ရှေးရိုးမိုးဘွဲ့ လေးချိုးကြီး

ရှေးရိုးမိုးဘွဲ့ လေးချိုးကြီး
by မင်းကြီးကတော် ခင်ဆုံ
3055ရှေးရိုးမိုးဘွဲ့ လေးချိုးကြီးမင်းကြီးကတော် ခင်ဆုံ

ယာဉ်နှစ်ခုတွင်ဖြင့်၊ ဘာနုရာဇာသည်၊ ရောင်လျှံဖြာအန္တေက၊ မဇ္ဈေလယ်ပြောင်းတဲ့ သံနှောင်းချိန်။ တူလငယ် ဝေါဟာသရဒါမှာ၊ အဝါမင်နက် ဆေးစုံငယ်ကွက်လို့၊ ရှစ်ဘက်ကယ် လျှပ်တိမ်၊ တထိန်ထိန်နဲ့၊ ဝရဇိန်ရောင်၊ ယုဂန်တောင်က၊ နတ်မောင်ပဇ္ဇုန်၊ ကွန့်သွန်းငယ် ခြုံသောအခါ၊ လွမ်းကုန်ဘွဲ့ သီရာမှာ၊ ကေသာကို ဘယ်လိုရှင်းပါရမယ်၊ မိုးမင်းဉာဏ်ရှိန်။ ဗွေကာမုံမူ၊ ကောဋုံပရဇ်၊ တိုင်းမှာဖြစ်တဲ့၊ နုသစ်ကယ်မာလာ၊ တည်ဘူးလွှာလဲ၊ ဘယ်ညာလျော့လည်း၊ တဘက်ကယ်စီးလို့၊ မယ့်ချည်းငယ်စံရာ၊ ဆောင်လေသာမှာ၊ ဗျာပါပူအောင်၊ မာတြာဆောင်တတ်ပေ့၊ တောင်နာဂိန်မှာ၊ ဒေဝိန်နတ်သားက တားပါရော့။ ဂူမှင်ငယ်ဆယ့်သုံး၊ ရှင်ပင်ဘုန်းက၊ ခြိမ့်အုံးငယ်ဝေမှောင်၊ ရွှေကြက်တောင်သိ၊ ပတ်နှောင်လှည့်ကာ၊ တိမ်ကွန်ချာလဲ၊ မိလ္လာလိုလို၊ ပျို့မှိုင်းငယ်ညိုလို့၊ မလိုတခို့၊ လိုတခို့နဲ့၊ လိုမလို့နှယ်၊ အမ္ဗုန်မောင်ခြယ်တတ်ပေ့၊ လွမ်းကြွယ်တဲ့သည်ခါကို၊ ဒေဝရာ မဖန်သေးပါနှင့်၊ ဆွေးလှပါပေါ့။


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။