သစ္စာတိုင် ဒွေးချိုးသဖြန်
ချစ်ခြင်းငယ်ပြိုင်၊
မြစ်မင်းပိုင် အဏ္ဏဝါက
ပြန်တစ်ရာကဲ (ပြန်မသာကဲ)။
ယွင်းစေဝသုန်၊
ငွေဝန်းသော်တာယုန်သို့ ၊
ကမ္ဘာကုန်ကျယ်သရွေ့ငယ်မှာ (ငယ်ကို)၊
ဘယ်မေ့လိမ့်မလဲ (ဘယ်မေ့လိမ့်လဲ)။ ။
မှတ်ချက်
- ရွှေဘိုမင်းလက်ထက် ပဲ့နင်းဦးနေဦး ရေးသားသည့် "ချစ်သမျှကို" သစ္စာတိုင် ပတ်ပျိုးကလေး (ဂီတဝိသောဓနီမူ) မှ ...
- ကွင်းအတွင်းရှိစာသားများမှာ ဦးပြုံးချို၏ မဟာဂီတပေါင်းချုပ်ကျမ်းမှ မူကွဲ ဖြစ်ပါသည်။ ရေးသူအမည် မပါရှိပါ။
- အနောက်နန်းမတော် မမြကလေး ရေးသားသည်ဟု သိရှိကြသော်လည်း ဂီတဝိသောဓနီမူအရဆိုလျှင် ရေးသားသူမှာ ပဲ့နင်း ဦးနေဦး ဖြစ်ပါသည်။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |