ရွှေဘို ဗုံကြီးသံ
မောင်ကြီးကို မစုံမက်နိုင်ဘူး
ဂုဏ်တက်လို့ မဟုတ်ပါ။
မတွယ်တာ စေတနာ မှီးရမှာဖြင့်
အရွယ်မှာ သေခါနီးတယ်
ကြီးတဲ့ရွက်ဝါ။
ပန်ချင်သူ စပယ်ကုံးတို့နှင့်
ဆံပင်ဖြူ အရွယ်ဖြင့်တုံးပြီပေါ့
မုန်းလှလို့ မခင်တာ
မကြင်ပါဘူး အိုဇနီး။
ထောင့်ငါးရာ
မှောင့်မှားတာ ဝါသနာမို့
ကျောင်းတကာရယ်
စိတ်မာန်ဖြင့်ကြီးလိုက်ပါနဲ့
ပုတီး လည်မှာသိုင်းပါလို့
သမီးလို ကိုယ်မနှိုင်းတယ်
ရိုင်းတဲ့ ဘကြီး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |