သရအိုင်သာရီရိကစေတီတော် ကျောက်စာ

သရအိုင်သာရီရိကစေတီတော် ကျောက်စာ (သက္ကရာဇ် ၆၉၀)
by တုရင်ဖတြာ
3661သရအိုင်သာရီရိကစေတီတော် ကျောက်စာသက္ကရာဇ် ၆၉၀တုရင်ဖတြာ

၂၊၁၊၂၈၊၁။

ပြင်ဆင်ရန်
  • ...“ဖုန်မ္လတ်ကြိစွာ
  • .. ရာဇာပ္လုသော သရအိုင်သာရီရကစေတီနှိုက်
  • .ခာခပ်သိမ်လျှင် ထာဝရကံဖ္လစ်စိမ်ဟု တု
  • ရင်ဖတြာလှူသော ပိတောက်အနောက်ထန်၄၀၊”

[ဘုန်းမြတ်ကြီးစွာ .. ရာဇာပြုသော သရအိုင်သာရီရိက စေတီ၌ . ခါခပ်သိမ်းလျှင် ထာဝရကံဖြစ်စိမ့်ဟု တုရင် ဖတြာလှူသော ပိတောက်အနောက်ထန်း ၄ဝ။]

၂၊၁၊၂၈၊၂။

ပြင်ဆင်ရန်
  • ၁၃“ဤသိုဝ် အသည်တိုဝ်သတ္ထာရုယ် ပုရှာသ္ခိင်နှိုက်လှူသော
  • ၁၄ မဟာတန်ကိုဝ် အခာခပ်သိမ် အတည်ဖ္လစ်စိမ်ဟု”

[ဤသို့ အသည်တို့သဒ္ဓါ၍ ဘုရားသခင်၌လှူသော မဟာဒါန်ကို အခါခပ်သိမ်း အတည်ဖြစ်စိမ့်ဟု။]

၂၊၁၊၂၈၊၃။

ပြင်ဆင်ရန်
  • ၁၇“နောင်အခာနှိုက် ဖျက်ဆိရုယ်
  • ၁၈ အတုတ်အခွန် တောင်စရစ်သသူကာ မ္လေကြိကာအထက်ကိုဝ်ကာဩက်အဝီစီ
  • ၁၉ လျှင် ကျက်စေသတေ လါလေရရာ စာရာမသိ ဝတ်ရာမသိ ဆင်ငြဲကြီလျှင်တိုင်
  • ၂၀ ရုယ် ကိုဝ်အလုံ မ္လေကြီမျိုဝ်စေသတေ အကမ္ဘာ၂သပုရှာလေမဖူရစေသတေ၊
  • ၂၁ နောင်အစန်၂ မထိမထောင်စေ(တေ) အရေအရံ ယူရစ်သသူတိုဝ်သည်ကာ၊
  • ၂၂ အက္လိုဝ်ထပ်တု ရစပါစေသတေ လူ ဖ္လစ်သောလေ လုချင်မတူသော
  • ၂၃ နတ်ဖ္လစ်သောလေ နတ်ချင်မတုသော သတ္တွာဖ္လစ်သောလေသတ္တွာချင်
  • ၂၄ မတုသော ဆင်ငြယ်မဲသောကိုဝ်အဖ္လစ်သည် ဖ္လစ်စေသတေ
  • ၂၅ အဆုံသကိုဝ်အဖ္လစ်နှိုက္က်ာ နိပ္ပန်ချံသာလျှင် ရစေသတေ၊”

[နောင်အခါ၌ ဖျက်ဆီး၍ အတုတ်အခွန် တောင်းစားရစ် သသူကား မြေကြီးကားအထက် ကိုယ်ကားအောက် အဝီစိလျှင် ကျက်စေသတည်း။ လားလေရာရာ စားရာ မသိ ဝတ်ရာမသိ ဆင်းရဲကြီးလျှင်တိုင်၍ ကိုယ်အလုံး မြေကြီး မျိုစေသတည်း။ အကမ္ဘာဘာသောဘုရား လည်း မဖူးရစေသတည်း။ နောင်အစဉ်စဉ် မထိ မထောင်းစေတည်း။ အရေးအရံ ယူရစ်သသူတို့သည် ကား အကျိုးထပ်တူ ရစပါစေသတည်း။ လူဖြစ်သော လည်း လူချင်းမတူသော၊ နတ်ဖြစ်သောလည်း နတ် ချင်းမတူသော၊ သတ္တဝါဖြစ်သောလည်း သတ္တဝါ ချင်းမတူသော၊ ဆင်းရဲမဲ့သော ... ကိုယ်အဖြစ်သည် ဖြစ်စေသတည်း။ အဆုံးသောကိုယ်အဖြစ်၌ကား နိဗ္ဗာန် ချမ်းသာလျှင် ရစေသတည်း။]


  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.