ရတနာမုနိဘုရား ကျောက်စာ
သာသနာတော် ၂၂၅၅ နှစ်။ သက္ကရာဇ် ၁၀၇၃ တန်ခူးလပြည့်ကျော် ၁ ရက်။ ၂ နေ့သို့အဝင်၊ ညဉ့်သုံးချက်တီးကျော်၊ ၂ ပါဒ်နှင့် ၁၃ ဗီဇနာ၊ သွာတိနက္ခတ်တစ်ပတ်မွန်းတည့်လျှင် ကျောင်းတော်ထီးတင်သည်။ အရှင်ဝရလင်္ကာကောင်းမှု။ အရင်း ၁၃ တောင်၊ ပဓာန် ၂၅ တောင် တစ်မိုက်ထီးတော် ၅ တောင်ပြည့်။ မာတ၊ ပီတာ၊ အာစရိယ အမျှရစေသော်။ ဪဤရတ္တနာမုဏိ နာမတော်။
မူလအရေးအသား
ပြင်ဆင်ရန်- သာသနာတော် ၂၂၅၅ နှစ်။
- သကြဇ် ၁၀၇၃ တံခူလ
- ပြေကျော် ၁ ရက်။ ၂ နေသို
- အဝင်။ ညဉ်သုံချက်တီကျော်
- ၂ ပဒ်နှင့် ၁၃ ဗီဇနာ သွာတိနက္ခ
- တ်တပတ်မွံတဉ်လျှင်။ ကျောင်တော်
- ဓီတင်သည်။ အရှင်ဝရလင်္ကာကောင်မှု။
- အရင်း ၁၃ တောင် ပဓာန် ၂၅ တောင် တ
- မိုက်ဓီတော် ၅ တောင်ပြည့်။ မာတပီ
- တာအာစရိယျ အမျှရစေသော ဩေ
- ဤရတ္တနာမုဏိ။ နာမတော်။