မဟာသုတကာရီ မဃဒေဝလင်္ကာသစ်
by မာန်လည်ဆရာတော်
၁။ အမစ္စာ ပုစ္ဆနခဏ်း
4228မဟာသုတကာရီ မဃဒေဝလင်္ကာသစ် — ၁။ အမစ္စာ ပုစ္ဆနခဏ်းမာန်လည်ဆရာတော်


တံ ဧဝံ ပဗ္ဗဇိတုကာမံ အမစ္စာ ဥပသင်္ကမိတွာ ဒေဝ တုမှာကံ ပဗ္ဗဇ္ဇကာရဏန္တိ ပုစ္ဆိံသု။

(၃၃၁) ဇမ္ဗူဒိပ်ဟု၊ တံဆိပ် မင်္ဂလာ၊ ကျွန်း လက်ျာထက်၊ မဟာမဃ၊ *စောလောင်းလှလျှင်၊ ဝဂ္ဂ ဝိသုဒ်၊ ရာဇယုဂ်နှင့်၊ ဓာတ်-စုတ် နိမိတ်၊ ဗျာဒိတ် သြဘာ၊ သိုက်အလာဖြင့်၊ သုံးရာ အလှစ်၊ ဝိဒေရစ်ဝယ်၊ ခုနစ် ယောဇန၊ တာချ ချက်ချာ၊ ကျယ်ဝန်းစွာတိ၊ မိထိလာ ရွှေပြည်၊ သုံးကြိမ် တည်လျက်၊ သာစည် လင်းပွင့်၊ နတ်နှယ် တင့်လည်း၊ *ယခင့် ရှေးက၊ မိုဃ်းကြိုး ကျသို့၊ ဉာဏ စိစစ်၊ ထင်ပြီး ဖြစ်ကြောင့်၊ “သားတစ် ချီဆောင်၊ ငှက်တကောင်ကို၊ ဝန်းမြှောင် *ရွပ်ရွပ်၊ ငှက်ပေါင်း ခွပ်၍့၊ ဆိတ်ဆွပ် ရုတ်†ရက်၊ ဝိုင်း လု†ယက်က၊ ထိုငှက် နာလှ၊ စွန့်လွှတ် ချသော်၊ ရရငှက်မှာ၊ ငှက်*တ†ကာတို့၊ အုံ†ကာ ဆိတ်ဆွ၊ လုယက်ကြသို့၊ ကာမ သားတစ်၊ ငှက်ပေါင်းချစ်ကို၊ စွန့်ပစ်သော်မှ၊ ဒုက္ခ ကင်းကွာ၊ ရ ချမ်းသာဟု၊ ပညာတော်ဖြင့်၊ ရှုမျှော် ချင့်၍့၊ လူမင့်း စည်းစိမ်၊ နန်း ရွှေအိမ်နှိုက်၊ *တင်းတိမ် မချစ်၊ ပစ်ကြီး ပစ်လျက်၊ မနှစ် မလို့၊ မပျော်မျှို့သည့်၊ မင်းသို့*၄င်း၊ ဆံတချောင်းမျှ၊ ဥက္ခောင်းတော်တွင်၊ ဖြူသည် မြင်က၊ မရွှင် နှစ်မျှို့၊ စိတ်တော် ညို့လျက်၊ ထိုသို့ ချက်ချင်း၊ သံဝေ †ပြင်း၍့၊ †ပျင်းခဲ့ ပြည်လေ့၊ ရွှေခြင်္သေ့လျှင်၊ ငြီးငွေ့ *ဆန့်†ကျင်၊ ပျော် မရွှင်သည်၊ အ†ကြင် ဝင်းဝင်း၊ ရွှေချိုင့်တွင်းသို့၊ လွန်မင်း မဟာ၊ မင့်းချမ်းသာနှိုက်၊ မညှာ မညွတ်၊ လွှတ်ကြီး လွှတ်မှ၊ ကျင့်ဝတ် ကြည်ညို၊ ဆောက်တည်လို၍့။။သားကို နန်း-ပြည် အပ်လွဲးတည်း။”(၁)

(ဤပိုဒ်ကား ရှေးနှိုက်ဖြစ်သော 'ကာမရတိဋ္ဌာယီဘာဝ, သိင်္ဂါရရသ'၏့ ကွယ်ပျောက်၍့ ရောင့်ရဲးခြင်း 'ဓီတိဗျဘိစာရီဘာဝ' ဖြစ်သည်ကို ပြသတည်း။)

(၃၃၂) ဤသို့ ကြီးစွာ၊ မင့်းချမ်းသာနှိုက်၊ မညှာ မညွတ်၊ လွှတ်ကြီး လွှတ်၍့၊ ကျင့်ဝတ် ဆောက်တည်၊ မြဲးခိုင်*ကျည်လျက်၊ ဖန်ရည် ဆိုးစွန်း၊ ဝတ်သင်္ကန်းနှင့်၊ ရဟန်းပြုလို၊ သားဘုန်းပျိုအား၊ နန်းကို အပ်ငြား၊ ဆုံးမ ကြားသော်၊ ထံပါး မကွာ၊ မိုးသူဇာသို့၊ တောင်ညာ နန်းမ၊ အဂ္ဂမဟေသီ၊ ပေါင်း ဒေဝီနှင့်၊ ဝတီ တထွေ၊ မဟေ ကေသာ၊ မလ္လာ ဦရွ၊ *နန်းရ ဆောင်ရ၊ ယဉ် ပျောင်း†ပျသား၊ မြို့†ပြ ရွာစား၊ နန်းသူများက၊ သားတော် သမီး၊ မှူးကြီး မတ်ဖျား၊ ဆွေတော်များတို့၊ မကြားရက်လို၊ နန်းလုံး ပြိုမျှ၊ *ဥဒါဟို မ*စဲး၊ ဆံကြဲး လက်†မြှောက်၊ မြေကြီးမှောက်သို့၊ တောင်†မြောက် မမြင်၊ *ခုံတမင်ဖြင့်၊ ထွက်-ဝင် လူးလာ၊ မူးပြာ ဝေနောက်၊ လျားမှောက် ပက်လံ၊ ဦးဆံ မသိမ်း၊ လေယိမ်း ပန်းပင်၊ နွဲ့သော့သွင်လျှင်၊ ရင်ပြင် နန်းတွင်း၊ ကြမ်း*တ†ပျင်းတွင်၊ ပူ†ပြင်း လှိုက်ပွက်၊ အုတ်အုတ်+ကျွက်တိ၊ ဆူ+ကြွက် မဆိတ်၊ သံ မတိတ်အောင်၊ ထိတ်ထိတ် မွမ်းမွမ်း၊ ညိတ်ညိတ် ပြွမ်းလျက်၊ ရွှမ်းရွှမ်း မျက်ရည်၊ ဖြေဆည် မအား၊ ပွေ *ချောက်ချား၍့၊ ပြေးလွှား ပေါက်ခုန်၊ ငိုကြွေးကုန်သည်။။ သဲးတုန် အူနာ ဝမ်းကွဲးတည်း။ (၂)

(၃၃၃) တရုတ် ရက်ရက်၊ အုတ် ကျက်ကျက်တိ၊ မြေအက် ကွဲးယို၊ ကမ္ဘာ†ပြိုသို့၊ ရွယ်†ပျို ရွယ်လတ်၊ မတည်တတ်အောင်၊ ရင်ဘတ် သပ်တီး၊ ဆံကြီး ဘားဝေ၊ ကျွတ်ပြေ မသိမ်း၊ ကတိမ်း ကပါး၊ နန်းသူများနှင့်၊ နန်းသား တစု၊ *ရောရု ထွေးရှက်၊ ဝင်-ထွက် ပြေး-ခုန်၊ သဲးတုန် အူနာ၊ ဝမ်းကွဲးစွာလျက်၊ ဗျာပါ ခွေနုံး၊ ကြိမ် မီးအုံးသို့၊ နှလုံး †မကြည်၊ ယို မျက်ရည်နှင့်၊ ဆုံ†ကျည်ပွေ့ ပွတ်၊ နှမ်းကို ချွတ်၍့၊ ပတ်ပတ်လည်†လိမ့်၊ စက်နှယ် †လှိမ့်သော်၊ စိမ့်စိမ့် မ*စဲး၊ ကျရွှဲး ဆီနှယ်၊ တွေတွေ သွယ်လျက်၊ ပိတ်ကွယ် မိုး-မြေ၊ မှုန်ဝေ ပြည့်လျှမ်း၊ တရွှမ်းရွှမ်းတည့်၊ *တံစမ်း ကျောက်စက်၊ ထွက်သို့ တရ*ထည်၊ ငိုပွဲး စည်၍့၊ ပတ်လည် ရံ-ခ၊ နေကုန်ကြစဉ်၊ အဂ္ဂမဟာ၊ သေနာပတိ၊ စယှိ ဝန်းအုံ၊ မှူးမတ်ပုံတို့၊ ရွှေဘုံ စိုးပြီး၊ ဘုန်းတော် ကြီးသား၊ ဘုန်းမီး ပြောင်ဝင်း၊ အလောင်းမင်း၏့၊ ဝမ်းတွင်း စိတ်ကွက်၊ နန်းက သက်၍့၊ တောထွက် ရည်မှန်း၊ ကြံတော် ဆန်းသား၊ ရဟန်းပြုလို၊ အကြောင်းကိုလျှင်၊ ထဲးသို မသိ၊ ဖြစ်ဘိရကား၊ ထိုကြောင်းလျှားကို၊ ထင်ရှား သိကြောင်း၊ လက်စုံ ပေါင်း၍့၊ ဥက္ခောင်း ရွက်ဆင်၊ ဤသို့ တင်သည်။။ နန်းပြင် *ဗိုလ်ထု အထဲးတည်း။ (၃)

(ဤပိုဒ်တို့ကား 'သောကဋ္ဌာယီဘာဝ, အတွိကာဘာဝ, အနုဘာဝ'နှင့် တကွ 'ကရုဏာရသ'ကို ပြသတည်း။)

(၃၃၄) ကမ္ဘာ ပထ†မ၊ တည်ဦးစက၊ ဗြ†ဟ္မာ့ဘုံဆင်း၊ ကိုယ်ရောင် ကင်းတို့၊ နေမင်း ပေါ်မြောက်၊ လမင်း နောက်နှိုက်၊ နေ့ရောက် ညဉ့်မှီ၊ အစဉ် စီလျက်၊ မြေဆီ မြေလွှာ၊ ပဒါ ဆန်သီး၊ မငြီး ယူစား၊ ဘာဝအားဖြင့်၊ ယောက်ျား မိန်းမ၊ ဖြစ်ထ *ရမ္မက်၊ နွဲးရှက် အိမ်ရာ၊ အစာ သိုမှီး၊ အားကြီး နိုင်ထက်၊ ခိုးဝှက် လုယူ၊ အမူ ကျား†ပြောက်၊ ဆန်သီး †ပျောက်၍့၊ တယောက် တခြား၊ မပိ†ပြားဘဲး၊ †ပျားသို့ ရိုးရွ၊ တစစဖြင့်၊ လောဘ ကြီးမား၊ ဒေါသ ပွားလျက်၊ တရား အမိုက်၊ မှောင်ကြီး တိုက်၍့၊ ဘေးဆိုက် ကြီးစွာ၊ ဖြစ်ကြခါတွင်၊ ကိုးရာ ဖြစ်စေ၊ လယ်မြေ ဆယ်ဘို့၊ လူတို့ အသက်၊ ကိုယ်စီ ဆက်၍့၊ ထိပ်ထက် တင်ကာ၊ ထားစပါသား၊ မဟာသမ္မတ်၊ အာဒိနတ်မှ၊ မပြတ် နွယ်ရိုး၊ ကမ္ဘာ စိုးသည့်၊ နေမျိုး ဓိပတိ၊ စောဘုန်း†ယှိ။။ နတ်ဂ†ရှိ တူပြီ၊ တပြေးညီအောင်၊ လောကီအလိုက်၊ ကမ္ဘာတိုက်နှိုက်၊ တသိုက် တ*မြုံ၊ လူတို့ဘုံတွင်၊ နိ*တုံ ရောင်ပြိုး၊ နဝရတ် ကိုးနှင့်၊ ရွှေရိုး ငွေရွက်၊ ကနက် သမု၊ ဥရု ကြငှန်း၊ တမွတ်ပန်းတိ၊ ရွှေနန်းကြီ့း လယ်၊ ပွင့် စမ္ပယ်လျက်၊ တင့်တယ် ဝင်းပြောင်၊ *မနော ဆောင်၍့၊ အခေါင် သိမ်းကျုံး၊ မို့းနှယ် ဖုံးပြီး၊ လုံးစုံ မြေ့ထက်၊ လူမျာ့း သက်ကို၊ ရွှေစက်တော်နင်း၊ စိုးအုပ်ခြင်းဖြင့်၊ ဆင်းရဲး ချမ်းသာ၊ ဤနှစ်ဖြာကို၊ ရာဇာ စိုးရ၊ မင်းမှ ပိုင်ပိုင်၊ ဘန်ဆင်းနိုင်လျက်၊ ခရိုင် ဇနပိုဒ်၊ တိုက် အလုံးစုံ၊ သက်ပါ ခြုံ၍့၊ လူ့ဘုံ စိုးဘိ၊ ဘုန်းသတ္တိကြောင့်၊ ဘူမိပါလ၊ ဘူနာထနှင့်၊ ဘူပဇနိန်၊ နရိန် နရုတ်၊ ဒွိပဒုတ်ဟု၊ သမုတ် များလှ၊ မည်ထူးရသား၊ ဘဝသခင်၊ ပြည်ကြီ့း†ရှင်သည်။။ အ†သျှင် လူမျာ့း သိကြားတည်း။ (၄)

(၃၃၅) လူတို့ အထွတ်၊ ခေါင်တ *မွတ်ဖြင့်၊ တုလွှတ် ပရိမိသ်၊ ပုညဇိဒ်နှင့်၊ ဂုဏ်ဟိတ် ညီးညီး၊ ဘုန်းတော် ကြီး၍့၊ လေးသီးခေါ်ရိုး၊ ခြင်္သေ့မျိုးထက်၊ တန်းခိုး ခွန်အား၊ လွန်ကြီးမားသား၊ ကိုယ်ကား မနုဿ၊ ခေါင်း သီဟနှင့်၊ လောက လူ့ရွာ၊ ရံတခါလျှင်၊ မြတ်စွာ ထင်ရှား၊ ဘုရားပွင့်မှ၊ ဖြစ်ထ မှန်ချိန်၊ နရသိဟ်သို့၊ ပြင်းရှိန် တေဇ၊ ဘယ် မမျှဘဲး၊ တရာ့း တန်ဆောင်၊ ရွှေ*တောင် စိုးသီး၊ ဦး*ကိုင် စီးလျက်၊ ဖြူထီး များစွာ၊ ဇမ္ဗူညာတွင်၊ ရာဇာသမိုက်၊ အတိုက်တိုက်နှိုက်၊ မကိုဋ် ဆူဆူ၊ ဆောင်းကြမူသား၊ လူတို့ ဥက္ကဋ္ဌ၊ ဝိသေသတည့်၊ စန္ဒြဒေဝ၊ ခတ္တိယဟု၊ ဝံသ သုံးဖြာ၊ အသွာ ဂဇာ၊ နရာဓိပ၊ မင်းထိုမျှတို့၊ ဦးချ သစ္စာ၊ ပဏ္ဏာ ဆက်သွင်း၊ ခံ ကျွန်ရင်းနှင့်၊ နေမင်း သူရိ၊ ဇာတိ နွယ်စစ်၊ နေမြစ် နွယ်ဆက်၊ စံ မဘက်ဘဲး၊ မင့်းထက် မင်းကြီး၊ နတ်နှင့် နီးအောင်၊ နန်းထီး တိုင်းပြည်၊ ထောင်တည် *ပြဋ္ဌာန်း၊ စိုး စံမြန်းလျက်၊ ကျင့်ခန်း အစဉ်၊ အမြဲးယှဉ်၏၊ ဓမ္မ ဉ္စ၊ ဒသ ရာဇဓံ၊ မြဲး နိယံနှင့်၊ နိုင်ငံ တိုင်းသူ၊ ရှင်-လူ အများ၊ ရွှေပြည်သားကို၊ သနားသမှု၊ သားနှယ် ရှု၍့၊ ဂရုဓမ္မ၊ ကုသလနှိုက်၊ နေ့ည ဆော်နှိုး၊ မျက်မှောက် ကျိုးနှင့်၊ နောင်ကျိုး မြဲးယှဉ်၊ တိုက်တွန်း ယဉ်၏၊ လေးစဉ် နွယ်ဖြာ၊ လူ*တကာလည်း၊ ပါယ်ရွာ လွတ်လျက်၊ နတ်ရွာ တက်၍့၊ သားငှက် မကျန်၊ တိရစ္ဆာန်ပါ၊ ဘေးရန် ကင်း†ကြည်၊ လွင့်ပါး စည်၏၊ ငုပ်†ကျည် ဓမ္မ၊ မယှိရအောင်၊ နိစ္စ မြဲးမြံ၊ စောင့် *ခြိုးခြံသည်၊ ရာဇဓံတော်၊ ဂုဏ်နုဘော်ကြောင့်၊ ရွှင်ပျော် မညှိုး၊ အမျိုး လေးပါး၊ လူအများက၊ မြေလား ရေလား၊ နဘေလားနှင့်၊ တိုင်းကား ဇနပဒ၊ သာ ချမ်းမြအောင်၊ ကာလ မချာ၊ သင့် ချိန်ခါတိုင်း၊ ဒေဝါ ထစ်ကြိုး၊ နတ်မိုး ရေယဉ်၊ သွန်း အစဉ်ဖြင့်၊ ဆက်လျဉ် ရှေးရိုး၊ ကျွန်တော်မျိုးတို့၊ ဘိုးဘေး-ဘီ ကျူး။ မကြားဖူးလည်း၊ ထူး၍့ ကြုံရ၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မည်တော် သာသည့်၊ နတ်ရွာ သခင်၊ နိဗ္ဗာန့်ရှင်ဟု၊ ဦးတင် ရိုကျိုး၊ ရှိခိုး မပြတ်၊ ကွယ်ကိုး မှတ်၍့၊ ရှည်မြတ် သက်တော်၊ ကျော့်ထက် ကျော်အောင်၊ နန်းပေါ် ကြာ*ညောင်း၊ စံပါကြောင်းဟု၊ အပေါင်း ပြည်သူ၊ များ ရှင်-လူတို့၊ *ပတူ ပဂ†ယင်၊ တောင်းဆု†ရင်သည်။။ သခင် လောကီ့ ဘုရာ့းတည်း။ (၅)

(၃၃၆) လောကီ့ ကိုးရာ၊ မျိုး မဟာဖြင့်၊ လူ့ရွာအဟို၊ ပြောမှတ်ဆိုသား၊ လူကို အစ၊ ဗြဟ္မကတည့်၊ လူမျာ့း*သနင်း၊ မင်းကို အစ၊ သမ္မတဟု၊ ကမ္ဘာ့*တန်ထွာ၊ ဓမ္မတာတိုင်း၊ ကမ္ဘာတည်က၊ ဗြဟ္မာ စ,လျက်၊ ဗြဟ္မာ့ ရိုးဘွား၊ ရွှေဘုန်းအားနှင့်၊ ဖြစ်ငြား လူမှာ၊ ရှေးဦးစွာလျှင်၊ မဟာသမ္မတ၊ ခတ္တိယနှင့်၊ ရာဇဟူသည်၊ သုံးမည် ခံပြု၊ မနုသညာ၊ မင်းက ဖြာ၍့၊ ကမ္ဘာနှင့် လူ၊ လူနှင့် လူမင်း၊ စဉ် မကင်းဘဲး၊ စိုးခြင်း အုပ်ဘွဲ့၊ ခြောက်ဆဲ့လေး မနွန်၊ ကာလဝန်ဖြင့်၊ မလွန် စောင့်ဆောင်၊ မပြတ်အောင်တည့်၊ ဘုန်းခေါင် ဘုန်းဖျား၊ ဘုန်း ထင်ရှားသည့်၊ တရားဓမ္မရာဇ်၊ တို့ရှင်ချစ်ကား၊ အဖြစ် ထူးစွာ၊ ဘုန်းပညာနှင့်၊ အာဏာ ဓမ္မစက်၊ နှစ်ပါး ဘက်ပြီး၊ ရွှေလက် ငင်ဆွဲး၊ လူ့+ခပဲးကို၊ နတ်ပွဲး ထက်ခွင်၊ ပို့ပေး တင်၍့၊ လူတွင် သိကြား၊ လူဘုရားဟု၊ အများ ကြည်ချစ်၊ ကိုးရာ ဖြစ်၏၊ နန်းသစ် စိုက်ထူ၊ ဆောင်း ထီးဖြူနှင့်၊ ဇမ္ဗူဒိပ်ထက်၊ ဆယ်ကျိပ် ရာဇင်း၊ ပြည်ထောင်မင်းလည်း၊ မာန်တင်း မပြူ၊ ခွန်သွင်းမူလျက်၊ ဘူပထဗျာ၊ မြေမျက်နှာတွင်၊ တေဇာ ရှိန်သည်း၊ ဘုန်းဝိဇည်းဖြင့်၊ *ပြတည်း ဟေမာ၊ ရွှေသီဟာထက်၊ ချမ်းသာ နတ်စစ်၊ ရိုးရာဖြစ်၏၊ သောင်းခေတ် လူ့နယ်၊ ဇမ္ဗူလယ်တွင်၊ လူဝယ် လူချင်း၊ မတူလျှင်းဘဲး၊ လူမင်း ဓိပတိ၊ တုမယှိကြောင့်၊ ဣဿရိယ၊ ဘုန်းတော် စသည်၊ မမျှ နှိုင်းဘွယ်၊ လွန်ကြီး†ကျယ်လျက်၊ မိုး†ကြယ်အရောင်၊ ရွေမျာ့းဘောင်က၊ ခွါရှောင် ဘော်နည်း၊ ကိုယ်တော်ချည်းသာ၊ *အရည်း မုနေ့၊ သွင် *ဓလေ့ဖြင့်၊ ရသေ့အမူ၊ ယူ၍့ လျပ်လျပ်၊ တောမြိုင်ရပ်သို့၊ ဆည်းကပ် အောင်းခို၊ ထွက် စံလိုဟု၊ မိုးပြိုသော့လား၊ မိန့်တော်ကြားသား၊ ဘုရား ဘုန်းမော်၊ *ဗျာဒိတ်တော်ကို၊ တဘော် *ဝန်းလျား၊ ကျွန်တော်များတို့၊ ထင်ရှား ပြက်ပြက်၊ ထိပ်ဝယ် ရွက်၍့။။ ဦးထက် ဆင်ရသည်ဘုရား။ (၆)

(၃၃၇) ဗောဓိ *မျိုးလျာ၊ စိုး ကမ္ဘာဖြင့်၊ နေလာ သမ္မတ၊ အာဒိကမှ၊ သူရိယမိတ်၊ အာဒိစ္စဗန်၊ နေမျိုးမှန်ကြောင့်၊ သူရကန်ရှိန်၊ ဖန်ရဝိန်သို့၊ *နှုန်းချိန်ပမာ၊ မြေမျက်နှာထက်၊ တေဇာ ညီးညီး၊ ဘုန်းတော် ကြီးလျက်၊ ထီး ဓိပတိ၊ ဝင်းဝင်းညိသား၊ ဒွိပဒုက္ကဌ်၊ လောကနတ်ဟု၊ မဟတ္တယ၊ ဂုဏ် သေဋ္ဌနှင့်၊ ဘဝ*သနင်း၊ မြတ်လောင်းမင်းလျှင်၊ ဘော်သင်း ရွေဘောင်၊ ငြီးငွေ့ယောင်က၊ *ယခေါင် ရှေးဟို၊ ဖြေစ လိုမူ၊ *နဂိုရ် *ကြငှန်း၊ သာ တင့်ဆန်းသား၊ လွှတ် နန်းရင်ပြင်၊ ရှေ့တော်ခွင်ဝယ်၊ ဆင်ကို ဆင်ချင်း၊ မြင်းလည်း မြင်းနှင့်၊ စီနင်း မောင်းနှင်၊ စက်တော် တင်၍့၊ နတ်သွင် ရွှေကိုယ်၊ ရွယ်ပျို ရှုသင့်၊ ဘုန်းပွင့်ပွင့်ဖြင့်၊ သက်တင့် ရေသောက်၊ ပြန်ခေါက် ဝဲးကာ၊ ဗြဟ္မာ လက်လှမ်း၊ ရွှေကွမ်းရုံ တက်၊ မပျက် ဟန်လှ၊ သိကြာ့း တန်ဆောင်၊ ဂဠုန်တောင်နှင့်၊ စွန်တောင် ဖြန့်လေ့၊ ခြင်္သေ့ တန်းဆွဲး၊ ကိုယ်တော် နွဲး၍့၊ ပယ်ခွဲး ပယ်စိတ်၊ ဝါကျိတ် ခိုနန်း၊ စောင်းရန်း သမက်၊ လက်ဆက် ကြာဖူး၊ ဆင့်ထူး ပုခက်၊ နွယ်ထွက် နွယ်ဝင်၊ အုန်းပင် ရေသွန်း၊ လေးကျွန်း မှန်ကူ၊ စံ မဟူဘိ၊ တမူ တင့်လွန်၊ ရွှေတံခွန်ယောင်၊ တန်ဆောင် ဘုံနန်း၊ ထူးဆန်း ရှစ်မြှောင့်၊ ရှစ်ထောင့် ပုံကွဲး၊ စွန်ဝဲး စွန်သုတ်၊ သမုတ် ကျယ်ချဲ့၊ စချီဘွဲ့သား၊ သုံးဆဲ့ခုနစ်မျိုး၊ ရှေး သတိုးတို့၊ စီးရိုး စုံပေါင်း၊ ပြန်လှန် ပြောင်းလျက်၊ *အဲးမောင်း ဝင့်ချီ၊ ရှုဘွယ် အီ၏၊ အစီ အစီ၊ ခါတညီလည်း၊ ဗလီ လုရိုက်၊ မင်းသာ ထိုက်သား၊ မင်းလိုက် စိုးခမ်း၊ ညိတ်ညိတ်ပြွမ်းမျှ၊ သောင်ကမ်း ငြိမ့်စေ၊ များ ခြွေရွေနှင့်၊ တျာတေ လုံးထောက်၊ နရည်း ကောက်၍့၊ တက်မြှောက် တက်ဝဲး၊ ရေပေါက် ကြဲးတည့်၊ ပုလဲး သီးဟန်၊ ပန်း ချွေဟန်က၊ စသည် တက်ဆန်း၊ ဆဲ့နှစ်ခန်းဖြင့်၊ ရေနန်းသဘင်၊ မင်းပွဲး*ရင်လျက်၊ စံရွှင် ဖျော်ဖြေ၊ တခဲး တွေအောင်၊ ရွှေလှေ ရွှေလောင်း၊ မြစ်လုံး *ညောင်း၍့။။ ဗိုလ်ပေါင်း ရွှင်ပျသည်ဘုရား။ (၇)

(၃၃၈) မောဠိ စိုးကာ၊ မိုးဗြဟ္မာသို့၊ မဟာနုဘော်၊ *နှုန်း မမြော်သား၊ ဘုန်းတော် ဓိပတိ၊ ရာဇိဒ္ဓိနှင့်၊ သိရီ့ပဝရ၊ အာဒိကျဟု၊ နေက နွယ်မြတ်၊ သမ္ဘိန်ဇာတ်ဖြင့်၊ တဥက္ကဌ်ကြီး၊ *ဦးကိုင် စီး၍့၊ ထီးပေါင်း တရာ၊ မင်း*တကာ၏့၊ စူဠာ *ဥသျှောင်၊ မကိုဋ်ရောင်တို့၊ ပြောင်ပြောင် ထိန်ဝင်း၊ ရွှေစက်ရင်းနှိုက်၊ ထွန်းလင်း မကွာ၊ *ညီမူကာလျှင်၊ စကြာတော်ထူး၊ ရောက် *မူးမူးနှင့်၊ ကျေးဇူးတော့်ရှင်၊ ဘုန်းနိသင်ကား၊ နှုန်းအင် မရ၊ တု မမျှတည့်၊ များလှ ငြိမ့်ညောင်း၊ မြေ တိမ်းစောင်းမျှ၊ သောင်းသောင်း ဗိုလ်ပါ၊ ရံတခါသော်၊ မဟာနဂရ၊ ဌာန *ဗဟို၊ လှည့်လည် *ကြို၍့၊ ထိုထို ရပ်ခွင်၊ မြို့တော်ပြင်တွင်၊ သဘင် တဲးနန်း၊ စံတော် *ကွန်းနှင့်၊ ထူးဆန်းလှစွာ၊ ဝတိံသာဝယ်၊ ဣန္ဒာ ဘုန်း†ဝှန်၊ စံမွေ့*မွန်သား၊ နန္ဒ†ဝန်မည်မှတ်၊ သာလွန် မြတ်၍့၊ နတ်၏ နိမိတ်၊ စုတိဟိတ်လည်း၊ မဆိတ်စေမြို့၊ လွန် ရွှင်ပျို့လျက်၊ နတ်တို့ ပျော်ယှဉ်၊ နတ်ဥယျာဉ်သို့၊ ပင်စဉ် ငယ်-ကြီး၊ ရှု မငြီးအောင်၊ ပွင့်သီး ထွေထွေ၊ ဖူးသန္ဓေနှင့်၊ သရေ *သစ်သစ်၊ ခါ မလစ်ဘဲး၊ *ပုရစ် ကင်းငုံ၊ လှိုင် သင်းထုံလျက်၊ ပန်းစုံ ပေါကြွယ်၊ အံ့မောဘွယ်တည့်၊ ကြီ့းငယ် များစွာ၊ ငူ-ငုံး-ခါက၊ သာရကာ ငှက်†ကျေး၊ သံစုံ ကြွေး၍့၊ ဘော်†ကြေး ကြွေဥ၊ ပုလဲးစုနှင့်၊ သဲးနု ဖြူစင်၊ မဏ္ဍလင်ဖြင့်၊ မြေပြင် သာယာ၊ အင်္ဂဏာလည်း၊ မင်္ဂလာ *သေတ္တု၊ ပေါင်း၍့ စုသို့၊ ပျော်မှု သွယ်သွယ်၊ ပျော်ရေး ကျယ်လျက်၊ ပျော်ဘွယ်အတိ၊ တု မယှိအောင်၊ သိရီ့ တံခွန်၊ သာမျိုး လွန်သည့်၊ အမ္ဗဝန် မည်ခေါ်၊ ဥယျာဉ်တော်သို့၊ စံပျော် ထွက်မြဲး၊ မင်းတို့ပွဲးနှင့်၊ ပျော်မြဲး မပျော်၊ ယခုသော်မူ၊ ရွှေကိုယ်တော်ချည်း၊ ဖန်ရည် စည်း၍့၊ *အရည်း ပြုလို၊ ဘဲ့ကြောင့်ကိုဟု၊ အလို ထင်စွာ၊ သိရပါကြောင်း၊ ဥက္ခောင်း လက်ထား၊ ရို ညွတ်တွား၍့။။ မတ်များ တင်ကြသည်ဘုရား။ (၈)

(ဤသုံးပိုဒ်ကား ပထမပဒလုံးပိုဒ်စုံ၊ (၈၇)ပိုဒ်စီ 'ထူးဆန်းထွေလာ')

(၃၃၉) ဤသို့ မတ်ပုံ၊ ရံ ဝန်းအုံလျက်၊ တပြုံ *ပြည်း†ပြည်း၊ သာ ဖြည်းဖြည်းတိ၊ *ယမ်း†ပည်း ရို+ကျိုး၊ လက်စုံ မိုး၍့၊ မ+ကြိုး မကြွ၊ ဦးနှိမ်†ချပြီး၊ ကွဲး†ခြ ဥက္ခောင်း၊ ပြတ်ကြွေ+ပြောင်းသို့။။ ညွတ်+ပျောင်း မမော်၊ တင်သံတော်တည်း။ (၉)

အမစ္စာပုစ္ဆနခဏ်း (၉)ပိုဒ် ပြီး၏၊