာ- ကဲ့ရဲ့အပ်ကုန်သည်၊ ဟောန္တိ-ဖြစ် ကုန်၏၊ သမ္ပရာယေ စ= တမလွန်ဘဝ၌လည်း၊ ဒုဂ္ဂတိ- ဒုဂ္ဂတိ ဘ၀သို့ လားရောက်ရကုန်သည်။ ဟောန္တိ - ဖြစ်ကုန်၏တေ - ထိုဗြာဟ္မဏတို့ကို၊ ဒုဂ္ဂတျာ ဒုဂ္ဂတိယာဝါ - ဒုဂ္ဂတိဘဝသို့ လား ရောက်ရခြင်းမှလည်းကောင်း၊ ဂရဟာယဝါ- ကဲ့ရဲ့ခြင်းမှ လည်း ကောင်း၊ ဇာတိ’ ဗြာဟ္မဏမျိုးတို့သည်၊ န နိဝါရေတိ- မကာကွယ် မတားမြစ်နိုင်။
အို ပုဏ္ဏားကြီး၊ ဗေဒင်ကိုသာလျှင် အထွတ်အမြတ်ထား သရဇ္ဈာယ် ကြံစည်နေကြတဲ့ အမျိုးမှာဖြစ်တဲ့ ပုဏ္ဏားတို့သည် ဗေဒင်ဟူသော အဆွေအမျိုး ရှိကြပါပေကုန်၏။ အဲဒိပုဏ္ဏား တို့သည် မကောင်းမှု ဒုစရိုက်များကို နေ့ညဉ့်မပြတ် အမြဲပဲ ပြု ကျင့် ထင်ရှား တည်နေကြမယ်ဆိုရင် အဲဒီပုဏ္ဏားတို့သည်လည်း ပစ္စုပ္ပန်မျက်မှောက်ဘဝမှာ ကဲ့ရဲ့အပ်ပါတယ်။ တမလွန်ဘဝဆိုရင် လည်း ဒုဂ္ဂတိ မကောင်းတဲ့ဘဝသို့ လားရောက်ရမယ်။ ဒါကြောင့် အဲဒီပုဏ္ဏားတို့ကို အမျိုးဇာတ်က ဒုဂ္ဂတိဘဝသို့ လားရောက်ရခြင်း မှလည်းကောင်း၊ ကဲ့ရဲ့ခံရခြင်းမှလည်းကောင်း မတားမြစ်နိုင် မကာကွယ်နိုင်ပါဘူးလို့ ဟောကြားပေးပြန်ပါတယ်။
မြတ်စွာဘုရားရှင်က သူတို့ရဲ့ဇာတ်ဝါဒနဲ့ သူတို့ရဲ့အထွတ် အမြတ်ထားရာ ဗေဒင်ဝါဒများသည် ကံနှစ်ဖြာဖြင့် ခွဲခြမ်းစိတ်ဖြာ စိစစ်ကြည့်လိုက်တော့ မှားယွင်းနေတယ် ဆိုတာကို ဟောကြား ပေးလိုက်တယ်ဆိုရင်ပဲ ပုဏ္ဏားကြီးသည် အမှန်အတိုင်း သိလာပါတယ်။
ဒါကြောင့် ဒီသဘောတရားများကို မန်လည်ဆရာတော် ဘုရားကြီးက မဃဒေဝလင်္ကာမှာ “ကောင်း’ဆိုးစစ်၍၊ ကျိုး ပြစ်ရှုမျှော်၊ သိမြင်ပြောလော၊ သူတော်မဟုတ်သူယုတ်တို့၌၊ တခိုက်မျှဖြင့်၊ ပေါင်းမိသင့်က စိန်နှင့်သံပုရာ၊ အဆိပ်စာသို့မိစ္ဆာတိမ်းပါးယူဖောက်ပြား၍၊ တရားမလျော်၊ မှားချွတ်ချော်၏။ သူတော်သူစင်၊ ပညာရှင်တို့မိန့်ကျင်စကား၊ တစ်ခွန်းကြားကပတ္တမြားဆန်ကျိုး၊ အဖိုးပြည် တန်၊ ဧကန်မုချ၊ တစ်လုံးရသို့နဂ္ဃဖိုးမွန်၊ ကျိုးကဲလွန်၏’’ [မယ ဒေဝလင်္ကာသစ်ပိုဒ်-၃၂ဝ]လို့ အယူဝါဒရေးရာကိုးကွယ်မှုရေးရာအသိဉာဏ်ပိုင်းရေးရာကို အဲဒီလို ရှင်းလင်းစွာ ရေးခဲ့တယ်။
ကောင်းမြတ် မှန်ကန်တဲ့ တရားအဆုံးအမ သြဝါဒစကား တစ်ခွန်းကို ကြားနာလိုက်ရတာနဲ့ အသိဉာဏ် အခြေခံကောင်းတဲ့ ပုဂ္ဂိုလ်များက လိုက်နာကျင့်သုံးမယ်ဆိုရင် အကျိုးတရားသည် ကြီးကြီးမားမား ခံစားရပါတယ်။
ယခု မြတ်ဗုဒ္ဓသည် ပုဏ္ဏားကြီးအား ဂါထာပုဒ်ပေါင်း (၂ဝ) ဝသလဓမ္မ တရားစကားလုံးပေါင်း (၃၃)ပါးကို အကျယ်တဝင့် ဟောကြားပေးတော့ မှန်ကန်တဲ့ အသိဉာဏ်တွေ ရသွားပါပြီ။ ဒါကြောင့် မဃဒေဝလင်္ကာမှာ “ပညာရှိပေါင်း၊ သူတော်ကောင်းနှင့် အကြောင်းသင့်မှု၊ ပေါင်းမိကြ၍၊ သဒ္ဓမ္မသဝန၊ ကြားနာရမှ၊ ဝါဒသမ္မာ တည်ခိုင် စွာ၊ ကြားနာသုက၊ မြတ်ဆန္ဒကို၊ သားလှရတနာ၊ ပြကွာနှင့် နံ့သာကြုတ်တွင်း၊ သေပုလင်း၌၊ ထည့်ရင်းနံ့သာ၊ သေကင်းကွာလည်း၊ ဂန္ဓာထုံပျံ၊ အနံ့သဖွယ်၊ ပျောက်မပြယ်သို့၊ ရှေးဝယ်လည်း ပြောင်းဘဝဟောင်းက၊ ဆိုး-ကောင်းကမ္မ၊ လေ့လာကြတိုင်း၊ ဆန္ဒဝါသနာ၊ အထုံပါ၏၊ သမ္ပာယူစွဲ၊ စိတ်ဝယ်မြဲလော့၊ မနဲ မနက်၊ ပေါ့ပျက်ပျက်နှင့်၊ လေ့ကျက်ရှေးက၊ ဘဝဝ၌၊ ဆန္ဒဝသိ၊ ထုံမမိ၍၊ ပါရမီနဂိုရ်၊ မရှိလိုကြောင့်၊ ကုသိုလ်သုစရိုက်၊ မုန်း မကြိုက်ဘူး၊ လူမိုက်ရမ်းပဲ၊ နောင်ဆင်းရဲလိမ့်’’ [မဃဒေဝလင်္ကာ သစ်-ပိုဒ်-၃၂ဝ]လို့ ရေးသားဆုံးမခဲ့ပါတယ်။
ဒါကြောင့် ယခု အဂ္ဂိကဘာရဒွါဇပုဏ္ဏားကြီးကို ကြည့် လိုက်တော့ အတိတ်ဘဝပေါင်းများစွာက သူ၏သန္တာန်မှာ ဖြည် ကျင့်ဆည်းပူးခဲ့တဲ့ အကျင့်ကောင်းအထုံဝါသနာများက ပါရှိနေခဲ့ပြီ။ ဗြာဟ္မဏဇာတ်ရှိတဲ့ အမျိုးမှာ ပဋိသန္ဓေစွဲယူကာ လူဖြစ်လာရပြီး အဲဒီအသိုင်းအဝိုင်းမှာ ကြီးပြင်းလာရတဲ့ပုဂ္ဂိုလ်ဆိုတော့ မှားယွင်း တဲ့ဇာတ်ဝါဒက လွှမ်းမိုးခံထားရတာကြောင့် အယူမှားနေရတာပါ။
အဲဒီလို ဖြစ်နေသည့်ကာလမှာ မြတ်စွာဘုရားက ပုဏ္ဏား ကြီးသည် သရဏဂုံသုံးပါးတည်ရေး ငါးပါးသီလ ဆောက်တည် ကျင့်သုံးရေး အကြောင်းခံ အမှန်ရှိတာကို သိမြင်တော်မူသည့် အတွက်ကြောင့် ယခုလို ကြွရောက်လာကာ ဝသလဓမ္မ သူယုတ် မာ တရားများကို ဟောကြား ဆုံးမပေးရတာပါ။
အဲဒီအချိန်မှာ အဂ္ဂိကဘာရဒွါဇပုဏ္ဏားကြီး၏ သန္တာန်မှာ သမ္မာဒိဋ္ဌိ အယူမှန် အထုံဝါသနာများသည် ပြန်လည်ကာ လန်း ဆန်း ရှင်သန်လာခဲ့ပြီ။ အသိဉာဏ်အမှန်တွေလည်း ရလာသည့် အတွက်ကြောင့် ဗုဒ္ဓဘုရားရှင် ဟောကြားပေးသော တရားတော် ၏အဆုံးမှာ လျှောက်ထားလိုက်ပါတယ်။
“အရှင်ဂေါတမ အလွန်ကောင်းလှပါပေ၏။ အရှင်ဂေါတမ အလွန် လိုလား နှစ်သက်အပ်ပါပေ၏။ တစ်စုံတစ်ယောက်က မှောက်ထားတဲ့အိုးကို လှန်ပြသကဲ့သို့ တပည့်တော်ကိုလည်း ဗြာဟ္မဏဝါဒ၊ ဇာတ်ဝါဒ အမှားအယွင်းကြီးက မှောက်ထားခံ ရခြင်းကို ဗုဒ္ဓမြတ်စွာက ကမ္မဝါဒကို ဟောကြားပေးခြင်းဖြင့် ဇာတ် ဝါဒအမှားကို ပယ်လှန်လိုက်ပါပြီ။ ကမ္မဝါဒကိုလည်း ထင်ထင် ရှားရှား ခွဲခြမ်းစိတ်ဖြာ ဟောကြားပေးပါပြီ။ တစ်စုံတစ်ယောက်က မြက်သစ်ရွက်တွေနဲ့ အဖိုးတန် ရတ နာ ပစ္စည်းများကို ဖုံးဝှက်ထားမယ်ဆိုရင် အခြားတစ်ယောက်က မြက်သစ်ရွက်တွေကို ဖယ်ရှားကာ အဖိုးတန်ရတနာများကို ဖော်ပြ လှန်ပြရာသကဲ့သို့ ဗုဒ္ဓရှင်တော်ကလည်း အမှိုက်သစ်ရွက်နဲ့တူတဲ့ ဗြာဟ္မဏဇာတ်ဝါဒကို ဖယ်ရှားကာ ကမ္မဝါဒ-ကမ္မဖလဝါဒ ကမ္မဿကတာ သမ္မာဒိဋ္ဌိတည်းဟူသော အဖိုးတန်လှတဲ့ရတနာ ကြီးကို ဖွင့်လှစ် လှန်ကာ ဖော်ပြတော်မူပါပေ၏။ မျက်စိလည် လမ်းမှားနေတဲ့ ပုဂ္ဂိုလ်ကို လမ်းမှန်သိတဲ့ ပုဂ္ဂိုလ်က လက်ဆွဲပြီး လမ်းမှန်ကို လက်ညှိုးညွှန်ပြသကဲ့သို့ မြတ်ဗုဒ္ဓကလည်း တပည့်တော်များ၏ ဗြာဟ္မဏဇာတ်ဝါဒ လမ်း မှားကို နေရာမှ ကမ္မဿကတာ သမ္မာဒိဋ္ဌိလမ်းမှန်ကို ညွှန်ပြ လျှောက်လှမ်းစေပါတယ်ဘုရား။ အမိုက်မှောင်အတွင်းမှာ မျက်စိအမြင်ကောင်းတဲ့ ပုဂ္ဂိုလ်များသည် အမှောင်အတွင်းမှာ တည်ရှိနေသော သက်ရှိ သက်မဲ့ အဖိုးတန်ပစ္စည်းများကို အကယ်၍ အလင်းရောင်ရရင် မြင်ရမှာပဲ ဆိုတဲ့အနေနဲ့ ဆီမီးအလင်းရောင်ကို ညှိထွန်းပြရာသကဲ့သို့ တပည့်တော်သည် အဝိဇ္ဇာအမှောင်ထုကြီးအောက်မှာ ဗြာဟ္မဏဝါဒ အယူမှားနဲ့ စမ်းတဝါးဝါး သွားလာကျင်လည်နေရာမှ ရှင်တော် မြတ်ဘုရားက သမ္မာဒိဋ္ဌိ အလင်းရောင်ကို ထွန်းညှိကာ ပြသ လိုက်သည့်အတွက်ကြောင့် ဗုဒ္ဓရတနာ ဓမ္မရတနာ သံဃရတနာ ရတနာမြတ်သုံးပါးနှင့်တကွ ကမ္မဿကတာသမ္မာဒိဋ္ဌိ ရတနာ များကိုလည်း ထင်ထင်ရှားရှားကြီး မြင်ရပါပြီဘုရား။ မြတ်ဗုဒ္ဓက တစ်ပါးမက များပြားလှစွာသော နည်းပရိယာယ် အသွယ်သွယ် တို့ဖြင့် ဝသလဓမ္မများကို အလွန်ပင် ထင်ရှားအောင် ပြတ်ပြတ် သားသားကြီး ဟောကြားပေးပါပြီဘုရား” “မြတ်စွာဘုရား တပည့်တော်သည် သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားကို ဆင်းရဲပယ်ဖျောက် ချမ်းသာရောက် အောင် စောင့်ရှောက် ကယ်တင်တတ်သော ကိုးကွယ်ရာဟူ၍ မှီဝဲ ဆည်းကပ် သိမှတ်ပါ၏ဘုရား။ တရားတော်မြတ်ကိုလည်း ကောင်း၊ ရဟန်းသံဃာတော်မြတ်ကိုလည်းကောင်း ဆင်းရဲ ပယ် ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက် ကယ်တင်တတ် သော ကိုးကွယ်ရာ ဟူ၍ မှီဝဲဆည်းကပ် သိမှတ်ပါ၏ဘုရား” “ယနေ့ကို အစပြု၍ အသက်ထက်ဆုံး ဘုရား တရား သံဃာ ရတနာသုံးပါးကို အမြတ်ဆုံး ကိုးကွယ်ရာဟူ၍ သဘော ပေါက် သိမြင်သော သီတင်းသည် ဒါယကာဟူ၍ တပည့်တော်ကို ရှင်တော်ဘုရားသည် အသိအမှတ် ပြုတော်မူပါဘုရား”လို့ ဥပါသကာ ဒါယကာဖြစ်ကြောင်းကိုလည်း အလေးအနက် လျှောက်ထားနေပါတယ်။
သရဏဂုံသုံးပါးဆိုတာ “သာသနာတော်တွင်း၊ သက်ဝင် ခြင်းအစ၊ သရဏဂုံက” ဒီလင်္ကာစကားအရ သာသနာတော် အတွင်း သက်ဝင်လာပြီဆိုရင် သရဏဂုံသုံးပါးကို အရင်ဆုံး ဆောက်တည်ကြရတယ်။ နောက်ပြီးတော့ နိစ္စသီလဖြစ်တဲ့ ငါးပါး သီလကိုလည်း ခါးဝတ်ပုဆိုးအလား မြဲမြံစွာ ဆောက်တည် ကျင့် သုံးကြရတယ်။ အခြားအခြားသော ဥပါသကာဂုဏ်အင်္ဂါများကို လည်း ဖြည့်ကျင့်ရပါတယ်။
အဂ္ဂိကဘာရဒွါဇပုဏ္ဏားကြီးသည် ဗုဒ္ဓသာသနာတော်ကို ကြည်ညို ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ် ကြောင်း ပြောဆို လျှောက်ကြားခြင်းသည်ပင်လျှင် ဒီ ဝသလ သုတ္တန်၏ အပြီးအဆုံးပါပဲ။
မြတ်ဗုဒ္ဓသည်လည်း အဂ္ဂိကဘာရဒွါဇပုဏ္ဏားကြီး၏ သရ ဏဂုံသုံးပါး ဆောက်တည်ကြောင်း ငါးပါးသီလ ဆောက်တည် ကြောင်း ဥပါသကာ ဒါယကာဖြစ်ကြောင်း လျှောက်ထားပြီးတာနဲ့ တစ်ပြိုင်နက်ပဲ ဗုဒ္ဓဘုရားရှင် သီတင်းသုံးရာ ဇေတဝန်ကျောင်း တော်သို့ ပြန်လည်ကာ ကြွသွားတော်မူပါတယ်။
ယခု ဝသလသုတ္တန်ကို “မြင့်မြတ်သူလား ယုတ်သူလား၊ ယုတ်မာသူလား မြတ်သူလား”လို့ အမည်ပေးကာ ဟောကြားအပ်သော ဤတရားတော်ကို သီတင်းဥပုသ် ငါးပတ် ငါးရက်တိုင်တိုင် စဉ်ဆက်မပြတ် သဒ္ဓါတရားမှာ ဉာဏ်ယှဉ်ကာ တရားနာယူနာကြားကြသော ဥပုသ်သည် သူတော်စင်တို့ကို တိုက်တွန်းစကားပြောကြားချင်ပါတယ်။
မေတ္တာစာ-“ဒေဝမ်ဟူသည်မှာ၊ ဟိရီသြ သည်နှစ်သွယ်မှုနှင့်၊ ပြည့်စုံမှ လူစင်စစ်၊ ရှောင်းပွတ်သစ်၊ ငွေနှစ်လီသွင်၊ ဆွတ်ဆွတ်ကြီး ဖြူစင်သည့်၊ ပဉ္စသီလကို၊ သက်က ခင်တွယ် လောကဓံ ရှစ်သွယ်ကြောင့် အလွယ်နှင့် ရွေ့ရှာဤကဲ့သို့ ယောက်ျားကို၊ နတ်တရား ဝပ်၊ လူအသွင် အသော ကြောင့်၊ နတ်ဌာန်ရောက်လူပေကို၊ မြက်စိရှင်ကေတို့၊ ဟော ကြသည်အမှန်၊ ဒေဝမ်စင်စစ်၊ မပြည့်စုံဖြစ်ပျက၊ လူစင်စစ် မခေါ်ငြား၊ တိရစ္ဆာန် ကျွဲနွားနှင့်အလားတူမိုက်မိသည်၊ လူ့ငရဲ လူ့ပြိတ္တာ၊ မိစ္ဆာကောင်စင်းစင်း၊ အပါယ်တွင်း နေရက်ချောက်မှာ အထက်အောက် ပြန်လှန်၍၊ အဖန်ဖန် မောရလို့ အဲဒီလို ဆုံးမထားပါတယ်။
“အဓမ္မညစ်လိ၊ အလဇ္ဇီ အကျင့်ဆိုးများကို အမျိုးနှင့် ချင့်ချိန်၊ ဂုဏ်သိန်နှင့်ချင့်နွယ်၊ အရွယ်နှင့်ချင့်စား၊ တရားနှင့် ချင့်မြော်၍၊ ပြီးပြီးသားမလျှော်၊ မတော်သည့် အမှုများကို စဉ်းစား ကြီးဖြစ်ဘိ၍၊ ပဝတ္တိ ပဋိသန်၊ အသိဉာဏ် အကြွယ်သားနှင့်၊ အပါယ်လား မခံပါနှင့်၊ ဒေဝမ် နှစ်ပါး၊ ဒကာ-ဒကာမတို့ရဲ့ တရားပါပဲ၊ ရဟန်းတို့ရဲ့ တရားပါပဲ] အများကိုလည်း ရှက်ပါသံသရာကိုလည်း ကြောက်ပါနော်၊ သို့မှသာ တော်နိုင်မည်”ဒီလိုလည်း ဆက်လက်ပြီး ဆုံးမထားပါတယ်။ အဲဒီနည်းကို ယူပြီး တစ်ဖန်လက်ဆင့်ကမ်းကာ အသိပေး တိုက်တွန်းအပ်ပါတယ်။
တရားနိဂုံးချုပ်အနေနဲ့ ရှေးရှေးက ဆိုရိုးစကားများရှိတယ်။
မကူညီချင် နေပါ ၊ မနှောင့်ယှက်ပါနဲ့။
မချီးမွမ်းချင် နေပါ၊ မကဲ့ရဲ့ပါနဲ့။
မထောက်ပင့်ချင် နေပါ၊ မယိုင်နဲ့ပါနဲ့။
မလိမ္မာချင် နေပါ၊ မမိုက်ပါနဲ့။
မမြင့်မြတ်ချင် နေပါ၊ မယုတ်မာကြပါနဲ့။
ဒါကြောင့် သီတင်းစဉ်မပျက် ဥပုသ်စဉ်မပျက် (၅)ပတ် တိုင်တိုင် အကျယ်ချဲ့ကာ ဟောကြားအပ်သော “မြင့်မြတ်သူ လား ယုတ်သူလား ယုတ်မာသူလား မြတ်သူလား”လို့ အမည် ပေးထားတဲ့ ဒီဝသလသုတ္တန်ကိုလည်း ဒီမှာပဲ မဟာနိဂုံး အပြီး အဆုံးသို့ ရောက်ပေပြီ။ ဤသို့လျှင် ဘုရားရှင် ဟောတော်မူအပ်သော သလ သုတ္တန်တရား ဒေသနာတော်မြတ်၌ ဓမ္မဓိဋ္ဌာန်အားဖြင့် ယုတ်မာ ကြောင်း ဖြစ်သည့်အတွက်ကြောင့် ပသလမ္မ၊ ဤတရားများနှင့် ပြည့်စုံလျှင် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝသလ ယုတ်မာသူမည်၏ ဟူ၍လည်းကောင်း၊ ထိုးဆန့်ကျင်ဘက် အပြန်အားဖြင့် မြင့်မြတ် ကြောင်း ဖြစ်သည့်အတွက်ကြောင့် ဓမ္မဓိဋ္ဌာန်အားဖြင့် သေဋ္ဌပုဂ္ဂလ ဟူ၍လည်းကောင်း၊ ဤတရားများနှင့် ပြည့်စုံလျှင် ပုဂ္ဂလဓိဋ္ဌာန် အားဖြင့် သေဋ္ဌပုဂ္ဂလ မြင့်မြတ်သူဟူ၍လည်းကောင်း - သေဋ္ဌတရားတို့ကို အကျယ်ချဲ့ကာ ဟောကြားအပ်သော မြင့် မြတ်သူလားယုတ်သူလား၊ ယုတ်မာသူလား မြတ်သူလား တရားတော်ကို ကြားနာရခြင်း နာယူရခြင်းတည်းဟူသော ဓမ္မဿဝနကောင်းမှု ကုသိုလ်ကံစေတနာ၊ သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဥပုသ်သီလတို့ကို ဆောက်တည်ရခြင်း တည်းဟူသော သီလမယကောင်းမှု ကုသိုလ်ကံစေတနာ၊ မိမိတို့ တတ်စွမ်းသမျှ ဒါတဗ္ဗဝတ္ထု အစုစုတို့ကို သဒ္ဓါတရားမှာ ဉာဏ် ယှဉ်ကာ လှူဒါန်းအပ်သော ဒါနမယကောင်းမှု ကုလိုလ်ကံ စေတနာ၊ ဤသို့ပေါင်းအပ် များမြတ်လှစွာသော ကောင်းမှ ကုသိုလ်ကံ အရပ်ရပ်တို့ကြောင့် “ဒုက္ခခပ်သိမ်း၊ ချုပ်ပြတ်ငြိမ်း၊ ဇာတ်သိမ်း ပြည်နိဗ္ဗာန်” ဒုက္ခခပ်သိမ်းတို့ ချုပ်ရာပြတ်ရာ ငြိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ သုခပဋိပဒါ လွယ်ကူသော မဇ္ဈိမအကျင့် ပဋိပတ်၊ လျင်မြန်သော ဝိပဿနာအသိဉာဏ်၊ ရည် မှန်း ပန်ဆင်ထားအပ်သော မဂ်ဉာဏ်လေးရပ် ဗောဓိဉာဏ်မြတ် တို့ဖြင့် အကျွန်ုပ်တို့တစ်တွေ ကိုယ်စီကိုယ်င မျက်မှောက်ပြုလွယ် နိုင်ကြပါစေကုန်သတည်း။ နိဗ္ဗာန်သို့ အရဟတ္တဖိုလ်ပေါက် မျက် မှောက်ပြုအပ်သော နောက်ဆုံးဘဝ ပရိနိဗ္ဗာနစုတိမှ အခြ နောက်ကာလ၌ ကာမဘဝ ရူပဘဝ အရူပဘဝ တည်းဟူသော ဘဝသုံးပါးတို့တွင် ဘယ်ဘဝ၌မှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး ဒုက္ခသစ္စာ ဝဋ်မီးစာတရားတို့ တစ်ဖန်အသစ် မဖြစ်ခြင်းတည်း ဟူသော အနုပ္ပါဒနိရောဓ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီစံကြရပါစေ ကုန်သတည်း။ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီစံကြရသဖြင့် ကမ္မဝဋ် ကိလေသ၀ဋ် ဝိပါကဝဋ်တည်းဟူသော ဝဋ်ဒုက္ခခပ်သိမ်း သံသရာ မီးတောက် မီးလျှံကြီး အပြီးတိုင် ငြိမ်းကြပါစေကုန်သတည်း။