ဝိနယသံခိပ်/သံဃာဒိသိသ် အာပတ်ကုစားနည်း

ဝိနယသံခိပ်လက်စွဲကျမ်း
by လယ်တီဆရာတော်
၂၄။ သံဃာဒိသိသ် အာပတ်ကုစားနည်း
3436ဝိနယသံခိပ်လက်စွဲကျမ်း — ၂၄။ သံဃာဒိသိသ် အာပတ်ကုစားနည်းလယ်တီဆရာတော်

၃၃၈။ သင့်တုံ အာပတ်၊ ပကတတ်၊ ကင်းလတ် အန္တရာယ်။
၃၃၉။ ကြားငှာစွမ်းငြား၊ သညီပွား၊ ရှစ်ပါးသရုပ်ချယ်။
၃၄၀။ ဖုံးလွှမ်းလိုငြား၊ ဖုံးလွှမ်းမူ၊ ဆယ်ပါးဖုံးလွှမ်းဖွယ်။
၃၄၁။ မဖုံးလွှမ်းမူ၊ မာနတ်ယူ၊ ဖုံးမူ ပရိဝါသ်။
၃၄၂။ အပ္ပဋိစ္ဆန်၊ ပဋိစ္ဆန်၊ နှစ်တန် မာနတ်မှတ်။
၃၄၃။ ပဋိစ္ဆန္နံ၊ သမောဓာန်၊ သုဒ္ဓန် ပရိဝါသ်။
၃၄၄။ ဩဓာန် အဂ္ဃံ၊ မိဿကံ၊ သုံးတန် သမောမှတ်။
၃၄၅။ ဝတ်တင်းလင်းရှိ၊ သံဃာဒိ၊ သင့်ဘိ အန္တရာ။
၃၄၆။ ကျင့်ပြီးရက်တွင်း၊ ပျက်တုံလျှင်း၊ အရင်းငင်ဖို့ရာ။
၃၄၇။ အန္တရာပတ်၊ မဖုံးလတ်၊ မာနတ်မှာ ထည့်ပါ။
၃၄၈။ ဖုံးလွှမ်းခဲ့လျှင်း၊ မူလတွင်း၊ ပေါင်းသွင်းဩဓာနာ။
၃၄၉။ ရှည် တို ထွေလာ၊ အာပတ်အများ၊ ရှိငြားတစ်ထုံး၊ အရှည်ဆုံး၌၊ ပေါင်းရုံး၍သာ၊ ကျင့်ဆောင်ရာ၊ မှတ်ပါ အဂ္ဃတည်း။
၃၅၀။ မတူအမှု၊ ဝတ္ထုထွေပြား၊ အာပတ်များ၊ ပေါင်းငြား မိဿက။
၃၅၁။ ဖုံးလွှမ်းရက်ကို၊ သက်သက်မသိ၊ မမှတ်မိငြား၊ ယုံမှားရှိရာ၊ ကျင့်အပ်စွာ၊ သညာသုဒ္ဓန္တ။
၃၅၂။ စူဠ မဟာ၊ သုဒ္ဓန်မှာ၊ နှစ်ဖြာ အပြားရ။
၃၅၃။ အနိက္ခိတ္တ၊ နိက္ခိတ္တ၊ ပြားထ ဝတ်နှစ်မျိုး။
၃၅၄။ အနာရောစန သဟဝါသာ၊ ဝိပ္ပဝါ၊ သုံးဖြာဝတ်ပျက် ကြောင်း။
၃၅၅။ တိုက်တွင်းနေခါ၊ တိုက်လုံးသာ၊ ပြင်မှာတောင်ဆယ့်နှစ်။
၃၅၆။ ဒိဋ္ဌ သုတ၊ ရှိချေက၊ ဌာန မရွှေ့ခေတ်။
၃၅၇။ ရဟန်းနှင့်မူ၊ အမိုးတူ၊ အိပ်မူ သဟဖြစ်။
၃၅၈။ ပကတတ်ကင်းလျက်၊ အရုဏ်တက်၊ ဝတ်ပျက် ဝိပ္ပဝါသ ဖြစ်။
၃၅၉။ ဦနဂဏေ၊ ဒေဝသိက၊ သဟဝါသာ၊ ဝိပ္ပဝါ၊ လေးဖြာ မာနတ်၌။
သံဃာဒိသိသ်အာပတ်ကုစားနည်း အမြွက်ပြီး၏၊

------------