ရွှေစေတီ ကျောက်စာ (သက္ကရာဇ် ၆၉၉)
by မင်းမတ်သုဝဏ္ဏလက်ယာ
3027ရွှေစေတီ ကျောက်စာသက္ကရာဇ် ၆၉၉မင်းမတ်သုဝဏ္ဏလက်ယာ

(မျက်နှာဘက်)

ပြင်ဆင်ရန်
  • “မင်မတ်သုဝဏ္ဏလကျ်ာ အမိနှင်အဖကိုဝ်
  • လေ က္လိယ်က္လွတ်စိယ်လိုဝ်သောကြောင် မျာကိုဝ်လေက္လိ
  • ယ်က္လွတ်စိယ်လိုဝ်သောကြောင် အဆုယ်အမ္လျိုဝ်ခပ်သိမ်ကိုဝ်လေ
  • က္လိယ်က္လွတ်စိယ်လိုဝ်သောကြောင် လူခပ်သိမ်ကိုဝ်လေက္လိယ်က္လွတ်
  • စိယ်လိုဝ်သောကြောင် သတ္တရဆန်ခပ်သိမ်ကိုဝ်လေ က္လိယ်က္လွတ်စိ
  • ယ်လိုဝ်သောကြောင် မိမိကာ ပုရှာဆုတောင်ယေအ်တောင်သောပုရှာ
  • ဆု မရောက်သောကြာကာ နတ်စည်စိမ် လူစည်စိမ်လိုဝ်သောေ
  • ကြာင် ငြယ်သိုဝ်မလါလိုဝ်သောကြောင် ဝယ်ပက်ကိုဝ်လေလွတ်ခ္လျ
  • ၁၀ င်သောကြောင် လူလျှင်ဖ္လစ်သောလေ ဤယ်သိုဝ်လည်ကောင် အလှူပိ
  • ၁၁ ယ်ရလိုဝ်တုံသောကြောင် ဤယ်က္လောင်ကာ ငာပ္လုယေအ် ဤယ်ပိတ
  • ၁၂ ကတ်ငာပ္လုယေအ် ပုရှာလေငာပ္လုယေအ် ကူလေငာပ္လုယေအ်”

[မင်းမတ် သုဝဏ္ဏလက်ယာ အမိနှင့်အဖ ကိုလည်း ကျေကျွတ် စေလိုသောကြောင့်၊ မယားကိုလည်း ကျေကျွတ်စေလိုသောကြောင့်၊ အဆွေအမျိုးခပ်သိမ်း ကိုလည်း ကျေကျွတ်စေလိုသောကြောင့်၊ လူခပ်သိမ်း ကိုလည်း ကျေကျွတ်စေလိုသောကြောင့်၊ သတ္တရဆန် (သတ္တဝါတိရစ္ဆာန်?) ခပ်သိမ်းကိုလည်း ကျေကျွတ်စေ လိုသောကြောင့် မိမိကား ဘုရားဆုတောင်း၏။ တောင်း သောဘုရားဆု မရောက်သောကြားကား နတ်စည်းစိမ်၊ လူစည်းစိမ်လိုသောကြောင့်၊ ငရဲသို့မလားလိုသော ကြောင့်၊ ဝိပါက်ကိုလည်း လွတ်ချင်သောကြောင့်၊ လူလျှင်ဖြစ်သောလည်း ဤသို့လည်းကောင်း အလှူ ပေးရလိုတုံသောကြောင့် ဤကျောင်းကား ငါပြု၏။ ဤပိဋကတ် ငါပြု၏။ ဘုရားလည်းငါပြု၏။ ဂူလည်း ငါပြု၏။]


  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.