ဟုတ်မှကြင်မယ် တေးထပ်
ပူပင်လယ် ကျယ်ခွင့်ကို၊
ကယ်သင့်မှ ကယ်မည်။
ဆယ်သင့်က ဆယ်မည်၊
ရွယ်ရည်ကာ မျှော်ရွေ့။
မထိုက်သူ မလှမ်းသာသည်၊
နန်းအာသာ ပန်းတို့ဓလေ့။
သနားလျှင် သနားပါ့မယ်၊
မှားစရာ အငွေ့။
တရားဟာ အပြည့်ဖြင့်၊
အတွေ့ကို ရှောင်လေ၊
အင်္ဂါပြင် ရာဟုသန်းပါလို့၊
အာယုစန်း ညံ့တော့မသေ။
ဘာဏုနန်း တက်နေတောင်၊
လဂ်မသွေ ဝင်နင်းတော့၊
အရင်းဖြင့် ကံကိုပင်၊
ဟောပြ ဗုဒ္ဓဝင်။
ဟုတ်ရင်ဖြင့် အဟုတ်ကြင်မယ်၊
မဟုတ်ရင် ဟုတ်ဘူးရှင့်လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |