ဝိဇ္ဇာဖြစ်မယ်သော်တာ ပြဇာတ်ကြော်ငြာ ဒွေးချိုး
ထုံခြွေမှုန်ဝေ ဆို့ပါလို့၊
စုံအခြေ ယုန်ငွေမို့လိုနှင့်၊
ကုန်ရွှေမြို့ ကျက်သရေ။ ။
တည်အမှီးမှာတော့၊
ပြည်ကြီးဗွေမဏ္ဍိုင်ဟု၊
ခံ့အခိုင် စာတော် တိုက်ကယ်လို့၊
မဝိုက်အောင် ဇမ္ဗူကျွန်းမှာ၊
ထွန်းတဲ့အခြေ။ ။
သိမှတ်စရာ ကျွတ်ဆုမှန်းတဲ့ပြင်၊
နိပါတ်စာ ဝတ္ထုကျမ်းတွေနှင့်၊
လမ်းမူရှိ အထွေထွေ၊
တွက်ရေလို့ ပြနိုင်ဘူး။ ။
ဖတ်ပြောရာ၊ ဇာတ်ဟောစာ တေးသီချင်းတွေနှင့်၊
မယွင်းပေါင် လိုရာမေးလှဲ့တော့၊
ဖေ မောင် ဘနှင့် မမတို့ရေ ... ရှေးကထက် ထူး။ ။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |