မြောက်နန်းတော် မိဖုရားဘွဲ့တေးထပ်

မြောက်နန်းတော် မိဖုရားဘွဲ့တေးထပ်
by မင်းတုန်းမင်း

နန်းဓလေ့မှတ်တမ်းများမှ

2908မြောက်နန်းတော် မိဖုရားဘွဲ့တေးထပ်မင်းတုန်းမင်း

ရွှေမေတ္တာ ပိုမိုလှချေငဲ့၊ ဗန္ဓရပုံလို။
မြင်တိုင်းပ ရသာချိုတယ်၊ အမယ်အိုသည့်လား။
ပါးရေကျုံ့ ဆံတော်ကေမှာ ဖြူလေလေ တိုး၍သနား။
ခါးတော်က ညွတ်ခွေခွေ၊ ကြင်ဗျာရွှေထပ်ပွား၊
မှဲ့နက်နီပုံများနှင့်၊ ချစ်အားက ထပ်မံ။
သူငယ်ပြန် အရွယ်ရောက်၊ ဘယ့်ကလောက် တွေးလို့မမှန်။
မိုးဣန္ဒသက်နှံငယ်၊ လိုက်စေရန် စကြာမျိုးနဲ့၊
ရှိခိုးလို့ အမယ်အို၊ လဲချင်လို့ငို၊
ကြင်ဦးမို့ စေတနာပိုတယ်၊ မလဲလို မြဲပါငဲ့လေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။