လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ရုံးတော်ဖွင့် အခမ်းအနားအစီအစဉ်

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၁-၂။ ရုံးတော်ဖွင့် အခမ်းအနားအစီအစဉ်
3130လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၁-၂။ ရုံးတော်ဖွင့် အခမ်းအနားအစီအစဉ်သာသနာရေးဝန်ကြီးဌာန

၁၃၄၃-ခုနှစ်၊ နယုန်လဆုတ် (၁၃) ရက်၊ (၃၀.၆.၈၁) ရက်နေ့

ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ အပရဂေါယာနကျောင်းဆောင်၌

လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို

ဓမ္မ-အဓမ္မအဖြစ် ကြားနာစစ်ဆေးရန် ဖွင့်လှစ်အပ်သော

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ရုံးတော်ဖွင့်

အခမ်းအနားအစီအစဉ်

---------

၁။ မေတ္တသုတ် ပရိတ်တော်ကို ရွတ်ဖတ်၍ ရုံးတော်ကို ဖွင့်လှစ်ရန်၊
၂။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ သဘောထားကို လျှောက်ထားရန်၊
၃။ သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ကို ဖွဲ့စည်းကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အမိန့် (ကြေညာချက်) ကို ဖတ်ကြားရန်၊
၄။ လက်မှတ်ထိုးထားသည်မှာ မှန်ကန်မှု ရှိ မရှိ စောဒကနှင့် စုဒိတကတို့အား သဘာပတိဆရာတော်က မေးမြန်းရန်၊
၅။ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ရုံးတော်၏ ရပ်တည်ချက်ကို ဖတ်ကြားရန်၊
၆။ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို ဖြန့်ဖြူးရေးသား ဟောပြောနေခြင်းမှာ ဘုရားဟော ထေရဝါဒ ပိဋကတ်တော်နှင့် ဆန့်ကျင်၍ အဓမ္မဝါဒဖြစ်ကြောင်း စောဒနာ တင်သွင်းရန်၊
၇။ စောဒကဆရာတော်များ၏ စောဒနာနှင့်စပ်လျဉ်း၍ ပြန်လည်ချေပခြင်း ပြု မပြု စုဒိတကများအား မေးမြန်းရန်၊
၈။ ပြန်လည်ချေပခြင်းမပြုသော ဆရာတော်သုံးပါး၏ ဝန်ခံချက်ကို ဖတ်ကြားရန်၊
၉။ ဝိသေသစောဒနာတင်သွင်းရန်အတွက် ရက်ချိန်းပေးရန်၊

(အခမ်းအနားမှူးအဖြစ် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်က ဆောင်ရွက်သည်)