မြင်စိုင်းဘွဲ့ ကာချင်း (၂)

မြင်စိုင်းဘွဲ့ ကာချင်း (၂)
by မြင်စိုင်း ငါးစီးရှင်ကျော်စွာ
2868မြင်စိုင်းဘွဲ့ ကာချင်း (၂)မြင်စိုင်း ငါးစီးရှင်ကျော်စွာ

တစ်မောင်း တစ်မောင်း၊ တို့တစ်မောင်းသည်၊ တစ်မောင်း ဘကောင်း သားလော။ ဘကောင်း ဘကောင်း။

အနီးမြင်မှတ်၊ စေတီထွတ်သည်၊ ကောင်းမြတ် သာလျောင်းလော။ သာလျောင်း သာလျောင်း။
သင်းတွဲမြောင်းကြီး၊ အလျဉ်းစီးသည်၊ ဖြင်ညီး မြစ်လောင်းလော၊ မြစ်လောင်းမြစ်လောင်း။
ဥတည်းသည်လည်း၊ ဥတည်းရံဝန်း၊ ပြသွန်းသွန်းသည်၊ ထက်ဝန်းတန်ဆောင်းလော၊ တန်ဆောင်း တန်ဆောင်း။
ပေါင်းကွက်စေ့ကျင်၊ နန်းရင်ပြင်ကား၊ ဆင်လျှင်နင်းကောင်းလော။ နင်းကောင်း နင်းကောင်း။

ကျုံးရေနက်ရေ၊ မြို့ခြေအပြည့်ထား။
တေဟူသည်ကား၊ ထွားရှည်ကျော်ပြန့်ပွား။ တေဟူသည်ကား၊ ဆယ့်တစ်ရွာတခြား၊ ဒေဝကျော်ထင်ရှား။
မဏိဆင်သည်၊ မျက်ရှင်ကွန်းတော်လား။ ကွန်းတော်ကွန်းတော်။
အမွမ်းစွင့်စွင့်၊ ကနားမြင့်သည်၊ ကြန်သင့်သာလျောင်းလော။ သာလျောင်း သာလျောင်း။
ရဝေဆီးသည်၊ လက်တီးလေးတံခါး။
တရုတ်လာသည်၊ ရိုင်ရိုင်[2]လော၊ ရိုင်ရိုင်။
မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။
လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလော၊ လတိုင်း လတိုင်း။
မြင်းသည်သိန်းသန်း၊ များစွာထွန်းသည်၊ ထန်ဝန်းရံသ၊ မနိုင်မနိုင်။
လျှပ်စစ်တိမ်ပြင်၊ မှိုင်းမင်းလွင်သည်လည်း၊ လွင်သည်လည်း။

တိမ်သည်မည်းမည်း၊ မည်းသည်လည်း၊ မည်းသည်လည်း။ တမ်မည်းတက်ရာ၊ မိုးသေပါ၍၊ ရွာသည်အသည်း၊ ရေချည်းဖြင်သည်လည်း၊ ဖြင်သည်လည်း။
ရွာသည်မိုးကား၊ ရိုက်ကြိုး ကြည်း[3]သည်လည်း၊ ကြည်းသည်လည်း။

ကန်သင်း မွေမမြင်သည်လည်း၊ မမြင်သည်လည်း။
အရိုင်း မနေချင်သည်လည်း၊ မနေချင်သည်လည်း။
ပြေးလျင်တစ်စီး၊ မြင်းသည်လည်း၊ မြင်းသည်လည်း။
နှင်တံမကမ်းခင်သည်လည်း၊ မကမ်းခင်သည်လည်း။
ဒသာလည်းဒသာ ကောင်းခြင်း၊ ခပင်း[4] ကြိုက်သည်လည်း၊ ကြိုက်သည်လည်း။
ရာဇသင်္ကြံ၊ စည်းစိမ်ခံသည်လည်း၊ ခံသည်လည်း။ အသင်္ခယာ၊ ချမ်းသာစံသည်လည်း။ စံသည်လည်း။
နှစ်ပါးမင်း၏၊ ညီရင်းလဟူ၊ သီဟသူကား၊ အယူဖြောင့်စင်း၊ မြအဆင်းသို့၊ ချင်းလေ ရပ်မျက်နှာသည်လည်း၊ ရပ်မျက်နှာသည်လည်း။
သီးမှည့်ကျီးအာသည်လည်း၊ အာသည်လည်း။ ။သင်္ဃာတန်ခိုး၊ မပြတ်ကိုးသည်၊ သုံးလူ့အမှူး၊ ဂုဏ်ကျေးဇူးသည်လည်း၊ ဂုဏ်ကျေးဇူးသည်လည်း။
မုခပါဌ်မျက်ရှင်၊ ပလ္လင်ခတ်သည်လည်း၊ ခတ်သည်လည်း။ ။

ငါးစီးရှင်ကျော်စွာ ကာချင်း

ပြင်ဆင်ရန်

၂၊၃၊၂၊၁ ။

ပြင်ဆင်ရန်

“တစ်မောင်းတစ်မောင်း၊ တို့တစ်မောင်းသည်၊ တစ်မောင်း ဘကောင်းသားလော၊ ဘကောင်း ဘကောင်း။ “သင်းတွဲမြောင်းကြီး၊ အယဉ်စီးသည်၊ ဖြင်ညီး မြစ်လောင်းလော၊ မြစ်လောင်း မြစ်လောင်း။ “ပေါင်းကွတ် စေ့ပျဉ်၊ နန်းရင်ပြင်ကား၊ ဆင်လျှင်နင်း ကောင်းလော၊ နင်းကောင်း နင်းကောင်း။ ။

၂၊၃၊၂၊၂ ။

ပြင်ဆင်ရန်
  • “တရုတ်လာသည်၊ ရိုင်ရိုင်လော၊ ရိုင်ရိုင်။ ။ မြားမိုး ရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။ ။
  • လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလော၊ လတိုင်း လတိုင်း။
  • မြင်းသည်သိန်းသန်း၊ များစွာလွန်းသည်၊ ထက်ဝန်းရံသ၊ မနိုင် မနိုင်။ ။”
  • “ပြေးလျင်တစ်စီး၊ မြင်းသည်လည်း၊ မြင်းသည်လည်း။ ။
  • နှင်တံမကမ်းခင်သည်လည်း၊ မကမ်းခင်သည် လည်း။။”

၂၊၃၊၂၊၃။

ပြင်ဆင်ရန်
  • “တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော။
  • ဟုတ်တည်း ရှင်ချင်းရှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ ဟုတ်တည်း သည်ရင်းသည်ရင်း။
  • မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်။ မြင်စိုင်းရွှေမြေ၊ ပန်းသင်းခွေ၊ ပင်ခြေ ချုံထက်နွယ်၊ ချုံထက်နွယ်။ ။
  • တောင်လေရှုန်းရှုန်း၊ မိုးခတ်အုန်း၊ ကင်ပုန်းပွင့်ချီချယ်၊ ပွင့်ချီချယ်။ ။
  • နွယ်ပန်း ခွာညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ဆောင်းလလယ်။ ။
  • တောင်ထွတ်ဖျားဆီ၊ ရွှေစာတီ၊ သရီရဓာတ်စွယ်၊ သရီရဓာတ်စွယ်။ ။
  • ယာဆီမြေကောင်း၊ ကျသည့်ပြောင်း၊ မနှောင်းမှည့်ဆော လွယ်၊ မှည့်ဆောလွယ်။ ။
  • ခါနှင့်ဘုတ်ချိုး၊ ကြက်တောမျိုး၊ လိုစိုး ကျက်မြေကျယ်၊ ကျက်မြေကျယ်။ ။
  • ယှဉ်ဖော်မဝေး၊ ဖော်ရွှေကျေး၊ စာနွေး စားလိုဖွယ်၊ စားလိုဖွယ်။ ။
  • ယရည်းသွန်းသွန်း၊ မြင်းသည်ဝန်း၊ လှံချွန်းတွန်းတက် ပယ်၊ တွန်းတက်ပယ်။
  • စောလူးစီးတန်၊ မျိုးဆက်ဒန်၊ လျင်ထန် မြင့်မဆွယ်၊ မြင့်မဆွယ်။ ။
  • မြှောက်စည် လတီး၊ ဝင်ခါနီး၊ စောထီး နန်းထက်ကျယ်၊ နန်းထက်ကျယ်။ ။
  • သာသည့်မြေပြင်၊ စောနတ်ရှင်၊ နန်းခွင် ရှုတင့်တယ်၊ ရှုတင့်တယ်။ ။
  • အထူးလော၊ တက်တိမ်လော၊ နေရောင်လော။

တမ်းပလိတ်:Reflist

  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.