အနန္တသူရိယ မျက်ဖြေလင်္ကာ

တမ်းပလိတ်:TextQuality

မျက်ဖြေ လင်္ကာ
by အနန္တသူရိယအမတ်
4185မျက်ဖြေ လင်္ကာအနန္တသူရိယအမတ်

         မျက်ဖြေ လင်္ကာ(အနန္တသူရိယ)

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြနန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိမ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
အခင်မွန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။

အနန္တသူရိယအမတ် အမျက်ဖြေလင်္ကာ[]

ပြင်ဆင်ရန်
  • “သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူ တစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
  • ရွှေအိမ်နန်းနှင့်၊ ကြငှန်းတက်သည်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
  • ကြင်နာသနား၊ ငါအားမသတ်၊ ယခုလွှတ်လည်း၊ မလွတ် ပေရာ၊ အနိစ္စာတည်း။
  • ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံမှ၊ ကြိုက်ကြုံ ဝိပါက်၊ သံသာစက်၌၊ တုံ့ဖက်မလို၊ အရှင်ကိုလည်း၊ ကြည်ညိုမည့်ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ကြမ္မာတည်း။”
  • “သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူ တစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာ တည်း။
  • ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက် ပမာ၊ တစ်သက်လျာတည်း။
  • ကြင်နာသနား၊ ငါအားမသတ်၊ ယခုလွှတ်လည်း၊ မလွတ် ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လွှဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။
  • ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံ ဝိပါက်၊ သံသာစက်၌၊ ကြိုက်လတွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။”



  ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။
  1. * ကဗျာဗန္ဓသာရကျမ်းလာမူကိုယူပါသည်။