မြစ်ဘွဲ့ လေးချိုး ခွန်းထောက်
မြသားငယ်တဲ့ရေယမုန်။
ငွေလှိုင်းတွေဖြူစွာနှင့်၊
မြစ်ဧရာနဒီကြောမှာ၊
မျောကြဒိုက်ပုံ။
ကြူဝါးရုံ၊
တူစုံကွဲ့သာမော (ဖော်နှော)။
ဘုံမတီးငယ်နှင့် (ဘုံပတီးရယ်နှင့်)၊
ငှက်ကြီးရွှေဝံဘိုတို့ရယ်
အိုကွယ် ... စီးခို (ဝဲခို) လို့မျော။ ။
မှတ်ချက်
- ကွင်း ( ) အတွင်းရှိ စာသားများမှာ ဦးပြုံးချို၏ မဟာဂီတပေါင်းချုပ်မူဖြစ်ပြီး မြစ်ဘွဲ့-သဖြန်လေးချိုး ဟု ရေးထားပါသည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |