သီလဝီမံသဇာတ် -၂
ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်
၂။ သီလဝီမံသဇာတ်
ဗဟုသုတပညာထက် သီလကမြတ်ခြင်းအကြောင်း
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သီလံ သေယျော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသီလဝီမံသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သီလကို စုံစမ်းသော တစ်ယောက်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု... မင်းသည် ဤပုဏ္ဏားကား သီလနှင့် ပြည့်စုံ ၏ဟု ထိုပုဏ္ဏားကို တစ်ပါးကုန်သော ပုဏ္ဏားတို့ထက် မြတ်သည်ကိုပြု၍ ကြည့်၏။ ထိုပုဏ္ဏားသည် မင်းကား သီလနှင့်ပြည့်စုံ၏ဟု ငါ့ကို တစ်ပါးသော ပုဏ္ဏားတို့ထက် မြတ်သည်ကို ပြု၍ ကြည့်သလော၊ ထိုသို့မဟုတ်မူ အကြားအမြင်ကို ဆောင်ခြင်းနှင့် ယှဉ်၏ဟူ၍ ငါ့ကို တစ်ပါးသော ပုဏ္ဏားတို့ထက် မြတ်သည်ကိုပြု၍ ကြည့်သလော၊ သီလ၏ လည်းကောင်း၊ အကြားအမြင်၏ လည်းကောင်း မြတ်သောအဖြစ်ကို စုံစမ်းဦးအံ့ ဟု ကြံ၏။ ကြံပြီး၍ တစ်နေ့သ၌ ရွှေပန်းထိမ်သည်၏ အထံမှ အသပြာကိုယူ၏။ ရွှေပန်းထိမ်သည်လည်း အလေးအမြတ် ပြုအပ်သည်၏ အဖြစ်ကြောင့် တစ်စုံတစ်ခုသော စကားကိုမဆို၊ နှစ်ကြိမ်ယူသော်လည်း တစ်စုံတစ်ခုသော စကားကိုမဆို၊ သုံးကြိမ်မြောက်၌ကား လုယက်၍ စားသူတည်း ဟု ဖမ်းယူစေ၍ မင်းအား ပြ၏။
ဗဟုသုတထက် သီလမြတ်ကြောင်း
ပုဏ္ဏားသည် အဘယ်ကို ပြုသနည်း ဟု မေးသည်ရှိသော် ဥစ္စာကို လုယက်၏ ဟု ဆို၏။ ပုဏ္ဏား... မှန်သလော ဟု မေးသည်ရှိသော် မြတ်သောမင်းကြီး... အကျွန်ုပ်သည် ဥစ္စာကို မလုယက်၊ အကျွန်ုပ်အားကား သီလသည်တည်း မြတ်သလော, အကြားအမြင်သည်တည်း မြတ်သလောဟု ကုက္ကုစ္စသည်ဖြစ်၏။ ထိုအကျွန်ုပ်သည် သီလ, အကြားအမြင်၊ ဤနှစ်ပါးတို့တွင် အဘယ်သည်လျှင် မြတ်သနည်း ဟု စုံစမ်းလို၍ သုံးကြိမ် အသပြာကို ယူ၏။ ထိုအကျွန်ုပ်ကို ရွှေပန်းထိမ်သည်သည် နှောင်ဖွဲ့၍ အရှင်မင်းကြီးတို့အား ပြ၏။ ယခု အကျွန်ုပ်သည် အကြား အမြင်ထက် သီလ၏ မြတ်သည်၏အဖြစ်ကို သိအပ်ပြီ၊ အကျွန်ုပ်အား အိမ်၌နေခြင်းဖြင့် အလိုမရှိ၊ အကျွန်ုပ်သည် ရဟန်းပြုအံ့ ဟု ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ အိမ်တံခါးကို မကြည့်မူ၍လျှင် ဇေတဝန် ကျောင်းတော်သို့ သွားပြီး၍ မြတ်စွာဘုရားအား ရဟန်းအဖြစ်ကို တောင်း၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏားအား သာမဏေအဖြစ် ပဉ္စင်းအဖြစ်ကို ပေးတော်မူ၏။ ထိုပုဏ္ဏားသည် ပဉ္စင်းဖြစ်၍ မကြမြင့်မီ ဝိပဿနာကို ပွားစေ၍ အရဟတ္တဖိုလ်၌ တည်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ဤမည်သော ပုဏ္ဏားသည် မိမိ၏သီလကို စုံစမ်း၍ ရဟန်း ပြု၍ ဝိပဿနာကို စီးဖြန်း၍ အရဟတ္တဖိုလ်၌ တည်၏ ဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ ဤပုဏ္ဏားသည်သာလျှင် သီလကိုစုံစမ်း၍ ရဟန်း ပြု၍ မိမိ၏တည်ရာကို ပြုသည်မဟုတ်သေး၊ ရှေး၌ ပညာရှိတို့သည်လည်း သီလကို စုံစမ်း၍ ရဟန်းပြု၍ မိမိ၏ တည်ရာကို ပြုဖူးကုန်သလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်သင်၍ ဗာရာဏသီပြည်သို့လာ၍ မင်းကို ဖူးမြင်၏။ မင်းသည် ဘုရားလောင်းအား ပုရောဟိတ်အရာကို ပေး၏။ ဘုရားလောင်းသည် ပဉ္စသီတို့ကို စောင့်ရှောက်၏။ မင်းသည်လည်း ဘုရားလောင်းကို သီလရှိသော သူတည်းဟု အလေးအမြတ်ပြု၍ ကြည့်၏။ ဘုရားလောင်းသည်ကား သီလနှင့် ပြည့်စုံ၏ဟု ငါ့ကို ကြည့်သလော၊ ထိုသို့မဟုတ်မူ အကြားအမြင်ကို ဆောင်ခြင်းနှင့်ယှဉ်သော သူတည်းဟု အလေးအမြတ်ပြု၍ ငါ့ကို ကြည့်သလော ဟု ကြံ၏။ အလုံးစုံသော စကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသည်သာလျှင် ဖြစ်၏။
သီလ မွန်မြတ်ပုံ
ဤသီလဝီမံသဇာတ်၌ကား ပုဏ္ဏားသည် ယခု အကျွန်ုပ်သည် အကြားအမြင်ထက် သီလ၏ မြတ်သောအဖြစ်ကို သိအပ်ပြီဟု ဆို၍ -
ဣတိ မေ သံသယော အဟု။
သီသမေဝ သုတာ သေယျော၊
ဣတိ မေ နတ္ထိ သံသယော။</d>
သီလေန အနုပေတဿ၊ သုတေနတ္ထော န ဝိဇ္ဇတိ၊
တေ ပရိစ္စဇ္ဇုဘော လောကေ၊ ဥပပဇ္ဇန္တိ ဒုဂ္ဂတိံ။
ဣဓ ဓမ္မံ စရိတွာန၊ ဘဝန္တိ တိဒိဝေ သမာ။
သကဉ္စ သီလံ သံသုဒ္ဓံ၊ သမ္ပရာယာယ သုခါယ စ။
ဟူသော ဤငါးဂါထာတို့ကို ဆို၏။
၆၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်အား။ သီလံ၊ သီလသည်တည်း။ သေယျော၊ မြတ်သလော။ သုတံ၊ သုတသည်တည်း။ သေယျော၊ မြတ်သလော။ ဣတိ၊ ဤသို့။ သံသယော၊ ယုံမှားခြင်းသည်။ အဟု၊ ဖြစ်၏။ ဣဒါနိ၊ ယခုအခါ၌။ သီလမေဝ၊ သီလသည်လျှင်။ သုတာ၊ အကြား အမြင်ထက်။ သေယျော၊ မြတ်၏။ ဣတိ၊ ဤသို့။ မေ၊ အကျွန်ုပ်သည်။ ဉာတော၊ သိအပ်ပြီ။ မေ၊ အကျွန်ုပ်အား။ သံသယော၊ ယုံမှားခြင်းသည်။ နတ္ထိ၊ မရှိ။
သီလမရှိ အသုံးမဝင်
၆၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇာတိ စ၊ အမျိုးသည်လည်းကောင်း။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ မောဃာ၊ အကျိုးမရှိကုန်။ သီလမေဝ၊ သီလသာလျှင်။ ဥတ္တမံ ကိရ၊ မြတ်သတတ်။ သီလေန၊ သီလနှင့်။ အနုပေတဿ၊ မပြည့်စုံသောသူအား။ သုတေန၊ အကြားအမြင်ဖြင့်။ အတ္ထော၊ အကျိုးသည်။ န ဝိဇ္ဇတိ၊ မရှိ။
၆၇။ အဓမ္မဋ္ဌော၊ တရားနှင့်မပြည့်စုံသော။ ခတ္တိယော စ၊ မင်းလည်းကောင်း။ အဓမ္မနိဿိတော၊ အဓမ္မကို မှီသော။ ဝေဿော စ၊ ကုန်သည်လည်းကောင်း။ တေ ဥဘော၊ ထို နှစ်ယောက်ကုန်သော သူတို့သည်။ လောကေ၊ လူ့ပြည် နတ်ပြည်တို့ကို။ ပရိစ္စဇ္ဇ၊ စွန့်ကုန်၍။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိ၌။ ဥပပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
သီလရှိမူ အတူတူ
၆၈။ ခတ္တိယာ စ၊ မင်းတို့သည်လည်းကောင်း။ ဗြာဟ္မဏာ စ၊ ပုဏ္ဏားတို့သည်လည်းကောင်း။ ဝေဿာ စ၊ ကုန်သည်တို့သည်လည်းကောင်း။ သုဒ္ဓါ စ၊ သူဆင်းရဲတို့သည်လည်းကောင်း။ စဏ္ဍာလ ပက္ကုသာစ၊ သူသေကောင်ကို စွန့်သော စဏ္ဍာလ, ပန်းမှိုက်သွန်မျိုးတို့သည်လည်းကောင်း။ ဧဝံ၊ ဤသို့။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။ ဓမ္မံ၊ တရားကို။ စရိတွာန၊ ကျင့်၍။ တိဒိဝေ၊ နတ် ပြည်၌။ သမာ၊ တူကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။
နောင်ဘဝတွက်သာ သီလသာ
၆၉။ ဝေဒါ၊ ဗေဒင်တို့သည်။ သမ္ပရာယာယ၊ တမ လွန်၌ စည်းစိမ်ချမ်းသာ ပေးခြင်းငှာ။ န ဟောန္တိ၊ မဖြစ်ကုန်။ ဇာတိပိ၊ အမျိုးတို့သည်လည်း။ သမ္ပရာယာယ၊ တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို ပေးခြင်းငှာ။ န ဟောန္တိ၊ မဖြစ်ကုန်။ ဗန္ဓဝါပိ၊ အဆွေအမျိုးတို့သည်လည်း။ သမ္ပရာယာယ၊ တမလွန်၌ စည်းစိမ်ချမ်းသာကို ပေးခြင်းငှာ။ န ဟောန္တိ၊ မဖြစ်ကုန်။ သံသုဒ္ဓံ၊ စင်ကြယ်သော။ သကဉ္စ သီလံ၊ မိမိသီလသည်သာလျှင်။ သမ္ပရာယာယ သုခါယ၊ တမလွန်၌ ဖြစ်သော ချမ်းသာအကျိုးငှာ ဟောတိ စ၊ ဖြစ်သလျှင်ကတည်း။
ဤသို့ ဘုရားလောင်းသည် သီလကျေးဇူးတို့ကို ချီးမွမ်း၍ မင်းကိုပြော၍ ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ ထိုနေ့၌လျှင် ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။
ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သီလကို စုံစမ်းသော ရသေ့ရဟန်းပြုသော ပုဏ္ဏားဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။
ဗဟုသုတ၊ မြောက်များစွာ့၊ သီလ ထို့ထက်သာ
နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သီလဝီမံသဇာတ်သည် ပြီး၏။
*****