မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၃။ ရွှေဇယ်ပွဲ
3028မောင်ခွေးဖို့ ကဗျာများ — ၃။ ရွှေဇယ်ပွဲမင်းသုဝဏ်

ရွှေဇယ်ငွေဇယ် ခွံကစားစို့
ပါမလားကွဲ့ မထွေးရယ်။
ရွှေဇယ်ငွေဇယ် မရှိသေးလို့
မပါသေးဘူး မထွေးငယ်။
အိုးခြမ်းကွဲက ရွှေရောင်ဇယ်
ပန်းကန်ကွဲက ငွေရောင်ဇယ်
ကစားမယ်ကွဲ့ ရွှေဇယ်ပွဲ
အိုးခြမ်းပဲ့ ကွဲ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.