ရိုရိုသေသေ လှူဒါန်းမယ်
သင်ခန်းစာ (၂၃)
ရိုရိုသေသေ လှူဒါန်းမယ်
ပြင်ဆင်ရန်နှမ်းနတ်သမီးလေး
သူဆင်းရဲမလေးသည် အိမ်ရှေ့သို့ ဆွမ်းခံကြွရောက်လာသော မြတ်စွာဘုရားရှင်အား နှမ်းတစ်ဆုပ်ကို ရိုရိုသေသေ လှူဒါန်းလိုက်သည်။
နှမ်းတစ်ဆုပ်လှူရသော ကုသိုလ်ကောင်းမှုကြောင့် သူဆင်းရဲမလေးသည် နောက်ဘဝတွင် ရုပ်ရည်ချောမောလှပသော နတ်သမီးလေးတစ်ပါး ဖြစ်သွားလေသည်။
ကိုရင် ကိုရင်
ပြင်ဆင်ရန်ကိုရင် ကိုရင် ပြုံးရွှင်ရွှင်၊
မြို့ထဲ ဆွမ်းခံဝင်။
ကိုရင် မြင်လို့ လှူမယ်တွေး၊
မလေးဆွမ်းက မနပ်သေး။
ကိုရင်လေးဘုရား ခဏတာ။
ရပ်တော်မူလိုက်ပါ။
လွယ်အိတ်ထဲပါ သကြားလုံး၊
လှူဖွယ်အဖြစ် ယူကာသုံး။
တစ်လုံး နှစ်လုံး သုံးလေးလုံး၊
မလေး ရေတွက်တုန်း။
ကိုရင်လေးက တပြုံးပြုံး။
ပျော်လို့ မော်လို့ မဆုံး။ ။