ရက္ခိုင်မင်းသမီး ဧချင်း (1120)
by အဒူမင်းညို

ရက္ခိုင်ရာဇဝင် သက္ကရာဇ် ၄၈၂ တွင် "အဒူမင်းညို"စပ်ဆိုသည် (မှန်နန်းရာဇဝင်တော်ကြီး-စတုတ္ထတွဲမှ ကူးယူဖေါ်ပြသည်)

2948ရက္ခိုင်မင်းသမီး ဧချင်း1120အဒူမင်းညို

ဧးသည်တချက်၊ စပဝက်၌၊ ဘုန်းဆက်စဉ်ပြုန်း၊ ဆယ်ယောက်ကြုံးတွင်၊ အဆုံးစွန်မှူး၊ မင်းဘီလူးကို၊ ကြံထူးလှည့်ပတ်၊ ပုန်ကန်သတ်၍၊ မတ် သင်္ခယာ၊ မည်သာတစ်ချက်၊ ဝရောင်းငှက်လျှင်၊ သုံးဆက်၍သာ၊ ပဥှာမြို့ဟောင်း၊ ကျိန်းပြီးနှောင်းမှ၊ မင်းကောင်းသွေးခဲ၊ မင်းရဲဘယ၊ ပေါက်ညိုမြနှင့်၊ ကြွခဲ့ရွှေပြည်၊ ဆွေနှစ်မည်တွင်၊ မြင်သည့်သည်းချာ၊ ရွှေဂူသာနှင့်၊ လကျ်ာမင်းနန်၊ နန်းရိုးမှန်လျှင်၊ တဖန်လည်းကောင်း၊ လောင်းစည်သူခိုင်း အယူလှိုင်း၍၊ မွန်တစ်သိန်း ပျူတစ်သိန်းနှင့်၊ အောင်ကောင်းခါချိန်၊ ပြက္ခဒိန်လျှောက်၊ ပရိန်မြို့သစ်၊ ထောင်လာလစ်သည်၊ ချစ်နှင့်ပြည်သူ ယူသည့်လေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။