ရောင်ခြည်တော်ဘွဲ့ ဘုရားရှိခိုး

ရောင်ခြည်တော်ဘွဲ့ ဘုရားရှိခိုး
by သစ္စာမဏ္ဍိုင်ဘုရားရှိခိုး
3008ရောင်ခြည်တော်ဘွဲ့ ဘုရားရှိခိုးသစ္စာမဏ္ဍိုင်ဘုရားရှိခိုး

ရောင်ခြည်တော်အမွှမ်း

ပြင်ဆင်ရန်

ဗောဓိညောင်နန်း၊ အောင်ပန်းပလ္လင်၊
အနောက်မြောက်နား၊ နတ်များဖန်ဆင်။
ရွှေအိမ်နန်းက၊ ပဋ္ဌာန်းဆင်ခြင်၊
သည်တော့မှ၊ ထွက်ကြွရောင်ခြည်ရှင်။

ရောင်ခြည်ခြောက်ပါး၊ စိတ်ထားကြည်ရွှင်၊
ရှင်တော်ဘုရား၊ ဂုဏ်များဆင်ခြင်။
ယခုမှန်းကြည့်၊ နိမ္မိရုပ်ရှင်၊
စိတ်ကြည်နူး၊ ရည်စူးပဏာတင်။

ရောင်ခြည်တော် ၆ ပါး

ပြင်ဆင်ရန်

(၁) မွေးတော်ဆံတွင်း၊ ထွက်လျင်းလာပြီ၊
စိမ်းညိုပြာလဲ့၊ မြနဲ့တူသည်။
တိမ်တောင်ပန်းသို့၊ တင့်ဆန်းရွှင်ကြည်၊
နီလလျှမ်း၊ ကြွမြန်းညိုရောင်ခြည်။

(၂) အရေတော်သား၊ ထွက်ငြားလင်းပြီ၊
ရွှေလိုဝါဝင်း၊ လမင်းရှုံးသည်။
စကားရွှေပန်း၊ နတ်နန်းသို့ကြည်၊
ပီတလျှမ်း၊ ကြွမြန်းရွှေရောင်ခြည်၊

(၃) ခြေလက်နှုတ်လျှာ၊ ထွက်လာထွေးဆီ၊
ပတ္တမြားဆင်း၊ နေမင်းရှုံးသည်။
မဏိခေါင်ရန်း၊ ဘယ်ပန်းသို့ကြည်၊
လောဟိတ၊ ထွန်းပနီရောင်ခြည်။

(၄) သွားရိုးဥဏ္ဏ၊ ထွက်ကြွလင်းပြီ၊
ဘွဲ့ ဖြူ တော်စိန်၊ ရောင်ထိန်ဟူသည်။
နေလကြယ်မီး၊ မှိန်ပြီးမကြည်၊
သြဒါတ၊ ထွန်းပဖြူရောင်ခြည်၊

(၅) ရွှေကိုယ်တော်လုံး၊ သိမ်းကြုံးလင်းပြီ၊
မိုးကြိုရည်ဆန်း၊ လျှပ်ပန်းတူသည်။
ခရမ်းရင့်ရင့်၊ ပန်းပွင့်ပုံကြည်၊
မဉ္ဇိဋ္ဌ၊ ထွန်းပမောင်းရောင်ခြည်၊

(၆) ထက်အောက်အများ၊ ကိုယ်ကားလင်းပြီ၊
ရွှေ၊ ငွေ၊ စိန်မြ၊ ထိန်လှတူသည်။
ဆေးရောင်စုံသို့၊ ဝင်းလို့ ရွှင်ကြည်၊
ပဘဿရ၊ ထွန်းပပြုံးရောင်ခြည်။

ရောင်ခြည်တော်များ ကွန့်မြူးဟန်

ပြင်ဆင်ရန်

ရောင်ခြည်ခြောက်ပါး၊ ဘုရားဘုန်းစည်၊
တစ်သောင်းစက္က၊ ဝါဠနယ်ပြည်။
ဒိသာဆယ်ရပ်၊ ဝန်းလျှပ်ထိန်ကြည်၊
မြင်သူများ၊ စိတ်ထားရွှင်လှကြည်။

ရေ မြေ ကောင်းကင်၊ သောင်းခွင်မကျန်၊
နေ လ ထောင်သောင်း၊ ရောင်မောင်းရှိန်ပြန်။
စိန်ကျောက်အများ၊ မှုန်ဝါးမဟန်၊
ကိုယ်တော်ကြီး၊ ထိန်ညီးရောင်တော်လျှံ။

ရောင်ခြည်ခြောက်ပါး၊ ထူးခြားထွက်ဖြား
ဘုန်းတော်ခြောက်စင်း၊ ရှင်မင်းမြတ်စွာ။
ဂုဏ်တော်အနန္တ၊ မှန်းဆရည်ကာ၊
ဦးညွတ်လျှိုး၊ ရှိခိုးဝန္ဒနာ။


  ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။