ဝိနည်းဥပဒေတော်ကြီး/ကုသိုလ်ရသူ ၄-ယောက်၊ ကုသိုလ်မရသူ ၃-ယောက်
၅၆။ ကုသိုလ်ရသူ ၄-ယောက်၊ ကုသိုလ်မရသူ ၃-ယောက်
ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်၊ ဤလေးယောက်သာ အဝိဇ္ဇာအမိုက်ရှိသောကြောင့် ကုသိုလ် ရနိုင်သည်။ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ၊ ဤသုံးယောက် ကုသိုလ်မရ၊ ကြိယာသာ ရသည်။ အဝိဇ္ဇာအမိုက်ကင်းသော သူတို့ ဖြစ်သောကြောင့်တည်း။ [ပြီးပြီ။]