အဘိဓမ္မာခုနစ်ကျမ်း ရည်မှန်းဘုရားရှိခိုး

အဘိဓမ္မာခုနစ်ကျမ်း ရည်မှန်းဘုရားရှိခိုး
by သီရိပရဝဆရာတော် ရွှေဥမင်ရိပ်သာ
4225အဘိဓမ္မာခုနစ်ကျမ်း ရည်မှန်းဘုရားရှိခိုးသီရိပရဝဆရာတော် ရွှေဥမင်ရိပ်သာ

ယော ဇိနော ဗောဓိသမ္ပန္နော၊

(ယ) သုသောဘန္တော သိလာသနေ။

(ဇ ) အာသီနော ကထေသိ ဓမ္မံ၊

(ရ ) ဒေဝါနံ တံ နမာမဟံ။(နမာမိ+အဟံ)

(ဇ ) (ဝတ္တမျိိုး၊ တတိယ(ရ) ကာရ ဝိပုလဂါထာ)


ဗောဓိသမ္ပန္နော၊ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူသည်ဖြစ်၍ ဗောဓိဉာဏ်ဟုန် ဓမ္မ ဂုဏ်နှင့် ပြည့်စုံတော်မူသော။ ယောဇိနော၊ အကြင်မြတ်စွာဘုရားသည်။ သုသောဘန္နော၊ လက္ခဏာတော်ကြီးလက္ခဏာတော်ငယ် ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် လွန်စွာတင့်တယ်တော်မူသည်ဖြစ်၍။ သိလာသနေ၊ တာဝတိံသာနတ်တို့ပိုင်ရာ ပဏ္ဍုကမ္ပလာ ကျောက်နေရာ၌။ အာသီနော၊ မယ်တော်မိနတ် ကျေးဇူးဆပ်ချွေ နေတော်မူလျက် ။ ဒေဝါနံ၊ စင်္ကြာဝဠာတိုက်တစ်သောင်းမှ ရိုက်ညောင်းခတ်လာ နတ်ဗြဟ္မာတို့အား။ ဓမ္မံ၊ အသိပညာပြည့်လျှမ်း အဘိဓမ္မာ(၇)ကျမ်းကို။ ကထေသိ၊ ဝါတွင်းသုံးလ အခါပတ်လုံး မယ်တော်မိနတ် ကျေးဇူးဆပ်အနေ ဟောကြားတော်မူပါပေသတည်း။ အဟံ၊ သံသရာဝဋ် ကင်းလွတ်ရာအမှန် နိဗ္ဗာန် ရည်မျှော် ဘုရားတပြည့်တော်သည်။ တံဇိနံ၊ ထိုအရှင်မြတ်ဘုရားကို။ နမာမိ၊ ဂါရဝ ရိုကျိူး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။

(နမက္ကာရ ဘုရားရှိခိုးဂါထာ ၁၃ ကိုပြင်၍ ဂါထာနှင့်အနက်ပေးကို ရေးသာပူဇော်သူ သီရိပရဝဆရာတော် ရွှေဥမင်ရိပ်သာ မြောက်ဥက္ကလာပ)


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။