လွတ်ချင်ပြီ တေးထပ်
အဝိဇ္ဖာ မကုန်ကြ၊
ဘုံဘဝ စက်ခွင်။
သုညတ မဂ္ဂင်မှာ၊
သက်မဝင်နိုင်ရွေ့၊
ချမ်းသာခွင့် လှည့်မကြုံသည်၊
ဆယ့်တစ်ဘုံ မီးရှိန်နှင့်တွေ့။
ကြာရိပ်စံ မယ်ခင်မှာ၊
ငယ်စဉ်က ဓလေ့။
နန္ဒမူ လိုဏ်ကွေ့၊
မြိုင်မွေ့တဲ့ စိတ်ကယ်၊
သံသရာ ညွှတ်ကွင်းက၊
လွတ်ကင်းအောင် စောမိတော့တယ်။
ဥဒယ ထုံးနှယ်ကို၊
ဖုန်းမေမယ် ဖြေကြားလို့၊
ဆွေတစ်ပါး ဆောင်တော်စုန်၊
စီးလှဲ့ခိုက်ကြုံ၊
ခင်လေးကိုဖြင့် ဇောမကုန်တယ်၊
မောပုံကို မြင်လွန်းလို့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |