ရှဉ့်တိုင်းပြည်
အော်သံ မြည်သံ တညံညံ
မြီးဆံဖွားဖွား ပြေးခုန်လွှား
ရှဉ့်ငယ်အများ ရှဉ့်အများ။
ပြေးကာ လိုက်ကာ ပျော်စရာ
ကွယ်ရာ သစ်ခေါင်း ဝင်လို့အောင်း
ရှဉ့်ငယ်အပေါင်း ရှဉ့်အပေါင်း။
တစ်ပင့်တစ်ပင် ကူးလိုချင်
လျင်လျင်ခုန်ဝဲ ကိုင်းကိုဆွဲ
ရှဉ့်ငယ်ခပဲ ရှဉ့်ခပဲ။
လာကြည့်စမ်းပါ နံနက်ခါ
ပျော်မှာမယွင်း သူငယ်ချင်း
ရှဉ့်ငယ်တစ်သင်း ရှဥ့်တစ်သင်း။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |