ရွှေမြို့က ပန်းခွာညို
ရွှေမြို့က ပန်းခွာညို စာဆိုနှင့်ပေး။
စာဆိုနှင့် ခွာညိုပန်းရယ် နန်းမြေထိမွှေး။
ရွှေမြို့နေ မင်းခြေရင်းက ထုံသင်းကိုပေး။
လိမ်းမယ်လို့ ပျိုချေတော့ လေပြည်ကမွှေး။
ရွှေမြို့က ငွေပန်းငုံကို လူကြုံတိုင်းပေး။
ငွေပန်းငုံ လူကြုံပေးကို သိမ်းပေါင်ကွဲ့လေး။
ရွှေမြို့ကို ဘယ်အခင်းကြောင့်၊ မောင်ဆင်းသလေး။
ကွမ်းတုံမြိတ်နှင့် အချိတ်ဝယ်ကွယ်၊ ဆင်းမယ်တဲ့လေး။
ပျို့ခေါင်းကိုနေကျော်၊ နားချိန်ကတော်၊
နားနေရင် ချိန်ချော်ရော့မယ်၊ ငန်းဆော်ပါ့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |