သန့်ရှင်းရေး
သင်ခန်းစာ (၂၉)
သန့်ရှင်းရေး
ပြင်ဆင်ရန်တံမြက်စည်းလှည်းသော ရဟန်းတော်လေး
ရှေးအခါက အလွန်သာယာသော တောအုပ်ထဲတွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရှိလေသည်။ ကျောင်းဝင်းထဲတွင် စေတီတစ်ဆူနှင့် ဗောဓိညောင်ပင်တစ်ပင်ရှိသည်။ အခြားသစ်ပင်များလည်း အလွန် များသဖြင့် ကျောင်းဝင်းထဲ၌ သစ်ရွက်အမှိုက်များ ပြန့်ကျဲရှုပ်ပွနေတတ်သည်။ ။
ကျောင်းရှိ ရဟန်းတော်များသည် သစ်ရွက်ကြွေများကို ရံဖန်ရံခါသာ တံမြက်စည်းလှည်းကြသည်။ ထို့ကြောင့် ကျောင်းဝင်းထဲ၌ အမှိုက်များကို နေ့စဉ် တွေ့ရှိနေရသည်။ တောအုပ်ထဲတွင် နေထိုင်သော နတ် များသည် တံမြက်စည်းမလှည်းကြသော ကျောင်းနေရဟန်းများကို မချစ်ခင် မကြည်ညိုကြပေ။
တစ်နေ့တွင် ထိုကျောင်းသို့ ရဟန်းငယ်တစ်ပါး ရောက်လာခဲ့သည်။ ရဟန်းငယ်လေးသည် မိုးလင်း သည်နှင့် တစ်ပြိုင်နက် ကျောင်းဝင်းတစ်ခုလုံးကို တံမြက်စည်းလှည်းသည်။ စေတီတော်ရင်ပြင်နှင့် ဗောဓိပင် ဝန်းကျင်ကိုလည်း သန့်ရှင်းရေးလုပ်သည်။
ထိုရဟန်းငယ် ရောက်လာပြီးနောက် တောကျောင်းလေးသည် သန့်ရှင်းသပ်ရပ်ပြီး ကြည်နူးစရာ ဖြစ်လာခဲ့သည်။ နတ်များသည်လည်း သန့်ရှင်းနေသော တောကျောင်းကို ကြည့်ပြီး နှစ်သက်ကျေနပ်နေကြသည်။ သူတို့သည် နေ့စဉ် တံမြက်စည်းလှည်းသော ရဟန်းငယ်ကို ချစ်ခင်ကြည်ညိုကာ ပန်းများဖြင့် ပူဇော်ခဲ့ကြသည်။
တံမြက်စည်းလှည်းရကျိုး
ပြင်ဆင်ရန်သူ့စိတ် ကိုယ့်စိတ်၊
ယိုဖိတ်ကြည်လင်။
နတ်တို့ ချစ်လျက်၊
နှစ်သက်ပျော်ရွှင်။
လှကြောင်း ကံနှင့်၊
နတ်ဖြစ်ဂုဏ်ရှင်။
တံမြက်လှည်း၊
ရမြဲကျိုးငါးအင်။ ။
သန့်ရှင်းရေး
ပြင်ဆင်ရန်အမှိုက်တစ်စ တွေ့ရှိက၊ ချက်ချင်းကောက်လိုက်ကြ။
သန့်ရှင်းကြမှ တို့ဝန်းကျင်၊ လှပရောဂါစင်။
မြင်မြင်သမျှ ကြည်လင်အေး၊ စုပေါင်းသန့်ရှင်းရေး။ ။