သံသရာစက်ဝဲ-ချီ တေးထပ်
by စလေ ဦးပုည
4054သံသရာစက်ဝဲ-ချီ တေးထပ်စလေ ဦးပုည

သံသရာ စက်ဝဲ၊ လက်ခနဲ သူ့မှာ။
မျက်နှာလွဲ ပြုရှာ၊ ကရုဏာ မပွား။

အို ချင့်ပ ဆိုသင့်ပါတယ်၊
ကိုယ်ပင့်ဟာ ကောင်းရော့သလား။

လူညှိတ်မှ ကူနှိပ်ပြန်၊
သူဗိမ္မာန် စိတ်ထား၊
ဖြူနိပ်ဟန် ရိပ်ဖွားက၊
ထိတ်မလား ချောက်ပြန်၊
ဘဝဟာ အရပ်သားဟာမို့၊
သတ်မလား ကြောက်ရတဲ့ကံ။

မှောက်သွားဟဲ့ ယောက်ျားမှန်၊
ထောက်ထားဉာဏ် ချိန်ညှိလို့၊
ကလိန်စိ ငြမ်းတန်တန်၊
ကမ်းသတ်လို့ ကြံ၊
လမ်းဖြတ်ဘို့ စမ်းသပ်ပြန်တယ်၊
နန်းရပ်ဉာဏ် လက်တန်းထင့်လေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။