ရှင်ဒိသာပါမောက် ကျောက်စာ

ရှင်ဒိသာပါမောက်ကျောက်စာ (သက္ကရာဇ် ၆၄၇)
by ရှင်ဒိသာပါမောက်
3048ရှင်ဒိသာပါမောက်ကျောက်စာသက္ကရာဇ် ၆၄၇ရှင်ဒိသာပါမောက်

(မျက်နှာဘက်)
၁၊၂၊၁၇၁၊၁။
...“သကရစ် ၆၄၇ ခု မြိက်
(သို)ဝ်နှစ်။ ပြည်အနောက်ဖက် လှည်က္လနှိုက် မင်ကြီနိယ် တဝ်မူ၏။ အနန္တပိစည် မ
(ဟာ)ပိုဝ်ကိုဝ် နင်တိုဝ် တရုက်၏အလါအလာကိုဝ် သိဩင်မူလိယ်ဟု စိယ်၎္တမူ၏ အနန္တ
(ပိ)စည် မဟာပိုဝ်ဆိုဝ်၏။ ဤအမှုကာကြီစွာ။ တုမ်တပဲလေ လွှတ်ရသည်မဟိ။ သုဝ
(ဏ္ဏ)လိပ်ပ္လုအံသည်သူလေမဟိ။ ။ သျင်ဒိသာပြါမုက် တေပါမူကာ အမှုဆောင်နိုင်အံ၊
(။) ဤသိုဝ်ဟုပန်ရကာ။ ငာကိုဝ်ခဝ်ရုယ် မင်ကြီ ဤအမှုနှင်၏။”

[သက္ကရာဇ် ၆၄၇ ခု မိဂသီနှစ်၊ ပြည်အနောက်ဘက် လှည်းကျ၌ မင်းကြီးနေတော်မူ၏။ အနန္တပိစည် မဟာဗိုလ် ကို “နင်တို့တရုတ်၏အလားအလာကို သိအောင်မူ လေ”ဟု စေတော်မူ၏။ အနန္တပိုစည် မဟာဗိုလ်ဆို၏။ “ဤအမှုကားကြီးစွ၊ တုံတပဲလည်း လွှတ်ရသည်မရှိ၊ သုဝဏ္ဏလိပ်ပြုအံ့သည့်သူလည်းမရှိ၊ ရှင်ဒိသာပါမောက် တည်းပါမူကား အမှုဆောင်နိုင်အံ့၊” ဤသို့ဟုပန်ရကား ငါ့ကိုခေါ်၍ မင်းကြီး ဤအမှုနှင်း၏။]

၁၊၂၊၁၇၁၊၂။
၁၀“ပုကံမဟာရစ်(ကာ) မင်တိုဝ်ကာ တန်မန်ကိုဝ်မချုပ်ရျာ
၁၁ (့)ကိုဝ်လျှင် ငာတိုဝ်တန်မန်မူလျှင်အံဟူရုယ်။ သုဝဏ္ဏ လိပ်ပ္လုရုယ် ငာကိုဝ်လွှတ်၏
၁၂ (တ)ရုက်ပြည်ရောက်လိယ်၏။ တရုက်မင်ကာ။ ပုကံသိုဝ်ပိုဝ်စိမ်ဟုရုယ်။ သုသုတ္တကိမင်သာ
၁၃ (သု)ရယ်၂၀၀၀၀။ ပုညဓမ္မိကာမဟာထီ။ ၐြီဓမ္မိကာ သင်္ဃာထီ။ အက္လောင်ရဝကာ သင်
၁၄ (ထွ)ယ်ပြည်ရောက်ဩင်လျှင်ခ္လရုယ် နိယ်စိယ်သတေ။ သန်ထန်လါ၏သည်နှင်အညီ နစ်စိ
၁၅ မ်ဟု တန်စိယ်သတေ။ ငာရောက်လိယ်၏။ ထိုဝ်နှိုက် တန်လင်သောသျင်တိုဝ်သည် ငာကို
၁၆ ဝ် လက်ဆောင်လက်နက်ဆက်ရုယ် ဤသိုဝ်ဆိုဝ်လင်၏။ ငာသျင်ကိုဝ်တေ မင်တောင်
၁၇ တစွ။ မင်လေ သဒ္ဓာစွ။ ပုကံသာသနာကိုဝ် ငာတိုဝ်မပ္လုရကြောင် ဆိုဝ်ဖိလတ်သိယ်။ ငာ ဖိ
၁၈ လေ ဤပုကံနိယ်သောသူတိုဝ်၏။ နိယ်ရာကိုဝ်လွှန်ဖိရုယ်။ ယဆည်လျှင် ဝာဆိုဝ်လိယ်
၁၉ ၏။ တန်ဆောင်မှုန်ကာ တယ်တူတက်လိယ်၏။ ပ္လသိုဝ်ရောက်လိယ်၏။ တရုက်မင်
၂၀ လေ နှစ်လိုဝ်စွာဟိရုယ် အမိယ်အမြူစကာလျှင် ဆိုဝ်ကြ၏။ ပြည်မှုကာမဆိုဝ်ရ။ အ
၂၁ ဆုံမှ(ကာ) ပြည်တယ်စကာကိုဝ် ဆိုဝ်ကြလတ်တေ။ ပဏ္ဍိတ် ဤငာသုရယ်၂ဝဝဝဝနှင် မ
၂၂ ဟာထီ သင်္ဃာထီသျင်နှင် သာသနာပ္လူလိယ်ဟုနှင်၏။ ငာဆိုဝ်လိုက်၏။ မဟာရစ် ဤ
၂၃ သုရယ်အလုံ။ သင်္ဃာအလုမ် စပါဟိမှတေ တည်ကြည်အံ။ စပါကာ ပြည်စည်စိမ်အမျြစ်
၂၄ မလေါ။ ဤသုရယ်တိုဝ်သည် ထန်ကိုဝ်တေစည်ရုယ် စာပြိကာ ဝံနာရုယ် ဝံနာရုယ်မူ သိယ်ကုန်မလေါ ဝံနာရုယ်
၂၅ ကြွင်သောသင်္ဃာတိုဝ်လေ ပြည်တွင်မဝင်ဝံ့။ တဝ်သိုဝ်ပ္လိယ်ရုယ် သိယ်ကုန်ခံသောတကာ။
၂၆ မင်ကြီ ပြီပိသောအမှုမလေါ။ ဥယန်စိုက်သောယောက်ျာကာ။ ရိယ်သွန်ရုယ် သစ်ပင်ကိုဝ်
၂၇ ကြီစိယ်၏။ အညွန်မဆိတ်တကာ။ သစ်ပင်သီပြိသောတေ အသီစာ၏။ တံပြတိက်ပြ
၂၈ ည်ကိုဝ်လေ ရိယ်သွန်ဥိလတ်သိယ် ငာယ်မူလေ သာသနာမ္လတ်စွာ၊ မင်ကြီကာ ဖုရှာဆုတောင်
၂၉ သောသူမလေါ။ အဖကောတမသာသနာကိုဝ် အပျက် စိယ်လတ်သိယ်။ မင်ကြီနိုင်သောပြည်
၃၀ ကာ မျာလေမျာစွ ကြီလေကြီစွ။ တံပြတိတ်ပြည်ကာ အငာယ်တွယ်။ သာသနာဟိသောကြော
၃၁ င်ရကာ။ ဖုရှာလေါင်တိုဝ်ကာ ပြည်မ္လတ်၏။ သုရယ်အဝင်စိယ်လတ်သိယ်။ ငာကာ ကောက်ပဲ
၃၂ စိုက်လိယ်ဦအံ ကောက်ပယ်ပြီပီသောကာဝင်။ ဤသိုဝ် ဆိုဝ်ပိယ်သောတေ။ တရုက်မင်ဆိုဝ်
၃၃ ၏။ ဤစကာတွင် ငာဖိုဝ်လေပါ၏။ ပဏ္ဍိတ်လါရုယ်ပ္လိယ်ပ္လိယ်သသျင်တိုဝ်ကိုဝ်ခဝ်လိယ်
၃၄ ကောက်ပယ်လေစိုက်လိယ်။ ပြိပီသောငာကိုဝ် လွှတ်လတ်တုံ။ ဤသိုဝ်ဟူရုယ် ငာလါရသေ
၃၅ တေ။ အမှုလေ လျာရလျှင်သတေ။”

[ပုဂံမဟာရာဇ်ကား “မင်းတို့ကား တမန်ကိုမချုပ်ရာ။ (.)ကိုလျှင် ငါတို့တမန်မူလျှင်းအံ့”ဟူ၍ သုဝဏ္ဏလိပ် ပြု၍ ငါ့ကိုလွှတ်၏။ တရုတ်ပြည်ရောက်လေ၏။ တရုတ် မင်းကား ပုဂံသို့ပို့စိမ့်ဟူ၍ သုသုတ္တကိမင်းသား သူရဲ ၂ဝဝဝဝ၊ ပုညဓမ္မိကာမဟာထေရ်၊ ခြီဓမ္မိကာသံဃာထေရ်၊ အကျောင်း ၇၀ကား သင်းတွဲပြည်ရောက်အောင်လျှင် ချ၍နေစေသတည်း။ သန်ထန်လာ၏သည်နှင့်အညီ နစ် စိမ့်ဟု တန့်စေသတည်း။ ငါရောက်လေ၏။ ထို၌ တန့်လင့်သောရှင်တို့သည် ငါ့ကို လက်ဆောင်လက်နက် ဆက်၍ ဤသို့ဆိုလင့်၏။ “ငါ့ရှင်ကိုတည်း မင်း တောင့်တစွ၊ မင်းလည်းသဒ္ဓါစွ၊ ပုဂံသာသနာကို ငါတို့ မပြုရကြောင်း ဆိုဘိလတ်သေး။” ငါလည်း ဤပုဂံ နေသောသူတို့၏နေရာကိုလွန်ဘိ၍ ယဆည်လျှင် ဝါဆို လေ၏။ တန်ဆောင်မုန်းကား တယ်တူတက်လေ၏။ ပြာသိုရောက်လေ၏။ တရုတ်မင်းလည်း နှစ်လို့စွာရှိ၍ အမေးအမြူစကားလျှင် ဆိုကြ၏။ ပြည်မှုကား မဆိုရ။ အဆုံးမှာကား ပြည်တဲစကားကို ဆိုကြလတ်တည်း။ “ပဏ္ဍိတ်၊ ဤငါသူရဲ ၂၀ဝဝဝနှင့် မဟာထေရ်၊ သံဃာ ထေရ်ရှင်နှင့်သာသနာပြုလေ”ဟု နှင်း၏။ ငါဆိုလိုက်၏။ “မဟာရာဇ်၊ ဤသူရဲအလုံး၊ သံဃာအလုံး စပါးရှိမှ တည်း တည်ကြည်အံ့။ စပါးကား ပြည်စည်းစိမ် အမြစ်မလော။ ဤသူရဲတို့သည် ထန်းကိုတည်းစဉ်း၍ စားပြီးကာ ဝမ်းနာ၍မူ သေကုန်မလော။ ကြွင်းသော သံဃာတို့လည်း ပြည်တွင်းမဝင်ဝံ့။ တောသို့ပြေး၍ သေကုန်ခံ့သောတကား။ မင်းကြီး ပြီးပြီသောအမှုမလော။ ဥယျာဉ်စိုက်သောယောက်ျားကား ရေသွန်း၍ သစ်ပင် ကိုကြီးစေ၏။ အညွန့်မဆိတ်တကား။ သစ်ပင်သီးပြီး သောတည်း အသီးစား၏။ တမ္ဗဒိပ်ပြည်ကိုလည်း ရေသွန်းဦးလတ်သေး။ ငယ်မူလည်း သာသနာမြတ်စွာ။ မင်းကြီးကား ဘုရားဆုတောင်းသောသူမလော။ အဖ ဂေါတမသာသနာကို အပျက်စေလတ်သေး။ မင်းကြီး နိုင်သောပြည်ကား များလည်းများစွ၊ ကြီးလည်းကြီးစွ။ တမ္ပဒိပ်ပြည်ကား အငယ်တွယ်။ သာသနာရှိသောကြောင့် ရကား ဘုရားလောင်းတို့ကား ပြည်မြတ်၏။ သူရဲအဝင် စေလတ်သေး။ ငါကား ကောက်ပဲစိုက်လေဦးအံ့။ ကောက်ပဲပြီးပြီသောကားဝင်။” ဤသို့ဆိုပေသတည်း။ တရုတ်မင်းဆို၏။ “ဤစကားတွင် ငါ့ဖို့လည်းပါ၏။ ပဏ္ဍိတ်လား၍ ပြေးပြေးသောရှင်တို့ကို ခေါ်လေ။ ကောက်ပဲလည်းစိုက်လေ။ ပြီးပြီးသောငါ့ကို လွှတ်လတ် တုံ။” ဤသို့ဟူ၍ ငါလားရသတည်း။ အမှုလည်း လျားရလျှင်းသတည်း။]

၁၊၂၊၁၇၁၊၃။
၃၅“ဤသိုဝ် ငာက္လည်စူဟိရကာ ငာကိုဝ်ပိယ်တဝ်မူသော။ တန်
၃၆ လင်မ္လိယ်၄၀၀ ကြံတူမ္လိယ် သန်မုရျင်ပ္လျိုဝ်ခင်စုံ ၄၀၀အပေါင် မ္လိယ်၈၀၀ ကျွန်နွာအလုံ ရ
၃၇ တနာ၃ပါကိုဝ်ရည်ရုယ် ပန်ပွတ်ရပ်စေတီနှိုက် လှူ၏။ တန်ဆောင်ကြီကာပြီပီ။ စာသင်တို
၃၈ က်ကာမပြိသိယ်။ အမိဖုရှာလှူသောသစ်နှင် တစိုဝ်တစိ သဝတ်ထုနှင် အဆုယ်အမ္လျိုဝ်တိုဝ်ပ္လုရစ်
၃၉ သတေ။”

[ဤသို့ ငါ့ကျေးဇူးရှိရကား ငါ့ကိုပေးတော်မူသော တန်လင်မြေ ၄ဝဝ၊ ကြံတူမြေ သန်မုရင်းပျိုးခင်းစုံ၄ဝဝ အပေါင်း မြေ ၈ဝဝ၊ ကျွန်နွားအလုံး ရတနာ၃ပါးကို ရည်၍ ပန်းပွတ်ရပ်စေတီ၌လှူ၏။ တန်ဆောင်းကြီး ကားပြီးပြီ၊ စာသင်တိုက်ကား မပြီးသေး။ အမိဖုရား လှူသောသစ်နှင့် တစိုးတစိသောဝတ္ထုနှင့် အဆွေအမျိုးတို့ ပြုရစ်သတည်း။]


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။