လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ဖွဲ့စည်းခြင်းအမိန့်

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၁-၄။ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ဖွဲ့စည်းခြင်းအမိန့်
3148လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၁-၄။ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ဖွဲ့စည်းခြင်းအမိန့်သာသနာရေးဝန်ကြီးဌာန

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ

မြန်မာနိုင်ငံတော်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့

ဗဟိုဌာနချုပ် ဇမ္ဗုဒီပကျောင်းဆောင်

ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့

နေ့စွဲ၊ ၁၃၄၃-ခုနှစ်၊ နယုန်လပြည့်ကျော် ၉-ရက်

(၁၉၈၁-ခုနှစ်၊ ဇွန်လ ၂၆-ရက်)

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ရွေးချယ်သည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များသာ ပါဝင်သော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဖွဲ့စည်းခြင်း အမိန့်

(လုပ်ထုံးလုပ်နည်းများ အပိုဒ်-၅၇)

၁။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် စောဒက -

ဦးစန္ဒိမာ တိုက်သစ်ကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့၊ မန္တလေးတိုင်း။

ဦးပညာသီဟ ရတနာမာန်အောင်ကျောင်းတိုက်၊ မေမြို့၊ မန္တလေးတိုင်း။

ဦးဝိသုဒ္ဓ လောကမှန်ကင်းကျောင်း၊ မန္တလေး အနောက်မြောက်မြို့နယ်၊ မန္တလေးတိုင်း။

ဦးပညာသာမိ ရေလည်ကျောင်းတိုက်၊ သာစည်မြို့၊ မန္တလေးတိုင်း။

တို့နှင့် စုဒိတက -

ဦးဇဝန နေရှင်နယ်ကျောင်း၊ တောင်တွင်းကြီးမြို့။

ဦးဆန္ဒာဓိက နတ်မှီတောရကျောင်း၊ တောင်တွင်းကြီးမြို့။

ဦးဥဇ္ဇောတိက၊ ကွင်းကျောင်း၊ ဒေးဒရဲမြို့။

သခင်မြတ်ဆိုင်၊ အမှတ်(၄) စိန်ချယ်လမ်း၊ ကျိုက္ကစံရပ်ကွက်၊ ရွှေဂုံတိုင်စာတိုက်၊ ဗဟန်း၊ ရန်ကုန်မြို့။

ဦးခင်ဟန် အမှတ်(၉၅၄) မေခလာခန်းမ၊ ၁၆/၁-ရပ်ကွက်၊ ရတနာလမ်း၊ သင်္ကန်းကျွန်း။

ဦးရွှေပြည့် တောင်ကုတ်မြို့၊ ရခိုင်ပြည်နယ် -

တို့၏ လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့နှင့် ပတ်သက်၍ ဓမ္မ အဓမ္မအဖြစ် အငြင်းပွားမှုကို ဝိနည်းတရားတော်နှင့်အညီ စစ်ဆေးဆုံးဖြတ်ပေးရန်အတွက် အောက်ဖော်ပြပါ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများသာ ပါဝင်သော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ကို ဖွဲ့စည်းလိုက်ပါသည်။

အမှတ်စဉ်     ဘွဲ့တော်                        သိက္ခာ                ကျောင်းတိုက်

၁။        ဘဒ္ဒန္တဃောသိတာဘိဝံသ           ၅၃        ဃောသိတာရာမတိုက်၊ ထားဝယ်။

၂။        ဘဒ္ဒန္တဇဝနာဘိဝံသ                    ၅၁        ဇဝနာဘိဝံသာရုံကျောင်းတိုက်၊ ကြို့ပင်ကောက်။

၃။        ဘဒ္ဒန္တဓမ္မာဘိဝရ                        ၄၄        ကံတွင်းဆုတောင်းပြည့်ကျောင်းတိုက်၊ ပြည်မြို့။

၄။        ဘဒ္ဒန္တကုမာရ                            ၃၈        မဟာဝိသုတာရာမတိုက်၊ မကွေး။

၅။        ဘဒ္ဒန္တဉာနိက                            ၃၀        ပဇ္ဇောတာရုံကျောင်းတိုက်၊ မြောင်းမြ။

၂။ အထက်ပါ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)တွင် သင့်လျော်ရာတစ်ပါးကို သဘာပတိအဖြစ် တင်မြှောက်၍ ကျန်ဆရာတော်များက အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်တော်မူကြရန် ဖြစ်ပါသည်။

(ဘဒ္ဒန္တရေဝတာဘိဝံသ- အဂ္ဂမဟာပဏ္ဍိတ)

ဒုတိယဥက္ကဋ္ဌ ဆရာတော်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့

စာအမှတ်၊ ၂၀၈/၁/သာ-မဟန

နေ့စွဲ၊ ၁၃၄၃-ခုနှစ်၊ နယုန်လပြည့်ကျော် ၉-ရက်

(၁၉၈၁-ခုနှစ်၊ ဇွန်လ ၂၆-ရက်)