ဝါခေါင်လဘွဲ့ သဖြန်လေးဆစ်

3223ဝါခေါင်လဘွဲ့ သဖြန်လေးဆစ်ဖိုးသူတော် ဦးမင်း

ထက်အာကာ ဘုံစွန်းက
တောက်ထွန်းလို့ ထိန်ဝါ
သရဝဏ် ရွှေကြယ်မင်း
လင်းတဲ့ချိန်ခါ။

လေညှင်းငယ်လာ
သိဟ်ရာသီမို့
ရှုတိုင်းငယ် ဘယ်ညာက
ပန်းခတ္တာ ဝတ်မှုံကျင်းတယ်
သင်းပျံ့လှိုင်လို့။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။