သြဝါဒလင်္ကာရဓမ္မကထာ (သက္ကရာဇ် ၁၂၃၇)
by ပထမရွှေကျင်ဆရာတော်ဘုရားကြီး
4057သြဝါဒလင်္ကာရဓမ္မကထာသက္ကရာဇ် ၁၂၃၇ပထမရွှေကျင်ဆရာတော်ဘုရားကြီး

သံသရာသရဒ် ရေအစုတ်ဝယ်၊ မြော်မြုတ်နစ်မွန်း လူတဝန်းနှင့်၊ ရဟန်း သူတော်မြတ်တို့ပဋိပတ် မယိမ်း၊ ကျင့်ထိမ်းမြဲမြံ့၊ ချိုးချန်စောင့်ရှောက်၊ ဆောက်တည်တော်မူသဖြင့် ပါရဂူကမ်းခြေ၊ မြိုက်နန်း မြေသို့ မသွေမနှောင့်။ဖြောင့်ဖြောင့်ရောက်လွယ် ကြစေခြင်းငှါ၊ ရွှေကျင် ဆရာတော်ဘုရား ရေးသား သေချာ၊ ဆုမ္မရာ ဆုမ္မကြောင်း၊ ကောင်းမြတ်သော ဩဝါဒါလင်္ကာရဓမ္မကထာကျမ်း။ 

ရန်ကုန်မြို့ ရတနာပုံသတင်းစာတိုက်။ 
သက္ကရာဇ် ၁၂၃၇ခု တပေါင်းလ ဆရာဝှပ်ပုံနှိပ်သည်။ 
RANGOON: Printed at the BRITISH BURMA NEWS PRESS. 
ebook is created by www.Shan Yoma.Org

(သျှမ်းရိုးမအွန်လိုင်းစာကြည့်တိုက် www.ShanYoma.Org)

မူရင်းစာအုပ်အတိုင်း စာလုံးပေါင်း သတ်ပုံများကို ပြင်ဆင်ခြင်းမရှိပဲ ကွန်ပျူတာစာစီ ရိုက်နှိပ်ထားပါသည်။ 

 သြဝါဒလင်္ကာရဓမ္မကထာ 

ပထမရွှေကျင်ဆရာတော်ဘုရားကြီး 

ဇေယျတု။ ။သမ္ဗုဒ္ဓေါမေသီသေဋ္ဌာတု။ ဓမ္မောသံဃောအနုတ္တရော။ ဣစ္ဆိတောမေသီဃံ ယာတု။ သံကထာနုဘာဝကော။ ။ပဏာမောယံ။ ။သာဝဇ္ဇေပဋိသေဓေန္တော၊ အနဝဇ္ဇေ နိယောဇကော။ ဘူသောစရတိ သိဿာနံ။ အတ္တံအာစရိယောတတော။ ဤသို့သော ဗျူပ္ပတ်, ဝစနတ်ဂါထာ, လာသည်နှင့်အညီ, မကောင်းမြစ်တာ, ကောင်းရာတိုက်တွန်း, ညွှန်းပြသည်ဖြစ်၍, သိဿကတို့၏အကျိုးငှာသာ, ကောင်းစွာကျင့်ဆောင်တတ်သောကြောင့် အာစရိယ, နွတ္ထသညာ, ရွှေကျင်တိုက်တပည့်နာယကဆရာသည်, ဂရသေစနေ, လာပေသည့်ဓာတ်နက်အရ။ ။ 

အတ္တလေဏာနသိဿာနံ။ မေတ္တာဒကေနသိဉ္စတိ။ တေ ဟိ ဝါ တေနသိဉ္စိတ္တော။ ဂုရုဝုစ္စတိသော တတော။ ။ဟူသောဂါထာနှင့်အညီ။ ၎င်းရွှေကျင်တိုက်တပည့်အပေါင်းတို့ကလည်း, ငါတို့ဆရာ ချမ်းသာပါစေကြောင်း, သွန်းလောင်းကြအပ်သော, မေတ္တာရှိကြသည်အားလျော်စွာ, ယင်းတပည့်တို့အား, သနားခြင်းမေတ္တာ ကရုဏာသည်, အခါခါတိုက်တွန်း နှိုးဆော်အပ်သည်ဖြစ်၍။ ။ 

ဟိမဝန္တေမဟာသာလေ၊ မဟာမေဃောဝ သဒ္ဓမ္မော၊ သောဘေတိသာသနေသန္တေ၊ ဝဍ္ဎေုန္တော သံ၀ရာဒိကေ။ ။မိန့်ပေသည် ဂါထာနှင့်အညီ, ဆောင်းဥတုရာသီအပြောင်း, တပေါင်းတန်းခူး, မင်းလွင်မြူး၍, မိုဃ်းဦးနီးသည့်အခါ, ဟိမဝန္တာ, မဟာဂနိုင်, မြိုင်ညိုကြီး၏အတွင်း, အင်ကြင်းပင်ကြီးတို့၏အတက်, တခဲနက်တက်၍ရွာသော, အာကာလမိုဃ်းကြီးသည်, ယင်းအင်ကြင်းပင်ကြီးတို့၌, ရွက်ရော်ရွက်ရောင်း, ရွက်မကောင်းတို့ကို, တပေါင်းတည်းကြွေကျစေလျက်, စိမ်းညိုနီရွှေ, ရွက်နုတွေမြိုင်မြိုင်, ပွင့်ဖူးတွေအဆိုင်ဆိုင်, ပန်းရနံ့တကြိုင်ကြိုင်နှင့်, ယင်းဟေဝန္တာမြိုင်အလုံးကို, အံ့ခြီး၍မဆုံးနိုင်ဘွယ်, တပေါင်းတည်း တင့်တယ်စေသဉ့်ပမာ, သတ္တဝါတို့ ဓမ္မတာ, ဘဝအဆက်ဆက်သံသရာက, ရှည်လျားစွာ ခံစားဟောင်း, ကာမဂုဏ်သောင်းပြောင်း, ကိလေညှီရွက်ရောင်း, ရွက်မကောင်းတို့ကို, တပေါင်းတည်းကြွေကျစေပြီးခါ, ထူးမြတ်လှစွာ, အဓိသီလသိက္ခာတည်းဟူသော ရွက်သစ်ရွက်နုတို့ကို, လျင်မြန်စွာနုစေ၍, သမာဓိဝိပဿနာ တည်းဟူသော, ပွင့်ဖူးတွေအတန်တန်, ဝိမုတ္တိမဂ်ဉာဏ်တည်းဟူသော, ပွင့်ချပ်တွေအဖုံဖုံ, သောင်းဇမ္ဗူတုန်ဂမန်း, ကျော်လွှမ်း၍ တက်သည့်သတင်းဂုဏ်တည်း ဟူသော ပန်းရနံ့တို့ဖြင့်, တပျံ့ပျံ့မွှေးကြိုင်စေလျက်, သာသနာတော်တည်းဟူသော, ဟိမဝန္တာမြိုင်ခြေဝယ်, အသွယ် သွယ်သောသူတော်ကောင်း ရဟန်းတည်းဟူသော အင်ကြင်းပင်ကြီးတို့ကို, အံ့ခြီး၍ မဆုံးနိုင် ဘွယ်, အလွန်တင့်တယ်စေနိုင်သော ဘုရားရှင်၏ဒုလ္လဘဒေသနာ, သြဝါဒဓမ္မကထာဖြင့်, မင်းလှရွာအရှေ့တောင်, မြစ်တဘက်ဝါးရုံချောင်, နွားလံတောင်ခေါ်ဆို, မြိုင်ညိုရစ်သမ်း, တောင်သုံးလုံးခါးပန်း, တောစခန်းဌာန, ဝိဟာရမှ, သိဿကတပည့်ပေါင်းတို့အား, အသွယ်သွယ်သောစကားတို့ဖြင့်, မှာထားဆုမ္မလိုက်လိုသည်ဖြစ်၍, ဤဆိုလတ္တံ့သည်ကား, ယင်း သြဝါဒကထာ မာတိကာနိဒါန်းတဉ်း။ 

 ပီယေဟိဝိပ္ပယောဂသောကသလ္လဝိဓမနကထာ, 
 သံဝရသီလကထာ, 
 ဘဿာရာမတာဒိ ပဟာနကထာ, 
 သဗြဟ္မစာရီသုဂါရဝကထာ, 
 သဗြဟ္မစာရီသုမေတ္တာပုပ္ပင်္ဂမအရဏဝိဟာရကထာ, 
 သေဝိတဗ္ဗမိတ္တအင်္ဂကထာ, 
 သဗြဟ္မစာရီသုပဋိသန္ဓာရေဂါရဝတာကထာ, 
 ဝတ္တာနုဝတ္တပူရဏကထာ, 
 သဗြဟ္မစာရီနံသော ဝစ္စဿတာကထာ, 
 နာယကအင်္ဂါကထာ, 
 လာဘသက္ကာရသိလောကဿာဒနိဂ္ဂဟကထာ, 
 ကာမာနံအာဒိနဝဒဿနကထာ, 
 အပ္ပမာဒဝိဟာရကထာ, 
 သဗ္ဗသင်္ဂါဟိက သင်္ခေပကထာ ဤသို့အားဖြင့် တဆယ့်ငါးပါးသောသြဝါဒကထာ, မာတိကာနိဒါန်းထား၍, မှာ ကြားဆုမ္မလိုက်သတည်း။ ။

ယင်းတဆယ့်ငါးပါးတို့တွင်, အစည်အတိုင်း, ရှေးဦးစွာသော, ပီယေဟိဝိပ္ပယောဂသောကသလ္လဝိဓမနကထာ၌။ ။
အနမတဂ္ဂေါယံ  ဘိက္ခဝေ, သံသာရော။ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ။ ပ ။ဧတဒေဝ ဘိက္ခဝေ ဗဟုတရံ, ယံ ဝါ ဝေါ ဣမိနာ ဒီဃေန အဒ္ဓုနာ သန္ဓာဝတံ သံသရတံ အမနာပသမ္ပယောဂါ မနာပဝိပ္ပယောဂါ ကန္ဒန္တာနံ ရောဒန္တာနံ  အဿုပဿန္နံ ပဂ္ဃရိတံ, ယံ ဝါ စတူသု မဟာသမုဒ္ဒေသု ဥဒက"န္တိ။ ။

ပါဠိတော်အရ, သုံးလောကလူအလုံး, ကရုံးကရင်း, ဆင်းကြသူ, စုန်ကြသူ, လူဖြစ်ချည်, နတ် ဖြစ်ချည်, အတည်မဲ့မျိုး, အစိုးမရ, ရှေးဝိပါက်ကံချရာ, ဘယ်ကိုမှမရှောင်သာ, ယောရုဝနှင့် ကာလသုတ်, တာပန္နနှင့်ဘင်ပုပ်, ဥဿဒ္ဒရက်နှင့်သိန်းဇိုး, လောဟကုမ္ဘီကြေးဒယ်အိုး, အဝိစိ တိုင်ငုတ်၍လျှိုး, ငရဲမျိုးပြိတ္တာဘုံ, ဂေါဏကုက္ကူရအဖုံဖုံ, ဆင်းရဲမျိုးစုံစံစားလျက်, ငိုရည်ငိုရဉ်, တကြည်ကြည်ခံစား၍, အားမရနိုင်ကြရှာ, အဝိဇ္ဇာနှင့်တဏှာဆွဲငင်ရာ, စမထင်သံသရာတွင်,

အခါခါ ကြင်လည်ကြကုန်သောသတ္တဝါတို့ဓမ္မတာ။ ။

ပုတ္တမတ္ထိဓနမတ္ထိ။ ဣတိဗာလောဝိ ဟညတိ။ အတ္တာပိအတ္တနောနတ္ထိ။ ကုတောပုတ္တောကုတောဓနံ။ ။အမိန့်တော်အတန်တန်ကိုမျှ, မနာခံနိုင်ကြဘဲ, မယှံမယှံကန္တွတီတိမယှကော, မယှငှက်သဘောလို, သက္ကာရဒိဋ္ဌိဝင်နှောက်

နှော၍, ငါ၏သားသော, ငါ၏သမီးသော, သူ့ဟာသော, ငါ့ဟာနှယ်, အသွယ်သွယ်ရောင်ရမ်း, သန္နိပါတ်ရောဂါလွှမ်း၍, ငမ်းဘမ်းသောသူ၏ပမာ, အဝိဇ္ဇာနှင့်တဏှာဘမ်းထား, ညာဏ်မျက်စိ မှောက်မှားသဖြင့်, များမကြာသေကြရလိမ့်မည်, ဘယ်ဟာတခုမှအတည်မကျ, အရည်မရ, ဆို သည့်အနေများကို, လားလားမှ နှစ်လုံးမထား, ငါးကာမုံအာရုံကြားတွင်, ရယ်ဟားရယ်ဟား, ပျော်ပါးမြူးတူး, ရူးယစ်၍နေကြသည့်အတွင်း, အနတ္တညွှတ်ကွင်းနှင့်, သေမင်းယမရာဇ်, မီးထုပ်ကြီးပစ်ခါမှ, ဘိဇ္ဇနဓမ္မောဘိဇ္ဇတိ, ဝိပရိဏာမသဘောအတိုင်း, ချစ်လှသည့်သား, ချစ်မယား လင်, ချစ်ခင်ဆရာ, ချစ်သိဿာဟူ, ချစ်သူညာတက, ချစ်လှဗန္ဓဝါ, ချစ်ဥစ္စာတို့နှင့်, သီခေါင်ဝေးစွာ, တရွာတကျောင်း, ပြောင်းသွားကွေကွင်း, သေခြင်းမလှ, သေကြသည့်အခါ, နာနာဘာဝ, ဝိဘာဝကြောင့်, ပီယေဟိ ဝိပ္ပယောဂ, သောကငြောင့်ကြီး, ဒေါမနဿမီးကြီး, ညီးညီးပြောင်ပြောင်, ခြစ်ခြစ်ပူလောင်, ဂျွန်းထောင်၍ ထိုးမတတ်, မရပ်နိုင်မတည်နိုင်, တမှိုင် မှိုင်တတွေတွေ, ရေစာမဝင်, ကိုယ်လက်ကိုမျှ မသုတ်သင်ချင်, ခေါင်းဆံပင်ကိုမျှ မဖီးမလိမ်းချင် အရူးပင်တပိုင်းဖြစ်ခမန်း, ကြောက်ရမှန်း, ရှက်ရမှန်းကိုမျှမသိ, ပရိဒေဝမီး, တောင်ကြီးနှယ် ဘိစီး၍, ရင်ဘတ်ကိုအားကုန်တီးလျက်, ငိုခြင်းကြီးငိုကြရာ, ရိုစီး၍ထွက်လှာသောမျက်ရည်ကို မယူပယ်ထား, နောက်ပိတ်ဆုံး ထွက်လှာသည့်မျက်ရည်ကြည်များ အပေါင်းသည်ပင်လျှင်, သမု ဒ္ဓယာလေးစင်းထက်မက, အလွန်များလှသည်သာဟု, သုံးလုထိပ်တင်, ဘုရားရှင်မိန့်တော်မူ

သည်များကို, သံဝိဂ္ဂသတိထားကြသည်ဖြစ်၍။ 

ယာဝဉ္စိဒံ ဘိက္ခဝေ, သဗ္ဗသင်္ခါရေသု အလမေ၀ နိဗ္ဗိန္ဒိတုံ, အလံဝိရဇ္ဇိတုံ၊ အလံဝိမုစ္စိတုံ။ ။

ပါဠိတော်ကြေးမှုံအတိုင်းတစုံတရာ, ချစ်လှစွာသောမိဘတို့နှင့်ကင်းကွာ, ဆရာတို့နှင့်ကွေကွင်း, တပည့်ရင်းတို့နှင့်ကွဲပြား, ဆွေမျိုးများ ပျက်စီးခြင်းစသော ပီယေဟိဝိပ္ပယောဂဒုက္ခများနှင့်တွေ့ ကြုံကြသည့်အခါ ဘဝအဆက်ဆက်ငါခံစား၍, အားမရနိုင်သောချမ်းသာဟူသည်, ဤသည်ပင် တည်းဟု, နိဗ္ဗိန္ဒညာဏ်ဖြင့်သာ, ငြီးငွေ့ဘွယ်ကို, ကောင်းစွာရှုကြကုန်လျက်, ယင်းသို့သောပီယေ ဟိဝိပ္ပယောဂထွက်များကြောင့်, တုန်လှုတ်ချောက်ခြား, စိတ်လျော့ပါးခြင်းသို့မရောက်စေဘဲ, ကျွဲကော်လို့, ခြုံပေါ်သို့ကျပေသည်, ဆိုဘိသည်ပမာ။ ။အကုသလောဓမ္မော ကုသလဿဓမ္မဿ ဥပနိဿယပစ္စယေနပစ္စယော၊ ဟောတော်မူအပ်သည့်အတိုင်း။ ယင်းပီယေဟိဝိပ္ပယောဂ သောကကိုပင်, ဝိပဿနာတင်၍, ဤယခုငါတွင်, ထင်ရှားဖြစ်လှာသော, နှစ်လုံးပူပန်ခြင်းဟူ သည်, သောကပင်တည်း။ ယင်းသောကဟူသည်, ဒေါသပင်တည်း။ ယင်းဒေါသဟူသည်, အ ပါယ်ဘုံသို့ချဆောင်တတ်သော အကုသိုလ်တရားတည်း။ ဤဒေါသသည်, ဒေါသမူစိတ်နှင့်တကွ ဖြစ်၏။ အယောနိသော, နှစ်လုံးသွင်းမချောခြင်းကြောင့်ဖြစ်၏။ သတ္တသညာ၊ ဇီဝသညာ၊ နိစ္စ သညာကြောင့်ဖြစ်၏။ ဟဒယဝတ္ထု၊ နှစ်လုံးသွေးစုထဲတွင်၊ အထူးကြည်လင်သော၊ သွေးအရပ် ကမ္မဇမဟာဘုတ်ကိုမှီ၍ဖြစ်၏။ ယင်းကမ္မဇမဟာဘုတ်၌ ရူပါရုံအစရှိသော ဥပါဒါရုပ်တို့သဉ် မှီ၍ ဖြစ်ကြကုန်၏။ ယင်းကမ္မဇမဟာဘုတ် ဥပါဒါရုပ်တို့နှင့်တကွ, စိတ္တဇရုပ်ဥတုဇရုပ်အာဟာရဇရုပ် တို့သဉ်လည်း, တပြိုင်နက်တည်းဖြစ်ကြကုန်၏။ ဤရုပ်အစုတို့သဉ်၎င်း, ယင်းသောကနှင့်သမ္ပ ယုတ်ဒေါသမူစိတ္တုပ္ပါဒ်သည်၎င်း၊ ဤခန္ဓာငါးပါးရုပ်နံတရားတို့သည်, ဤယခုမျက်စိတမှိတ်အ တွင်း၌ပင်လျှင်, အကြိမ်ပေါင်းအသောင်းမက, ဖြစ်၍ဖြစ်၍ပျက်စီး၍ပျက်စီး၍နေတတ်သော ကြောင့်, မမြဲရကား။ အနိစ္စအနိစ္စ။ ထိုသို့ဖြစ်ချည်ပျက်ချည်, အတည်မကျ, ခံနေရသောကြောင့် ဆင်းရဲရကား, ဒုက္ခဒုက္ခ။ ထိုသို့မဖြစ်မပျက်ရအောင် ဆီးမနိုင်တားမရသည်ဖြစ်၍, အစိုးမရ အနတ္တအနတ္တသာတည်းဟု, ဝိပဿနာရှုရလျှင်, သမ္မသနဉာဏ်အစရှိသော ဝိပဿနာညာဏ်ထင် သဖြင့်, မဂ်ဖိုလ်ပေါက်လောက်အောင်ပင်, အကျိုးမြင်စရာနည်းနာရှိသည်ဖြစ်၍, ယင်းသို့ သော သဘောရှိသော ပီယေဟိဝိပ္ပယောဂသောကဖြစ်လှာတိုင်း ဖြစ်လှာတိုင်း, ယခင်နည်းဝိပဿနာတင်၍, များစွာသောဝိပဿနာဇောအစည်တို့ကိုသာဖြစ်စေလျက်, ယင်းပီယေဟိဝိပ္ပ ယောဂဒုက္ခအတွက်, ဒေါမနဿဝင်ဖျက်, စိတ်ပျက်လက်လျော့မရှိစေရ, အားထုတ်မြဲတိုင်း

သောပရိယတ်ပဋိပတ်တရားတို့ကိုသာ, မြဲမြံစွာအားထုတ်နေထိုင်ကြရမည့်အကြောင်းများနှင့်, ရှေးဦးစွာ ပဋ္ဌမစကား, မှာကြားဆုမ္မလိုက်သည်တရပ်။ 

သည်မှတပါး သံဝရသီလကထာ၌လည်း။ ။
ပါတိမောက္ခံ ဝိသောဓေန္တော, အပ္ပေ၀

ဇီဝိတံဇဟေ, ပညတ္တံလောကနာထေန, နဘိန္ဒေသီလသံဝရံ။ ။ကျမ်းဂန်လာရှိသည့်အတိုင်း။ ။ သကုန္တောဝကိကီအန္ဓံ။ ဝါဠံဝစာမရီမဂေါ။ စဇန္တော ဇီဝိတံ ကာယံ။ သံဝရံ သံဝရေ မုနိ။ ။လာဘိသည့်ဂါထာမသွေ, နေ့ရက်ရှဉ်ကြာသန္ဓေဆောင်ထား, မွေးဘွားရသော မိမိ၏ဥတစ်လုံး တွက်, အသက်ကို အသေခံဝံ့သောယစ်မ, ထူးမြတ်လှအဘိုးတန်, ဝိသေသမြီးဆံကြောင့်, ပုပ် ညှီနံကိုယ်ကာယတွက်, သေဘေးကိုမငဲ့ကွက်သည့်စာမရီတို့ကို, အလီလီရှုကြပြီးခါ, ဘိုးမတန် သည့်ပုပ်နံညှီဟောင်, ဤအကောင်ကိုယ်ကာယတွက်, အဘိုးအနဃ်သံဝရသီလကြီး, ပျက်စီး ဆုတ်ယုတ်ကြောင်း, အလွန်မကောင်းသော, ကုလဒုသနအနေသနမိစ္ဆာဇီဝများကို, ပြုမှားမိ၍

မရှိကြရအောင်။ ။
ကိစ္စိနုခေါ မေ အတ္တာသီလတော။ နဥပဝဒတီတိပဗ္ဗဇိတေနအဘိဏှံပစ္စဝေက္ခိ

တဗ္ဗံ။ ။အမိန့်တော်ဒေသနာသံကို, နာခံရသည့်အတိုင်း, ပါပိစ္ဆမဟိစ္ဆအယုတ်တရားဖျက်ဆီး ၍, မိမိကိုယ်ကို အာပတ်ကြီးငယ်များနှင့် စွတ်စွဲပူပန်မရှိရအောင်။ ။ကိစ္စိနုခေါမံ သဗြဟ္မစာရီ သီလတောနဥပဝဒန္တီတိအဘိဏှံပစ္စဝေက္ခိတဗ္ဗံ။ ။ထပ်မံ၍ အမိန့်တော်ထုတ်ပြန်တော်မူသော, ဘုရားရှင်၏, ဗျင်္ဂျတ္ထဒေသကာဓိပ္ပါယကိုလည်း, ဂမ္ဘီရညာဏ်သွားနှင့်, များများကြီးသဘောကျ အောင်, သတိဆောင်ကြပြီးလျှင်၊ မိမိကိုယ်၌ပင်၊ အာပတ်ကြီးငယ်များနှင့်, မထင်မမြင်သော် လည်း, လူရှင်အများ, ယုံမှားစွတ်စွဲစရာမိစ္ဆာဇီဝအနီးအပါး စကားပြောဆို, အာပတ္တိသာမန္တကို

မရှောင်ကြည်မိသော့ကြောင့်၎င်း, သူတပါးတို့, သို့လောသို့လော, တွေးတောစရာ, ရဟန်းအဘော်မပါဘဲ, မြို့တွင်းရွာတွင်းမျက်နှာဂုဏ်သိန်, အရှိန်ကြီးရာ, ရာဇရာဇမဟာမတ္တစသောသူတို့ ထံ, သွားလာဝင်ထွက်ဖန်များသောကြောင့်၎င်း ယင်းသို့သောဒါယကာတို့၌, စတုကမျတာ, မုဂ္ဂသုပျတာ, သုခသံဘာသာ, ဝိယဘဏိတတာ, မှိတပုပ္ပင်္ဂမတာစသော, မိစ္ဆာဇီဝအယုတ်တရား များနှင့်, သူတပါးတို့စွတ်စွဲပြောဆိုခံရတတ်ခြင်း, မျက်ကွယ်အတင်း, အဖျင်းပြောသူများ၍, မကောင်းသတင်းပျံ့နှံ့တတ်ခြင်း, အပြစ်အာဒိနဝများကို, များများကြီးသတိထားကြကုန်သည် ဖြစ်၍, လူရှင်အများတို့, ယုံမှားမကင်းစရာ, မျက်နှာဂုဏ်သိန်, အရှိန်ကြီးသော, ရဟန်းဒါယကာ, ရာဇရာဇမဟာမတ္တတို့ထံ, အန္တောနဂရ, အန္တောပူရသို့ သွားလာဝင်ထွက်ကြသည့်အခါ, တယောက်ထီးထီး မသွားမလာ, ပူရေသမဏ ပစ္ဆာသမဏ အဘော်များနှင့်သာ, သွားလာမိကြအောင်, ရှေးဆရာဆုမ္မသြဝါဒပေးဘူးသည်အတိုင်း, မသွေမလှန်မြဲမြံစွာစောင့်ရှောက်နေထိုင်, မစောင့်စည်းနိုင်ဘောက်ပြန်သူတို့ကို ဒဏ်နွံနာအောင်ပေး၍, ယင်းသို့သော ပရူပဝါဒဘေးကြီးမှ ဝေးဝေးကြီးလွတ်ကြရအောင်, သတိအထူးဆောင်ကြရမည့်အကြောင်းများနှင့်, နှစ်ကြိမ်မြောက် ဒုတိယစကား, သြဝါဒပေးထားလိုက်သည်တရပ်။ 

သည်မှတပါး, ဘဿာရာ မတာဒိပဟာနကထာ၌လည်း။ ။ပဉ္စိမေဘိက္ခဝေအာဒိနဝါ

ဗဟုဘာဏိနော။ ကတမေပဉ္စမုသံဘဏတိ။ ပိသုဏံဘဏတိ။ သမ္ဘံဘဏတိ။ သံမုဠောကာလံက ရောတိ။ ကာယဿဘေဒါပရမ္မရဏာဒုဂ္ဂတိံဝိနိပါတံ။ နိရိယံဥပပဇ္ဇတိ။ ။ပါဠိတော်အရ, စကားများခြင်း၌, အမှားပါတတ်ခြင်း, သူအများလည်း မကြည်ညိုစရာ, ပေသုညသိက္ခာပုဒ် ဖြင့်လည်း, အာပတ်သင့်စရာအကြောင်းဖြစ်သောချောပြစ်ကုန်းတိုက်သောစကားကိုလဉ်းပြော ကြားမိတတ်ခြင်း, အကျိုးမရှိနိရတ္တကဖြစ်သော စကားပေါင်းစကားရောင်းတို့ကို ပြောကြားမိ တတ်ခြင်း, တွေတွေဝေေ၀သေရတတ်ခြင်း, သေသဉ်မှနောက်ငရဲဘုံသို့ရောက်ရခြင်း, အပြစ် ငါးပါးရှိသည်ဟု ဟောတော်မူသည်များကို, များများကြီးသတိထားကြကုန်သဖြင့်၎င်း, ။သန္နိပတိတာနံဝေါဘိက္ခဝေဒွယံကရဏိယံဓမ္မိဝါကထာ။ တုဏှီဘာဝေါဝါ။ ။ပါဠိတော်လာတိုင်း, တစုံတခုသောအရပ်ဌာန၌, အကြောင်းအားလျော်စွာ, သုံးပါးလေးပါးစသည်သင်္ဃာစုမိကြသည့်အ ခါ, အကျိုးမရှိနိရတ္တက, စကားများကို, မပြောကြားမိစေရ။ ပြောကြားလိုလျှင် တရားစကား ကိုသာ ပြောကြားမိစေရမဉ်။ ဟောတော်မူသောအမိန့်တော်ကို, ထိပ်ပေါ်သံမှိုနှက်နှစ်လုံးထား ကြကုန်သဖြင့်၎င်း။ ။နိဒ္ဒံတန္တွိံဝိဇမ္ဘိတံ။ အရတိံဘတ္တသမ္မဒံ။ တံဝေပသဟတိမာရော။ ဝါတော ရုက္ခံဝဒုဗ္ဗလံ။ ။မိန့်ခွန်းတော်သံနှင့်အညီ, အနှစ်တွေအကုန်ထွက်၍, ခေါင်သက်အူနာကျယ် လှသောဒုဗ္ဗလသစ်ပင်ကို, မုန်တိုင်းဝင်၍တိုက်လွှင့်သည့်ပမာ, သမာဓိတရားပျောက်ပျက်, အ ဖျင်းတရားနှိပ်စက်, ဝိရိယတရားလက်လွတ်, ဖျင်းသွတ်၍နေသောသူကို, ကာမတဏှာ, ကိလေ သာမုန်တိုင်းကြီး တိုက်လှဲ၍, အဝိစိငရဲကြီးတိုင်အောင် လွှင့်ဆောင်တတ်သဉ်ဟု, သေကာဓိပ္ပါယ လာသည်များကို, များများကြီးသတိထားကြကုန်သဖြင့်၎င်း။ ။

ဝနမက္ကဋလောလဿနစိတ္တဿဝသံဝဇေ။ ။ပါဠိတော်အတိုင်း, တောမျောက်ရိုင်းမသွေ, ဣန္ဒြေချွတ်ချော်, အနေမ တော်, အဆိုမလျော်, အသရော်အဖျင်း, ကောက်ကရစကားကိုပွဲကျင်း, အဖျင်းတွေဝိုင်းဖွဲ့, ချင်းတို့ချင်းခနိုးခနဲ့, ပြောလိုရာဆိုလိုရာ, ရောခါရောင်ခါ, ခမ်းချောင်ကြားမှာ, စားခါအိပ်ခါ ကာလများလျက်, သကျပုတ္တသမဏသညာတရားများကို နှလုံးမထား, ရွာသူရွာသားငယ်များတို့ ခဲသို့, သွားတဖြဲဖြဲ, စကားကိုဘရဘွာကြဲပြော, ကျယ်လောင်စွာ ရယ်မော, တသောသောတ ဟားဟား, မီးလှုံလို၍, လူပုံကြားကို ဝင်လိုဝင်, ချက်လားပြုတ်လား, ငါးပိယူခဲ့လား, ဆားယူ ခဲ့လား, စားရေးသောံခမ်းကိုစီရင်လိုစီရင်, လက်ဘက်ရဉ်အိုးတပြင်ပြင်, ဆွမ်းစည်ဆွမ်းစား, နဝကမ္မအမှုများနှင့်သာ, ကာလကုန်သွားသည်ဖြစ်၍, ကာလောဃသတိဘူတာနိ, ပါဠိအရ, ကာလကိုလူကမစား, လူကိုသာကာလစား၍, ဘဿာရာမတာ, ကမ္မာရာမတာ, နိဒ္ဒါရာမတာ, ပရိ ဟာနိယအယုတ်တရားအားမကြီးကြရအောင်, ဆိုအပ်ခဲ့ပြီးသော သူတပါးတို့မကြည်ညိုဘွယ်, ဂုဏ်ကြက်သရေ ညှိုးငယ်စရာ, မတော်သည့်ဣန္ဒြေအမူအရာများကို, မဖြစ်စေရအောင်, သူတော်အများကြည်ညိုဘွယ်ကို ဆောင်၍, ကောင်းမွန်စွာ ဣန္ဒြေကြီးမား၊ စကားနည်းပါးသဖြင့်, ပရိယတ်ပဋိပတ်တရားများကို, များများကြီးအားထုတ်မိကြရအောင်, တိုက်အုပ်တိုက်ကြပ်ဆ

ရာကြီးတို့က, မပြတ်မလပ်ကြပ်မကြည့်ရှုနှိုးဆော်အားထုတ်နေထိုင်ကြရမည်အကြောင်းများနှင့်, သုံးကြိမ်မြောက်သြဝါဒစကားမှာထားဆုမ္မလိုက်သည်တရပ်။ 

သည်မှတပါး ခန္တီသံဝရကထာ၌လည်း။ ။ပဉ္စိမေဘိက္ခဝေအက္ခန္တိယာ အာဒိနဝါ။ ကတ

မေပဉ္စ။ ဗဟုနောဇနဿအပ္ပိယောဟောတိ။ အမနာပေါ။ ဝေရဗဟုလောစဟောတိ။ ဝဇ္ဇဗဟု လောစဟောတိ။ သံမုဠောကာလံကရောတိ။ ကာယဿဘေဒါပရမ္မရဏဒုဂ္ဂတိံဝိနိပါတံနိရိယံဥပပဇ္ဇတိ။ ။ပါဠိတော်အရ, သည်းမခံခြင်း၌ လူတကာမုန်းတတ်ခြင်း, ရန်သူများခြင်း, အမှားကို ပြုမိပြောဆိုမိတတ်ခြင်း, တွေဝေသဖြင့် သေရတတ်ခြင်း, သေသည်မှနောက်ငရဲဘုံသို့ရောက်

တတ်ခြင်း, အပြစ်ငါးပါးရှိသည်များကို, သတိထားကြကုန်သည်ဖြစ်၍၎င်း။ ။

ခမာခဂ္ဂကရေ တဿ။ ဒုဇ္ဇနော ကိံကရိဿတိ။ အတိဏေပတိတောဝဟ္နိ။ သီဃသောဝူပသမ္မတိ။ ။ပါဠိ အရ, လောင်စာမရှိသောအရပ်၌, ကျရောက်သောမီး၏ပမာ, သည်းခံခြင်းဟူသောသံလျက် လက်စွဲ၍, ရဲရဲနေသောသူအား, မသူတော်တို့၏, ဒေါသမီးမလောင်နိုင်ဟုကျမ်းဂန်လာသည် များကို၎င်း။ ။

သုက္ကသုနာနဝေမဇ္ဈေ။ ဒဏ္ဍဂါဟံပလာယနံ။ ဘူသောသုနာဝဘုက္ကန္တိ။ဒေါသောဒေါသံသုဒုဿတိ။ ။ဟူသောဂါထာဖြင့်, သုက္ကသုနာနံ၊ တအူအူဟောင်တတ်ကုန်သော အရပ်ခွေးတို့၏။ ဝေမဇ္ဈေ၊ အလယ်၌။ ဝါ၊ အလယ်ကြားသို့။ ဒဏ္ဍဂါဟံ၊ တုတ်လက်နက်စွဲသည် ဖြစ်၍။ ပလာယနံ၊ ပြေးသွားသောသူကို။ သုနာ၊ အရပ်ခွေးတို့သည်။ ဘူသော၊ လွန်စွာ။ ဘုက္က န္တိဣဝ၊ ဟောင်ချင်တတ်ကုန်သခဲ့သို့။ ဒေါသံ၊ အပြစ်မှားတတ်သောသူကို။ ဒေါသော၊ ပြစ်မှားတတ်သောသူအပေါင်းသည်။ သုဒုဿတိ၊ အလွန်ပြစ်မှားချင်တတ်၏။။ ဤသို့မိန့်အပ်သော အနက်အဓိပ္ပါယ်များကို၎င်း၊ နှစ်လုံးထားမိကြကုန်သဉ်ဖြစ်၍, သွာကာရဒွါကာရ၊ သုဇန ဒုဇ္ဇန, ပဏ္ဍိတဗာလ, ပုဂ္ဂိုလ်မျိုးစုံ, သင်္ဃာပုံပရိဿတ်အရပ်ထဲတွင် ဒေါသတုတ်စွဲ၍, အရပ်နေဗာလတို့ဆဲမဲဟိန်းဟောင်ချင်စရာမနေမိကြရအောင်။ 

ဝဏ္ဏိယမှိအဇ္စူပဂတောတိ၊ ပဗ္ဗဇိတေ နအဘိဏှံပစ္စဝေက္ခိတဗ္ဗံ။ ဟောတော်မူသဉ့်အတိုင်း, ငါသဉ် လူခြင်းမတူ, အမူကွဲလွဲ, ဦးပြဲခေါင်းတုံး, လူထဲ၌ အသုံးမကျစရာ, အရေမရ, အနေမလှဖြစ်ချေပြီတကားဟု, ဒေါသမာန်ကို, မသိမ်းထားဘဲလျက်, ငှက်တစ်တယ်တူးကောင်သည်, တစ်တယ်တူးတစ်တယ်တူးနှင့်, နားစူး

အောင်မြည်လှသောကြောင့် နှုတ်သီးဦးဖျားကို ဖြတ်လှီး၍ထားရာ, ပဂီဂလာပီဂလာနှင့်, ရှေး ထက်ပင်သာလွန်ကြူး၍, စွစ်စွယ်စူးစွစ်စွယ်စူးမြဉ်ပြန်သဉ်ဆိုဘိသည့်ပမာ, ဦးပြဲဂုဏ်သာလွန်ကဲ ၍, ကပ္ပီကာရကတို့ကို မောင်းမဲလိုမောင်းမဲ, သူတော်ငယ်လူကလေးများကို ရိုက်နှက်အော်အင်, သင်္ဃာကြီးငယ်များကို, နှုတ်သီးတစူစူနှင့်, လူမြင်တိုင်း မုန်းစရာမနေမိကြရအောင်, ဒေါသမာန်ကို လှီး၍, သည်းခံခြင်းတည်းဟူသော သမဏခွန်အားနှင့်, များများကြီးပြည့်စုံကြရ အောင်, ငါသာငါ့ပြင်, ငါမမြင်ဟု, ဒရင်တဆူပြုမိမူ, ထိုသူသူ့အောက်, နေ့ခြင်းရောက်လိမ့်ဟူ သောပေါရာဏပဏ္ဍိတစကားများကိုလည်း သတိထားကြကုန်သည်ဖြစ်၍, အစွယ်ကျိုးသောမြွေ, ဥဂြိုကျိုးသော နွား၏အလား, သင်္ဃာတော်မြတ်များကို ကြောက်ရွန့်ရိုသေသဖြင့်, ဘုရားတပည့် သာရိပုတ္တရာနေပါကြောင်းနှင့်, ကောင်းမွန်စွာဘုရားရှင်ထံ, ဝန်ခံလျှောံထားသော အရှင်သာရိပုတ္တရာမထေရ်၏, သင်္ဃာတို့၌ကျင့်သောနည်းများကို, ကြည်ညိုမြတ်နိုးအတုခိုးကြကုန်သဖြင့်,

သင်္ဃာတော်ပုံကြား၌, ဒေါသတည်းဟူသောမြွေစွယ်တမြှားမြှား, မာနတည်းဟူသော ဥဂြိုတမားမားနှင့်, မနေမိကြရအောင်။

ကောဓံ၊ အမျက်ထွက်သောသူကို။ အကောဓေန၊ မိမိ က အမျက်မ

ထွက်မှ။ ဇိနေ၊ အောင်၏။ ။ ဟောတော်မူသည့်အတိုင်း, မြွေပွေးတို့၏ရှူးရှူးမြည်၍, လူကို

ချောက်တတ်ခြင်းသည်, ထိုလူတို့ကိုရန်အောင်ကြောင်း မဟုတ်, ထိုလူတို့ကသာ မြွေဆိုးမှန်း ရိတ်မိ၍, သိသိကျေရိုက်နှက်ခံရစရာအကြောင်းသာဖြစ်သည်များကို, ထောက်ထားကြသဖြင့်, ရန်မထောင်မှ ရန်အောင်မည်, ရန်ထောင်ရန်လှောင်မိတတ်သဉ်, ရန်မလိုမှရန်ပြိုမည်, ရန်လို ရန်ပိုတတ်လှသည်ဆိုသည့်အတိုင်း နှစ်လုံးသွင်းကြကုန်သဉ်ဖြစ်၍, ပရိဿတ်သင်္ဃာဘောင်တွင် မိမိစိတ်ယုတ်မာကို လူသိရအောင်, ဒေါသပါးပြင်းထောင်၍, မာန်စောင်တရှူးရှူးနှင့်မနေမိကြရအောင်, ဒေါသဟူသည်မြွေဆိပ်တောက်။ ။ ပညာဟူသည် ဆေးဖြင့်လှောက်, ဆိုဘိသည့် အတိုင်း, မတော်တဆဖြစ်ပေါ်လှာသော, ဒေါသမြွေဆိပ်ကို, အကျိုးအကြောင်း, ကောင်းစွာ ဆင်ခြင်, သိမြင်သောပညာဖြင့်, နာနာနှိပ်နိုင်, သိမ်းနိုင်ကြအောင်, အထူးသတိဆောင်ကြရမည် အကြောင်းများနှင့်, လေးကြိမ်မြောက်သြဝါဒစကား, တရားရေဧတိုက်ကျွေးဆုမ္မလိုက်သည် တရပ်။ 

သဗြဟ္မစာရီသုဂါရဝတာကထာ၌လည်း။ ။ပဉ္စဟိဘိက္ခဝေဓမ္မေဟိသမ္မနာဂတော

အဘဗ္ဗောဣမသ္မိံဓမ္မဝိနယေဝုဍ္ဎိုံဝိရုဠိံဝေပုလ္လံအာပဇ္ဇိတုံ။ ကတမေဟိပဉ္စဟိ။ အသဒ္ဓေါဘိက္ခဝေဘိ က္ခု။ အဂါရဝေါအပတိသော။ အဘဗ္ဗော။ ပ ။အဟိရိကော။ အနောတ္တပ္ပီ။ ကုသိတော။ ဒုပ္ပညော အဂါရဝေါအပတိသောအဘဗ္ဗောဣမသ္မိံဓမ္မဝိနယေဝုဍ္ဎိုံဝိရုဠိံဝေပုလ္လအာပဇ္ဇိတုံ။ ဣမေဟိခေါဘိ က္ခဝေ။ ပ ။အာပဇ္ဇိတုံ။ ။ဒေသနာတော်ကြာဝတ်မှုံကို, မြဲမြံစွာ ပန်ဆင်ထုံကြပြီးခါ, ၎င်းဒေသနာတော်အရ, သီတင်းသုံးဘော်, သမဂ္ဂသင်္ဃာဆရာသမားတို့၌, မရိုမသေ မထေလေးစား ပြုမှားကျင့်မှားမိသောသူတို့သည်, ဤသာသနာတော်၌, အများကြည်ညိုဘွယ်, ကြက်သရေ ဂုဏ်ရောင်များနှင့်မကြီးပွားနိုင်, နွားစားငုတ်တိုဆိုသည့်သစ်ပင်များခဲ့သို့, ဂုဏ်ကြက်သရေ, အခက်အရွက်, မပေါက်မပေါ်, ရဟန်းစောမနံ, ရဟန်းပုံဟန်နှင့်ဝေး, လူမြင်တိုင်းတို့၏တံတွေး ပေါက်ဖြစ်၍နေတတ်သည်ဟု, ဗျင်္ဂျတ္တဓိပ္ပါယကို ကောင်းစွာလှလှ, နေရာကျကျ နှစ်လုံးသွင်းကြ ကုန်သည်ဖြစ်၍, သီတင်းကြီးပုဂ္ဂိုလ်တို့ ရှေ့ထံပါး, လက်အုပ်ချီလျက် ကိုယ်ကိုညွှတ်တွားပြား ပြားဝပ်၍ သွားလာခြင်းစသော ကာယကံဂါရဝ, ဦးထိပ်ရွက်ပါသည်ဘုရားစသည်ဖြင့်, စကား ဟူသမျှ၌, ပါဟူသောစကားလုံးနှင့်တကွ, အရိုအသေလျှောက်ထားလေ့ရှိခြင်း ဝစီကံဂါရဝ, အရိုအသေလက်အုပ်ချီလျက် အရိုအသေလျှောက်ထားခြင်း ကာယကံ ဝစီကံဂါရဝတရားများနှင့် ပြည့်စုံကြအောင်, သလေးစပါးနှံသဉ်အဆန်မရှိခင်, ထောင်၍နေသော်လဉ်း, အဆန်ပြဉ့်သော ကာလ အဆန်ပြည့်လေလေ အောက်သို့ညွှတ်လေလေ ဖြစ်သခဲ့သို့, ရှေးရှေးငယ်ခါ, ဗဟုသုတ လိမ္မာရေးရာ ပညာမရှိကြမှီကထက်, ဗဟုသုတလိမ္မာရေးရာ, ပညာဂုဏ်ရှိကြသည့်အခါတို့၌ လည်း, ဗဟုသုတဂုဏ်အားကြီးလေလေ, သူတပါးတို့အောက်ရိုသေညွှတ်တွားခြင်း ဂါရဝတရား အားကြီးလေလေ ဖြစ်အောင်, ပြုစရာကောင်းလှပေသဉ်ဟု, နှစ်လုံးထားမိကြအောင်, ဤ လောက၌လှလှပြောင်ပြောင် ဝတ်စားရအောင်, ဥစ္စာကိုဆင်းရဲစွာရှာဖွေလုပ်ဆောင်သောသူတို့ သည်, ဥစ္စာများလေတိုင်း များလေတိုင်း, ဥစ္စာရှိကျိုးနတ်အောင် အဝတ်အစားလှလှပြောင် ပြောင်ဝတ်စားသခဲ့သို့, ဆရာသ္မားတို့တရားစကားကြားဘူးနားဝဗဟုသုတ, ကျမ်းဂန်သင်ကြား ဘူးသည့်, ဗဟုသုတဥစ္စာများလေလေ, ယင်းဗဟုသုတဥစ္စာ၏အကျိုးဖြစ်သော, သက္ကစ္စ, ဂါရ၀ သပတိသ၊ စသော သူတော်ကောင်း အမူအရာအရောင်တောက်လေလေ ဖြစ်ကြရအောင်, လိမ္မာရေးရာ ပညာဂုဏ်, ဗဟုသုတဂုဏ်ရှိကြသူပုထုဇန်သာမံကိုမဆိုထား, အာသဝေါကင်းစင် သည့်, ဗဟုသုတမဟာပညဝန္တ၊ ရဟန္တာသခင်အရှင်များသည်ပင် မိမိထက် သိက္ခာတနာရီမျှကြီး သူ, အပ္ပသုတပုထုဇန်ရဟန်းအားသော်လည်း, ရှိခိုးဝပ်ချပြုရသေးသည်များကို ထောက်သဖြင့် မပြောလောက်သည့်, ပုထဇန်ဗဟုသုတပညာဂုဏ်အနည်းငယ်မျှနှင့်, ရဟန္တာအရှင်ထက်, ဂုဏ်ရောင်ထ၍, နေဘိသည့်အလား, မိမိထက်သိက္ခာဝါ တမနက်တရက်စသည်ကြီးသောပုဂ္ဂိုလ်များ ၌သော်လည်း, နဖူးမြေကျ ဝပ်ချရှိခိုး မပြုနိုင်ဘဲ, မရှိကြရအောင်, များများကြီးသတိဆောင်ကြ ရမဉ်အကြောင်း, အဂါရဝအခြင်းအရာ, အထက်မထေရ်ကြီးများတို့, အနီးအပါးတင်ပြင်ခွေ, ဆောင့်ချောင့်ထိုင်ဒူးထောင်၊ ပေါင်ကား၊ အလျားမှောက်၊ ခြေကိုဆင်း, အင်းသော အိမ်းသော, အဂါရဝ၊ အမူအရာများကို, မဖြစ်စေမိကြရအောင်, မိမိအောက်ငယ်သောသူတို့အားသော် လည်း, ကာမဘောဂီလူတို့ခဲ့သို့, နင်၊ ဟယ်၊ မင်း၊ ငါ၊ စသည်ခေါ်ဝေါ်ပြောဆို လူငယ်တို့က, မရို သေနှိုင်ချင်စရာ, အဂါရဝအမူအရာတို့ကို, မဖြစ်ကြစေဘဲ၊ ယင်းသတင်းငယ်များကိုသော်လဉ်း၊ သိက္ခာပုဒ်တော်နှင့်မလျော်သည့်, အဉ္စလီကမ္မ၊ ဝန္ဒနအရများကိုသာလှပ်ထား၍, ရိုသေထိုက်သ မျှကို, ရိုသေမိကြရအောင်, သာသနာတော်ပတိတ္တိယတို့သော်လဉ်း, မိမိတို့တိတ္ထိဆရာကြီးတို့၏ ခြေကို ဆံပင်ဖြင့် ပွတ်တိုက်ရှိခိုးဝပ်ချပြုကြသေးသဉ်များကို ထောံရှု၍, မိမိတို့၏နိသျှည်းဆရာ, ဥပဇ္ဈယ်ဆရာကြီးတို့၌, အဂါရဝအမူအရာများကို၊ တရံတဆစ်မဖြစ်စေဘဲ, အမြဲအထူးချစ် ကြောက်ကြဉ်ညို၊ ရိုသေမေတ္တာ၊ တပည့်အင်္ဂါစုံလင်စွာနှင့်, ဆရာဥပဇ္ဈာယ်တို့၊ ကြည်ညိုဘွယ်နှစ် သက်ဘွယ်ကို အမြဲဆောင်၍, ကောင်းမွန်စွာ နေမိကြရအောင်, ဟိမဝန္တာမြိုင်၏အတွင်း, ရောင်ဆင်းလှလှ၊ အကကောင်းကောင်း၊ ရွှေဥဒေါင်းကို၊ ဘုရားလောင်းရွှေဟင်းသာမင်းက၊ ရွှေအဆင်းရှိသော မိမိ၏သမီးချောနှင့်၊ ထိမ်းမြန်းလက်ထပ်မဉ်မင်္ဂလာပွဲကျင်းရာ, ဟင်းသာ မင်းရှေ့မျက်မှောံတွင်, ဖင်စရိုအကုန်မြှောံ၍၊ ဝမ်းမြောံဝမ်းသာကမိသည့်အတွက်, ဤမျှ လောက်အရှက်အကြောက်လွတ်ကင်းသော၊ ဥဒေါင်းငှက်ငဖျင်းအား၊ ငါ၏သမီးချောနှင့်မတံဟု၊ သ္မီးကို မပေးမနှံဘဲ၊ ဆိုမြဉ်ဆဲမဲ၍သာ၊ လွှတ်လိုက်လေဘူးသောဇာတ်တော်လာ ဝတ္ထုထုံးများကို လည်း, နှစ်လုံးထားကြကုန်သည်ဖြစ်၍, သီတင်းသုံးဘော်ဆရာသ္မားတို့ မခြီးမြှောက်လို, မကြဉ် ညိုနှိုင်ကြောင်း, သာသနာတော်၌ မကြီးပွားနှိုင်ကြောင်း, အလွန်မကောင်းသော, အဂါရဝ၊ အဟိရိက, အနောတ္တပ္ပ၊ အမူအရာများကို, တရံတဆစ် မဖြစ်စေမိကြရအောင်၊ အမြဲသတိဆောင်

ကြရမည်အကြောင်းများနှင့်, ငါးကြိမ်မြောက်သြဝါဒစကား, မှာကြားဆုမ္မလိုက်သည်တရပ်။ 

သဗြဟ္မစာရီ သုမေတ္တာဖရဏီယအရဏဝိဟာရီကထာ၌လည်း။ ။နပရေသံ ဝိလောမာနိ။ နပရေသံကတာကတံ။ အတ္တနောဝအဝေက္ခေယျ။ ကတာနိအကတာနိစ။ ။ဟူသော ပါဠိတော်ဖြင့်, ဝဲသြဃအမော်တွင်, သူတပါးတို့လှေကို, မနေနှိုင်မျှော်၍ စီရင်ပြောဆိုမိသည်အတွင်း, မိမိလှေတစီးလုံး နစ်၍သွားလေသည်ပမာ, သူတပါးတို့၏အပြစ်ဒေါသကို မနေနှိုင်, အ

ပြစ်တင်မိရှုမိသည်အတွက်, မိမိ၌ ဒေါသမီးဖျက်ဆီး၍ ဓမ္မန္တရာယ်ကြီးဖြစ်တတ်သောကြောင့်, သူတပါးတို့၏အပြစ်ကိုမရှု, မိမိ၏အပြစ်ကိုသာကောင်းစွာရှု၍နေကြရမည်, ဟောတော်မူသည်

များကို၎င်း။ ။

ပရဝဇ္ဇာနုပဿိဿ။ နိစ္စံဥဇ္ဈာ နသညိနော။ အာသဝါတဿဝဍ္ဎုန္တိ။ အာယာ

သောအာသဝက္ခယာ။ ။ဟူသောပါဠိတော်ဖြင့်, သူတပါးတို့ကို ပြစ်တင်ကဲ့ရဲ့၊ အရွဲ့တ စောင်း, မကောင်းကြံစည်, ဆိုမြည်မိခြင်းကြောင့်, သူတပါးတို့မှာ မထောင်းတာ, မိမိတို့သာ လျှင်, နိဗ္ဗူတာအောင်ရပ်နှင့်ဝေး၍, သံသရာဘေး တွေ့ရတတ်ကြသည်ဟု ဟောတော်မူသည်

များကို၎င်း။ ။

ရဟောဝါဒံနဘာသေယျ။ နသမုခါခိဏံဘဏေ။ အတရမာနောဝဘဏေယျ

တရမာနောစနောဘဏေ။ ။ဟူသောပါဌ်ဖြင့်, သူတပါးတို့အား မျက်ကွယ်တစောင်း ချောင်း မြောင်းကဲ့ရဲ့, သူ့ရှေ့တဲ့တဲ့တွင်လည်း, သူမခံချင်အောင် ရှုပ်ချ, ကျိုးကြောင်းကာရဏကို မဆင် ခြင်, မပြစ်တင်စော, အလျှင်အမြန်ကဲ့ရဲ့ပြောဆိုခြင်းကိုမပြုကြဘဲ၊ မိမိ၏အပြစ်ကိုသာ အမြဲရှု ၍နေကြမှ၊ ပစ္စုပ္ပါန်သံသရာ၊ ချမ်းသာစွာနေရသဉ်ဟု, အရှင်သုဘူတိမထေရ်မိန့်အပ်သော စိုး ရိမ်ကြောင့်ကြကင်း၍၊ ရှင်းရှင်းလွတ်ချမ်းသာစွာနေရသော အရဏဝိဟာရပဋိပဒါအကျင့်များကို ၎င်း, ,ကဲ့ရဲ့ရွံရှာဘွယ်သောပုဂ္ဂိုလ်များကိုပင် ထင်ရှားမြင်သော်လည်း, မှော်အတိဖုံးအုပ် သော ရေကန်၌, မှော်ကိုလှဲ၍ရေကိုသောက်သောသူ၏ပမာ, မတော်သော အပြစ်ကို လျစ်လျူ ရှု၍, ထိုပုဂ္ဂိုလ်၌ ကြည်ညိုစရာ တစုံတခုကို ရှာ၍ ကြည်ညိုရမည်ဟုအရှင်သာရိပုတ္တရာမထေရ်

ဆုမ္မအပ်သော, အာဃာတဝိနယသြဝါဒများကို၎င်း။ ။

ကိလေသာမာန်ညှင်းဆဲတိုက်တွန်း

၍, မမှားတန်မှားသဖြင့်၊ အပါယ်လားရရှာလတ္တံ့ဖြစ်သသော၊ ကောဓနပုဂ္ဂိုလ်တို့ကိုမျက်မှောက် မြင်ရသည့်အခါ, ဂဠုန်လက်ဝယ်နဂါး, ခြင်္သေ့လက်ဝယ်သား, ကျားခံတွင်းဝယ် ချေသမင်, ယုန်သူငယ်တို့ကို မြင်ရသည့်အခါများ၌, ထိုဘေးကြီးရောက်သောသတ္တဝါတို့အား, သနားကယ် ဆယ်နှိုင်လျှင်လည်း, ကယ်ဆယ်ရသည်, မကယ်ဆယ်နှိုင်လျှင်လည်း, ထိုကျား ခြင်္သေ့ ဘေးများ မှ ဝေးဝေးကြီး လွတ်အောင်, ကိုယ်လွတ်ရှောင်ပြေးသွားရသည်။ ယင်းနည်းအတူ ထိုမသူတော် ပုဂ္ဂိုလ်တို့အား, တရားအမြိုက်တိုက်ကျွေးကယ်ဆယ်နှိုင်လျှင် သနားသဖြင့် ကယ်ဆယ်ရသည်။ မကယ်ဆယ်နှိုင်လျှင်လဉ်း, ထိုပုဂ္ဂိုလ်တို့အား,သနားခြင်းကရုဏာမေတ္တာစိတ်ကို နှံ့စေလျက်, မိမိကိုယ်ကိုသာ, ယင်းသို့သော မသူတော် အလဇ္ဇီအကျင့်တည်းဟူသောမာရ်မင်း၏လက်သို့ မ

ရောက်ရအောင် အထူးသတိဆောင်အပ်သည်သဘောများကို၎င်း။ ။

အသူတရာနက်လှစွာ

သောချောက်ကမ်းပါး၌၊ ခင်း၍ ထားအပ်သော တဘဝါးမျှ နင်းလောက်သော သစ်ပျဉ်သစ်တုံး ကို ရှောက်၍သွားရသောသူသည်, အရပ်တပါးကိုမျှော်၍ မကြည့်ဘဲ, မိမိရှောက်အပ်သောသစ် ပျဉ်ချပ်ကိုသာ, ကြပ်ကြပ်စည့်စည့်ကြဉ့်၍ သွားနှိုင်မှ၊ ချောက်ထဲသို့ချော်၍ မကျ, မသက်ချမ်း သာရသခဲ့သို့, သံသရာချောက်ကမ်း, နိဗ္ဗာန်လမ်းသို့ ကူးသန်းသွားကြရသော သူတို့သည်လည်း, သူတပါးတို့၏အပြစ်ကို မော်၍မကြည့်ဘဲ, မိမိ၏သွားလာရာ, သမထဝိပဿနာနိဗ္ဗာန်လမ်းကို သာ, ဖြောင့်တန်းစွာ ကြည့်ရှုသွားလာရမဉ်ဟု, ဧကပတိကသေတုပမာဖြင့်, ကောင်းစွာဟော

ကြားတော်မူအပ်သော၊ မူလပဏ္ဏာသကျမ်းထွက် ဘုရားရှင်အမိန့်တော်အချက်များကို၎င်း။ ။

များများကြီး နှစ်လုံးထားကြကုန်သည်ဖြစ်၍, သူတပါးတို့၏အပြစ်ကို နှစ်လုံးမသာမယာမကဲ့ရဲ့

ဘဲ, မိမိတို့၏အပြစ်ကိုသာ အခါခါရှု၍, မိမိကိုယ်ကိုသာ သူတပါးတို့ အပြစ်တင်စရာ မပေါ်လှာ ရအောင်, သတိအထူးဆောင်၍ ကောင်းမွန်စွာ နေထိုင်ကြရမည့်အကြောင်းများနှင့်, ခြောက်

ကြိမ်မြောက်သြဝါဒစကား, တရားရေဧတိုက်ကျွေးဆုမ္မလိုက်သည်တရပ်။ 

 သေဝိတဗ္ဗ မိတ္တကထာ၌လည်း။ ။သတ္တဟိဘိက္ခေ၀ အင်္ဂေဟိ သမ္မနာဂတော

မိတ္တော သေဝိတဗ္ဗော။ ကတမေဟိ သတ္တဟိ။ ဒုဒဒံဒဒါတိ။ ဒုက္ကရံကရောတိ။ ဒုက္ခမံခမတိ။ ရုဠ ဿအာဝီကရောတိ။ ဂုယှဿပဋိဂုယှတိ။ အာပဒါသုနဝိဇဟတိ။ ခိဏေနာတိ မညတိ။ ဣမေဟိ။ လ။ သေဝိတဗ္ဗောတိ။ ။ပါဠိတော်၏အရ, မိတ်ဆွေခင်ပွန်းချင်းတပါးသည်တပါးအား, ပေးလှူနှိုင်ခဲ့သောဝတ္ထုကို ပေးလှူနှိုင်ရခြင်း, မရွံမရှာမမောမပမ်းပြုစွမ်းနှိုင်ခဲသောအမှုကိစ္စ ကို ပြုစွမ်းရွက်ဆောင်နှိုင်ခြင်း, သည်းခံနှိုင်ခဲသောအရာများကိုသော်လည်း, မေတ္တာမပျက် သည်းခံနှိုင်ခြင်း, တပါးသည် တပါး၏ဂုဏ်ကျေးဇူးကို သီတင်းသုံးဘော်တို့အား, ထင်ရှား အောင် ပြောကြားလေ့ရှိခြင်း, တပါးသဉ် တပါး၏အပြစ်ကို မျက်ကွယ်တစုံတခုသောအရပ်တို့၌ သူတပါးတို့အား, ပြောကြားလေ့မရှိခြင်း, ဘေးရန်ရောက်သည့်အခါ၌, တယောက်ကိုတယောက် အရပ်တပါးစွန့်၍ မသွားခြင်း၊ ဥစ္စါကုန်ခမ်းဂုဏ်ညှိုးနွမ်းသော်လဉ်း, တပါးသည်တပါးအား မ ထီလေးစားမပြုခြင်း ဟုဆိုအပ်သော, သေဝိတဗ္ဗဗန္ဓဝမိတ္တအင်္ဂါခုနှစ်ပါးတို့နှင့်, ပြည့်စုံအောင် ပြု၍, သမဂ္ဂသင်္ဃာချင်းတို့ချင်း၊ ဒဠမိတ္တ၊ ဒဠဗန္ဓဝ၊ ဖြစ်ကြရအောင်၊ ယင်းခုနှစ်ပါးတို့တွင်မှ လည်း, မိတ်ဆွေခင်ပွန်းခြင်းတပါးသည်, တပါး၏ဂုဏ်ကျေးဇူးကို ပြောဆိုလေ့ရှိခြင်း, တပါး သည် တပါး၏အပြစ်ကို မျက်ကွယ်တစောင်းမကောင်းပြောဆိုလေ့မရှိခြင်းဟုဆိုအပ်သော, မိတ္တအင်္ဂါနှစ်ပါးနှင့်ကား၊ အထူးအားဖြင့်လွန်စွာပြည့်စုံကြအောင်, သတိအထူးဆောင်ကြရမည်

အကြောင်းများနှင့်, ခုနှစ်ကြိမ်မြောက်သြဝါဒစကား, မှာကြားဆုမ္မလိုက်သည်တရပ်။ 

သဗြဟ္မစာရီသုပဋိသန္ဓာရေဂါရဝတာကထာ၌လည်း။ ။သဗြဟ္မစာရီသုမေတ္တာပုဗ္ဗင်္ဂမံဟောတိ။ အာဝီစေဝရဟောစ။ သဗြဟ္မစာရီသုမေတ္တာပုဗ္ဗင်္ဂမံဝစီကမ္မံဟောတိ။ အာဝီစေဝရ

ဟောစ။ သဗြဟ္မစာရီသုမေတ္တာ ပုဗ္ဗင်္ဂမံမနောကမ္မံဟောတိ။ အာဝီစေဝရဟောစ။ ။ဟူသော သာရဏီယ ဓမ္မပါဠိတော်လာတိုင်း, သမဂ္ဂသင်္ဃာကြီးငယ်တစုတို့အား, မျက်မှောက်မျက်ကွယ်

သနားခြင်း မေတ္တာကရုဏာသက်ရောက်စေကြပြီးလျှင်။ ။

ခိလဗန္ဓေနပါသာဒေါ။ ကုလ္လော

ယောတ္ထေနသုဋ္ဌုနာ။ သန္ဓာရာသမဂ္ဂေသံဃော။ စီရံတိဋ္ဌတိနိစ္စလော။ ။ဟူသောဂါထာဖြင့်။ ပါသာဒေါ၊ ရွှေ၊ ငွေ၊ မြ၊ စိန်၊ ထိန်တညီးညီး ပြသာဒ်ကြီးသည်။ ခိလဗန္ဓေန၊ ကြီးကြီးငယ် ငယ်, အသွယ်သွယ်သော, သန်မယ်နအဖွဲ့ဖြင့်၎င်း။ ကုလ္လော၊ စပါးဆန်လှောင်အကျိုးဆောင် သည့်ဝါးဘောင်သစ်ဘောင်သည်။ ။ကုလ္လသဒ္ဒါ၏ပုလ္လိင်လည်းရှိသည်၏အဖြစ်သဉ်။ မူလပဏ္ဏာသအဋ္ဌကထာ၌ထင်ရှားလေပြီ။ ။ ယောတ္တေနသုဋ္ဌုနာ၊ မြဲမြံဖွဲ့ထားလွန်ကြိုးများဖြင့် ၎င်း။ စိရံ၊ ရှည်မြင့်စွာ။ နိစ္စလော၊ ပြင်းစွာခပ်လှိုင်း မုန်တိုင်းလေကြမ်း, ရေတိုက်လွှမ်းသော်လည်း လှုပ်ရှားမယိုင်, ကြံ့ကြံ့ခိုင်သည်ဖြစ်၍။ တိဋ္ဌတိ၊ တည်တံ့နှိုင်၏။ သမဂ္ဂေါသံဃော၊ သီလ သမာဓိ, စရှိထိုထို, မြတ်ကုသိုလ်ဂုဏ်အင်ကြောင့်, အလွန်လျှင်ကြဉ်ညိုစလောက်ကြသော, လဇ္ဇီသိက္ခာကာမသမဂ္ဂသင်္ဃာတော်အပေါင်းသဉ်။ သန္ဓာရာသန္ဓာရေန၊ ချင်းတို့ချင်းချင်း, မေတ္တာ ရှေ့ခင်း၍, ပဋိသန္ဓာရကို ပြုဖန်များကြခြင်းဖြင့်။ နိစ္စလော၊ မလိမ္မာသူအောက် လူငယ်တို့၏ အကျိုးလိုဟန် တန်တန်ပြောကြား ရန်တိုက်စကားကြောင့် လှုပ်ရှားရောက်ရက်မရှိသည်ဖြစ်၍။ တိဋ္ဌတိ၊ ရွှေ၊ ငွေ၊ မြ၊ စိန်၊ ထိန်တညီးညီး ပြဿဒ်ကြီးနှင်နှင်၊ ထက်ဝန်းကျင်သူအပေါင်းတို့၏ခို မှီရာဖြစ်၍ တဉ်တန့်နှိုင်၏။ ။ဤသို့ပြအပ်သော ပဋိသန္ဓာရဝုတ္တိ၏အကျိုးစီးပွား အလွန်ကြီး

မားသည်များကို၎င်း။ ။

ယာဝကိဝဉ္စ ဘိက္ခဝေ ဘိက္ခူ အဘိဏှံ သန္ဓိပါတဗဟုလာဘဝိဿ

န္တိ။ တာဝိကဝဉ္စ ဘိက္ခေ၀ ဘိက္ခူနံ ဝုဍ္ဎိုယေဝါပကဋိကင်္ခါ။ နောပါရိဟာနိ။ ။ပါဠိတော်မြတ် အတိုင်း ဝေသာလီပြည်, ဝဇ္ဇီမင်းတို့ချင်း တို့ချင်း စည်းဝေးတိုင်ပင်ခြင်း ပဋိသန္ဓာရများသဖြင့်, အဇာတသတ်မင်းကြီး ဖျက်ဆီးလုပ်ကြံခြင်းငှာ, မတတ်နှိုင်၍, ဝေါဿကာရပုဏ္ဏား ကိုယ်တိုင် သွားသဖြင့်, ဝဇ္ဇီမင်းသားတို့အလယ်ကြား၌ ရန်တိုက်စကား အဖန်ဖန်ပြောကြားသည့်အခါ, ၀ ဇ္ဇီမင်းသားတို့ချင်း ယုံမှားမကင်း စည်းဝေးတိုင်ပင်ခြင်း၊ သန္နိပါတဗဟုလအပရိဟာနိယတရား ပျက်ပြားခြင်းကြောင့်, ဝေသာလီပြည်ထဲကို ကျားရဲတွေ ဝင်သည့်ပုံ, တတိုင်းလုံး သိမ့်သိမ့်တုန်, မီးပြာပုံဖြစ်၍ ဝေသာလီနဂရ၏အဝေသာလီဖြစ်ရသည်များကို, များများကြီး သတိရကြကုန်

သည်ဖြစ်၍၎င်း။ ။

အဓိကရဏကာရက၊ ဝိဝါဒကာကရ၊ ဘဿကာရက၊ ဖြစ်သော မလိမ္မာသူ

အောက် လူငယ်တို့၏ ပေသုညစကားများနှင့်, ချင်းတို့ချင်း ယုံမှားမကင်း စိတ်၏ကွဲပြားခြင်း မဖြစ်ကြစေခြင်းငှာ, နာယကပုဂ္ဂိုလ်ချင်းချင်း မကြာမကြာ တိုင်ပင်စည်းဝေး, တလလျှင်းလေး သတင်းတရားဟောစည်းဝေးမြဲဝတ်လည်း မပြတ်စေရ, ဓမ္မကထိကဆရာတို့ကလည်း, စွမ်းအားရှိသမျှ ကြိုးစားအားထုတ်၍ ဟောပြော, တရားနာ ဓမ္မပဋိဂ္ဂါဟက ဆရာပုဂ္ဂိုလ်တို့ကလည်း ထောင်တန်တဆယ်, ရာတန်တဆယ်, ဝယ်သူကရှား၊ ရောင်းသူကများ, ဘယ်မင်း ဘုရား ဈေး ပေနည်း, ဆိုကြသည့်ပေါရာဏစကားအတိုင်း, အရာအထောင်မက အဘိုးအနဃ်ဖြစ်သော တရားစကားကို, ပန်းတပွင့်မျှ ပူဇော်ရန်မပါဘဲ, သက်သက်မဲ့သာ တရားနာကြရပါလျက်, အဖျင်းတရားဝင်ဖျက်၍, တရားနာဝတ်မပျက်စေရ, သူ့ထက်ငါနောက်မကျ, ရွာသူသားငယ်တို့ ကာမဂုဏ်ရွာပွဲကို, တသဲသဲလိုက်ဘိကြသည့်အလား, တပါးမကျန် ညီညာဖြဖြ, တရားနာလိုက် ကြခြင်း, ဓမ္မကထိပုဂ္ဂိုလ်တို့ကလည်း, အရှင်ပုဏ္ဏ၊ အရှင်စုန္ဒ၊ အရှင်သောဏ၊ မထေရ်တို့၏တ ရားစကားကို, ဘုရားရှင်ကိုယ်တော်တိုင်, နာတော်မူသဉ်များကို ထောက်ထား၍, ကြားဘူးသိ ဘူးပြီးသော တရားကိုသော်လည်း, တရားတော်ကို ရိုသေခြင်း, သင်္ဃာတော်အစည်းအဝေးညီ ညွှတ်ခြင်းကို နှစ်လုံးထား၍, မိမိတို့ဟောရရုံနှင့်မျှ တင်းမတိန်အားမရသေးဘဲ, အခြားပုဂ္ဂိုလ် တို့အလှည့်ကျ တရားဟောရာ၌လည်း စွမ်းနှိုင်သည့်အခါ, အများနည်းတူ ကိုယ်တိုင်လိုက်၍ တရားနာခြင်း, မိမိတို့တပည့်သင်္ဃာများကိုလည်း မကျန်မကြွင်းတရားနာလိုက်မိကြအောင်, ကြပ်မနှိုးဆော်ခြင်း, ပါဠိအဋ္ဌကထာတို့ကို မပြတ်မလတ်သင်ကြားပို့ချခြင်းဟူသော ဓမ္မပဋိသန္ဓာရ, ချင်းတို့ချင်း အထိုက်အလျောက် ချီးမြှောက်လှူဒါန်းပေးကန်းလေ့ရှိခြင်း, အာမိဿပဋိသန္ဓာရ တပါးသည်တပါးထံ လှည့်ပတ်သွားလာတိုင်ပင်ပြောဆိုခြင်းဟူသော ဝစနပဋိသန္ဓာရအားဖြင့်, သုံးပါးသောပဋိသန္ဓာရအရာများကို, မလပ်မလျား သတိအထူးထားကြကုန်သဖြင့်, ယင်းဆို အပ်ခဲ့ပြီးသဉ်နည်းအတိုင်း၊ ပဋိသန္ဓာရေ ဂါရဝတာ အပရိဟာနိယတရားနှင့်ပြည့်စုံကြအောင်, များများကြီးနှစ်လုံးထားကြရမည့်အကြောင်းများနှင့်, ရှစ်ကြိမ်မြောက်သြဝါဒစကား, မှာထား

ဆုမ္မလိုက်သည်တရပ်။ 

ဝတ္တာနုဝတ္တပူရဏကထာ၌လည်း။ ။ ဥပဇ္ဈာယေနဘိက္ခဝေဘိက္ခူနာသဒ္ဓိဝိဟာရိ

ကမှိပုတ္တစိတ္တံဥပဌပေတဗ္ဗံ။ သဒ္ဓိဝိဟာရိကေနာပိ ဥပဇ္ဈာယမှိ ပီတုစိတ္တံဥပဋ္ဌပေတဗ္ဗံ။ ။ပါဠိ တော်အရ။ ။ ဆရာတပည့်နှစ်ပါးတို့၏တပါးသည် တပါးအား ပြုသင့်ပြုထိုက်သောဝတ် နိပါတ်ကို ပြုမိကြသဖြင့်, သားနှင့်အဘတို့ကလောက်, မေတ္တာရောက်၍နေကြမှ, တပါးသည် တပါးအား မစွန့်ပစ်ထဲ့နှိုင်ဘဲ, သည်းခံနှိုင်ခဲသော အသပ္ပါယအရာကို သဉ်းခံသဖြင့်၊ ဆရာတပဉ့် နှစ်ပါးမကွဲမပြား, သာသနာတော်၌ ကြီးပွားခြင်းသို့ ရောက်ကြပါစေ, မဟာကရုဏာမိုဃ်းစွေ တော်မူသည်ဖြစ်၍, ဆရာတပည့်နှစ်ယောက်, သားအဘတို့ကလောက်၊ မေတ္တာရောက်နှိုင်ကြစ ရာအကြောင်းဖြစ်စေခြင်းငှာ, ဝတ်ကြီးဝတ်ငယ်အရာကို, ဘုရားခွင့်ပြုတော်မူသည်၏အဖြစ်ကို၎င်း။

။ 

သည်မှတပါး။ ။ဝတ္တံအပရိပူရေန္တော။ သီလမ္ပိနပရိပူရတိ။ ။ ပါဠိ ဂါထာလာတိုင်း, ဆရာတပည့်တို့ချင်း ပြုသင့်ပြုထိုက်သော ဝတ်ပျက်သဖြင့်၊ ဝတ္တံဘေဒဒုက္ကဋ်

သင့်တတ်သည်များကို၎င်း။ ။နှစ်လုံးထားကြကုန်သဖြင့်, ဆရာတပည့်နှစ်ပါးတို့ အချင်းချင်း ပြုသင့်ပြုထိုက်သော, ဝတ်ကြီးဝတ်ငယ်အရာများကို မလစ်မလပ် ပြုမိကြအောင်, ဆရာဖြစ်သူ တို့ကလဉ်း, ဤတပည့်တို့သဉ်, အလွန်ချစ်ခင်လှသော, မွေးသဉ့်မိခင်မွေးသဉ့်ဘခင်တို့နှင့်တကွ ဆွေမျိုးညာတကာ၊ ရပ်ရွာဒေသကို စွန့်ပစ်၍, ငါ၏ထံမှာ၊ ငါ၏မျက်နှာကိုသာမျှော်ရှု၍, ငါ့ ကိုယ်သာ ကိုးကွယ်ရာ ပြုသဖြင့်, နေထိုင်လှာရှာကြသည်တကားဟု၊ သနား ရှေးရှုမေတ္တာမူ၍, ကြည်ဖြူမျက်နှာ၊ ချိုသာစကား, နုဂ္ဂဟနှစ်ပါးဖြင့် ခြီးမြှောက်မစ၍, ဆရာက ပြုသင့်သည့်ဝတ်

အရာများကိုလည်း၊ သနားသမှု ပြုမိကြအောင်, တပဉ့်ဖြစ်သူတို့ကလည်း။ ။

ဗဟိဒ္ဓါတိတ္ထိယာ ဧတ္ထောဒါပေန္တာ ဝကဟာပဏံ။ အနိယျာနံအပ္ပဃ်မ္ပိ၊ သိပ္ပံဂါဟေန္တိသဗ္ဗဒါ။ ။သာသသနေသကျပုတ္တာတု။ သိဿာနံဒါယကာသဒါ။ နိယျာနိကံမဟဃ်မ္ပိ။ သိပ္ပံဂါဟေန္တိသာဓုကံ။ ။ဧဝံ စိတ္တံပသာဒေန္တော။ ကတညုကတဝေဒိကော။ အာစေရဿဝတ္ထာဝတ္တံ။ သဗ္ဗဒါပုရယေမုနိ။ ။ ပါဠိဂါထာဖြင့်, ဧတ္ထော၊ ဤဘေးကင်းချမ်းသာဧမြစွာသော သာသနာတော်မှ။ ဗဟိဒ္ဓါ၊ လွင်ဗာဟီရဘေးအဝတို့၌။ တိတ္ထိယာ၊ ဝါဒကွဲသူအယူတိမ်းပါးတိတ္ထိများတို့သည်။ ကဟာပဏံ၊ လခရိက္ခာ အသပြာဒင်္ဂါးကို။ ဒါပေန္တာ၊ စာသင်တပည့်တို့က, မိမိတို့အား, ပေးစေကုန်သည်ဖြစ်၍။ ဝါ၊ အခယူကြကုန်သည်ဖြစ်၍။ အနိယျာနံ၊ ဝဋ်ဆင်းရဲမှမထုတ်နိုင်သော။ အပ္ပဃမ္ပိ၊ အဘိုးအထိုက်သည်လည်းဖြစ်သော။ သိပ္ပံ၊ မိစ္ဆာဒိဋ္ဌိကျမ်း, လောကီကျမ်းအတတ်များကို။ ဂါဟေန္တိ၊ ပို့ချကြကုန်၏။ ဧတ္ထော၊ ထိုမိစ္ဆာဒိဋ္ဌိ, ဘေးကြီးထိရာ ပူပြင်းလှစွာသောအရပ်မှ။ ဗဟိဒ္ဓါ၊ ဘေးကင်းချမ်းသာ လွင့်စင်ရာဖြစ်သော။ သာသနေ၊ ဘုရားရှင်သာသနာတော်၌။ သကျပုတ္တာ၊ သာကီဝင်မင်းတရား, ဘုရားသားတော်တို့သည်။ သိဿာနံ၊ စာသင်တပည့်တို့အား။ ဒါယကာ၊ သပိတ်သင်္ကန်း စွမ်းအားအလျောက်, ကိုယ်က ခြီးမြှောက်ပေးကမ်းတော်မူကြပေကုန်သည်ဖြစ်၍။ နိယျာနိကံ၊ ပစ္စုပ္ပာန်သံသရာ, ဘေးဧရာမှလွယ်ကာထုတ်ဆောင်နှိုင်သော။ မဟဃမ္ပိ၊ အဘိုးအနဃ်ထိုက် သည်လည်းဖြစ်သော၊ ထိုက်လှပေသော။ သိပ္ပံ၊ သိမ်မွေ့နက်နဲ, ခက်ခဲဆန်းကြယ်, သုံးသွယ်ပိဋကတ်, ယင်းအတတ်ကို။ သာဓုကံ၊ မငြီးမငြူကြည်ဖြူကောင်းမွန်စွာ။ ဝါ၊ နေရာကျကျ, ဓိပ္ပါယ် ပြ၍ကောင်းမွန်လှစွာ။ ဂါဟေန္တိ၊ ပို့ချတော်မူကြပေကုန်၏။ ဧဝံ၊ ဤသို့နှင်နှင်, အသင့်ဆင်ခြင် သောအားဖြင့်။ စိတ္တံ၊ ကျေးဇူးမသိ, ပြင်းရိနောက်ကြု, ဝတ်မပြုလိုသောစိတ်ကို။ ပသာဒေန္တော၊ ပြင်းရိမယှဉ်, လွန်ကြည်လင်စေသည်ဖြစ်၍။ ကတညု ၊ နုဂ္ဂဟနှစ်ပါးဖြင့်, မြှောက်စားဘူး သောဆရာရှင်၏ ကျေးဇူးကိုသိတတ်သော။ ကတဝေဒိကော၊ ဆရာပြုဘူး ယင်းကျေးဇူးကို အထူးဆတ်လိုသော။ မုနိ၊ ကျိုးကြောင်းသိတတ် တပည့်မြတ်ဟူ ရှင်လူရဟန်းအပေါင်းသည်။ အာစေရဿ၊ နုဂ္ဂဟနှစ်ပါး, မြှောက်စားခြီးမြှင့်ပေသော ဆရာသခင်ကျေးဇူးရှင်အား။ ဝတ္တာ ဝတ္တံ၊ ရေပူရေချမ်း, ကမ်းလှမ်းလုပ်ကျွေး, ယင်းဝတ်ပြုခြင်းအရေးကို။ သဗ္ဗဒါ၊ အခါမပြတ်။ ပုရယေ၊ ဖြည့်ကျင့်ရာ၏။ ဖြည့်ကျင့်ထိုက်လှ၏။ ဖြည့်ကျင့်သင့်၏။ ဖြည့်ကျင့်ကြရမည် ဖြည့်ကျင့်ကြလေမင်း။ ။ ။ဤသို့မိန့်အပ်သော အနက်အဓိပ္ပါယ်များကို၎င်း။ ။

ဘဋောဘဋေနဘတ္တာရံ။ သာမိကံနာရီရူပတော။ သိဿောဝတ္တေနအာစေရံ။ အတ္တမှိတောသနံဇနေ။ ။ ဟူသောဂါထာဖြင့်။ ။ဘဋော၊ မင်းခယောကျ်ား သူခစားသဉ်။ ဘဋေန၊ ရိုသေဝပ်တွား, နေ့စဉ်မပြတ် အမြဲခစားခြင်းဖြင့်။ ဘတ္တာရံ၊ အသက်သခင် ထမင်းရှင်ကို။ အတ္တမှိ၊ မိမိ၌။ တောသနံ၊ နှစ်သက်ခြင်းကို။ ဇနေ၊ လစားရိက္ခာ မှန်မှန်ကျွေး၍, ရာထူးဌာနံ မြန်မြန်ပေးအောင်ဖြစ်စေနှိုင်၏။ နာရီ၊ အိမ်သူမိန်းမသည်။ သာမိကံ၊ အိမ်သားသခင်, ချစ်သဉ်လင်ကို။ ရူပတော၊ ရူပေန၊ ရုပ်ရည်ရောင်ဆင်းလှပတင့်တယ်ခြင်းဖြင့်။ ဝါ၊ တန်ဆာဆင်ပြင် ကိုယ်သန့်စင်၍။ ရှုချင်ဘွယ်သောအဆင်းဖြင့်။ အတ္တမှိ၊ မိမိ၌။ တောသနံ၊ မရိုက်ထဲချင် မဆိုတဲ့ရက်လွန်နှစ်သက်ခြင်းကို။ ဇနေ၊ ဖြစ်စေနှိုင်၏။ သိဿော၊ ပညာရင်နို့သောက်စို့ရသောတပည့်သည်။ အာစေရံ၊ ပညာနို့တိုက် ကျေးဇူးသိထိုက်လှပေသော ဆရာမြတ်ကို။ ဝတ္တေန၊ နေ့ညည့်မဆို ဆရာရှင်အလိုရှိအပ်သောဝတ်ပြုခြင်းဖြင့်။ ဝါ၊ ဆရာအကြိုက်အလိုက်သိစွာ ခါခါပြုအပ်သော ဝတ်နိပါတ်ဖြင့်။ အတ္တမှိ၊ မိမိ၌။ တောသနံ၊ နှစ်သက်ခြင်းကို။ ဇနေ၊ နုဂ္ဂဟနှစ်ပါးဖြင့် မြှောက်စား၍ မငြီးနှိုင်အောင်ဖြစ်စေနှိုင်၏။ ဤသို့ပြဆိုအပ်သော ဝတ်နိပါတ်အကျိုးအာနိသံသကို၎င်း။ ။

ဂီဝါ ဂါဟေနအဿဂ္ဂံ။ နာဝံဖိရေနသုဋ္ဌုနာ။ ဝတ္တာဝတ္တေန အာစေရံ။ သကံဝသံနုဝတ္တယေ။ ။ဟူသောဂါထာဖြင့်။ ။အဿဂ္ဂံ၊ လေပြင်းသဏ္ဌာန် အပြေးမြန်သောမြင်းကောင်းမြင်းမြတ်ကို။ ဂီဝါဂဟေန၊ တကိုယ်လုံး၏အချုပ် လည်ကိုဆုပ်သဖြင့်။ သကံဝသံ၊ မိမိ၏ရပ်စေလို သွားစေလို သဉ့်အလိုသို့။ နုဝတ္တယေ၊ လိုက်စေနှိုင်၏။ နာဝံ၊ လေပြင်းတိုက်ဖွင့်, မြစ်လယ်လွင့်သောလှေကို။ ဖိရေန သုဋ္ဌုနာ၊ ထိုရာဆောင်ကြောင်း, တက်မကောင်းဖြင့်။ သကံဝသံ၊ မိမိ၏အလိုသို့။ နုဝတ္တယေ၊ လိုရာအကြိုက် ကမ်းသို့ဆိုက်အောင် လိုက်စေနှိုင်၏။ အာစေရံ၊ ဆိုမြည်ငေါက်ငမ်း, နှုတ်ထွက်ကြမ်းသော ဆရာကိုသော်လည်း။ ဝတ္တာဝတ္တေန၊ မငေါက်ထဲ့လို မဆိုထဲ့ရက်, လွန်နှစ်သက် အောင်ပြုသောဝတ်ကြီးဝတ်ငယ်ဖြင့်။ သကံဝသံ၊ ငေါက်ငမ်းမြည်ဆို, မခံလိုသောမိမိ၏အလိုသို့။ နုဝတ္တယေ၊ လိုက်စေနှိုင်၏။ တနည်းကား။ အာစေရံ၊ တပဉ့်ရှုတ်ထွေး, မကြိုက်သေး၍, စွန့် ပြေးပစ်သွားလိုသောဆရာကိုသော်လည်း။ ဝတ္တာဝတ္တေန၊ မသွားထဲ့နှိုင်, မခွာထဲ့ရက်, လွန်နှစ် သက်ဘွယ်, အသွယ်သွယ်သောဝတ်ကြီးဝတ်ငယ်ဖြင့်။ သကံဝသံ၊ ပညာရင်နို့အမြဲစို့လိုသောမိမိ ၏အလိုသို့။ နုဝတ္တယေ၊ လိုက်စေနှိုင်၏။ ။

ဤသို့ပြဆိုအပ်သောအနက်အရ, မြင်းကိုနှိုင်

လိုဇက်ကိုဆွဲ, လှေကိုနိုင်လိုတက်ကိုစွဲ, ဆရာကိုနိုင်လို အရိုအသေဝတ်ပြုမြဲဟူသော ပေါရာဏ ပဏ္ဍိတတို့စကားအတိုင်း၊ ဝတ်နိပါတ်ပြည့်စုံခြင်း၏အာနုဘာဝသတ္တိများကို၎င်း။ အောက်မေ့ ဆင်ခြင်ကြကုန်သည်ဖြစ်၍, ပစ္စုပ္ပာန်သံသရာ, လွန်စွာအကျိုးစီးပွား, များမြတ်တိုးတက်စေ ခြင်းငှာ, ကောင်းစွာမိုင်းမလေ့ရှိပေသောဆရာမြတ်တို့၌, ယင်းသို့သော ပစ္စုပ္ပာန်သံသရာအ ကျိုးစီးပွားများမြတ်ခြင်း၏အကြောင်း, အလွန်ကောင်းမြတ်သောဝတ်နိပါတ်အရာများကို, မ လစ်မလတ်စေရအောင် အမြဲသတိဆောင်ကြရမည့်အကြောင်းများနှင့်, ၉ ကြိမ်မြောက်သြဝါဒ

စကား။ မှာထားဆုမ္မလိုက်သည်တရပ်။ 

သောဝစ္စဿတာကထာ၌လည်း။ ။သဒ္ဓိဝိဟာရိကေနဘိက္ခေ၀ ဘိက္ခုနာ ရာဓေန ပိယေသုဝစ္စေနဘဝိတဗ္ဗံ။ ။ပါဠိတော်ဖြင့်, ချစ်သားတို့, တပည့်ဖြစ်သောသူသည်, သာရိပုတ္တရာ၏တပည့် ရာဓရဟန်းခဲ့သို့, ဆိုလွယ်စေကြရမည်, အဆိုမခက်ကြစေနှင့်, ဟောတော်မူသည်

များကို၎င်း။ သဲအစုကို လက်ဝါးပေါ်၌ တင်ထားပြီးလျှင်, ဤသည့်သဲလုံးနှင့်အမျှ, ငါ့ကိုဆိုဆုမ္မ မဉ့်သူဆရာရလျှင် တော်လေစွဟု, တောင့်တသော ဘုရားသားတော်ရှင်ရာဟုလာမထေရ်၏, သောဝစ္စဿတာဂုဏ်များကို၎င်း သာမဏေငယ်ပင်ဖြစ်သော်လည်း, ငါ့အား ဆိုဆုမ္မဝံ့ကြပါစေဟု, တောင့်တသော, အရှင်သာရိပုတ္တရာမထေရ်မြတ်၏, သောဝစ္စဿတာဂုဏ်များကို၎င်း။ ဘုရားသခင်ပရိနိဗ္ဗာန် စံယူတော်မူသည်နောက် သင်္ဃာတို့က, အရှင်အာနန္ဒာကို အာပတ်နှင့်စွတ်စွဲ ပြောဆိုဒေသနာကြားစေလိုရာ, သင်္ဃာတို့၏တခွန်းသောစကားဖြင့်, မိမိ၌ အာပတ်ကို မမြင်ဘဲ လျက်, အာပတ်သင့်သခဲ့သို့သောအမူအရာဖြင့်, ပရိဿတ်တွေအလယ် အရှက်ကိုမငဲ့ဘဲ, သ င်္ဃာများထံ ဒေသနာကြားထဲ့ပေသော အရှင်အာနန္ဒာ၏, သောဝစ္စဿတာဂုဏ်များကို ထောံရှု

ကြည်ဖြူနည်းယူကြကုန်သည်ဖြစ်၍၎င်း။ ။

နိဓိနံဝပ၀တ္တာရံယံပဿေဝဇ္ဇဒဿိနံ၊ နိဂ္ဂယှ

ဝါဒိံမေဓာဝိံ၊ တာဒိသံပဏ္ဍိတံဘဇေ။ ။ဟူသော ပါဠိတော်ဖြင့်, ဟုတ်မှန်တိုင်းသောအပြစ်ကို ထင်ရှားထုတ်ဖော်နှိမ်နင်း၍ ဆုမ္မတော်မူကြပေသောဆရာများအပေါင်းကို ရွှေအိုးရတနာကို ဖော်ကာထုတ်ပြပေးပေကြသောသူများပမာ, ဝမ်းသာဝမ်းမြောက် ဆည်းကပ်ခြင်းသို့ရောက်ကြ

ရမဉ်ဟောတော်မူသဉ်များကို၎င်း။ ။

ကမ္မာရောပိအယောက္ခန္ဓံ။ နိဒ္ဓမန္တောအယောမလံ။ သု

သဏ္ဍာနံမဟဃ်မ္ပိ။ သတ္ထံကရောတိသာဓုကံ။ ။ကောဋိကောပိသေလက္ခန္ဓံ။ ဆိဒ္ဒ ယန္တော ဒုဌာနကံ။ သုသဏ္ဍာနံ မဟဃမ္ပိ။ ဗိမ္မံကရောတိသာဓုကံ။ ။အာစေရောနိဂ္ဂဟောဝါဒီ။ ဒုဇ္ဇနံသု ဇနံကရေ။ အပ္ပသာဒံပဝါဟေန္တော။ ပသာဒံဝဍ္ဎယံသဒါ။ ။ဟူသောပါဠိဂါထာတို့ဖြင့်။ ။ ကမ္မာရော၊ ပန်းဘဲသူကြီးသည်။ အယောက္ခန္ဓံ၊ သံချေးပိတ်ဖုံး သံစိမ်းတုံးကို။ အယောမလံ၊ သံချေးကို။ နိဒ္ဓမန္တော၊ မီးနှင့်ပုံတိုက်, တူနှင့်ရိုက်ထုတ်လျက်။ သုသဏ္ဍာနံ၊ ကောင်းသောသဏ္ဍာန်ရှိသော။ မဟဃမ္ပိ၊ အဘိုးများထိုက်သည်လည်းဖြစ်သော။ သတ္ထံ၊ ရန်သူပယ်ကြောင်းလက်နက် ကောင်းကို။ ကရောတိ၊ ပြုလုပ်ကြ၏။ ကောဋိကောပိ၊ ကျောက်ဆစ်ရုပ်ထုပန်းပုသမားသည် လည်း။ သေလက္ခန္ဓံ၊ ကျောက်ကာထွေဖုံး, ကျောက်စိမ်းတုံးကို။ ဒုဌာနကံ၊ အကွဲအအက်ကြမ်း တမ်းခက်မာမတော်ရာကို။ ဆိဒ္ဒယန္တော၊ ဆောံကြီးဆောက်ငယ်အသွယ်သွယ်ဖြင့် ထုဖြတ်လျက်။ သုသဏ္ဍာနံ၊ ကောင်းသည့်ပုံရှိသော။ မဟဃမ္ပိ၊ ဘိုးကြီးရင်းထိုက်လဉ်းဖြစ်သော။ ဗိမ္မံ၊ ဗြဟ္မာသိကြားဘုရားဆင်းတုတော်ကို။ ကရောတိ၊ ပြုလုပ်ကြ၏။ နိဂ္ဂဟောဝါဒီ၊ မလျော်သောကိုယ်အမူ အရာနှုတ်အမူအရာအကျင့်ဟူသော သံချေးကျောက်ကာအပြစ်များစွာကို, ပယ်ခွာနှိပ်နှင်းဆုမ္မခြင်းအလေ့ရှိသော။ အာစေရော၊ ဆရာသခင်ပညာရှင်သည်။ အပ္ပသာဒံ၊ သူမကြည်ညိုဘွယ် မတင့်တယ်သောကိုယ်အမူအရာ, နှုတ်အမူအရာအကျင့်ကို။ ပဝါဟေန္တော၊ မျှောပယ်ဖြောက် လွင့်သည်ဖြစ်၍။ ပသာဒံ၊ ကြည်ညိုဘွယ်တင့်တယ်ပြီးသော ကိုယ်အမူအရာနှုတ်အမူအရာအကျင့်ကိုလည်း။ ဝဍ္ဎယံ၊ ဝဍ္ဎယန္တော၊ တိုးပွားစေလျက်။ ဒုဇ္ဇနံ၊ မသူတော်ကို။ ဝါ၊ မကောင်းသော တပည့်ကို။ သုဇနံသူတော်ကောင်းဖြစ်အောင်။ ဝါ၊ တပည့်ကောင်းဖြစ်အောင်။ ကရောတိ၊ ပြုတော်မူပေတတ်၏။။ ဤသို့ပြုအပ်သောအနက်အတိုင်း ပန်းဘဲသူကြီးတို့၏ ဖိုဝ၌ မီးချ၍, ထားလုပ်မခံရသောသံစိမ်းတုံးသည်၎င်း, ကျောက်ဆစ်သမားတို့၏အထုအလုပ်မခံရသောကျောက်ကာတွေဖုံး ကျောက်စိမ်းတုံးသည်၎င်း, အသုံးလှလှမကျအပယီဖြစ်သခဲ့သို့။ နိဂ္ဂဟောဝါဒီ၊ သီလဝန် ပညဝန်ဆရာမြတ်တို့၏။ အဝတ်အရုံ, စားသောက်နေထိုင်ပုံ, တပြည့်တို့ကို ဆုမ္မပဲ့ပြင်ပုံ, အလုံးစုံနေရာကျ, အဆုမ္မကို မခံရ၍, နည်းမရသောတပည့်တို့သည် အခြားသောဗဟုသုတစသောဂုဏ်များပင်ရှိလင့်ကစား, ဆရာကောင်းတို့နည်းကိုရသော သိဿကတို့နည်းတံထွာ နေရာကျကျမစားတတ် မသွားတတ်, မပြောဟောတတ် မကျင့်ကြံတတ်သည်ဖြစ်၍, သူတော် ကောင်းအများတို့၏ကြည်ညိုဘွယ်ကို မဆောင်နှိုင်သောကြောင့်, သာသနာဘောင်ထဲ၌, ပြစ်လိုက်ရမှာကလည်း အဆီခဲ, စားလိုက်ရမှာကလည်း, သဲနှင့်ရှပ်ရှပ်, ဆိုဘိသည်ပမာ, လွန်စွာအ ဘိုးထိုက်လျောက်လျက်, အဘိုးမထိုက်လှအပယီဖြစ်၍, နေတတ်ကြသဉ်, နေကြသည်များကို, များများကြီးအောက်မေ့ဆင်ခြင်ကြကုန်သည်ဖြစ်၍, ဗဟုသုတစသော ဂုဏ်တပါးရှိလျက်, အာ စရိယမုဋ္ဌိနည်းကောင်းမရှိသောကြောင့်, ထားလုပ်ရုပ်ထုအပြုအပြင်မခံရသော သံစိမ်းတုံး ကျောက်စိမ်းတုံး, အသွေးအဆေးမခံရသောသံချေး ပိတ်ဖုံးထားမအိုပေတုံး, ကျောက်သွေးသမားလက်သို့မရောက်သောကျောက်ကာတွေဖုံးစိန်ကျောံတုံး, အချက်အပြုတ်မခံရ၍ ပုပ်ရှာရ သော, ယင်တရုံးရုံးဝက်သားတုံးခဲ့သို့ သာသနာတော်၌, အသုံးကျလောက်လျက် ဆရာကောင်း နည်းကိုမရသည့်အတွက် အသုံးလှလှမကျမရှိကြရအောင်, မကောင်းမြစ်ထာ ပယ်ခွာနှိပ်နှင်း ဆုမ္မခြင်းအလေ့ရှိသော, နိဂ္ဂဟောဝါဒီဆရာမြတ်တို့၏သြဝါဒကို, သဘောကျကျ နား၀၀ခံနှိုင်ကြ အောင်ခံမိကြအောင်, ယင်းသို့သောဆရာမြတ်တို့ထံ, အမြဲအစွဲနည်းခံ၍, နေမိကြအောင် နွေ တုံတုံရေခမ်းချိန်ရောံသည့်အခါ, ရေနဲရာတဘက်ဆည်ရေကန်ဖျား၌, နေမိသောငါးတို့၏ကျီး ငှက်လင်းတတို့အစာဖြစ်ကြသည်ကိုရိတ်မိ၍, ရေနက်ရာအိုင်ထဲသို့, သူထက်ငါနောက်မကျစေ ဘဲ တသဲသဲပြေးဝင်ကြသောငါးလိမ္မာတို့ပမာ, ဖြစ်ကြရအောင်, သာသနာတော် တနေ့တပါး အားနည်းချိန်အခါ, သာသနာတော်အထူး, ထင်ပေါ်ထွန်းလင်းရာမှ, သာသနာတော်ညစ်နွမ်းရာ, ပစ္စန္တဌာနအရပ်ဒေသသို့, စွန့်ပြေးထွက်သွားပြုမိမှားကြသဖြင့်, နွေထုံထုံပေါက်, ရေခမ်း ချောက်လုနီးသည့်အခါ, ရေနက်ရာမှ, ရေတိမ်ရာ, ကျီးငှက်လင်းတတွေကြားသို့, တက်သွားမိ သောငါးမလိမ္မာတို့ခဲ့သို့, မဖြစ်ကြရအောင်, သတိအထူးဆောင်ကြရမဉ်အကြောင်းများနှင့်,

ဆယ်ကြိမ်မြောက်သြဝါဒစကား, မှာထားဆုမ္မလိုက်သည်တရပ်။ 

နာယကအင်္ဂါကထာ၌လည်း။ နာယကဿဆဠင်္ဂါနိ။ တေဟေဝနာယကောဘဝိ။

။ခမာဇာဂရိယုဋ္ဌာနံ။ သံဝိဘာဂေါဒယိက္ခဏာ။ ။ပါဠိဂါထာအရ။ ။အဝိဇ္ဇာမောဟ အလျောက် မှောက်မှားသဖြင့်, တပည့်သားတို့သည်, ဆရာသ္မားတို့အလိုမရှိသည်အရာများကို ပြုမိခြင်း, အလိုရှိသဉ်အရာများကို မပြုမိခြင်း, ကျေးဇူးမသိတတ်အမှတ်မဲ့နေခြင်းစသည်တို့၌ ထိုတပည့်တို့အား သနားသဖြင့်၎င်း။ ။သည်းမခံနှိုင်ခြင်း၏အပြစ်, သည်းခံနှိုင်ခြင်း၏အကျိုး များကို၎င်း။ ။ဆင်ခြင်သဖြင့်, သည်းအလွန်ခံလေ့ရှိခြင်းခမာဂုဏ်, အောက်လူငယ်တပည့်သင်္ဃာများထက်, ပရိယတ်ပဋိပတ်တရားကို အားထုတ်ခြင်းများသဖြင့်, အိပ်နေခြင်းနဉ်း ပါး အထူးနိုးကြားရခြင်းဇာဂရိယဂုဏ်, ဆရာသ္မားတို့ပြုထိုက်သောအမှုကြီးငယ်ဟူသမျှတို့၌, မ ပြင်းမရိဝိရိယလုလ္လရှိခြင်းဥဋ္ဌာနဂုဏ်, မိမိ၌ရအပ်သောပစ္စည်းလာဘ်တို့ကို, နှမြောစုံမက်ကန့် ကွက်ဝန်တိုခြင်းမရှိ, တပည့်သားတို့အား အညီအညာ ကောင်းမွန်စွာ ဝေဘန်ခွဲခြမ်းပေးကမ်း လေ့ရှိခြင်း သံဝိဘာဂဂုဏ်, တပည့်သားတို့အား နုဂ္ဂဟနှစ်ပါးဖြင့် သနားခြီးမြှောက် စောင့်ရှောက် လေ့ရှိခြင်းဒယာဂုဏ်, စီရင်ပြောဆိုရန်အမှုကြီးငယ်ဟူသမျှ၌, စိတ်ထင်ရာရှောင်တခင် မပြု အ မှုအားလျော်စွာ တိုင်ပင်ရာတိုင်ပင်သင့်သောမိတ်ဆွေခင်ပွန်းတပည့်သားတို့နှင့်တိုင်ပင်၍, ရှေ့ နောက်ဆင်ခြင်စဉ်းစား, မမှားမယွင်းရအောင် စီရင်ပြောဆိုလေ့ရှိခြင်း ဣက္ခဏဂုဏ်ဟုဆိုအပ် သော, နာယကဦးစီးအထက်ဆရာကြီးတို့၏ဂုဏ်အင်္ဂါခြောက်ပါးများကို မှတ်သားမိပြီးရှိကြ သည့်အတိုင်း, ရထား၏အင်္ဂါအလုံးစုံပြည့်စုံမှသာလျှင် ရထားပုံလှလှဖြစ်၍ အဘိုးအနဃ်ဖြစ်ဘိ သည်အလား, ဆိုအပ်ခဲ့ပြီးသောနာယကအင်္ဂါမပြည့်စုံလျှင်, နာယကလူကြီးပုံ လှလှမဖြစ်နှိုင်ကြ မည်အရေးများကို ထောက်ထားကြသဖြင့်, ယင်းနာယကအင်္ဂါများနှင့်အထူးအားဖြင့် ပြည့်စုံ

နှိုင်ကြအောင်။ ။

ဂုန္နေဉ္စတရမာနာနံ။ ဇိမှံ ဂစ္ဆန္တိပုင်္ဂဝေါ။ ပိစ္ဆာအပိစ္ဆေသံသန္ဒေ။ ပါပိစ္ဆာပါပိ

စ္ဆေဟိသံသန္ဒေန္တိ။ လ။ ဒုဿီလာဒုဿီလေဟိသံသန္ဒေန္တိ။ သေယျထာပိသပ္ပိနာသပ္ပိဓေနဂုဓံ။ ။ ပါဠိတော်မြတ်ဖြင့်, သတ္တဝါတို့ဓမ္မတာဇာတ်ဂုသဘောတူရာသာ, အတူတကွနှီးနှောနေထိုင်ကြမြဲ ဖြစ်သဉ်ဟုဟောတော်မူသဉ်အတိုင်း, အထက်ဦးစီးဆရာကြီးတို့က, သဒ္ဓါတရားနဉ်းပါး, ဝိနယ ဂရုရှားပါး, ပါပိစ္ဆမဟိစ္ဆအယုတ်တရားများပြား၍ရှိလျှင်, ယင်းသို့သော သဘောရှိသောပုဂ္ဂိုလ် ယုတ်မျိုးတို့သည်သာလျှင်, မိမိတို့၏ထံလာရောက်ဝန်းအုံကြသဖြင့်, တတိုက်လုံးအဖြင်းပုံ, အ ဖြင်းအိုး, အဖြင်းမျိုးအဆက်ဆက်ဖြစ်၍နေရစ်မည်များကို၎င်း။ များများကြီးနှစ်လုံးထားကြ သဖြင့်, ယင်းသို့သော အသဒ္ဓိယ အဝိနယဂရု, ဒွါကာရ, ဒွါစာရ, ပါပိစ္ဆမဟိစ္ဆသဘောတို့မှ များ

များကြီးဝေးကြရအောင်။ ။

ပီယောဂရုဘာဝနီယော။ ဝတ္တာစဝစနက္ခမော။ ဂမ္ဘီရကထဉ္စ

ကတ္တာ။ နောစဌာနေနိယောဇယေ။ ။ပါဠိတော်၏အရ, အောက်လူငယ်တပည့်သင်္ဃာတို့အား သနားမေတ္တာမကင်း, နုဂ္ဂဟနှစ်ပါးဖြင့် ခြီးမြှောက်မစလေ့ရှိသည်ဖြစ်၍, တပည့်ကြီးငယ်သီ တင်းသုံးဘော်သင်္ဃာတော်များတို့၏အထူးအားဖြင့် ချစ်ခင်အပ်သောပီယဂုဏ်, ထူးမြတ်သော ကုက္ကုစ္စက သိက္ခာကာမသီလသမာဓိပညာအားကြီးသဖြင့်, တပည့်သင်္ဃာအများတို့၏ကျောက် ထီးပမာ, လွန်စွာရိုသေ, ခံ့ညားလောက်သောဂရုဂုဏ်, ဒေါသ မာန ရှေ့ထားသဖြင့်, တပည့် သားတို့အား ဆိုမြည်ငေါက်ငမ်းကြမ်းထမ်းနှိမ်စက်မရှိ၊ ကာလေနဝက္ခာမိ, စသော ဆိုဆုမ္မသူတို့ ၏အင်္ဂါငါးဖြာလက္ခဏာလာသည်အတိုင်း၊ ကာလဌာနကို ထောက်ချင့်၍ ဆိုဆုမ္မသင့်သည်အရာ တို့၌, ချိုသာစွာသော ပီယဝါစာစကားဖြင့် တရားအလျောက် တပည့်သားတို့အား ဆုမ္မခြင်းကို ပြုလေ့ရှိခြင်းစသည်များကြောင့်, တပည့်သားတို့၏ဆရာ၌ အလွန်မေတ္တာရောက်အပ် ပွားလွယ် အပ်သော ဘာဝနီယဂုဏ်, တပည့်သားတို့အား ဆိုဆုမ္မစရာအပြစ်ကြီးငယ်ရှိလျှင်, မျက်နှာကြီး ငယ်မရွယ်မထောက်ပြတ်ပြတ်တောက်တောက် ဆုမ္မလေ့ရှိခြင်း, ဝတ္ထာဂုဏ်။ မိမိအား တပဉ့် သားတို့ကအကြောင်းအားလျော်စွာ, လျှောက်သင့်သည်များကို, လျှောက်ထားလာသည်အခါတို့ ၌, ဒုဗ္ဗစ္စဒေါသမာနအမူအရာမထင် မရှိ, သည်းခံလိုက်နာလေ့ရှိခြင်း, ဝစနက္ခမဂုဏ်။ လိမ္မာ သောနွားရှင်ယောကျ်ားသည်, မိမိနွားများကို မှက်ချင်ရင်ရဲ ကိုက်ခဲဝဲစား၍, မပျက်ပြားစေခြင်း ငှာ, လေညာကနေ၍ မီးခိုးတွေကို ထောင်းထောင်းထအောင် လွှတ်သည်ပမာ, မိမိတပည့်သား ကြီးငယ်များတို့၌, ကာမဝိတက်စသောကိလေသာမှက်ချင်ရဲတို့ကိုက်ခဲသဖြင့်, တပည့်သင်္ဃာတို့ တုန်လှုပ်ချောက်ချား, ပျက်ပြားဆုတ်ယုတ်မရှိကြစေခြင်းငှာ, မကြာမကြာကာမာနံအာဒိနဝကထာ, သီလသံဝရကထာ, ခန္တီသံဝရကထာ, အပ္ပမာဒကထာစသော, သိမ်မွေ့နက်နဲစွာသောတ ရားစကားတို့ဖြင့် ဟောကြားလေ့ရှိခြင်း, သူတပါးတို့ကို ဟောစေခြင်းဟုဆိုအပ်သော ဂမ္ဘီရကထာ ကတ္တာဂုဏ်။ တပည့်တို့အား လောကဓမ္မအားဖြင့်, မသင့်သောအရာဌာနတို့၌ တိုက်တွန်းစေ ခိုင်းလေ့မရှိခြင်းဟူသော, နော စာဌာနေနိယောဇနဂုဏ်ဟုဆိုအပ်သော၊ အသက်ထက်ဆုံးမစွန့် စကောင်းသောဆရာကောင်းတို့၏အင်္ဂါ ၇ ပါးတည်းဟူသော ဘဇိဘဗ္ဗအာစရိယဂုဏ်များကို နှစ် လုံးထားကြကုန်သည်ဖြစ်၍, ယင်းသို့သော အာစရိယဂုဏ်များနှင့်လည်း, များများကြီးပြည့်စုံ ကြရအောင်, သည်မှတပါး ကျမ်းဂန်တိုက်ရိုက်အားဖြင့် မလာသော်လည်း, အလျော်နေယျတ္ထ နည်းအားဖြင့်, အများသဘောတူထုတ်ဆောင်ရေးသားထားကြအပ်သော ရွှေကျင်တိုက်ဥပဒေ ကြီးတွင်, ပါဝင်သမျှအထက်ဦးစီး, နိသျှည်းဆရာကြီးတို့အင်္ဂါ, တိုက်အုပ်တိုက်ကြပ်ဆရာတို့ အင်္ဂါဟူသမျှကိုလည်း, သင်္ဃာအလယ်မကြာမကြာဘတ်ကြား၍, ၎င်းအင်္ဂါများနှင့်လဉ်း အထူး ပြည့်စုံကြအောင် များများကြီးနှစ်လုံးထားကြရမည့်အကြောင်းများနှင့်, ဧကာဒသမတဆယ့်တ

ကြိမ်ကျအောင်, သြဝါဒစကား မှာကြားဆုမ္မလိုက်သည်တရပ်။ 

 လာဘသက္ကာရ သိလောကဿ ဒပဟာနကထာ၌လည်း။ ။ဒါရုဏောဘိက္ခဝေလာဘ

သက္ကာရသိလောကောကဋုကော ဖရုသော အန္တရာယကရော အနုတ္တရဿ ယောဂက္ခေမဿအဓိ ဂမာယ။ အစရှိသောပါဠိတော်၏အရ, လာဘ်ပူဇော်သက္ကာရသိလောကသည်, အပ်တစင်းဝင်

လှာသည့်အတွက်, ပုဆိန်ဆယ်စင်းထွက်သည်ဆိုဘိသဉ်အလား, မဂ်ဖိုလ်တရားမြတ်အန္တရာယ်ကိုပင်, အကယ်စင်စစ် ပြုတတ်လှသည်ဟောတော်မူသည့်အတိုင်း။ ။
ကောဓမက္ခဂရုဘိက္ခု။

လာဘသက္ကာရကာရဏာ။ သုခေတ္တေပုတိဗီဇံဝ။ သဒ္ဓမ္မသ္မိံ နရူဟတိ။ ။ပါဠိတော်၏အရ လက္ခဏာဟာရနည်းအားဖြင့် ပြအပ်သော။ ။ ကောဓနော၊ ရအပ်ပြီးသောလာဘ်, မရအပ်သေး သောလာဘ်နှစ်ပါး၏အတွက်များနှင့်ပင်, သင်္ဃာတော်များတို့အား အကြဉ်ညိုပျက်, ဒေါသ ထွက်ခြင်းကောဓတရား၎င်း။ ဥပနာဟော၊ မစင်ပုံကိုကောက်ယူပြီးလျှင်, လက်မလွှတ်ချင်ဘဲ, တမဲထဲမစင်ပုံကို စုံမက်၍ နေသော၊ သည်းချေရူးပမာ, လာဘ်ပူဇော်သက္ကာရတွက်တာကြောင့်, ဖြစ်ပေါ်လာသောအမျက်ကိုမဖျောက်ချင်ဘဲ, အမြဲရန်ငြိုးဖွဲ့ထားခြင်းဥပနာဟတရား၎င်း။ မက္ခော၊ မိမိ၏အပေါ်၌နေသောသူကို, နှုတ်သီးတစူစူမကြည်ဖြူ၍, မစင်ရည်နှင့်ကောံယူကော် ပက်သည်အခါ, မိမိ၏အပေါ်၌သာ, မစင်ရဉ်လူးလဉ့်ခြင်းများသခဲ့သို့, လာဘ်ပူဇော်သက္ကာရ, သိလောကဂုဏ်များသောပညဝန်သီလဝန်ပုဂ္ဂိုလ်တို့၏ဂုဏ်ကျေးဇူးကို ဖျက်ချေ၍, ပြောဆိုမိရာ မိမိ၏သာလျှင် သူတော်ကောင်းလက္ခဏာဂုဏ်ပျောက်သဖြင့်, သူယုတ်မာလက္ခဏာပုံရောက်၍, မိမိ၏ဂုဏ်ကိုသာချေဖျက်သလိုနေစေတတ်သောမက္ခတရား၎င်း။ ပလာသော၊ ခြင်္သေ့စားကြွင်း ကိုစားရ၍, အားအတန်ငယ်ပြည့်သည်အခါ ခြင်္သေ့ပင်ကိုယ်ကိုမှတ်၍, ဆင်ပြောင်ကိုကိုက်သတ် မည်ဟန်အခင်းတွင်, ဆင်နင်း၍သေရသည်မြေခွေးမသွေ။။ မဏ္ဍုကောပိဥကေသီဟေ၊ ဖားသူငယ်လျက်, ခြင်္သေ့တစေ။ ကာကင်္ဃေနပီယေပီယေ၊ ကျီးနှုတ်သီးဝယ်ချစ်ဆွေချစ်ဆွေ။, ဆင်ပြောင်ကို စစ်ထိုးသည်, ဆင်ချဉ်းပိုးပုံမသွေ, ဝိဒေဟရာဇ်ပုတ်သင်၏အနေလို, မရာမရေအဘက်မတန်အဘက်ပြိုင်မိလေ၍, မြန်မြန်မိမိကိုယ်ကိုဘေးကြီးထိစေတတ်သော ဖ လာသတရား၎င်း။ ထမ္ဘော၊ ပစ္စဉ်းလာဘ်ဝေဘန်ခွဲခြမ်းရာစသည်များ၌, လာဘ်ကို လာစေလိုသည်အတွက်နှင့်ပင်, မြင်ရသူတို့စိတ်မချမ်းသာစရာ, လွန်စွာခိုင်ခံ့မာခြင်း, ကိုယ်၏ကြမ်းထမ်းခြင်းထမ္ဘတရား၎င်း။ သာရမ္ဘော၊ လာဘ်ကိုလိုလားသည်အတွက်များနှင့်, ကြားရသူတို့နားမချမ်းဘွယ်, ချုတ်ချယ်စောင်းမြောင်း, နှုတ်၏ အလွန်ကောင်းခြင်း သာရမ္ဘတရား၎င်း။ မာနော၊ ထွန်တုံးကိုမြို၍ထားသောမြွေကျောက်ရှည်အလား, မိမိ၌လာဘ်ပူဇော်များခြင်းစသောအကြောင်းကြောင့်, မိမိထက် သိက္ခာဝါကြီးသော ပုဂ္ဂိုလ်တို့အားသော်လည်း, မညွှတ်တွားမရိုသေ နှိုင်ခိုင်ခံ့မာမြင်းခြင်းမာနတရား၎င်း။ အတိမာနော၊ ပထဝီဇေယမန္တာန်ကို, တတ်သည့်အာနုဘော်ကြောင့်, သားတိရစ္ဆာန်တို့၏အပေါ်တွင်, ခွေးစော်အတန်နံရသည့်အတွက်, လူစော်တက်၍ နံခြင်းပြန်သောကြောင့်, ဗာရာဏသီကို လုပ်ကြံမဉ်ဟန်ပြု၍, သားတိရစ္ဆာန်ဗိုလ်စုသဉ့်အတွင်း, မိမိရဲသူဆင်နင်း၍စင်းစင်းသေရရှာလေသော မြေခွေးပမာ, အနဉ်းငယ်သောဂုဏ်ပညာ အနဉ်းငယ်သောလာဘ်ပူဇော်သကာနှင့်လွန်စွာတက်စီး, အထင်ကြီးတတ်သောအတိမာနတရား၎င်း။ ဣဿာ၊ လာဘ်ဟူသောအကြောင်းကြောင့်, သူတပါးတို့၏ပညာဂုဏ်ရှိန်, စည်းစိမ်ကြီးသည်ကိုမလိုတမူ ငြူစူစောင်းမြောင်းခြင်း ဣဿာတရား၎င်း။ ဝါ၊ လကျ်ာတော်ရံအရှင်သာရိပုတ္တရာမထေရ်များကိုပင် ငြူစူပြစ်မှား၍။ ပဒုမငရဲသို့သွားရှာရသော ကောကာလိကရဟန်း၏အလား, မငြူစူတန်ငြူစူမှား၍, ငရဲကြီးသို့လားစေတတ်သဖြင့်, ကြောက်အပ်လှစွာလွန်ယုတ်မာသော, ဣဿာတရား၎င်း။ မစ္ဆေရော၊ အနည်းငယ်သော လာဘ်ပူဇော်ဥစ္စာတွက်ကြောင့်, ရဟန္တာအရှင်ကိုပင် ဝန်တိုပြစ်မှား၍, ဘဝအဆက်ဆက်ခေါင်းပါးအစာ, လူတကာမြင်ပြင်း, မစင်တွင်း၌သာမစင်ကိုစား၍နေရရှာသော။ လောကတိဿ၊ ဇမ္ပူကရဟန်းတို့ပမာ, ဝန်မတိုတန်ရာ၌သော်လည်းဝန်တိုမှား၍, ဆုံးပါးကြီးရောက်စေတတ်သောမစ္ဆေရတရား၎င်း။ မာယာ၊ လာဘ်ကို လိုလား, ပါပိစ္ဆတရားနှိပ်စက်၍, ရှေ့တွင်တသွယ်ကွယ်ရာတခြား, ကိုယ်ပြုမှားသည့်, တရားမဟုတ်, ကိုယ်ဂုဏ်ယုတ်ကို, ဖုံးအုပ်ကွယ်ကာတတ်သောမာယာတရား၎င်း။ သာထေယျံ၊ လာဘ်ကို လိုလား, ဂုဏ်ထင်ရှားအောင်, တရားမကျင့်, ကျင့်ရောင်ကား, စာမတတ်ဘဲ, တတ်ပုံ

များနှင့်, ဝါကားစဉ်းလဲခြင်းသာထေယျအယုတ်တရား၎င်း။။ 

ဤသို့လျှင်လာဘသက္ကာ

ရသိလောကတွက်တာများနှင့်, တဆဲ့နှစ်ပါးသောနှစ်လုံး၏အညစ်အကြေး ပြန့်ပွားသဖြင့်, ပစ္စုပ္ပါန်ဘဝ၌လည်း, မိုဃ်းတိမ်ပုပ်ဖုံးအုပ်သောလရောင်ခဲ့သို့, သီလသမာဓိဗဟုသုတပညာဂုဏ်အ ရောင်မထွက်, သင်္ဃာအများ မနှစ်သက်, ထက်ဝန်းကျင်လူထဲရှင်ထဲစင်တလင်လဲအောင်, သီတင်းပုပ်သီတင်းလေကျော်လွှမ်းတက်၍ ပျက်စီးရတတ်ခြင်း, သံသရာ၌ အပါယ်လေးပါးအစာ ဖြစ်ရတတ်ခြင်းကြောင့်, အလွန်မြတ်သော ဘုရားရှင်သာသနာတော်၌, ရဟန်းတဘဝဖြစ်ရပါ လျက်, လယ်တာမြေကောင်း၌, မျိုးစေ့ရောင်းမြိုးစေ့ပုပ်ခဲ့သို့ဖြစ်၍, သာသနာတော်ကို ခိုလှုံရ ကျိုးမနတ်ဟောတော်မူသည်များကို၎င်း။ သည်မှတပါး။ ။လာဘသက္ကာရသိလောကေန ဘိက္ခေ၀ အဘိဘူတော။ ဒေဝဒတ္ထော ကပ္ပဌောနေရယိကော။ ။ဟူသောပါဠိတော်နှင့်အ ညီ, အဇာတသတ်မင်းကိုးကွယ်ခြီးမြှောက်ဆွမ်းအိုးကျက်ငါးရာ, အထောက်ခံရသည့်အတွက်, ဂုဏ်ကြီးစရာတက်၍, ဘုရားရှင်ကို ပြိုင်ဘက်မိခြင်းကြောင့်, အဝိစိငရဲသို့ဆင်းသွားရရှာသော ဒေဝဒတ်၏, အခြင်းအရာများကို၎င်း။ ။သည်မှတပါး။ ။ယံဘိက္ခဝေအသနိဝိစက္ကံ တံသေက္ခံအပတ္တမာနသံပါပုဏာတိ။ အသနိဝိစက္ကန္တိဘိက္ခေ၀ လာဘသက္ကာရသိလောကဿေတံ အဓိဝစနံ။ ။ပါဠိတော်ဖြင့်, လာဘ်ပူဇော်သက္ကာရဟူသည်, မိုဃ်းကြိုးစက်ကွင်း, လောင်မီးအရင်း, စင်စစ်ဖြစ်သည်။ ယင်းသို့သော လာဘ်ပူဇော်သက္ကာရမိုဃ်းကြိုးစက်ကွင်း သဉ်, ရဟန္တာအရှင်ပုဂ္ဂိုလ်တပါးကိုသာ ချန်ချွင်း၍, ပုထုဇန်သေက္ခပုဂ္ဂိုလ်မကြွင်း, စင်းစင်းသေ အောင် တိုက်ခွင်းမှန်ဖောက်တတ်သည်ဟောတော်မူသည်များကို၎င်း။


သည်မှတပါး, ကဒလိံဝေဖလံဟန္တိ။ ဖလံဝေဠုံဖလံနဠံ။ သက္ကာရောကာပူရိသံဟန္တိ။ ဂဗ္ဘောအဿတရိံယထာ။ ။ ဟူသောပါဠိတော်ဖြင့်, ငှက်ပျောသီး၊ ဝါးသီး၊ အစရှိသောအသီးတို့သည်, မိမိတို့၏မှီရာသစ်ပင်ကို အရှင်လပ်လပ်အသေသတ်တတ်ဘိသခဲ့သို့၎င်း။ အဿထိုရ်ရမြည်းမ၏, ကိုယ်ဝန်သည်, မိမိအောင်းသည်ဝမ်းခေါင်းရှင်, မွေးမေကို အသေသတ်ဘိသခဲ့သို့၎င်း။ လာဘ်ပူဇော်သက္ကာရသည် အနှစ်မရှိသော ငှက်ပျောပင်ဝါးပင်တို့၏ပမာ, သတိပညာအပ္ပိစ္ဆာအစရှိသော ဂုဏ်အနှစ်ကင်း

သောပုဂ္ဂိုလ်များကို, များမကြာဖျက်ဆီးတတ်သဉ်ဟောတော်မူသဉ်များကို၎င်း။ သတိသံဝေဂ တရားကြပ်ကြပ်ထားကြကုန်သည်ဖြစ်၍, ယင်းသို့မိုဃ်းကြိုးစက်ကွင်း လောင်မီးတွင်းသို့, ဆင်း ရမဉ်ကလောက်, လွန်စွာကြောက်မက်ဘွယ်ရှိသော, ရာဇရာဇမဟာမတ္တစသဉ်တို့၏လာဘသ က္ကာရသိလောကများ၌, မီးရောင်ကို ရွှေရောင်မှတ်မှားသဉ့်တောသမင်များပမာ, လွန်စွာသာ

ယာမှားစေတတ်သော, အဿာဒမဟိစ္ဆတရားများကို၎င်း။

သာဓုဘိက္ခဝေ ဥပ္ပန္နံလာဘံအဘိဘု

ယျ အဘိဘုယျဝိဟာရေယျ။ ။ဟောတော်မူသည်အတိုင်း, နိုင်နင်းကြစေခြင်းငှာ, မရဏသညာ၊ အနိစ္စသညာ၊ နိရောဓသညာ၊ ဝိရာဂသညာ, သံဝိဂ္ဂညာဏ်၊ နိဗ္ဗိဒါညာဏ်များနှင့်, များများကြီး လွှမ်းမိုးနှိပ်နှင်းကြရမည်အကြောင်း, ဆင်ဖြူတော်ခုနှစ်စီးကို ရမည့်အတွက်, ဝိရိယ တရားပျက်လေသဖြင့်, ချည်ဝင်ခုနှစ်ဝင်နှင့်သာ ကြိန်းကျေရလေသည်ဆိုဘိသည်ပမာ, မဂ်ဖိုလ် နိဗ္ဗာန်အလို့ငှာ, သာသနာတော်သို့ဝင်သဖြင့်, မဂ်ဖိုလ်အလို့ငှာ စောင့်ရှောက်ဆည်းဘူးအပ်သော သီလသံဝရဂုဏ်၊ ဗဟုသုတဂုဏ်များသည့်အတွက်, ဒါယကာကြီးငယ်မင်းမှူးမတ်တစုတို့, ကြဉ်ညိုခြီးမြှောက်ခြင်းလာဘသက္ကာရသိလောကတည်းဟူသော ချည်ဝင်ခုနှစ်ဝင်ကိုသာရ၍, လိုရင်း မဂ်ဖိုလ်တည်းဟူသော ဆင်ဖြူတော်ခုနှစ်စီးနှင့်ဝေးလေရုံမျှမက ရအပ်ပြီးသောသံဝရသီလတရားကြီးများကိုပင်, မိစ္ဆာဇီဝအနေသနဝင်စွက်ဖျက်ဆီး၍, အကျိုးကြီးမနဲကြရအောင်, မြွေ ပွေးမြွေဟောက် မြွေငမ်းပြောက်တို့ကို ကစားပွဲခံ၍, မြွေနှင့်အသက်မွေးရသောအလမ္ပာယ်ယောကျ်ားသည်, မြွေဆိပ်ကို နိုင်စေတတ်သော မန္တရားမန္တာန်တို့ဖြင့်, အတန်တန်မန်းမှုတ်နှိုင်မှ, ယင်းမြွေဆိုးတို့ကိုက်၍မသေ, အသက်တာရှည်နှိုင်သခဲ့သို့, ဗဟုဇနသံကိန္နရာဇဌာနီဒေသတွင်, ရာဇရာဇမဟာမတ္တတို့ လာဘ်ပူဇော်သက္ကာရ သိလောကဟူသော မြွေပွေး မြွေဟောံ မြွေငမ်း ပြောက်တို့နှင့်ကင်း, အသက်မွေးခြင်းကို ပြုကြရသည်နှင့်အညီ, ယင်းသို့သော မြွေကြီးတို့ကိုက် ၍ ထိပ်ကိုထိအောင် မြွေဆိပ်ဆိုက်နှင့်ကြသဖြင့်, အထက်အလမ္ပာယ်ဆရာကြီးဆေးမမှီလိုက်ဘဲ မရှိကြရအောင်, ဆိုအပ်ခဲ့ပြီးသောဘာဝနာမန္တရားမန္တာန်တို့ဖြင့် အတန်တန်မန်းမှုတ်၍, ယင်း သို့သော လာဘသက္ကာရသိလောကဿာဒ မြွေဆိပ်တို့ကို, နှိပ်နှင်းနှိုင်ကြအောင်, သတိအထူး ဆောင်ကြရမည့်အကြောင်းများနှင့်, ဒွါဒသမတဆယ့်နှစ်ကြိမ်မြောက်သြဝါဒစကား, မှာကြား

ဆုမ္မလိုက်သည်တရပ်။ 

ကာမာနံအာဒိနဝကထာ၌လည်း။ ။အပ္ပသာဒါကာမာဗဟူဒုက္ခာဗဟူပါယာသာ

ဧတ္ထအာဒိနဝေါဘိယျော။ ။ဟောတော်မူအပ်သောပါဠိတော်၏အရ, သေရမည့်ဘေးကို မမြင်, အစာကိုသာခင်မင်၍, ဘိထောင်ချောက်သို့ဝင်မိမှားသော ကြွက်မိုက်ပမာ, အနည်းငယ် သောကာမဂုဏ်အရသာကြောင့်, ပစ္စုပ္ပာန်သံသရာဘေးဧရာကို ဟုတ်မှန်စွာ ဆင်ခြင်အောက်

မေ့ကြကုန်သည်ဖြစ်၍၎င်း။ ။

နဟိဘောဂါ စိန္တာမယာ။ ပါဠိတော်အတိုင်း။

သုပိနကုပမာ ကာမာ။ ဟောတော်မူအပ်သည်နှင့်လျော်စွာ, ဟေဝန္တာမြိုင်စခန်း, ဆင်ယိုင်းတွေလာသည်လမ်းတွင်, မောပမ်းဖြေရင်း, အိပ်ကြူးခြင်းသို့ ရောက်သွားသော ခရီးသွားယောကျ်ား၊ မင်းဖြစ်တော့မည့်အလား, ဖုတ်သွင်းရထားဆိုက်ရောက်လှာပြီး အိပ်မက်တုန်းအတွင်း, ဆင်ယိုင်းတွေနင်း၍ စင်းစင်းသေရှာရလေသည့်ပမာ ဖြစ်၍လာသည်ကားတခြား, စိတ်ကြံ၍ထားသည်ကား တပုံ, ငါးကာမုံအာရုံများ၏ အိပ်မက်နှင့်ပုံမခြား, မကိုးကားလောက်, စိတ်ကြံရုံမျှနှင့်သာ, လျှင်စွာ

ပျောက်၍, ဘေးကြီးသာလွန်စွာရောက်တတ်သည်အပြစ်များကို၎င်း။ ။

ကာမန္ဓဇာလ ပစ္ဆန္ဒါ။ တဏှာဆဒနဆာဒိတာ။ မစ္ဆ၀၀ကုမိနာမုခေ။ ဇရာမရဏမဒွေန္တိ။ ။ပါဠိတော်အရ

ကာမဂုဏ်ငါးပါးတို့၏ငယ်ငယ်နှောင်းနှောင်း, ငါးသောင်းပြောင်းတို့ကို, တပေါင်းတဉ်းသိမ်းယူ တတ်သောမြုံးနှင့်တူသည်၏အဖြစ်, ကာမဂုဏ်ကို စုံမက်လိုက်မှားကြသော သတ္တဝါတို့၏, ငါး

မိုက်နှင့်တူသည်၏အဖြစ်ကို၎င်း။

ဆယိမေဘိက္ခဝေ ဗလိသာအနယသတ္တာနံဗျာဘာဒါယပါဏီနံ။

ကတမေဆ။ သန္တိဘိက္ခဝေစက္ခုဝိညေယျာရူပါဣဌာ ကန္တာမနာ ပါရဇ္ဇနီယာ။ ကာမူပသညှိတာ။ တေဉ္စဘိက္ခုအဘိနန္ဒတိ။ အဘိဝဒတိ။ အဇ္ဈောသာယတိဌတိ။ အယံဝုစ္စတိဘိက္ခဝေဘိက္ခုဂိလဗလိ သောမာရဿအနယံအာပန္နေါဗျာသနံအာပန္နေါယထာကာမကရဏိယောပါပိမတော။ ဤသို့အ စရှိသော ပါဠိတော်မြတ်ဖြင့်, ကာမဂုဏ်ငါးပါးအာရုံခြောက်ပါး၏, ငါးမျှားချိတ်ခြောက်စင်းနှင့် တူသည်၏အဖြစ်, ရူပါရုံစသည်ကို တပ်စွမ်းတတ်သောရဟန်းတို့၏, ငါးမျှားချိတ်ကို မြိုမိ

သောငါးနှင့်တူသည်ဟုဟောတော်မူသည်များကို၎င်း။ ။

သည်မှတပါး။

ဘောဇနံပုတိဂိဇ္ဈာနံ။ သာလိဟံသာနမုတ္တမံ။ ကာမဓနာနိဂါမ္မါနံ။ နေက္ခမံဘိက္ခုနံဝရံ။ ။ပုတိ၊ ခွေး ကောင်ပုပ်စသဉ်သည်။ ဂိဇ္ဈာနံ၊ လင်းတတို့၏။ ဥတ္တမံ၊ မွန်မြတ်သော။ ဘောဇနံ၊ အစာတဉ်း။ သာလိ၊ သလေးစပါးသည်။ ဟံသာနံ၊ ရွှေရောင်ဝင်းဝါဟင်္သာငှက်မျိုးတို့၏။ ဥတ္တမံ၊ မွန်မြတ် သော။ ဘောဇနံ၊ အစာတည်း။ ကာမာ၊ ခွေးကောင်ပုပ်ပုံကာမဂုဏ်တို့သည်။ ဂါမ္မာနံ၊ လင်းတ အတူရွာနေလူတို့၏။ ဝရာနိ၊ မြတ်ကုန်သော။ ဓနာနိ၊ ဥစ္စာတို့တဉ်း။ နေက္ခမံ၊ ကာမဂုဏ်မှထွက် မြောက်ခြင်းနေက္ခမသုခသည်။ ဘိက္ခုနံ၊ ရဟန်းတို့၏။ ဝရံ၊ မြတ်သော။ ဓနံ၊ ဥစ္စာတည်း။ ။

ဤသို့မိန့်အပ်သည်ဂါထာအဓိပ္ပါယ်များကို၎င်း။ ။

နာဂေါကာကဿနေတ္တမှိ။ အဿာဒံဆိဇ္ဇနံသ

ဒါ။ မက္ခိကန္ဓံသုပူရေန္တော။ အန္ဓဂေါဝဝိနဿတိ။ ။သုဘသညီပမဇ္ဇန္တော။ ဝိက္ကဿနုဝတ္တကော။ ကာမန္ဓေ ပရိပူရေန္တော။ ကာမန္ဓော သမဏောတထာ။ ။ဟူသောဂါထာတို့ဖြင့်။ ။နာဂေါ၊ ဆင်ပြောင်ကြီးသည်။ ကာကဿ၊ ကျီး၏။ ဆိဇ္ဇနံ၊ အသာအသာဆိပ်ဆွလှာခြင်းကို။ အ ဿာဒံအဿာဒေန္တော၊ သာယာနှစ်သက်မမောင်းရက်သည်ဖြစ်၍။ မက္ခိကန္ဓံ၊ ယင်းချဉ်းဥကို။ သုပုရေန္တော၊ အားကြီးစွာပြည့်စေလျက်။ အန္ဓဂေါဝ၊ ကန်းခြင်းသို့ရောက်သည်ဖြစ်၍သာလျှင် ။ ဝိနဿတိ၊ သေကျေပျက်စီးလေ၏။ တထာ၊ ယင်းနည်းအတူ။ သမဏော၊ ဆင်ပြောင်နှယ် နှယ်, သဒ္ဓါသီလအားကြီးကျယ်သောရဟန်းသည်လျက်။ ပမဇ္ဇန္တော၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်း မလေ့, အလွန်မေ့လျော့သည်ဖြစ်၍။ သုဘသညီ၊ မစင်တွင်းဘင်တွင်းကြီးပမာ ရွံရှာဘွယ်သော အကောင်ပုပ်၌, နှစ်ချိုက်သာယာသုဘသညာရှိသဉ်ဖြစ်၍။ ဝိတက္ကဿ၊ ကာမဝိတက်နောက်သို့။ အနုဝတ္တကော၊ ဖြေးဖြေးဖြေးဖြေး, တရေးရေးနှင့်, တတွေးတွေးကြံစည်လိုက်မှားသည်ဖြစ်၍။  ကာမန္ဓေ၊ ကာမတဏှာတည်းဟူသော ယင်ချဉ်းဥတို့ကို။ သုပူရေန္တော၊ အလွန်ပြဉ့်စေလျက်။ အန္ဓဂေါဝ၊ ကန်းခြင်းသို့ရောက်သည်ဖြစ်၍သာလျှင်။ ဝိနဿတိ၊ သေကျေပျက်စီးလေ၏။ တထာ၊ ယင်းနဉ်းအတူ။ သမဏော၊ ဆင်ပြောင်နှယ်နှယ်, သဒ္ဓါသီလအားကြီးကျယ်သောရဟန်းသည် လျက်။ ပမဇ္ဇန္တော၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းမလေ့, အလွန်မေ့လျော့သည်ဖြစ်၍။ သုဘသညီ၊ မစင်တွင်းဘင်တွင်းကြီးပမာ, ရွံရှာဘွယ်သောအကောင်ပုပ်၌, နှစ်ချိုက်သာယာ, သုဘသညာ ရှိသည်ဖြစ်၍။ ဝိတက္ကဿ၊ ကာမဝိတက်နောက်သို့။ အနုဝတ္တကော၊ ဖြေးဖြေးဖြေးဖြေး, တ ရေးရေးနှင့်, တတွေးတွေးကြံစည်လိုက်မှားသဉ်ဖြစ်၍။ ကာမန္ဓေ၊ ကာမတဏှာတည်းဟူသော ယင်ချည်းဥတို့ကို။ သုပူရေန္တော၊ အလွန်ပြည့်စေလျက်။ ကာမန္ဓောဝ၊ ကာမုပါဒါန်ဖြင့် ကန်း သည်ဖြစ်၍သာလျှင်။ ဝိနဿတိ၊ ပစ္စုပ္ပာန်သံသရာ, နှစ်ဖြာဘေးကြီးတွေ့သဖြင့် ပျက်စီးရလေ၏။


ဤသို့မိန့်အပ်သောအနက်အဓိပ္ပာယ်များကို၎င်း။ သဉ်မှတပါး, ငါးသိုင်းများလျှင်

ဟင်းဟုန်, တရားများလျှင်နားထုံ, ယေဝါပနကအလုံးစုံ, ဘုရားဟောပါဠိတော်အဖုံဖုံမှလာ သော, ကာမဂုဏ်ငါးပါးတို့၏, အပြစ်အာဒိနဝ, အနန္တရှိသည်များကို၎င်း, ကြံစည်မှတ်သား၊ စဉ်းစားဆင်ခြင်ကြကုန်သည်ဖြစ်၍, ယင်းသို့သော ကာမဂုဏ်ညွှန်တွင်း, မာရ်မင်းနိုင်ငံသို့မလိုက် သွားမိကြရအောင်, သမုဒြာမြစ်ပင်လယ်တွင်း, သင်္ဘောကြီးအထက်မှ, ဝက်ရူးနာပေါ်ခိုက်ကို, ရေထဲသို့ခုန်ဆင်း၍ချလိုက်မိမှားသော, ဥမ္မတ္တကတို့ခဲ့သို့, မဖြစ်စေကြရအောင်, မဖုတ်မကြော် ဆားစော်၊ ဆီစော်မနံရသည့်, မစ္ဆပုပ်ကောင်သည်, မကြာခင်လောံစား၍, တက်တက်ပြောင် သဉ့်နှယ်, မဖြစ်ကြရအောင်, ပဌမာကာမာသေနာ, ဒုတိယအရတိ, တတိယခုပ္ပိပါသာ, စတုတ္ထံ ထိနမိဒ္ဓံ, ပဉ္စမီဝိစိကိစ္ဆာ, မာရ်မင်း၏စစ်သည်ငါးဖြာကို, ရာထောင်မကသောပရိယတ်, ပဋိပတ် လက်နက်တော်များစွာနှင့်, ရဲရင့်စွာပုန်လှံ၍, သာသနာတော်တဉ်းဟူသောနန်းဝေရန်ဝယ်, အသက်ထက်ဆုံးချမ်းမြေ့စွာစံနေပြီးလျှင်, ဘခင်ရှင်တော်ဘုရား၏အရိုက်, အရဟတ္တဖိုလ်တည်း ဟူသောထီးဖြူအောက်သို့, မြန်မြန်ကြီးဆိုက်ကြရအောင်, သတိဝိရိယအထူးဆောင်ကြရမည် အကြောင်းများနှင့်, တေရသမတဆဲ့သုံးကြိမ်မြောက်, သြဝါဒစကား။ တရားရေဧတိုက်ကျွေး

ဆုမ္မလိုက်သည်တရပ်။ 

သည်မှတပါး, အပ္ပမာဒကထာ၌လည်း။ ။အာရဗ္ဘထနိက္ခမထ။ ယုဉ္စထဗုဒ္ဓသာသနေ။ ဇနာထမစ္စုနောသေနံ။ နဠာဂါရံဝကုဉ္စရော။ ။ဟူသောပါဠိတော်၏အရ။ ပါတိ

မောက္ခသံဝရသီလ၊ ဣန္ဒြိယသံဝရသီလ၊ ဘောဇနေမတ္တညုတာစသောရှေးဦးအစ၊ အာရဗ္ဘဓာတ် ထူးမြတ်သောကုသိုလ်အစု, ထိနမိဒ္ဓအလသိယ, တန္ဒိ, ဝိဇမ္ဘိတ, ကာမစ္ဆန္ဒမှက်ချင်ရဲတို့, ကိုက်ခဲ

ခြင်း၏ကင်းလွတ်ရာ။ ။

သုခါဝိရာဂတာလောကေ။ ကာမာနံသမတိက္ကမော။ ။ဟောအပ်သောပါဠိအရ, နေက္ခမသုခလျှင် အရင်းရှိသော, အာဒိကမ္မိကဘာဝနာမယ, ကုသိုလ်စသော, နိက္ခမဓာတ်၊ ထူးမြတ်လှစွာသောကုသိုလ်အစု, ဤသည့်ခန္ဓာကိုယ်အကောင်ပုပ်သည်,

စက်ဆုပ်ဘွယ်မျှသာစင်စစ်ဖြစ်သတည်း။ အရိုးအသားဟူ၍ ထင်ရှားမရှိဟူသော, ပညတ္တိသမ တိက္ကမသမထဘာဝနာလျှင် အစချီသော, များစွာသောသမထဘာဝနာကုသိုလ်အစု, ဤစက် ဆုပ်ဘွယ်အတ္တဘောဟူ၍လည်း, တလုံးတခဲတည်းမဟုတ်, သဲတလုံးလောက်မျှသောအသားစု အသွေးစု၌ပင်လျှင်, အရာအထောင်မက, အလွန်များပြားလှသော, ပထဝီအာပေါအစရှိသော မဟာဘုတ်၊ ရူပါရုံအစရှိသော, ဥပါဒါရုပ်တို့သဉ်, များစွာရှိကုန်သဉ်ဖြစ်၍, စင်စစ်အမှုန့်စုသာ လျှင်တဉ်း။ ဤအမှုန့်စုတို့သဉ်လည်း အမြဲအရှဉ်မတဉ်လျှပ်စစ်တပြက်နှိုက်ပင်လျှင်, အပြန်အ ရာအထောင်မက, အလျှင်အမြန်ဖြစ်၍, အလျှင်အမြန်ပျက်စီးလျက်, အသစ်အသစ်လည်း၍ နေကြရကား, မမြဲအနိစ္စ။ ဖြစ်ခြင်းပျက်ခြင်းဖြင့်, အခါခါနှိပ်စက်၍နေရကား, အလွန်ဆင်းရဲ သည်ဖြစ်၍, ဒုက္ခဒုက္ခ။ ဤသို့ အနိစ္စ ဒုက္ခ သဘောကို, နိစ္စ သုခ ဖြစ်အောင်, စောင့်ရှောက်ပြု ပြင်၍မဖြစ်, အလိုသို့မလိုက်, ဖြစ်လိုရာသဘောအတိုင်းသာဖြစ်၍နေသောကြောင့်, မဖြစ်လှာ အောင်လည်း မတတ်နိုင်, မပျက်ရအောင်လည်း မတတ်နှိုင်, ရှေးအဝိဇ္ဇာတဏှာ သင်္ခါရ အ ကြောင်းအားလျော်စွာ, ဖြစ်ပေါ်လှာ၍ သဘောအလျောက်သာ ဆောလျှင်စွာပျောက်၍, အ ဘယ်သူအစုံတရောက်ပြုပြင်တားမြစ်နှိုင်သူမရှိသောကြောင့်, အစိုးမရ အနတ္တအနတ္တသာလျှင်

တည်း။ 

ဤသို့စရှိသဉ်ဖြင့်, ဝိပဿနာရှုအပ်သော, ဝိပဿနာဘာဝနာမယကုသိုလ်အစုဟုဆိုအပ်

သော ယုဉ္စနဓာတ်, ထူးသဉ်ထက်ထူးမြတ်သောကုသိုလ်အစု, များစွာသောအဆိပ်ပင်တို့မှကျ ရောံသော, အကုဋေမကသော အဆိပ်သီးအဆိပ်စေ့တို့ကို, မျိုးမရောက်စေခြင်းငှာ, အလွန်ပူ လှစွာသောသံပူမီးအိုးကင်းဖြင့်, လှော်သင်း၍ထားဘိသည်ပမာ, ဘဝအဆက်ဆက် စံစား၍လာ ကြသော, ကာမဂုဏ်အဆိပ်ကြီးတို့မှ, ကြွေကျသော မရေတွက်နိုင်သော, ပဉ္စာနန္တရိယကံစသော အကုသိုလ်စေတနာ, ကိလေသာအဆိပ်စေ့ဟူသမျှတို့ကို, အပါယ်ဘုံသို့ထုတ်ချောက်မရောက် မကျနှိုင်စေခြင်းငှာ, တကြိမ်တခါထဲနှင့်, စစ်တလင်းလဲအောင်လှော်သင်းဖျက်ဆီးနှိုင်သော နိဗ္ဗူတာတံခါးဝ၊ ပဌမရွှေဒယ်အိုးကြီးတည်းဟူသော, သောတာပတ္တိမဂ်လျှင်အစချီသော, အ လွန်ထူးသဉ်ထက်ထူးမြတ်လှစွာသော၊ ဓုနနဓာတ်, မြတ်သောကုသိုလ်အစုဟူ၍, ၄-ပါးသောကု သိုလ်ဓာတ်အစုဖြင့်, နိဗ္ဗာန်အောင်ရပ်သို့, ဆောလျှင်စွာကပ်ထဲ့နှိုင်ကြစေခြင်းငှာ, အာရဗ္ဘထ, နိက္ခမထ, ယုဉ္စထ, ဓုနာထဟု, ထကြထကြ, ထလေးဝဖြင့်, အားပြချီးငှော်, တိုက်မောင်းဆော် တော်မူသဉ်များကို, များများကြီးအားကျကြကုန်သဉ်ဖြစ်၍, ယင်းသို့သောလေးလီလေးရပ်,

ထူးမြတ်သောကုသိုလ်ဓာတ်အစုသို့ရောက်နှိုင်ကြအောင်။ ။

နသီလဗ္ဗတမတ္တေန၊ ဗဟုသစ္စေနဝါ

ပန။ သမာဓိပဋိလာဘေနဝါ။ ဓုတင်္ဂပဋိပတ္တိယာ။ ။ဘိက္ခုဝိသာသမာပါဒိ။ အပတ္တောအာသဝက္ခယံ။ ။မိန့်တော်သံအတိုင်း မြို့ကြီးခေမာ, တက်လိုရာဆိပ်ကမ်းသို့, မလှမ်းမရောက်ကြ သေးခင်, ယင်းမြို့ကြီးကို ညို့ညို့မှိုင်းမှိုင်း၊ တပိုင်းမြင်ရုံမျှနှင့်, ဝဲသြဃအဆုံးကြားတွင်, ပေါ့ ပေါ့စားစား, အိပ်ပျော်၍လိုက်မှားကြသော, လှေသင်္ဘောသားတို့ပမာ, နိဗ္ဗူတာစခမ်း, ဘေးမ သမ်းသည်, နိဗ္ဗာန်လမ်းကို, ရော်ရမ်းမှန်းထားမိသော, ဗဟုသုတသီလသံဝရပြည့်စုံရုံမျှနှင့်, တင်းတိမ်အားရစိတ်ချ၍မနေမိကြရအောင်, ဆင်ဘေးကျားဘေးတို့မှချမ်းသာလို၍, ထန်းပင် ကိုတက်ရာတွင်, ပတ်အိုးဝင်မိမှ၊ ဝိရိယပေါ့သည့်အတွက် ထန်းပင်ပတ်အိုးကပက်လက်လံ၍ကျ သည့်သူ၏ပမာ, ဤမျှလောက် စင်ကြယ်အောင် စောင့်ရှောံအပ်သော, သီလသံဝရ, ပါဠိအဌ တ္ထာသသင်ကြားကြဘူးသောဗဟုသုတ, တရားစကား, အတန်တန်ကြားကြဘူးသောဗဟုသုတ, အခြေကြီးကုန်ကြပြီးမှ, ဝိရိယလျော့ပါးကြသည်အတွက်, လယ်ဖန်များလျှင်လှည်းဘီးမစင်သင့် တတ်သဉ်ဆိုဘိသည့်အနေ, ဤရဟန်းဘဝက စုတေကာဖြင့်, ငရဲပြိတ္တာပြည်သို့, ရှောင်တခင် မ ရောက်ထဲကြစေခါ, သံသရာမှာ, တခြာခြာလယ်ဖန်များသဖြင့်, ယခုပင် တာဝတိန်ဘုံဖျားမှာ သိကြားဖြစ်၍, သူထက်ကဲ, ယခုပင် အောက်ငရဲမှာသေနာနာ, ယခုပင် ဗြဟ္မာဖြစ်၍ ပြောင် ပြောင်ဝင်း, ယခုပင် ဝက်စားကျည်းမှာ တရှုတ်ရှုတ်, ရေးထုတ်အပ်သည်ပေါရာဏစကားအ တိုင်း, ဖြစ်တတ်လှသည်အရေးများကြောင့်, စတုကဓာတ်, ထလေးရပ်တွင်, ဓုနနဓာတ်သို့ မ ရောက်မခြင်း, မပေ့ါဖျင်းသာချေဟု, သတိအထူးပြုမိကြအောင်, မီးရှူးထမ်း၍သွားသောသူ ကန်းသည်, မိမိထမ်းဆောင်သောမီးရှူး၏အရောင်ကို မမြင်ရသခဲ့သို့၎င်း, စောင်းအတတ်ဖြင့် အသက်မွေးသောစောင်းသ္မားနားထိုင်းကန်းသည်, မိမိသည် တီးမှုတ်အပ်သောစောင်း၏အ ဆင်းကိုလည်း မမြင်, စောင်းသံကိုလဉ်း မကြား, စောင်းတီး၍ အခရသဉ့်ဆန်စရေစများကိုသာ အာနုဘော်ခံစားရဘိသခဲ့သို့၎င်း, မိမိတို့ငယ်စည်ကစ၍, နေ့ရက်ရှည်ကြာ, စုဆောင်း၍လာရ သဉ့်, ဗဟုသုတသီလသံဝရ၏အကျိုးလှလှကြီးမပြီး, အုန်းသီးမြောက်ရဖြစ်၍ မနေကြရအောင် တွင်းကားတူး၏, တွင်းမအောင်း, တွင်းအောင်း၏တွင်းမတူး, တွင်းလည်း တူ၏, တွင်းလည်း

အောင်း၏ဟု, ပုဂ္ဂိုလ်လေးရပ်တို့တွင်။ ။

ဂါဓေဉ္စဝကတ္တာ။ နပနဂါဓံ။ ။မိန့်တော်သံအရ, တွင်း

သာတူး၍တွင်းမအောင်းသည့်, ဂယ်လောင်ကြွက်မိုက်, ကြောင်ပါးလက်ဝယ်သေဘေးကြီးဆိုက်

ရလေသခဲ့သို့, မရှိကြရအောင်။ ။

နိက္ခမေဇ္ဈာ သယာဗောဓိသတ္တာ။ ။ပါဠိတော်မြတ်

အတိုင်း ဆိုလိုရင်းပဋိပတ္တိကို အားထုတ်နှိုင်ကြောင်း, ပရိယတ္တိနည်းကောင်းနဉ်းမြတ်တို့ကို, ရှာစအပ်ကြသေးသည့်, အချိန်အရွယ်အားလျော်စွာ, ပရိယတ္တိနည်းကို အားကြီးစွာရှာကြရသည် အခိုက်ဖြစ်၍, ဘုရားရှင်၏အလိုတော်အရ, နေရာကျကျနိက္ခမသုခကို မရှာနှိုင်ကြသေးသော် လည်း, စဏ္ဍာလကုမာရသည်, ရာဇကုမာရတို့နှင့်အတူ, ထီးဖြူစီများကို, လားလားမျှစိတ်မကူး ဖုန်းစားခွက်ပြုလုပ်စရာ, အဆောက်အအုံကိုသာ ကြံစည်အားထုပ်ပြုလုပ်သခဲ့သို့, အကြံသေးသိန်, ဟန်မှေးမှိန်၍, လောကဂုဏ်သိန်, ဗဟုသုတ, သီလရှိန်မျှနှင့်, တင်းတိမ်အားရ, ဓူရနိက္ခိတ္တ, မနေကြမိစေဘဲ, ရာဇကုမာရဖြစ်သောသူသည်, ကံမကူသေး၍သာ, ထီးဖြူနှင့်ဝေးလျှင် သာဝေးရသည်, ကာလေနကာလံ, ထီးဖြူကို တကြံထဲကြံသခဲ့သို့, အရဟတ္တဖလကို, အနိက္ခိတ္တဓူရ, နိက္ခမေဇ္ဈာသယစိတ်စွဲနှင့်, ပရိယတ္တိကာလထဲတွင်သော်လည်း, သင့်လျော်အောင်အချိန် ထားသဖြင့်, ပဋိပတ္တိကာလ, ဘာဝနာသမယကိုလည်း ကြားချပ်၍, လျောက်ပတ်စွာနှစ်လုံးထားမိကြအောင်, အဇ္ဈသုဝါပရသုဝါ, သေဘေးလာမှ, ထိုခါနောင်တမရှိကြရအောင်, မာပမာဒတ္ထ ဘိက္ခဝေ။ ဒေသနာအထွေထွေကို, စေ့ရေနှစ်လုံးထားမိကြရအောင်, မာပစ္ဆာ ဝိပ္ပတိသာရိနောကို, သဘောလှလှစိုက်မိကြအောင်, အသက်ကုန်ပျောက်, တမလွန်သို့ရောက်ခါမှ, တောက်တခက်ခက်မနေကြရအောင်, သတိဆောင်ကြရမည်အကြောင်းများနှင့်, စုဒ္ဒသမတဆယ့်လေးကြိမ်

မြောက်သြဝါဒစကား, တရားရေဧ, တိုက်ကျွေးဆုမ္မလိုက်သည်တရပ်။ 

သည်မှတပါး, မှာထားဆုမ္မရန် အလုံးစုံကို, သိမ်းခြုံနှိုင်သော, သဗ္ဗသင်္ဂါဟိကသင်္ခေပကထာ၌။ ။ယာဝကိဝဉ္စဘိက္ခဝေဘိက္ခူ။ ယေတေဘိက္ခူထေရာရတ္တညူစိရာစိရပဗ္ဗဇိ

တာသံဃမိတရော။ သံဃပရိဏာယကာ။ တေသက္ကရိဿန္တိ မာနေဿန္တိပူဇေဿန္တိ။ တာဝကိဝဉ္စ ဘိက္ခဝေဘိက္ခူနံ ဝဍ္ဎိယေဝပါဋိကင်္ခါနောပရိဟာနိ။ ။ပါဠိတော်မြတ်ဖြင့်, မည်သဉ့်အရပ် မဆို, ထိုထိုနေရာ, သင်္ဃာအစည်းအဝေးတို့တွင်, သင်္ဃာထေရ်ဖြစ်ကြသူမထေရ်ကြီးတို့၏, စကားကိုအောက်သင်္ဃာငယ်တို့ ရိုသေစွာ, ညီညာဖြဖြ, လိုက်နာနှိုင်ကြသရွေ့ကာလပတ်လုံး, ထို ထိုပရိသတ်အစည်းအဝေးရဟန်းတို့အား, ကွဲပြားပျက်စီးဆုတ်ယုတ်ခြင်းမရှိနိုင်, ပစ္စုပ္ပာန်သံသရာ, အကျိုးစီးပွားပြန့်ပွားသည်သာတည်း, ဟောတော်မူသဉ်များကို, များများကြီးယုံကြည်ကြ ကုန်သဖြင့်, အောက်သင်္ဃာငယ်ဟူသမျှတို့က, အထက်ဦးစီး, နာယကဆရာကြီးတို့, ဆုမ္မစီရင် ပြောဆိုရာ, မဉ်သို့မည်ဝါ, ဆန္ဒာဘယာစသည်ပြစ်တင်ကဲ့ရဲ့အရွဲ့တစောင်း ပြောဆိုပြုကျင့်မရှိ, အထက်ဆရာကြီးတို့စကားကို မသွေမလှန်, ပြားပြားဝပ်နာခံနှိုင်ကြအောင်, ယင်းနာယကဆရာ ကြီးတို့ကလည်း, သမုဒြာဝဲသြဃအကူး, လေမုန်တိုင်းအမြူးတွင်, မာလိန်မှူးသင်းဘောသူကြီး တို့, သတိဝိရိယပမာ, အခါမပြတ်, သတိမုဋ္ဌ, ကြားမချပ်စေရ, အလုံးစုံစီရင်ပြောဆိုကြသည်အ မှုဟူသမျှ၌, ဆန္ဒာ ဘယာ ဒေါသာ လိုက်လား၊ မမှားကြရအောင်၊ သတိအထူးဆောင်ကြရမည် အကြောင်း။ သည်မှတပါး။ ပဋိသန္ဓာရေဂါရဝတာဟုဆိုအပ်သော။ အပရိဟာနိယတရားများကို နှစ်လုံးထားကြကုန်သဖြင့်, ရွှေကျင်တိုက်သင်္ဃာများတို့၏ အကျိုးကို, လိုလားတောင့်တ၊ တရား ဟောပြ, ဆုမ္မခြင်းကို ပြုတော်မူလေ့ရှိကြပေကုန်သော, မဟာဗိုလ်ဆရာတော်, ဂုံညင်းဆိပ်ဆ ရာတော်, ဆင်ဖြူကျွန်းဆရာတော်, ရွှေလှံဆရာတော်, ပင်းတောရဆရာတော်, တောင်တော် ဆရာတော်, သက်ပန်းဆရာတော်, ဆိပ်ခွန်ဆရာတော်စသော ဆရာတော်ကြီးများထံ၌လည်း, ရံဖန် သွားလာဆဉ်းကပ်၊ ယင်းဆရာတော်မြတ်တို့, ပြောဟောဆုမ္မလိုက်သောတရားစကားသြဝါ ဒများကိုလည်း, ရိုသေစွာနာခံမိကြအောင်, သတိအထူးဆောင်ကြရမည့်အကြောင်း, သည်မှ

တပါး, ဝိသေသအကျည်းဆုံးအားဖြင့်, သဗ္ဗသင်္ဂါဟိကသင်္ခေပစကား, မှာထားဆုမ္မလိုက်သည်ကား။ ။

အမှံခေါအာဝုသောလေဏော။ လေဏတ္တရောပိဝေါသဒါ။ မဟဗ္ဗလာနမာစေရော။ ဝုဍ္ဎဍ္ဎောဝုဍ္ဎပူဇိတော။ ။ဗဟုဿုတောမဟာပညော။ သီလဝါစသမာဟိတော။ အဇ္ဇဝေါမဒ္ဒဝေါစေဝ။ သာသနဿာနုပါလကော။ ။ဆန္ဒာဒေါသာဘယာမောဟာ။ ဓမ္မသဝနာတိ ဝတ္တကော။ ဝဍ္ဎေုန္တောယသသာယောသော။ သုက္ကပက္ခေဝစန္ဒိမာ။ ။တူပဇ္ဈာစရိယီယာမိ။ မံ

လေဏာဟံမမာယကော။ မံလေဏာဝေါပိမံလေဏံ။ မံလေဏန္တိမမာယကာ။ ယာထ။ ဧဝံဝေါသောပိသဗ္ဗဒါ။ သဒ္ဓိဗ္ဗိဟာရိကီယန္တော။ တံလေဏောဝဘဝိဿတိ။ ။ဥပဇ္ဈာစရိယီအာဝုသော၊ ရွှေကျင်တိုက်မ, ရွှေကျင်တိုက်ဝင်, ငါ့ရှင်တပည့်ကြီးငယ်တစုတို့။ အမှံ၊ ငါတို့၏။ လေဏော၊ ခိုကိုးရာဖြစ်တော်မူသော။ ဝေါပိ၊ သင်တပည့်တို့အားလည်း။ သဒါ၊ အခါခပ်သိမ်း။ လေဏက္ကရော၊ ခိုကိုးရာကိုပြုတော်မူစွမ်းနှိုင်သော, ပြုတော်မူပေသော။ မဟဗ္ဗလာနံ၊ များစွာသော ဘုရားတပည့်သင်္ဃာဗိုလ်ပါအပေါင်းတို့၏။ အာစေရော၊ နာယကဦးစီး ဆရာကြီးလည်းဖြစ်တော်မူထသော။ ဝုဍ္ဎဍ္ဎော၊ အသက်သိက္ခာပညာဂုဏ်ကြီးသော သူတို့ထက်ကြီးတော်မူထသော။ ဝါ၊ အသက်သိက္ခာပညာကြီးတော်မူသောကြောင့် ကြီးတော်မူထသော။ ဝါ၊ အလွန်အသက်သိက္ခာ ပညာကြီးတော်မူထသော။ ဝါ၊ ကြီးတော်မူသောကြောင့်။ ဝုဍ္ဎပူဇိတော၊ အသက်သိက္ခာပညာကြီးသော သူတို့သော်လည်း ပူဇော်ထိုက်ထသော။ ဗဟုဿုတောစ၊ သုံးပုံပိဋကတ်လေ့လာအပ်သော ဗဟုဿုတဂုဏ်လည်း ရှိတော်မူထသော။ မဟာပညောစ၊ ဆန်းကြယ်နက်နဲခက်ခဲရာသိတတ်စွာ သည်မဟာပညဝန်လည်းဖြစ်တော်မူထသော။ သီလဝါစ၊ ငါးဆယ်ကျော်ကျော် ဝါတော်အမျှ စင် ကြယ်လှသောသီလဖြင့် သီလဝန်အရှင်လည်း ဖြစ်တော်မူထသော။ သမာဟိတောစ၊ ကျား အောင်းဆင်နေ, မြိုင်ခြေတောကြီး, လူမနီးရာ, ဟိမဝါ၌, ရှည်ကြာနှစ်ပေါင်း, ကာလညောင်း စွာ, ဘာဝနာကမ္မဋ္ဌာန်း, စီးဖြန်းပျော်မွေ့နှိုင်ခြင်းသမာဓိဂုဏ်လည်းရှိတော်မူထသော။ အဇ္ဇဝေါ စ၊ မျက်ကွယ်မျက်မှောက်, ယုံကြည်ကိုးစားလောက်အောင်, ဖြောင့်မတ်ရိုးသား, တရားစောင့် ထ အဇ္ဇဝဂုဏ်လည်းရှိတော်မူထသော။ မဒ္ဒဝေါစ၊ ပုစ္ဆာမေးလျှောံ တရားနာရောက်လှာကြသော သူတို့အားလည်း။ ပီယဝါစာ၊ ချိုသာပြောလေ့, နှစ်လုံးပြည့်ဝမဒ္ဒဝဂုဏ်နှင့်လည်း ပြည့်စုံတော်မူ ထသော။ သာသနဿ၊ ဘုရား၏သာသနာတော်မြတ်ကို။ အနုပါလကော၊ သာသနာတော်အမှု ထမ်း ရဟန်းသာမဏေတို့၌ အမြဲတည်အောင် အစည်စောင့်ရှောက်လေ့ရှိတော်မူထသော။ ဆန္ဒာ ဒေါသာ ဘယာမောဟာ၊ ဆန္ဒဝင်ပျက်, ဒေါသမျက်နှင့်, ကြောက်လျက်တွေဝေ၊ အဂတိ

အနေများကြောင့်။ ဓမ္မဿ၊ ဟုတ်တိုင်းသောတရားသဘောကို။ နာတိဝတ္တကော၊ လွန်တော်မူ 

လေ့မရှိထသော။ ဝါ၊ ရှိတော်မမူသောကြောင့်။ သုက္ကပက္ခေ၊ လဆန်းပက္ခ၌။ စန္ဒိမာဣဝ၊ တင့် တယ်ပြောင်ရွှန်း, တနေ့ထက်တနေ့တက်၍ ထွန်းသောလဝန်းခဲ့သို့။ ယသသာ၊ ယသဂုဏ်နှစ်ပါး ဖြင့်။ ဝဍ္ဎုန္တော၊ တကြီးပွားထဲကြီးပွားတော်မူထသော။ ယောသောအာစရိယော၊ အကြင်မဟာ ဗိုလ်ဆရာတော်ဘုရားကြီးသည်။ အတ္ထိ၊ သင်တပည့်တို့၏အနီး, ခြင်္သေ့ကြီးအသွင်, ဆင်ပြောင် ကြီး၏အလား, ထင်ရှားရှိတော်မူ၏။ အာဝုသော၊ အိုငါ့ရှင်တပည့်တို့။ အဟံ၊ သင်တို့ဆရာငါ သည်ပင်။ တံအာစရိယံ၊ ထိုဆရာတော်ဘုရားကြီးကို။ မံလေဏန္တိ၊ ငါ၏ကိုးစားရာဟူ၍။ မမာယ ကော၊ မြတ်နိုးခြင်းရှိသည်ဖြစ်၍။ ဥပဇ္ဈာစရိယီယာမိ၊ ဥပဇ္ဈာယ်ဆရာကြီးကိုခဲ့သို့ကျင့်၏။ မံ လေဏာ၊ ငါ့ကိုကိုးစားကြကုန်သော။ ဝေါပိ၊ သင်တပည့်တို့သည်လည်း။ မံလေဏံ၊ ငါ၏ကိုးစား ရာဖြစ်တော်မူသော။ တံအာစရိယံ၊ ထိုဆရာတော်ဘုရားကြီးကို။ မံလေဏန္တိ၊ ငါတို့၏ကိုးကွယ် ရာဟူ၍။ မမာယကာ၊ ကိုယ်ဟာတခု မြတ်နှိုးခြင်းကို ပြုကြကုန်သည်ဖြစ်၍။ ဥပဇ္ဈာစရိယိယာထ၊ ဥပဇ္ဈာယ်ဆရာကြီးကိုယ်ခဲ့သို့ ကျင့်ကြလေကုန်လော့။ ဧဝံ၊ ဤသို့ကျင့်ကြကုန်သော်။ သောပိ၊ ထိုငါ၏ကျေးဇူးသခင်ဆရာတော်အရှင်ဘုရားကြီးကလည်း။ ဝေါ၊ သင်တပည့်တို့ကို။ သဒ္ဓိဝိဟာ ရိကိယန္တော၊ သဒ္ဓိဝိဟာရိကတပည့်ရင်းတို့ကိုယ်ခဲ့သို့, ဆုမ္မပဲ့ပြင်သွန်သင်ပြသမှိုင်းမစောင့်ရှောက် တော်မူသည်ဖြစ်၍။ သဗ္ဗဒါ၊ အချင်းခပ်သိမ်း။ တံလေဏောဝ၊ သင်တို့၏ကိုးကွယ်ရာတဖြစ် ထဲသာလျှင်။ ဘဝိဿတိ၊ အမြဲဖြစ်တော်မူလတ္တံ့။ ။ဤသို့သောပါဠိဂါထာအနက်လာ တိုင်း, မံလေဏဖြစ်တော်မူသော, ငါ၏ကျေးဇူးသခင် မဟာဗိုလ်ဆရာတော်အရှင်ဘုရားကြီး သည်, သင်တို့၏တံလေဏတဖြစ်ထဲဖြစ်တော်မူနှိုင်အောင်, မံလေဏဖြစ်ကြကုန်သောငါ၏တ ပည့်တို့သည်, မံလေဏဖြစ်တော်မူသော ဆရာတော်ဘုရားကြီးကို, ငါ့ထက်မက မံလေဏဟုမှတ် ကြကုန်သဖြင့်, ဥပဇ္ဈာယိကတ, ဂုဏသခင်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအား, တပည့်သား တို့ပြုကျင့်ထိုက်သောဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ရွက်ဆောင်အပ်သော မှုခင်းကိစ္စပါသာဏ ဆတ္တကိုခဲ့သို့ အလေးပြုအပ်သည်အရာ လွန်စွာချစ်မြတ်နိုးအပ်သည်သဘော, အထူးထူးသော ပန်းပူဇော်ခြင်း, မကြာမကြာတရားနာသွားလာကြခြင်း စသောပဋိသန္ဓာရေဂါရဝတာအရာများ တို့၌, မလစ်မလတ် သတိမုဋ္ဌချားမချပ်စေရ မပြတ်အားထုတ်ကိုးကွယ်တံလေဏတကယ်ဖြစ်ကြ ရအောင်, ကုသိုလ်ကံအခွင့်လျော်၍, ဆင်ဖြူမှကွာဝေးလေဘူးသောဝတ္ထုထုံးပမာ, မဖြစ်ကြ စေခြင်းငှာ, လွန်စွာသတိပြုမိကြအောင်, ဟိမဝန္တာ, ရှုတိုင်းသာသည့်, မဟာဂနိုင်, မြိုင်ကြီးအတွင်း, အိုင်မင်းဆဒ္ဒါန်, ပဒုမ္မာ ကြာတော အတန်တန်တို့၌, ပန်းဝတ်ရက်ရနံ့ကို အဖန်ဖန်ခံစား ၍, ကြာရိုးကြာစွယ်အရသာများနှင့်သာပျော်ပါးနေကြဖြစ်သော, ဥပေါသထဆင်ဖြူမြတ်သည် သမုတိနတ်မင်းတို့ဘုန်းသမ္ဘာကြောင့်, ရတနာဆယ်လီတို့ဖြင့်, တင့်တယ်စွာ စီခြယ်အပ်သော ရ တနာမဏ္ဍပ်ကြီးအောက်, ဝင်းဝင်းတောက်သည်, ရတနာအိပ်ခင်းမွေ့ရာဝယ်, အသွယ်သွယ် သောရာဇဃ်၊ ပုညဃ်၊ မဟဃ်၊ ဘောဇဉ်တို့ဖြင့်, မြင်ကြသူရှုမညီး, ကြားရသူအံ့မပြီးနှိုင်ဘွယ်, ချမ်းသာစွာစမ္ပာယ်ရသော်လည်း, ဇာတိသဘာဝ, မြိုင်ထဲ၌သာ ပျော်နေကြအလျောက်, ယင်း သို့သောသမုတိနတ်မင်းတို့, ချီးမြှောက်ပူဇော်အပ်သည့်, နဝရပ်စည်းစိမ်, ရွှေနှောင်အိမ်မှ, ခ ဏမကြာ, ဆောလျှင်စွာ လွတ်လိုဘိသည်အလား, ပဝိဝေကဇ္ဈာသယ၊ နိက္ခမေဇ္ဈာသယ၊ ဆန္ဒစ ရိုက်အားလျော်စွာ, ပျော်နေကြမြိုင်နေရာ, ရနေကြချမ်းသာတော်များ၌, မကြာမကြာ စိတ် တော်ပါးတတ်သည့်အရာများကိုလည်း, ကိုယ်တော်မြတ်သာ, ကိုးစားရာရှိကြသောတပည့်သား တို့ကို ထောက်မျှော်, သာသနာတော်ကို ထောက်ထား, သနားသည်းခံတော်မူပါမဉ်အကြောင်း များနှင့်, သင်္ဃာတော်ပေါင်း ဝန်းဝိုင်းတောင်းပန်၍, နိယံမစဲမံလေဏတံလေဏတပြုထဲပြုကြရ အောင်, သတိအထူးဆောင်ကြရမည်အကြောင်းများနှင့်, ပန္နရသမတဆယ့်ငါးကြိမ်မြောက်သြ ဝါဒစကားမှာကြားဆုမ္မလိုက်သည်တရပ်။

ဤသို့လျှင်, ရွှေကျင်တိုက်သင်္ဃာတို့၌, ဆရာအနားတွင်မရှိသော်လည်း ရှိသော်ဝိယ, 

ဆရာကိုယ်တိုင်လာ၍ မဆုမ္မလှာသော်လည်း ဆုမ္မလှာသော်ဝိယ, ပစ္စုပ္ပာန်သံသရာကျိုး နှစ်ဖြာ ပြီးကြစေခြင်းငှာ, အာဒိတောပဋ္ဌာယပန္နရသမတိုင်အောင်, တဆယ့်ငါးရပ်သောသြဝါဒစကား ရပ်တို့ဖြင့်, ဆရာဟောကြားဆုမ္မရန်ရှိသမျှကို အစုစုအဖုံဖုံ၊ လူကြီးလူငယ်ဝန်းအုံ၊ တသက်လုံး သောက်မကုန်, ဆေးစုံအောင်တိုက်ကျွေး၊ သပိတ်ခါ အိပ်ခါ အကုန်ပေးလိုက်ပြီးဖြစ်သောကြောင့်။


ယံဝေါဘိက္ခဝေသတ္တာရာကရဏီယံ။ ကတံဝေါတံမယာ။ ။မိန့်မှာတော်မူသဉ်အလား, ဆရာသ္မားတို့အင်္ဂါ, တရားဆုမ္မရမဉ့်ခြင်းရာ, ဆရာတာအလုံးစုံ, မြစ်ချင်းပြီးကုန်သ လောံရှိပေပြီး, တပည့်များတို့ကသာလျှင်။ ။

အတ္တာဟိအတ္တနောနာထော။ ကောဟိနာ

တောပရောသိယာ။ ။ဒေသနာတော်၏အရ။ ။ကိုယ်ရှင်ကိုယ်သာ, ကိုယ်ဆရာ, ကိုယ်သာ ကောင်းအောင်ပြုပါမှ။ ,သြဝါဒဆရာ, တို့တွက်တာ, ဤသာနည်းကုန်ပြ။ ။ကိုယ်ရှင် ကိုယ်သာ, ကိုယ်ဆရာ, ကိုယ်သာကဝိအစစ်ဆုံး။ ။သြဝါဒဆရာတို့တွက်တာ, ဤသာ ပြနည်းထုံး။ ။ဆိုဘိသည်ပမာ, သောဝစ္စဿတာမင်္ဂလာ, တပည့်တို့တွက်တာကသာ, လို စရာမရှိရအောင်, သတိအမြဲဆောင်ကြစရာရှိပါပေတော့သည်တကားဟု၊ များများကြီးနှစ်လုံး ထားကြကုန်သည်ဖြစ်၍, ဆရာအင်္ဂါပြည့်စုံစေခြင်းငှာ, ကိုယ်မချိသည်, ဗျာဓိဒုဗ္ဗလအသပ္ပာယ အကြောင်းများကို နှစ်လုံးမထား, ကရုဏာမေတ္တာရှေ့သွား, အတန်တန်သောစကားရပ်တို့ဖြင့်, နှံ့စပ်စုံလင်အောင်, ထုတ်ဆောင်ရေးသား, ဟောကြားဆုမ္မလိုက်သော, ပန္နရသသြဝါဒစကားရပ် တို့ဖြင့်, တန်ဆာဆင်အပ်သော ဤသိဿကောဝါဒလင်္ကာရဓမ္မကထာကို, အနှစ်တရာမှတကြိမ် သာကြွေကျသော, အာသာဝတီနွယ်နီနတ်ပန်းကို, နတ်ဒေဝါတို့, သူတက်ငါဆွတ်လှမ်းပန်ဆင် ကြဘိသည့်ပမာ, နိုင်ငံဆုံးရပ်တကျေး, ဝေးလှသီခေါင်, နွားလံတောင်ဝိဟာရက, တရံတခါအ ခွင့်သာခိုက်, ပေးကမ်းလိုက်သည့်သြဝါဒဖြစ်သည်နှင့်လျော်စွာ, တပည့်သင်္ဃာကြီးငယ်တစုတို့, ဝမ်းမြောက်ဝမ်းသာ, ညီညာဖျဖျ၊ စည်းဝေးဖတ်ကြား၊ မှတ်သားနာခံကြကုန်ပြီးလျှင်, ယင်းတ ဆယ့်ငါးရပ်သော၊ သြဝါဒစကားရပ်များတွင်၊ ပါဝင်သဉ့်အကျင့်ဝတ်အာစာရ, ဥပဒေသအတိုင်း အသေအချာနေရာတကျမဘောက်မပြန်၊ မသွေမလှန်, ကျင့်ကြံနေထိုင်နှင့်ကြရမည်အကြောင်း များနှင့်, အလုံးစုံနိဂုံးအုပ်၊ သြဝါဒအချုပ်စကားတရားစည်ကြီး, ရိုက်တီးကြွေးကျော်နှိုးဆော် ဆုမ္မလိုက်သည်, ရွှေကျင်တိုက်မ, ရွှေကျင်တိုက်သစ်, ရွှေကျင်တိုက်ဝင်၊ ရွှေကျင်တိုက်ထွက်,

ရွှေကျင်တိုက်သွေး, အဝေးအနီးတပည့်သင်္ဃာကြီးငယ်တစုတို့။ ။သိဿကောဝါဒလင်္ကာရ ဓမ္မကထာနိဋ္ဌိတာ။ 

ဇေယျတု

အရှင်ဘုရား။ ။တပည့်ရွှေကျင် လျှောက်ထားပါသဉ်ကျေးဇူးသခင်ဆရာတော် ။အတ္တနိမေတ္တောဒကေနသိဉ္စိတာနံ ဝါအသိဉ္စိတာနံ ဝါသဗ္ဗေသမ္ပိသိဿာနံ အတ္တနောမေတ္တောဒကေနသိဉ္စတီတိဂုရုဟူသော ဝစနတ္ထအတိုင်း, တပည့်ရွှေကျင်အား, ကိုယ်စိတ်နှစ်ဖြာ, ချမ်းသာစေလိုသောစိတ်ထားနှင့်, မပြတ်မလတ်, သနားပို့သသွန်းလောင်းတော်မူအပ်သောဆရာတော်ဘုရားကြီး၏, မေတ္တောဒကသီတလအားလျော်စွာ, ယခုအခါ ကိုယ်တော်မြတ် တပည့်မှာ, ကိုယ်စိတ်နှစ်ဖြာချမ်းသည်ဧမြ, အတန်ငယ်သပ္ပာယနေရာကို ရပါသည်အကြောင်း။ သည်မှတပါး, မူလရင်းပဌမက, ရှိမ်မူကားရွာတောင်, သရက်ချောင်တောရ၌နေစည် အခါကပင်, ပြည့်ရှင်ရာဇာခတ္တိယသည်, ပုနပ္ပုနံ, ဝါရေနဝါရံ, အတန်တန်မင်းချင်းယောကျ်ား လူများတို့ကို, စေလွှတ်ပင့်ဆောင်လှာစေသည်သာမက, မောက်ကျိုးဆရာတော်ကြီးကိုလည်း ရှိမ်မူကားရွာသို့အရောက် ပင့်ခေါ်လှာစေပြန်သည်ဖြစ်၍, ဝယောဟာနိမာတာပီတုဥပဌာနတ္ထ

အကျိုးများကိုလည်း, ငဲ့ကွက်ရန်ရှိသေးသဉ်နှင့်, ရာဇဌာနီဒေသဝယ်၊ ပိဟရဏဖြစ်စဉ်ကပင်။ ။ 

တာဝေဝါဟံဝသိဿာမိ။ ဧတိဿံရာဇဌာနီယံ။ ယာဝမေမာတာဇီဝန္တိ။ ပိတာစသုခိတာသဒါ။ ။ ဟူ၍ ဘုရားရှင်ထံ, ဓိဋ္ဌာန်သစ္စာရှိပြီးအတိုင်း, မိအိုဘအိုတို့ထင်ရှားရှိစည်ကပင်။ ။

နာဘိ

ကင်္ခါမိပီတူနံ။ တေသံ ကာလံ ကဒါစိပိ။ အဘိကင်္ခါမိတံကာလံ။ ယံမေဣစ္ဆာသမိဇ္ဈတိ။ ။ တောင့်တကြံစည်ရင်းရှိသည်နှင့်လျော်စွာ, မိအိုဘအိုတို့ကာလင်္ကတ ဖြစ်ရှာကြသည့်အခါ၌လည်း,


နာဘိတောသေမိပီတူနံ။ တေသံကာလမ္ပိကိဉ္စိနံ။ အဘိတောသေမိတံဌာနံ၊ ယံမေဣစ္ဆာသမိဇ္ဈတိ။ ။စိတ်ပါရှိသည်အလျောက်, မာတာပီတရကာလင်္ကတနောက်တွင်, များများ ကြီးမကြာခင်စေရ, လက်စမသတ်တတ်သေးသော, ဂန္ဓပလိဗောဓများကို ဖြတ်တောက်ပြီးလျှင်။ ။

ယမှာဒိသာပက္ကမာမိ။ နဝိလောကေမိကိဉ္စိနံ။ ဒူရံဂစ္ဆာမိတံဌာနံ။ ယတ္ထိစ္ဆိတံသုခံလဘေ

။အကြံကြီးဧရာနှင့်, ထွက်လှာခဲ့ပါသော်လည်း, ကာယဒုဗ္ဗလ, ပါဒဒုက္ခ, ကာရဏဝိက လတွက်ကြောင့်, လမ်းထက်ဝက်လောက်မျှမရောက်သေးခင်, ကိန္နရာတောင်တန်းသို့ဝင်လျက်, မောပမ်းဖြေရင်းအကြံထင်လင်း, လက်စကြွင်းနှင့်နေရာ, တပည့်သိဿညာတကာနှင့်, ဥပဌာ ကခတ္တိယေဟိ, ပလိဗောဓတွေဘိပြန်သောကြောင့်, ယင်းသိဿက, ညာတကနှင့်, ခတ္တိယတို့ တောင်းပန်ကြရာ, ငစင်ကိုင်ရွာတောင်, ဗောဓိချောင်တောရတွင်, ခိုဝင်နေထိုင်ရသည့်အခါ, မြို့ထဲကနေသောသူများထက်, မြို့ပြင်ကခပ်နီးနီးနေသောသူတို့ကပင်သာလွန်၍, ကြွက်ကြွက် ဆူညိုးညိုးညံ, မြို့တွံသံကိုကြားရတတ်သည်ဆိုဘိသခဲ့သို့, ဂဏပလိဗောဓစသည်အတွက်, မြို့ တွံသံကို ညိုးညိုးညံမစဲ, တကြားထဲကြားနေရပါသောကြောင့်, ဓမ္မန္တရာယ်, ခုဝယ်တွေ့ဆဲ,

နောင်လဲခါခါတွေ့ဦးလတ္တံ့, လန့်ခြင်းကြီးစိတ်လန့်၍ရှိသည်နှင့်။ ။

တတ္ထေဝါဟံဂမိဿာမိ။

ယတ္ထမေနေဒိသောကလိ။ အတိဒူရံ ဝိဒေသံဝါ။ မော်လမြိုင်ထံထိချင်ထိစေတိ။ ။အကြံကြီး စိတ်ရှိပါသော်လည်း ကျောက်ထီးပမာ, အလွန်အလေးပြုရပါသော, ဆရာတော်ဘုရားကြီး၏,

မေတ္တာတော်ဟန့်ဆီး၍, လှိုင်းတကြီးအကြံ, အတံငယ်လျော့ပါးသဖြင့်။ ။

တတ္ထေဝါဟံ၀ သိဿာမိ။ ယတောဝေါနာတိဒူရတော။ လဘာမျာဟံသပ္ပာယံစေ။ မော်လမြိုင်ထံမရောက်ရှိစေ

တိ။ ။အကြံရှိပြန်ပါသည်အလျောက်, သပ္ပာယကို ရပါလျှင်, ဆရာတော်ဘုရားနှင့်, ဝေး

ဝေးကြီးမနေပါ, ဆရာတော်ဘုရားထံ လျှောက်ထားခံဝန်ခဲ့ရင်းရှိခဲ့ပါသဉ်အတိုင်း။ ။

ယံဝေါက

ရောမိပဋိညံ။ နေသာမေဝိထထာဘဝေ။ ။စိတ်အနေကို အခါခါဖြစ်ပါစေလျက်, မြစ်ရိုး တလျှောက်, သင့်လျော်လိမ့်မဉ်အထင်ရှိရာအရပ်တို့သို့, ရောက်လေတိုင်းရောံလေတိုင်း, မနား မနေဧရာဝတီမြစ်အရှေ့ဘက် အနောက်ဘက်, အခါခါကမ်းသို့တက်၍, လှည့်လည်ရှာဖွေပါ သော်လည်း, စိတ်တိုင်းကျသင့်လျော်ရာ, သပ္ပာယဌာနကို, လှလှကြီးမတွေ့သဖြင့်, တရွေ့ရွေ့

စုန်ဆင်း၍, မင်းလှရွာကြီးသို့ရောက်သည့်အခါမှ။ ။

ဣတောမေတိက္ကမန္တဿ, ဝသတော

နာတိ ယုတ္တကော, အာစေရေဟိသိဿေဟိစ ဒူရောစဝိဒေသောယတော

။အကြံကြီးစောမိသည်အတိုင်း, ယင်းမင်းလှရွာကြီးမှ အနောက်တောင်တန်းတောစခမ်းသို့လည်း အခါခါ, အရှေ့ဘက်မှာလည်း အထပ်ထပ်, လှည့်ပတ်ရှာဘွေဖန်များသဖြင့် ၎င်းမင်းလှရွာမှအရှေ့တောင် မြစ်တဘက်ဝါးရုံချောင်, အင်ကြင်းတောင်သုံးလုံးကြားတွင်, ဧရာဝတီမြစ်နားမှလည်း, ကုလလေးတာသုံးရာကျော်ကျော်, ဂေါစရဂါမတို့မှလည်း,သဟဿူနဒဏ္ဍနာတိဒူရ၊ ယင်းဌာနတွင်, အတံငယ်သပ္ပာယမျှနှင့်, သန္တောသပြုမှ၊ သုယုတ္တဖြစ်တော့မည်ဟု, နှစ်လုံးပြု၍ ယခုဤနေရာထက်မလွန်စေရ, စိတ်များများကြီးချ၍, နေပါသည်အကြောင်း, ဆရာတော်ဘုရားကြီးက, မောင်မင်းသည်, မောင်မင့်တပည့်များနှင့် ဝေးဝေးနေ၍မတော်, မြို့တော်နှင့်မနီးမဝေး, လေးတိုင်ငါးတိုင်လောက်အရပ်ကနေစေချင်သည်, မိန့်တော်မူသည့်စကားကို, မိုဃ်းကြိုးသွားပဲ့တင်သံ, ပါသာဏဆတ္ထံဝိယ, ဂရုကာတဗ္ဗ ဖြစ်လှပါသော်လည်း။ ။

သကဒတ္ထမဘိညာယ။ သကတ္ထပသုတောသိယာ။ ။အနုညာအပေါ်တွင်။ အတ္တဒတ္ထံပရတ္တေန။ ကဒါစိပိနဟာပယေ။ ။အာဏာတော်ထွေအတန်တန်, ဆတ္တာတိဆတ္တံ, မိုဃ်းကြိုးထက်မိုဃ်းကြိုးသံ, ညိုးညိုးညံကြားရသည်များကို, ပြားပြားဝပ် ကြောက်ရပါသောကြောင့်။ ။

ယထာဝေါကထိတာမှကံ။ နကရေ ဟံလဟုံတတ္တာ။ တံမံခမာဟိဘဒ္ဒန္တေ။ ဥပါဒါယာနုကမ္ပနံ။ ။ခြေတော်စုံကို ဦးထိပ်ပန်၍, အတန်တန်တောင်းပန်လိုက်ပါသည်များကို, သနားသည်းခံလိုက်ပါမည့်အကြောင်း, မောင်မင်းလည်း မြန်မြန်လာ, ငါလည်း မြို့တော်ကမသွား, မိန့်တော်မူသံများကို ဦးထိပ်ထက်မရွက်ထားပါရ, မောင်မင်းလည်း မြန်မြန်လာ ငါလည်း မြန်မြန်သွားတော့မည်, မိန့်တော်မူသော အတ္ထာပန္န စကားများကို ဦးထိပ်ထက်ရွက်ထားရပါသည်အခါ၌လည်း, ဧဝလည်ထိုင် စလည် ထိုင်လှံ ကိုင်

ခွေးခေါ်နည်း, ကစ္စည်းကျမ်းနိယျာမ်များအတိုင်း, ဆရာတော်ဘုရား၏သွားတော့မည်လှံတ ပိုင်းကြောင့်, ရှေ့ထက်ပင်သာလွန်ကြူး၍, အထူးကြောက်ရပြန်သည်များကို, အထူးသနား တော်သည်းခံတော်မူပါမည့်အကြောင်း, ဆရာတော်ဘုရားကြီးက, ငါအိုမင်းပြီ, မင်းဆရာစိုး ဆရာမလုပ်လိုပြီ, မိန့်တော်မူသဉ်များကို, ဦးထိပ်ထက်ပန်ဆင်ရပါသဖြင့်လည်း, ငါခဲ့သို့ကြီးရင့် သိက္ခာ, သတိပညာ ဝေပုလ္လ, အချိန်ကျသည်, မဟလ္လကထေရကြီးများပင်သော်လည်း, ဒါရု ဏောဘိက္ခဝေလာဘသက္ကာရောကဋုကောဖရုသော။ ။ဟောတော်မူသဉ့်အတိုင်း, သမုတိ နတ်မင်းတို့ အထူးချီးမြှောက်အပ်သော, ရာဇဂုရုတံဆိပ်တော်နာမံအစခံသည်, ဒါရုဏသက္ကာရံ, ဖရုသပူဇေယျံ၊ ကဋုကလာဘ်လာဘံမိုဃ်းကြိုးစက်ဝင်းဝင်းလျှံ, မိုးမိုးထိန်ညိုးညိုးညံကို, အပူ ဇော်ခံနေရသည့်အရေးနှင့်, ပြေးချင်းမတတ်ကြောက်ရသေး၏, မောင်မင်းတို့နှယ်, ငယ်ရွယ် ကြသူ, သတိဝေပုလ္လမတူသည် ငါတပည့်ဟူသူအပေါင်းတို့သည်၊ ငါထက်သာလျှင်, လွန်စွာ ကြောက်ရစ်ကြဟု, သုကထိတ, သြဝါဒကို, မပြမပေးသော်လည်း, ပေးသော်ဝိယ, အဝုတ္တသိဒ္ဓိ

နယအားဖြင့်, ဆုမ္မတော်မူသည်မည်သောကြောင့်, ကြားသိရသောတပည့်ဟူသမျှတို့ကပင်။ ။ 

ဘာသိတဗ္ဗံဝဧတဿ၊ ရာဇဂုရုတိယဉ္စိတံ၊ ယတောပိ ဤဒိသာစေရော။ ဧတဿအတိဘာယတိ။

။ဧဒိသောနောဟိအာစေရော။ ယေနလာဘေနကမ္ပတိ။ ။ဟုတသက်လုံးနှစ်လုံးထားကြစရာ, လွန်စွာကောင်းပေသည်ဟု, နှစ်လုံးထားမိကြပါသည့်အကြောင်း, သည်မှတပါးလည်း, ဆရာ တော်ဘုရားကြီး၏ဝယောဟာနိသည်, ရာဇဂုရုမပြုလိုခြင်း၏ကာရဏမသင့်, ပြုလုပ်လိုခြင်း၏ သာကာရဏဖြစ်သော် ဖြစ်သင့်သည်, ဝယောဟာနိကာယ၏၊ ဥပဌာကကောင်းကောင်းနှင့်, ကောင်းကောင်းမွေးမြူမှသပ္ပာယကို ရသင့်သောကြောင့်တည်း, ယင်းဆရာတော်ဘုရားကြီး၏, ဝယောဟာနိသည်, အဘိနိက္ခမန၏ကာရဏမသင့်, အရညဌာန၏ကလိသမ္ဘဝဌာနဖြစ်သော ကြောင့်တည်း, ဆရာတော်ဘုရားကြီး၏မူလရင်းဆန္ဒပဝိဝေကဇ္ဈာသယသဉ်သာလျှင်, ယင်းအ ဘိနိက္ခမန၏ကာရဏဖြစ်သင့်သည်, အရညနိဝါသ၏, ကာရဏဖြစ်သင့်သည်, အရညနိဝါသ၏, ပဝိဝေကဇ္ဈာသယဆန္ဒနှင့်ကင်း၍မဖြစ်သင့်သောကြောင့်တည်း။ ယင်းသို့ပါလျက်, ဝယောဟာနိ ၏အတွက်ကြောင့်, အဘိနိက္ခမနအချက်ဖြစ်ရမည့်ခြင်းရာခဲ့သို့, မိန့်ဆိုတော်မူခြင်းသည်ကား။ စကားအရာ လိမ္မာကျွမ်းကျင်သဖြင့်, ရှင်လူရဟန်းတို့နာခံသာရုံမျှ, ဝေ၀စနစကားမိန့်ကြားတော် မူသဉ်စင်စစ်တဉ်းဟု, ယုတ္တိဟာရသံဝဏ္ဏနာနဉ်းအလာဖြင့်, ဆရာတော်ဘုရားကြီး၏ဒေသကာ ဓိပ္ပာယကို, လှလှကြီးသိရပါသည့်အကြောင်း, ယင်းသို့ဖြစ်၍, ရွှေတောင်ငွေတောင်ပတ္တမြား တောင်တို့ဖြင့်, တင့်တယ်တောက်ပရာ, ရှုတိုင်းသာသည်ဟိမဝန္တာ, မဟာဂနိုင်, မြိုင်ညိုကြီးတို့ ၏အတွင်း, အိုင်မင်းဆဒ္ဒါန်တို့၌ ရေကြည်သီတာ ဧမြစွာသို့, ခါခါသက်ဆင်းသဖြင့်, ပျော်မြူး နေကြဥပေါသထဆင်မင်းကို, လူမင်းတို့ယူဆောင်၍, ဝင်းဝင်းပြောင်သည့်, ရွှေနန်းဆောင်နေ ရာတွင်း၌, နတ်သုဒ္ဓာဘောဇည်ကျင်း၍, သွင်းလှောင်ထားသည်ကို, ခံနေရဘိသည်အလား, ရာဇမဟာမတ္တခတ္တိယခတ္တိယီတို့, ကြည်ညိုသဒ္ဓာ, လွန်ဝမ်းသာလျက်, တင့်တယ်စွာဆောက်လုပ် လှူဒါန်းသည့်, အံ့မခမ်းအသွယ်သွယ်, ရှုမညီးလွန်ကြီးကျယ်သော, ကုဋာဂါရပဋိမဏ္ဍိတ။ ဝိစိ တ္တတရ။ မဟဃ်တရ။ ဗဟုဝိဓသေနာသန၊ ပရိဝါရ၊ ဗဟုဝိဟာရတို့ကို၊ နဂိုရ်ရင်းမူလ။ အပ္ပိစ္ဆသ ဘာဝသံဝေဂစိတ်ရှေ့သွား, နိဗ္ဗိဒဗဟုလတရားများကြောင့်, ဟတ္ထိဗန္ဓနဒိဃိကာ, အမှိုက်မီးဇာ တွေများကိုခဲ့သို့, အောက်မေ့ထင်မြင်တော်မူသဖြင့်, ယင်းသို့သော သမုတိနတ်, ဖန်ဆင်းအပ် သည်ထူးမြတ်လှနေရာတို့ကိုသော်လည်း, မဟာဗိုလ်မြိုင်သာတွင်း, မူးဒိန်စအဝင်၌, မကျည်း ပင်ကြီးတပင်လောက်မျှ, မနောရမ္မ, ဖြစ်တော်မမူသည်လည်းအကြိမ်ကြိမ်, ယင်းသို့သော သမု တိနတ်ခတ္တိယခတ္တိယီတို့, အလီလီပို့သလှူဒါန်းလှာစေအပ်သည့်, ထူးမြတ်လှစွာ နတ်သုဒ္ဓာစည်း စိမ်တို့ကိုသော်လည်း, မဟာဗိုလ်မြိုင်ဦး, မူးဒိန်စအတွင်းကစွန်းရွက်ဟင်းတခွက်လောက်မျှ, မနောရထ, ချိုမြမြိန်ရှက်တော်မမူသည်လဉ်းအတန်တန်, အန္တေပူရနတ်နန်း, နတ်စခမ်းသို့, အ ခါခါကြွမြန်းတော်မူရသဖြင့်လည်း, မြူမှုန်ကထူ, နေကလည်းပူလျက်, လူစော်နတ်စော်နံလှ သည်လည်းအကြိမ်ကြိမ်, လမင်းဘုရား ကိုယ်တော်ပါးဝယ်, သောံရှူးကြယ်ပြောင်, အရောင် နီးနီး, ပညာကြီးကျယ်, တပည့်ကြီးငယ်, ခြွေရံတော်အသွယ်သွယ်တို့ကိုလည်း, မြစ်ပင်လယ်သြ ဃနားတွင်, ခါးကိုဖက်, လက်ကိုဆွဲ, သားသ္မီးတွေတွဲရရွဲနှင့်, အားတခဲခဲလက်ပြစ်ကူးသွားရသူ တို့နှင့်မသွေ, သံသာရောဃလဟာဘွေတွင် ခြွေရွေများစွာ, ဤတပည့်သိဿာတို့သည်,ဝန်လေးစွာသောဂဏပလိပေါဓသာတည်းဟု၊ စိတ်နှောင့်နှေးဖြစ်တော်မူသည်လည်းအထွေထွေ, ရာဇန္တေပူရတွင်, ရွှေရောင်ငွေရောင် ပြိုးပြိုးပြောင်သည့်, ရွှေဘုံဆောင်ကြငှန်း, သမုတိနတ် နန်းတို့၌, ဝမ်းမြောက်ဝမ်းသာပျော်စံမြန်းကြသည်, သမုတိနတ်မင်း, ခြေရင်းပရိဝါရံ, နတ်ဒေ ဝီအတန်တန်တို့ကိုသော်လည်း, မီးရောင်ဝင်းထိန်, ဖန်အိမ်မှန်အိမ်တွင်းတို့၌, ဝင်ဆင်းကြသည့် ပိုးဖလံကောင်တွေနှင့်လည်းအတူတူ, ပွက်ပွက်ဆူသည့်ရွှေရည်ငွေရည်, သကာရည်ထဲ၌, သေ ဘေးဆိုက်၍နေရှာကြသော, ပိုးပရွက်တို့နှင့်လည်းမချား, အလွန်သနားတော်မူဖန်များသည် လည်းအတိုင်းမသိ, ယင်းသမုတိနတ်မင်းတို့, ဖန်ဆင်းစီမံအပ်သော, ဝင်းဝင်းလျှံပြိုးပြိုးပြောင် ကျောင်းဆောင်ဗိမာန်, ကုဋာဂါရပဋိမဏ္ဍိတံ, ဝိစိတြနတ်ဝေရန်တို့၌, အသီးသီးသီတင်းသုံးနေ ကြသောတပည့်ကြီးငယ်, အသွယ်သွယ်သော မိတ်ဆွေရင်းချာတို့ကိုလည်း, မြို့ကြီးရွာကြီး၏အ နီး ရေကန်ကြီးနားတွင်, မုဆိုးတို့ထောင်ထားအပ်သော, စိမ်းစိမ်းဖတ်ဖတ် လွန်စွာနုလတ်သဉ့် မြက်ခင်းတဲတွင်, ဝင်ပေါက်ထွက်ပေါက်ကိုမမှတ်, ရန်သူလာလိမ့်မည်ဟူ၍လည်းမကြံအောင်း မေ့တတ်, အမှတ်မဲ့မြက်ကိုသာအတွင်စား၍နေမှားကြသော, ဘုရားဟောကျမ်းထွက်ဆို, စတုတ္ထသမင်တွေလိုသာ, အခါခါတွေးမိ၍, နိဗ္ဗိဒရှေ့သွား သနားငြီးငွေ့တော်မူသည်လည်း ပြောမ ကောင်း, ခေါင်းပေါင်းစတွေတထောင်ထောင်, ဝမ်းရေးကြောင့် ပူလောင်၍, တောင်ကူးမြောံ သန်း, နန်းတွင်းနန်းပြင်, ယခုနံနက်ပင်, ရာထူးရတော့မည်စင်စစ်, ညနေခါပင်လစားရိက္ခာရ တော့မည်ပုံ, အထင်တွေဝန်းအုံဖက်၍, သောကတွေပရပွက်ကျမ်းနှင့်, နတ်နန်းပတ်လယ်, အသွယ်သွယ်အဖုံဖုံနေထိုင်ကြသူလူအပေါင်းတို့ကိုလည်း, မီးမှန်အိမ်ပြင်ဘက်က, သူတက်ငါ နောက်မကျ, မီးတွင်းသို့ ဆင်းကြရအောင်, မှန်ချပ်ပေါ်ပူလောင်က, အတောင်များကျွမ်းခမန်း ဝိုင်းဝန်း၍နေကြသောပိုးဖလံတွေကိုခဲ့သို့, မကြားဝံ့ မမြင်သာ, သနားတော်မူရသည်လည်းအခါခါ, ကိုယ်ဝတ်တံဆာပြောင်ပြောင်ဝင်း၍, အဝါကြီးနှင့်အဝက်တင်းရှာကြသော, မင်းကျစိုး ရောင်, ထင်တလုံးကိုယ်စီမြှောင်၍, တောင်ကလာမြောက်ကလာ, ကယ်တော်မူပါတွေကလဲအ နဲနဲ, အလွှာထိုးလှာကြသူတို့ကလည်း ဟို့မစဲဖြစ်၍, နားတပူထဲပူရပြန်, နွားသံ၊ ကျွဲသံ၊ ဆဲရေသံ နှင့်, နှဲသံ, ပုံသံ, ကျွက်ကျွက်ရိုက်၍, ထက်ဝန်းကျင်ပရဘူးတိုက်သဖြင့်, ယင်းသို့သောသံဝိဂ္ဂ

စိတ်တော်မီး, အိုက်လှချက်ကြီးတော်မူလှသောကြောင့်။ 

ဇိဂုစ္ဆိတမိဒံဌာနံ။ သာမဏေဟိအဘိဏှ

သော။ ယတ္ထဂါမာဘိရမန္တိ။ အဝိဇ္ဇာယပုရက္ခတာ။ ။ဤအတိုင်းရာဇဌာနီအာဝါသ၏ အာဒိနဝကို, လှလှကြီးရှုပြီးခါ, သမဏောပညဝါမိရော။ ယတ္ထကာမေဟိ လိမ္ပိတော။ တံမုစ္စနံသု

ဣစ္ဆေယျ။ ပင်္ကေသန္နောဝကုဉ္စရော။ ။ဟူ၍ သဘောကြီး လုံးလုံးကျတော်မူသဖြင့်။ ။ 

သုညာဂါရံပဝိဌဿ။ သန္တစိတ္တဿဘိက္ခုနော။ ယံယံလဘတိပါမောဇ္ဇံ။ အမတံတံဝိဇနတံ။ ။

ဒေသနာမိန့်တော်သံကို, နာခံမှတ်သား, သတင်းကြားရုံသာမက, ဝါတော်မြတ်သုံးဆယ်ကျော်, တော၌သာမွေ့လျော်၍, ကိုယ်တော်တိုင်, ယင်းချမ်းသာငွေ့ကို, ပွဲတွေ့တော်မူခဲ့ဘူးသည်နှင့် လျော်စွာ, ဟိမဝါမြိုင်ဦးတွင်, နတ်သုဒ္ဓာသရက်ထူးကို, တကြိမ်မျှ ဆားမည်းရဘူးသည့်အ လောင်းတော်ရှင်ရသေ့, အခြားသောသရက်ကြမ်းတို့ကို, အနီးတွင် ခါခါတွေ့သော်လည်း, မော် ၍မျှမကြည့်ချင်, ယခင်နတ်သုဒ္ဓာသရက်ကိုပင်, အခါခါစိတ်ရောက်, ချင်ခြင်းမပျောက်နှိုင်သခဲ့ သို့, ရှေးခံစားရဘူးသောအရညဌာနဝိဝေကာရာမ, ပါမောဇ္ဇသုခ၌သာ, အခါခါစိတ်တော်ပါ၍ မဟာဗိုလ်မြိုင်ဖျား, အရညတိုက်တော်များသို့, ကြွသွားပြန်လည်တော်မူလိုသည်, စိတ်တော် ဖြစ်တော်မူသည်များကိုလည်း။


နာဘိကင်္ခါမိတုမှာကံ။ သကဌာနံနိဝတ္တနံ။ အဘိကင်္ခါမိ တုမှာကံ။ လဒ္ဓဿုခဿလဗ္ဘနံ။ ။ဤအတိုင်း စိတ်အကြံရှိပါသည်အလျောက်, လက်ဆယ်စုံကို ဦးတင်မျှောက်၍။ ။

သီဃံကရောဟိဘဒ္ဒန္တေ။ လဒ္ဓဿုခဿလဗ္ဘနံ မန္ဒံကရောဟိဘဒ္ဒန္တေ။ သကဌာနံနိဝတ္တနံ

။ဟူသောဂါထာဖြင့်, ကိုယ်တော်မြတ်၏, သံဝိဂ္ဂဗဟုလ, နိဗ္ဗိဒဗဟုလ။ ပဝိဝေကဇ္ဈာသယ။ နိက္ခမေဇ္ဈာသယစိတ်ထားကြောင်း, ရှေးရနေကြအရညဝိဝေကသုခများ၌ စိတ်တော်မကုန်, အာရုံတော်မပြတ်သော်လည်း, ရှေးသီလမြတ်အာနုဘော်, ခုနှစ်ဆယ်ကျော်သက်တော်ရှိသည့်, ဝယောဟာနိကိုယ်တော်မြတ်ကိုလည်းထောက်စာ, ကိုယ်တော်မြတ်မျက်နှာသာ, မျက်နှာအထူးရှိကြသည့်, သိဿကအပေါင်းတို့ကိုလည်းရှုမျှော်, အလွန်အား နည်း၍နေသောသာသနာတော်မြတ်ကိုလည်း, ချီးမြှောံမစတော်မူသောအားဖြင့်, ကိုယ်တော် မြတ်၏သကဌာနနိဝတ္တနကို, ဖြေးဖြေးသာသာ, သည်းခံတော်မူပါသဖြင့်, ရှေးကိုယ်တော်မြတ်, တောအရပ်ဝယ်, အသွယ်သွယ်ရအပ်ဘူးသည့်, ထူးမြတ်သောဥစ္စာ၊ စိတ္တဝိဝေကချမ်းသာကိုသာ ခုနေရာခုဌာနတွင်, ခုချက်ခြင်းလျှင်အမြန်, ရတဲ့အောင်ကြံဆောင်တော်မူနှိုင်လောက်သော, သတိဝေပုလ္လပညာဗလ။ ဝယောဝုဍ္ဎိဂုဏ, အချိန်သင့်အခွင့်တော်, ရောက်တော်မူလှာသည့်အ တိုင်း, ယခုလောက်ဤနေရာတွင်ပင်, ဖြတ်တောက်သင့်သော ပလိဗောဓတို့ကို, ဖြတ်တောက် တော်မူ၍, ရှေးရောက်အပ်ရအပ်ဘူးသည့်, စိတ္တဝိဝေကချမ်းသာကိုသာ, ဆောလျှင်စွာရတဲ့အောင်, သတိအထူးဆောင်တော်မူပြီးလျှင်, သုံးဆူသောသူတော်ကောင်းတို့၏အနက်, ဘုရား ရှင်အလွန်နှစ်သက်တော်မူသည့်, သုံးချက်မြောက်ရဲသူ, အားခဲ၍ဖြစ်တော်မူပါသဖြင့်, မြစ်ပင် လယ်ဝေဆူ, ဝဲသြဃအငူ, လှိုင်းကြက်ခွတ်ခေါင်ဖြူတွင်, ရွက်တိုင်ကိုခိုင်ခိုင်ထူ၍, ထိုးဝါးကို မြိုင်မြိုင်ကူရသည့်ပုံပမာ, သာသနဿဟိတေသိကာ, ဂုဏ်အထူးနှင့်ပြည့်စုံစွာသော, မတ္တရာ ဆရာတော်, စက်ရုံဆရာတော်, စသောဆရာတော်ဘုရားတို့လည်း, ဘဝတပါးပြောင်းသွား, သင်္ဂဇာဆရာတော်စသောဆရာများကလည်း ခရီးဝေးကွာ, ခိုကိုးရာဆရာနည်းပါး၍, လွန်စွာ အားနည်းကြသော တပည့်သင်္ဃာအပေါင်းတို့အား၊ သနားရှေးရှု, တကဲ့အချက်ဤအငူတွင်, တပည့်ကြီးငယ်ရှင်လူအပေါင်းတို့၏, တပေါင်းတည်းခိုကိုးရာ, ထိုးဝါးကိုမြိုင်မြိုင်ကူ၍, ရွက် တိုင်ကို ခိုင်ခိုင်ထူတော်မူပါမည့်အကြောင်းများနှင့်, တပည့်ရွှေကျင်ဆရာ, ခြေတော်စုံကို ဦး တင်ထား၍, အသနားတော်မြတ်ခံဝံ့ပါသည်, အဝေးအနီးတပည့်ကြီးငယ်သင်္ဃာအပေါင်းတို့၏ တပေါင်းတည်းခိုကိုးရာ၊ ရတ္တညုသံဃနာယကသံဃပါမောက္ခသံဃပရိဏာယကနာထက္ကရလေ ဏတ္တရဂုဏထူးတင်ကျေးဇူးသခင်ဆရာတော်အရှင်မြတ်ဘုရား။ ။ရွှေကျင်အာစရိယေန အတ္တနောပါသာဏဆတ္တဿဝိယဂရုကာတဗ္ဗဿဂုရုနောသန္တိကံပါဟိတာဂရွာရောစနကထာ။ ဂရွာရောစနလျှောက်ထုံးစာတန်း။

သြဝါဒါလင်္ကာရဓမ္မကထာ။ ဤတွင်၍ပြီးပြီ။ ။