သီပေါမင်းသားမှ ထိပ်စုဘုရားလတ်ထံပေး တေးထပ် (၂)

သီပေါမင်းသားမှ ထိပ်စုဘုရားလတ်ထံပေး တေးထပ် (၂)
by သီပေါမင်း
3891သီပေါမင်းသားမှ ထိပ်စုဘုရားလတ်ထံပေး တေးထပ် (၂)သီပေါမင်း

ဘုံတစ်ပင် နန်းမြင့်မှ၊
စန်းတစ်ပွင့်သင်္ခါ၊
နွမ်းသဖြင့် တင်ပါမယ်၊
မင်္ဂလာရှိန်ကြွေ့။
ဥကင်သ ကျက်သရေကို
သက်သေစေဘုန်းဖြင့်မမေ့။

ထီးဖြူဖွင့် သစ္စာကိုမူမယ်၊
ချစ်ရှာသူယနေ့။
မေတ္တာတူ ပူလေ့က
ကူဖြည့်လို့ကြံပါ။
စောသီတာ ဆင်းကြာကြွငယ်နှင့်၊
မင်းရာမ ထုံးသို့မကွာ။

ခင်းဇာလှ အုံးညာမှာ၊
ဘုန်းနှစ်ဖြာတူနီးဖို့၊
ဖြူထီးတော်ဖွင့်ပါစေ၊
လောင်းပညောင်ရေ။
အောင်ရင်ဖြင့် ရဝိဆွေငယ်၊
တဘိသေ ခံပွဲပလေး။ ။

(၎င်းသံထောက်)

သစ်မကွာ ပွေပွေဆွေးသူမို့၊
ချစ်စရာရွှေရေမွှေးကဲ့သို့၊
ပြေပြေကလေး ကြူလိုက်မယ်။

မကြံတတ်ပြီဟု၊
စံရပ်ကယ် နွယ်လာက၊
ကယ်စရာ အမှုနီးပါပေါ့၊
ချီးမြှင့်မဲ့ရွယ်။

ဆွေးဘဝင် အနန္တဟာမို့၊
အရေးရှင် ကြံသမျှငယ်လို့၊
ယမံက ခ,ပါတယ်၊
စ,လယ်ထိ တိုင် သနား။

မြေဆိုမြေ၊
လက်ခုပ်တွင် ပမာရေသို့၊
သေလိုသေ သွေမမုန်းပါဘူးရယ်၊
ဘုန်းဘုန်းသနား။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။