သူကြွယ်ငစွေသင်ဘုရားကြီး ကျောက်စာ
၁၊၂၊၁၀၇၊၁။
၅ ...“ဤကျွန် ၅ယောက်ကို
၆ ဝ် ပုရှာကိုဝ်ငာလှူသော ပုရှာကြီကိုဝ် လုပ်က္လုည် လုပ်က္လုည်စိယ်
၇ သော က္လောင်အစုတ်လေ အတွင်လေ ဖာစိယ်သော”
[ဤကျွန် ၅ယောက်ကို ဘုရားကို ငါလှူသော၊ ဘုရားကြီး ကို လုပ်ကျွေးစေသော၊ ကျောင်းအစုတ်လည်း အတွင်း လည်း ဖာစေသော။]
၁၊၂၊၁၀၇၊၂။
၁၀“ဤငာပ္လုသ ကောင်မှုကီုဝ် ဖျက်သသူကာ လိယ်
၁၁ သောင် မ္လိယ်ပုံလုံမျှ ကြုမ်မကလျှင် အဝစိယ်မည်သောငာရဲကြိတွင်
၁၂ ကျက်စိယ်သတေ အကမ္ဘာ ၂သော ပုရှာလေ မဖူစိယ်သတေ စာခ္လင်
၁၃ လျက် မစာရတတ် သောက်ခ္လင်လျက် မသောက်ရတတ်ပုရှာတကာ
၁၄ ကာ မခ္လွတ်နိုင် ၆ ပြိတ္တာကြီလျှင် ဖ္လစ်စိယ်သတေ”
[ဤငါပြုသော ကောင်းမှုကို ဖျက်သသူကား လေးသောင်း မြေပုံလုံးမျှကျုံးမကလျှင် အဝီစိမည်သော ငရဲကြီးတွင် ကျက်စေသတည်း။ အကမ္ဘာဘာသော ဘုရားလည်း မဖူးစေသတည်း။ စားချင်လျက်မစားရတတ်၊ သောက် ချင်လျက် မသောက်ရတတ်၊ ဘုရားတကာကာ မချွတ်နိုင်သော ပြိတ္တာကြီးလျှင် ဖြစ်စေသတည်း။]
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |