လေးမောင့်စံကျောင်း တေးထပ်
မုလေးရုံတောစ၊
ဒေါနလမ်း မြေညီ၊
လျှောကျစမ်း ရေခင်းကြည်ဝယ် (ရေသင်းကြည်တယ်)၊
ရွှေနှင်းဆီကန်ချောင်း(ကျောင်း)၊
လွမ်းမတတ် စကားဝါဂူ(ငူ)မှာ၊ [လွမ်းစရာ့ စကဝါဂူမှာ]
နံ့သာဖြူလေးမောင့်စံကျောင်း။
စပယ်ချပ် [ပင်ဇလပ်] သရဖီချောင်(မှာ)၊
ခွာညိုတောင် ခိုအောင်း၊
ရွှေသဇင် စုပေါင်းတဲ့ (မွှေးနံ့သာစုပေါင်းလို့) [မွှေးနံ့သာစုပေါင်းတဲ့]၊
နုညောင်စောင်းထက်မှာ၊
ပဒုမ္မာကြာသင်္ကန်းငယ်နှင့်၊ [ပဒုမ္မာကြာသင်္ကန်း]
ခါဆင်မြန်း တောမွေ့ပျော်(ပျော်မွေ့)ရာ။
ပန်းသော်က [ရွှေသော်က] တံတိုင်း(တန်တိုင်း)ကာသည်၊
ဇီဇဝါ မုခ်(မုတ်) [မုဋ္ဌ်] ခြားလို့၊
တံခါးက ခရား(ချရား) [ချယား] ကြိုင်၊
သင်းတဲ့ ဂနိုင်၊
ယုဇန [ရုဇန] မဟာမြိုင်မှာ၊
တဝါပိုင် ကြိုးချင်ပေါ့လေး။
ကပ္ပါ (ကမ္ဘာ)တိုင်မှီးမယ်ပလေး။ (မူကွဲ)
[ကမ္ဘာတိုင်မှီးမယ်ပလေး။]
မှတ်ချက်
- ဦးတင်မြင့် (ဝိဇ္ဇာ-ဂုဏ်ထူး) တည်းဖြတ်သည့် "ဦးပုည လက်ရွေးစင်စာများ" မှ မူကို မူရင်းတေးထပ်အနေဖြင့် ယူပါသည်။
- () အတွင်းမှ စာသားများမှာ ဦးတင်ထွေး၏ "ဦးပုည၏ စာပန်းကုံးများ" (ဒုတိယတွဲ) မှ ကောက်နုတ်သည်။
- [ ] အတွင်းရှိစာသားများမှာ ဂီတဝိသောဓနီကျမ်း (ဒုတိယအကြိမ် ပုံနှိပ်ခြင်း)၊ အပိုင်း-၄၊ ပကဏ္ဏိက ကဏ္ဍ၊ တေးထပ်များ၊ (စာမျက်နှာ-၂၇၂)။ အမှတ်-၆၊ တေးထပ်မှ မူကွဲဖြစ်သည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |