သန္ဓေချင်းမတူ တေးထပ်
by အချုပ်တန်း ဆရာဖေ

စလေဦးပုညအား တိုက်ခိုက်သော တေးထပ်ဖြစ်သည်။

3613သန္ဓေချင်းမတူ တေးထပ်အချုပ်တန်း ဆရာဖေ

ဇဇ္ဇန္ဒာ ဧဠ၊
စလေက ပုညံ၊
အခြေက ဂုဏ်ခံသော်၊
ပုံသဏ္ဌာန်ဆိုပြ၊
ကုသလ ဥပေက္ခာ၊
လူဖြစ်လာ သန္တီရဏ။

သန္ဓေချင်း မတူပါ၊
အယူမှာ ကွာလှ၊
နမူနာစာအရကိုတော့၊
ကမ္ဘာက အသိပါ၊
ဝိပါက်မှာ မဟာတပ်ပါလို့၊
လာကပ်တဲ့ မန်းမြို့ဆရာ။

သန္ဓေချင်း တာလောက်ကွာတယ်၊
ဝါမောက်ကာ ဆိုင်မတုချင်နဲ့၊
ပြိုင်ပြုက မနုဿဌာနီ၊
မုချကွာမည်၊
ဥက္ကဋ္ဌ အာဇာနည်ကို၊
စာပလီ ရေးလာနှင့်လေး။ ။


မှတ်ချက်

  • ဇဇ္ဇန္ဒာ ဧဠ - အမိဝမ်းတွင်းပါ ကိုယ်အင်္ဂါချို့တဲ့သူ
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။