ရွှေလိပ်ပြာ ရွှင်စေ့မယ်
by ဦးကြီး
3040ရွှေလိပ်ပြာ ရွှင်စေ့မယ်ဦးကြီး

ခါတခေါက်၊ ရွာရောက်ကယ်လှမ်းခဲ့ပ၊
သာတမ်းဖြင့်ရှိစေတော့၊
အမိတို့တောရွာအိမ်၊
သည်ချိန်ကိုပဲစင်အောက်၊
လပြောက်မှာ ဗိုင်းငင်၊
ရွှေရင်အင်္ကျီသိုင်းလို့၊
တပိုင်းပိုကရိုနှင့်၊
အစ်ကို့ကို ဘန်းပြလိုက်မယ်လေး။ ။

တဘက်ကယ်မှောင်ကာ၊ တခြမ်းဟာမှာ၊
နံ့သာလိမ်းကွက် လရောင်ပြက်မှာ၊
အသက်ကယ်နှင်းဆောင်၊
နွားခွံခင်းတဲ့ တလင်းပြောင်ဝယ်၊
ရိပ်ရောင်မထင်၊ လူခြေတိတ်ကိုမှ၊
ရွှေလိပ်ပြာ ရွှင်စေ့မယ်၊
ဦးရင်တို့မြို့သူလို၊
တို့တောမူ တယ်မကြမ်းပါဘူ့၊
ခြေရေကုန် လည်ဆံကမ်းချိန်မှ၊
ဘမ်းပမယ်လေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။