လေးမောင့်ဖြစ်ဟန် တေးထပ်
မြမျက်ရည် စမ်းစိမ့်လို့၊
မချမ်းငြိမ့်လေတယ်၊
ခန်းရွှေအိမ့်ဗွေလယ်မှာ၊
သေငယ်လေသေမိ၊
အဟာရ သုံးမဝင်တယ်၊
ဖုန်းမယ်ခင် မင်းကမသိ။
ရေအသား ဆုတ်ယုတ်ပြီကွယ်၊
ဒုက္ခသယ်မချိ၊
ဟုတ်လှတယ် ဘယ်မရှိလို့၊
ရွှေသတိလွတ်ကွာ၊
သည်ခေတ်လို မကြုံဘူးပါဘူး၊
ကုန်ထူးလို့ ဆွေးဝံ့ဗျာပါ။
ရှေးဝဋ်စသံသရာမှာ၊
ကံကြမ္မာဘယ်တရားရယ်လို့၊
ဘုရားလျှောက်ချင်ရန်၊
လေးမောင့်ဖြစ်ဟန်၊
သုံးဘုံသူ့ ဗွေထိပ်ပန်မှာ၊
ရွှေနိဗ္ဗာန် စံပြီးမို့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |