ဝဲရိုက်ဝဲသွင်း ဆုံးမစာ
by ဆီးဘန်းနီဆရာတော်
3514ဝဲရိုက်ဝဲသွင်း ဆုံးမစာဆီးဘန်းနီဆရာတော်

မှတ်တော်ယုံ၊ ဘုံသုံးဆက်၊ ပျက်ဖြစ်များ၊ တရားရှာ၊ နာအိုသေ၊ နေမလွတ်၊ ဝဋ်သံသာ၊ ချာချာရစ်၊ နစ်မွန်းဟန်၊ ဘန်ဘန်သား၊ များလှပြီ၊ ဤအခါ၊ သာနာဝင်း၊ တွင်းမှာကြုံ၊ စုံစုံမက်၊ မြိုင်နက်ခွင်၊ ဝင်အောင်ဆော်၊ ရောက်တော်မူ၊ နိဗ္ဗူမှန်း၊ စီးဖြန်းကြိုက်၊ စရိုက်သင့်၊ ကျင့်ဦးနော်၊ ဘော်မငဲ့၊ တကဲ့မင်း၊ မပျင်းလင့်။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။