သီတင်းကျွတ်လဘွဲ့ လေးချိုး

သီတင်းကျွတ်လဘွဲ့
by ဦးပြုံးချို
3886သီတင်းကျွတ်လဘွဲ့ဦးပြုံးချို

ဆီမီးငယ်တဲ့ ထိန်ထိန်
အိုင်မင်း ရေကြည်က
ကြားငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။

အသဝနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။

ဂါရေဝ
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ် နှိုးကြတယ်
မျိုးမြန်မာ့တိုင်း။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။