3445ဝိနယသံခိပ်လက်စွဲကျမ်း — ၂၇။ ဥပသမ္ဗဒကံလယ်တီဆရာတော်

ဝတ္ထုသမ္ဗတ္တိ

၃၇၇။ ဝတ် ဥတ် ကမ္မဝါ၊ သိမ် ပရိသာ၊ ငါးဖြာ သမ္ပတ္တိ။
၃၇၈။ ပဉ္စင်း မြောက်ရန်၊ အင် ငါးတန်၊ ပြန်လေ ဝိပတ္တိ။
၃၇၉။ ပဉ္စင်းလောင်းကို၊ ဝတ္ထုဆို၊ ထိုမှာ သံ ဝပ်ရှိ။
၃၈၀။ ဦနဝီသ၊ အန္တိမ၊ အဘဗ္ဗ၊ တစ်ဆယ့်တစ်။
၃၈၁။ ဆယ်သုံး ဝိပတ်၊ ကင်းစင်လတ်၊ အမြတ် သမ္ပတ္တိ။
၃၈၂။ သန္ဓေတည်နေ့၊ စတုံ၍၊ ပြေ့စေ ဝီသတိ။
၃၈၃။ ခုနှစ်လ ဖွား၊ ဆယ်လ ဖွား၊ ထင်ရှား လူဝယ်ရှိ။
၃၈၄။ ဖွား သက္ကရာဇ်၊ ဆယ့်ကိုးနှစ်မှ၊ ငါးလ နှစ်လ၊ စွန်းတုံက၊ ဂဗ္ဘဝီသပြည့်။
၃၈၅။ ရက်သုံးဆယ်လ၊ ဆယ့်နှစ်လ၊ ဝဿ အမှန်သိ။
၃၈၆။ ဆယ့်ကိုး နှစ်ကို၊ ခြောက်လ ပို၊ ဝါဆို ထပ်သည့်တွက်။
၃၈၇။ လေးလ မျှတုံ၊ ယုတ်လျော့ကုန်၊ မစုံ လ အတွက်။
၃၈၈။ ယုတ် ပိုညှိက၊ ကျန် သေသ၊ နှစ်လ ခြောက်ရက်တွက်။
၃၈၉။ သုံးလ စွန်းက၊ ခုနစ် လ၊ ဂဗ္ဘဝီသပြည့်။
ဝတ္ထုသမ္ပတ္တိပြီး၏၊

------------------

ဥတ္တိ အနုဿဝန သမ္ပတ္တိ

ဌာန် ကရိုဏ်း ပယတ်

၃၉၀။ ဝတ် သံ ပုဂ် ဉတ်၊ မသုံးသပ်၊ ဉတ်ကို နောက်မှထား။
၃၉၁။ ဉတ္တိဝိပတ်၊ အင်ငါးရပ်၊ သမ္ပတ် အပြန်ငါး။
၃၉၂။ ကမ္မဝါလဲ၊ ဉတ္တိနဲ၊ ခွဲလေ ဝိပ် သံ ငါး။
၃၉၃။ အက္ခရ ပဒံ၊ ယုတ်လျော့ ကျန်၊ ဆယ်တန် သဒ္ဒါမှား။
၃၉၄။ ကမ္မဝါမှာ၊ ကံပျက်ရာ၊ ဉတ်မှာ ထိုနည်းလား။
၃၉၅။ ရင် လည် အာ အာ၊ သွား နှုတ် နှာ၊ ဖြစ်ရာ ဌာန် ခုနစ်။
၃၉၆။ လျှာလယ် လျှာဖျား၊ နီး အပါး၊ ဌာန်အား ကရိုဏ်းလေး။
၃၉၇။ ဖွင့်ပိတ် ခိုက်ထိ၊ စဉ်းငယ်ထိ၊ ပြုဘိ ပယတ်လေး။
၃၉၈။ က ခ ဂ ဃ င၊ အ အာ ဟ၊ အဋ္ဌ လည်ချောင်းဖြစ်။

(ကဏ္ဍဇ ရှစ်လုံး)

၃၉၉။ စ ဆ ဇ စျ ဉ၊ ဣ ဤ ယ၊ အဋ္ဌ အာစောက်ဖြစ်။

(တာလုဇ ရှစ်လုံး)

၄၀၀။ ဋ ဌ ဍ ¡ ဏ၊ ရ နှင့် ဠ၊ သတ္တ အာခေါင်ဖြစ်။

(မုဒ္ဓဇ ခုနစ်လုံး)

၄၀၁။ တ ထ ဒ ဓ န၊ လ နှင့် သ၊ သတ္တ သွားမှာဖြစ်။

(ဒန္တဇ ခုနစ်လုံး)

၄၀၂။ ပ ဖ ဗ ဘ မ၊ ဥ ဦ မျှ၊ သတ္တ သွားမှာဖြစ်။

(ဩဋ္ဌဇ ခုနစ်လုံး)

၄၀၃။ ဝဂ္ဂန် ပဉ္စ၊ နိဂ္ဂဟိတ၊ ဆမှာ နှာခေါင်းဖြစ်။
၄၀၄။ လည် နှုတ် ဩ သာ၊ ဧ လည် အာ၊ ဝ မှာ သွား နှုတ်ဖြစ်။
၄၀၅။ ဝဂ္ဂန် ယ ရ လ ဝ၊ ယှဉ်သည့် ဟ၊ ဥရ ဌာန်၌ဖြစ်။
၄၀၆။ အာစောက် မဇ္ဈ၊ ခေါင် ပဂ္ဂ၊ ဒန္တ လျှာ ဖျား စပ်။
၄၀၇။ အ သံဝုဋ၊ ကြွင်း သရ၊ သ ဟ ဝိဝဋာ။
၄၀၈။ ဝဂ်မှာ ဖုဋ္ဌံ၊ ယ ဝ မှန်၊ ဤသံဖုဋ္ဌ သာ။
ဌာန် ကရိုဏ်း ပယတ်ပြီး၏၊

---------------

ဗျဉ္စနဗုဒ္ဓိ ဆယ်ပါး

၄၀၉။ လျော့ တင်း ရှည် တို၊ လေး ပေါ့ ဆို၊ ပိတ်သို လွှတ် စပ် ဖြတ်။
၄၁၀။ ပ တ သိထိ၊ ဝဂ်တွင်ရှိ၊ ဓနိ ဒု စ မှတ်။
၄၁၁။ ငါးလုံး ဒီဃ၊ သုံး ရဿ၊ ဂ လ နှစ် မည်တပ်။
၄၁၂။ သံယုပ် နိဂ္ဂဟိတ၊ နှောင်းပြန်က၊ ရဿ ဂရုမှတ်။
၄၁၃။ ဗိန္ဓုနိဂ္ဂဟိတ်၊ ခံတွင်းပိတ်၊ မပိတ် ဝိမုတ်မှတ်။
၄၁၄။ သမ္ဗန် သန္ဓိ၊ ပုဒ်ဖြတ် ဘိ၊ ဝဝတ္ထိတ မှတ်။
၄၁၅။ သိ ဓ နိဂ် ဝိ၊ ပြန်လှန်ဘိ၊ ပျက်၏ ဉတ် ကမ္မဝါ။
၄၁၆။ ဒီ ရသ် ဂ လံ၊ ဝဝတ် သံ၊ ကံကို မဖျက်ရာ။
သာဝနံ ဟာပေတိအရကို ပြဆိုချက်ပြီး၏၊

---------------

သိမ်

၄၁၇။ ကမ္မ ပတ္တ၊ မလာကြ၊ဆန္ဒ မဆောင်ဘိ။
၄၁၈။ မျက်မှောက်မြစ်တား၊ ဤသုံးပါး၊ ပျက်ငြား ဝိပတ္တိ။
၄၁၉။ နာနာ သံဝါသက၊ နှစ်မျိုးပြ၊ ကမ္မ လဒ္ဓိ ဒွိ။
၄၂၀။ ဥက္ခိတ် ကမ္မ၊ နုဝတ္တ၊ လဒ္ဓ နာနာ သိ။
၄၂၁။ မရှု မကု၊ မစွန့်မှု၊ သုံးခု ဥက္ခိတ်ရှိ။
၄၂၂။ အယူကြိုက်လတ်၊ ပကတတ်၊ အမြတ် သီလရှိ။
၄၂၃။ နာနာ သံဝါသက၊ အန္တိမ၊ အ ပကတက္ကသိ။
၄၂၄။ ထိုမှကြွင်းလတ်၊ ပကတတ်၊ အမြတ်သီလရှိ။
၄၂၅။ ငါးပါး ပကတတ်၊ ဂိုဏ်း ပြည့်လတ်၊ ကမ္မ ပတ္တသိ။
၄၂၆။ ဂိုဏ်း မပြည့်လာ၊ ဝိပတ် သာ၊ ပြည့်လာ သမ္ပတ္တိ။
၄၂၇။ ထိုမှ ကြွင်းထွေ၊ သိမ်တွင်းနေ၊ ထိုက်လေ ဆန္ဒ သာ။
၄၂၈။ ဆန္ဒ မလာ၊ ဝိပတ် သာ၊ လာလျှင် သမ္ပတ်ငြား။
၄၂၉။ မျက်မှောက် တားမြစ်၊ ဝိပတ်ဖြစ်၊ မမြစ် သမ္ပတ်ငြား။
ရဟန်းခံခန်း အမြွက်ပြီး၏၊

--------------