အင်းပဲဘုရားနှင့်နဂါးရုံဘုရား ကျောက်စာ

အင်းပဲဘုရားနှင့်နဂါးရုံဘုရား ကျောက်စာ (သက္ကရာဇ် ၇၁၄)
by အသည်၊ ကလန်၊ သံပျင်
4094အင်းပဲဘုရားနှင့်နဂါးရုံဘုရား ကျောက်စာသက္ကရာဇ် ၇၁၄အသည်၊ ကလန်၊ သံပျင်

(ကျောဘက်)

ပြင်ဆင်ရန်
  • ၁၅“ငာပ္လုသောကောင်မှုကိုဝ် ဖျက်သောသူကာ ဖုန်မကြီစေသတေ
  • ၁၆ အသက်မရှည်စေသော မယာသေစေသတေ ကိုဝ်သေစေသော
  • ၁၇ သာသေစေသတေ ကြမ်ရရာမဖ္လစ်စေသော လုပ်စရာလေ မစာ
  • ၁၈ ရစေ၆ အကံမ္ဘာဖါဖုရှာလေမဖူစေသော လူလျှင်ဖ္လစ်သော ၄
  • ၁၉ လူကောင်မဖ္လစ် ခြေယ်တိုဝ်လက်တိုဝ် နူဝယ်စေသတေ၊ ဝ
  • ၂၀ က်ကွံတလှည်ကိုဝ် မိဖုတ်ရုယ် အကျွံမ်မရစေသော အယောင်
  • ၂၁ ကဲယ်သိုဝ်ဖ္လစ်စေသတေ၊ ငရဲကြီ ၈ထပ် ငရဲငဲ ၁၂၈ထပ်လျှင်
  • ၂၂ ခမ် ၄ စေသတေ မိတ္တည်ဖုရှာခ္လွတ် ၄ မက္လွတ်စေသော။ ငာ
  • ၂၃ ကာ သာသနာငာထောင်မကုန်သရှုယ် လူကောင်ဖ္လစ်ရုယ်သာ
  • ၂၄ သနာကိုဝ် ခီပင်ရသည်ဖ္လစ်ခ္လင်၏၊ ရဟန်ဖ္လစ်သော ပိတ္တက
  • ၂၅ တ်တတ်စွာသည် ဖ္လစ်ခ္လျင်၏၊ အဆုံမ်စွန်ကာ မိတ္တည်ဖုရာ
  • ၂၆ ဖ္လစ်သော ထမ္မစကြာတရျာဥိလျှင် နာရခ္လျင်၏၊ အဆုံမ် စွ
  • ၂၇ န်ကာ နေရပ္ဗန်ဆုကိုဝ် လိုဝ်ခ္လျင်၏၊ ငာလှုသောဥစ္စာ ကာ ငွေ
  • ၂၈ ၄၅၈က္လပ် ပုဆိုဝ်တထောင်ငာရျာ ၃၀၊ ဇပါကာ တထောင်
  • ၂၉ ငာရျာ ၃၀၊ ဆိတ်တရျာ နွာ နှစ်ဆဲငာခု၊ ဤငအလှူကိုဝ်ငာစွန်
  • ၃၀ သတေ၊ ငာတောင်သဆုလျှင် ရခ္လျင်၏။ ဝ ။”

[ငါပြုသောကောင်းမှုကို ဖျက်သောသူကား ဘုန်းမကြီး စေသတည်း။ အသက်မရှည်စေသော။ မယားသေစေ သတည်း။ ကိုယ်သေစေသော။ သားသေစေသတည်း။ ကြံရာရာမဖြစ်စေသော။ လုပ်စားရာလည်း မစားရစေ သော။ အကမ္ဘာဘာဘုရားလည်း မဖူးစေသော။ လူလျှင် ဖြစ်သောလည်း လူကောင်းမဖြစ် ခြေတိုလက်တို နူဝဲစေ သတည်း။ ဝါဂွမ်းတစ်လှည်းကို မီးဖုတ်၍ အကျွမ်း မရစေသောအယောင်ကဲ့သို့ ဖြစ်စေသတည်း။ ငရဲကြီး ၈ထပ်၊ ငရဲငယ် ၁၂၈ထပ်လျှင် ခံလေစေသတည်း။ မေတ္တေယျဘုရားချွတ်လည်း မကျွတ်စေသော။ ငါကား သာသနာငါးထောင် မကုန်သရွေ့ လူကောင်းဖြစ်၍ သာသနာကို ချီးပင့်ရသည်ဖြစ်ချင်၏။ ရဟန်းဖြစ် သော် ပိဋကတ်တတ်စွာသည်ဖြစ်ချင်၏။ အဆုံးစွန် ကား မေတ္တေယျဘုရားဖြစ်သော် ဓမ္မစကြာတရားဦး လျှင် နာရချင်၏။ အဆုံးစွန်ကား နေရပန်ဆုကို လိုချင်၏။ ငါလှူသော ဥစ္စာကား ငွေ ၄၅၈ ကျပ်၊ ပုဆိုး တစ်ထောင်ငါးရာ ၃၀၊ စပါးကား တစ်ထောင် ငါးရာ ၃၀၊ ဆိတ် တစ်ရာ၊ နွား နှစ်ဆယ့်ငါးခု၊ ဤ ငါ့အလှူကို ငါစွန့်သတည်း။ ငါတောင်းသောဆုလျှင် ရချင်၏။]


  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.