အမစ္စောဝါဒခဏ်း
သော ဧဝံ ဝတွာ တံဒိဝသမေဝ ရဇ္ဇံ ပဟာယ ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ တသ္မိံယေဝ မဃဒေဝအမ္ဗဝနေ ဝိဟရန္တော စတုရာသီတိ ဝဿသဟဿာနိ စတ္တာရော ဗြဟ္မဝိဟာရေ ဘာဝေတွာ အပရိဟီနဇ္ဈာနော ဌိတော ကာလံ ကတွာ ဗြဟ္မလောကေ နိဗ္ဗတ္တိတွာ ပုန တတော စုတော မိထိလာယံယေဝ နိမိနာမ ရာဇာ ဟုတွာ သြသက္ကမာနံ အတ္တနော ဝံသံ ဃဋ္ဋေတွာ တတ္ထေဝ အမ္ဗဝနေ ပဗ္ဗဇိတွာ ဗြဟ္မဝိဟာရေ ဘာဝေတွာ ပုန ဗြဟ္မလောကူပဂေါ အဟောသိ။။
(၃၆၁) ဤအချက်လည်း၊ အမြွက်မျှတည်း၊ ဝါကျ စည်း၍့၊ နည်း သင်္ခေပ၊ ချုံးကာပြသား၊ အတ္ထ န ယုတ်၊ ပါဌ*ဂုတ်ကို၊ ဘော်ထုတ် ကျယ်ဘွင့်၊ ဉာဏ်ဖြင့် ရှုကြ၊ သိကြောင်း ပြပိမ့်၊ ကြိယာ့ရှင့်၊ အကြင်ကတ္တား၊ လိုငြားတုံက၊ ပဋ္ဌာနဟူ၊ မလိုမူကား၊ မှတ်ယူ တဝ၊ အပ္ပဋ္ဌာန ကံ၊ ထိုကံ အပ္ပဋ္ဌာ၊ လှည့်ကာ ပြန်ထ၊ ပဋ္ဌာနနှိုက်၊ မုချ အမှန်၊ အပါဒါန်နှင့်၊ သမ္ဗန် အဓိကရဏ၊ ထိုက်က ဒုဟာ၊ မထိုက်ပါမူ၊ နယာဒိဂိုဏ်း၊ ကံ နှစ်ဆိုင်းတည့်၊ ဖြတ်ပိုင်း မှတ်သား၊ ဒြဗ်အားဖြင့်၊ ထင်ရှား ယှိယှိ၊ မယှိယှိပင်၊ သတ္တိ ဗျတ္တိ၊ လောကီ့ ဝေါဟာ၊ ခေါ်တိုင်းသာလျှင်၊ ကြိယာဗျတ်၊ ကာရက သတ်ဟု၊ မြဲးမှတ် မှန်လှ၊ ကောက်ရ အသင့်၊ လမ့်းနှယ် ပွင့်အောင်၊ အခွင့်ယှိ ရွေ့၊ သိ သိမ်မွေ့လော့၊ စုံစေ့ မချွတ်၊ အနိယတ်နှင့်၊ နိယတ် ဝိသိသ်၊ ဖိုလ်-ဟိတ် ဥပမာ၊ ကြိယာ ကာရက၊ ဒွန်မှ နောက်-ရှေ့၊ ပုဒ်တွေ့ ဓမ္မတာ၊ အပ္ပဋ္ဌာ နတ်၊ ဘိဓေယျတ်ကို၊ ဘွင့်လတ် ယှဉ်ရာ၊ ယောဇနာ မည်†ရ၊ ပဋ္ဌာနနှင့်၊ ဒူ†ရ ပါဌ်ကြွင်း၊ ပုဒ်ချင်း ပြန်လှန်၊ စပ်ဟန် ဘွင့်ကြ၊ သမ္ဗန္ဓတည့်၊ နယလက္ခဏာ၊ အဝိနာက၊ အတ္ထာပတ်မျိုး၊ စသည် ကြိုး၍့၊ ဟောရိုး နည်းသွယ်၊ သိစလွယ်အောင်၊ ဓိပ္ပါယ် ဘော်ပြ၊ ပိဏ္ဍတ္ထသည်။။ စာချ လမ်းထွင့်ပမာတည်း။ (၁)
(၃၆၂) စာချ လမ်းထွင်၊ စာသင် နောက်လိုက်၊ သဘော စိုက်ရှင့်၊ စာဆိုက် စာသွား၊ စည့်းနှယ်သား၍့၊ ပိုင်းခြား ဝေဘန်၊ နုသန် ထွက်တက်၊ ဉာဏ်ထက်†မြက်အောင်၊ ဆစ်†မျက် သုတ်သင်၊ ဝါးကို +ဖျင်သို့၊ များ+ဖြင် သောတု၊ နောင်တစုတို့၊ ဉာဏ်နု ဉာဏ်ရင့်၊ ကျမ်းရိုး ချင့်လော့၊ အသင့် မ†ကျူး၊ ပဟိုရ်ကြူးသို့၊ ရှေးဦး ပဋိညာ၊ ဥပမာနှင့်၊ ဥဒါဟရုဏ် ဟိတ်၊ နိဂုံးပိတ်သား၊ အစိတ် ငါးပါး၊ စကား ဘွယ်ရာ၊ လက္ခဏာလည်း၊ လိမ္မာစေလင့်၊ လမ်းရိုး ဘွင့်လော့၊ ဆိုခွင့် ညီညှိ၊ အရိုး သိ၍့၊ မိမိ ဝစန၊ သာဓျနှင့်၊ ဉာပျဟူငြား၊ ကိုယ့်စကားကို၊ တပါး ဝစန၊ သာဓကနှင့်၊ ဉာပကဟိတ်၊ မြဲးကြိတ် သေချာ၊ ပြီးစေရာ၏၊ အာဂုံ ယုတ္တိ၊ ထုတ် မယှိဘဲး၊ မိမိလိုရာ၊ ဆိုစပါသော်၊ ပမာ မမြောက်၊ ဘယ်မူ လောက်အံ့၊ သေသောက်ယောက်ျာ့း၊ ဥမ္မတ္တ၏့၊ စကာ့းသဘွယ်၊ ကြားတိုင်း ရယ်လျက်၊ ပွဲးလယ် မတင့်၊ လေ့နှယ် လွင့်လိမ့်၊ အသင့် ယုတ္တိ၊ ပါဠိ ဟောရိုး၊ အကိုး အကား၊ ဒဠှီ ထား၍့၊ ထင်ရှားစိမ့်ငှါ၊ ဥပမာမူ၊ တပ္ပါကဋိ၊ ဟိတ်နှင့် ချိက၊ မည်ဘိ ဝိတ္ထာ၊ ကျမ်းရိုးလာတိုင်း၊ လင်္ကာစကား၊ ဂုဏ် ဆယ်ပါးဖြင့်၊ သိကြားထံရင်း၊ ဂန္ဓာဗ်မင်း၏၊ နွား-မြင်း ဥဒေါင်း၊ တွန်-ဟီ*ညောင်းသား၊ မှတ်ကြောင်း ဥသဘ၊ ဓေဝတနှင့်၊ ဆဇ္ဇမည်ခြင်း၊ ဆိတ်မင်း ကြိုး†ကြာ၊ ကြူး ကျာ†ကျာဖြင့်၊ ဂန္ဓာရ မဇ္ဈိမ၊ သာလှ လွန်မော၊ ဥသြော ဆင်သံ၊ ပ ဉ္စမံ နိဿဒ်၊ ပဲ့တင်ခတ်လျက်၊ ပတ်ပတ်လည်လိမ့်၊ ညှို့စုံ ငြိမ့်သား၊ ခြိမ့်မျှ ညိုးညံ၊ ခုနစ်သံသို့၊ နိုင်ငံ ဝန်းလျား၊ ကျော် နှံ့ပြားအောင်၊ ကြားပိမ့် နတ်စောင်း၊ နာ မ*ညောင်းသည်။။ နောက်နှောင်း မှတ်စိမ့်သော့ငှါတည်း။ (၂)
(၃၆၃) ထိုမင်း မြတ်စွာ၊ လောင်း ရာဇာလျှင်၊ ဂါထာ ဧကပိုဒ်၊ ဆန်းလိုက် ဂိုဏ်းနည်း၊ ပုဒ်-ပါဌ် စည်း၍့၊ တောဒည်း မယုတ်၊ ထင်စွာ ထုတ်လျက်၊ မာန်ရှုတ် သိမ်မွေ့၊ ရသေ့ ဣသိ၊ မုနိ သွင်ဆန်း၊ ဝတ်သင်္ကန်းနှင့်၊ ရဟန်းပြုလို၊ အကြောင်းကိုတိ၊ မိန့်ဆို တင်ရှင်း၊ ကြားလတ်ပြီးမှ၊ ထိုမျှ ရံပတ်၊ မှူးမတ် ငယ်-ကြီး၊ အသီးသီးအား၊ ရာခြီး မြှောက်စား၊ ထားသည် အလျောက်၊ မဘောက် မပြန်၊ ဌာနန္တရ၊ ကိုယ့်ကိစ္စနှိုက်၊ လုံ့လ မ*ယွက်၊ ထင် ပြက်†ပြက်ဖြင့်၊ မ†ပျက်စေကြောင်း၊ ထပ်ပြန် လောင်း၍့။။ ရုံးပေါင်း ဤသို့၊ မိန့်မှာတည်း။ (၃)
(၃၆၄) အသီး အသီး၊ ရောင် ညီးညီးဖြင့်၊ ကျီးနှင့် ဟင်္သာ၊ ကက္ကဋာက၊ တူလာ စူလာ၊ တံငါ ဆင်-မြင်း၊ ဗျိုင်း မယွင်းသား၊ ကိုးသင်း မဟာ၊ တွင်းတာယာတို့၊ နောက်ပါ အညီ၊ သဝဏီက၊ သုံးစီ နက္ခတ်၊ ပါဒ် တရာ့ရှစ်၊ နဝင်း စစ်၍့၊ ဝန်းရစ် လက်ျာ၊ လ စန္ဒာကို၊ ကမ္ဘာ *ကျွန်းအောင်၊ ရံ ထွန်းပြောင်သို့၊ ဆောင်ဆောင် ငယ်-ကြီး၊ အသီးသီးနှင့်၊ ညီးညီး ပြောင်ရွှန်း၊ ဂုဏ်ရောင် ထွန်းလျက်၊ ပတ်ဝန်း နိယံ၊ ငါ၏့ထံနှိုက်၊ မြဲးမြံ မကွာ၊ ဝင်ညီလာဖြင့်၊ ရံ-ကာ မပြတ်၊ ထွန်းပတတ်သည့်၊ မှူးမတ် ကြီး-ငယ်၊ အို မိုးကြယ်တို့။။ ဘုန်းကြွယ် မဟာ၊ ငါ ရာဇာ၏့၊ မိန့်မှာစကား၊ မြဲး မှတ်သား၍့၊ ထောင်နား မခွ၊ နာရစ်ကြလော့၊ တုပ မင်းအား၊ မပြုမှားလင့်၊ “ဘားနှင့် ကေသရိန်၊ နှိုင်းချိန် တူ*နိုး၊ အမျိုး ဘုန်းကံ၊ ဘက် မစံဘူး၊ ဝေးလံကြစွာ၊ လူတို့ရွာတွင်၊ ပညာ ဗလ၊ စည်းစိမ် စသည်၊ ယှိထသူနှင့်၊ အတူ ကျင့်က၊ *ယခင့် ထိုသူ၊ ပျက်ပြီးဟူ၏၊ မှတ်ယူ မုချ၊ သိင်္ဂါလလျှင်၊ သီဟ*သနင်း၊ ခြင်္သေ့မင်းအား၊ အားချင်း ပြိုင်လို၊ ကိုယ်ကို ထောင်လွှား၊ မာန ကြွား၍့၊ တုမှား တုမြောက်၊ ဆင့်ခြေအောက်နှိုက်၊ သက်ပျောက် ကြေမွ၊ ပျက်စီးရ၏၊”ထိုမျှ ဝန်းကျင်၊ သင်တို့ တသင်း၊ မတ် *ခပင်းကား၊ မင်းမှ ဂုဏ်ရောင်၊ ထွန်းလင်းပြောင်၏၊ အခေါင် အဖျား၊ လွန်ကြီးမားသား၊ ဘုရားသို့တိ၊ ပညာယှိလည်း၊ ဣဿရိ†ယ၊ အစိုး†ရသည့်၊ မင်းမှ မှီရာ၊ မရပါသော်၊ ထိုပညာရောင်၊ ထွန်း မပြောင်ဘူး၊ ရွှေတောင် နားလစ်၊ ရွှေကျေးဖြစ်သို့၊ စင်စစ် မယွင်း၊ မှန်လှလျှင်းခဲ့၊ “မြင်းမင်း အဿတိုရ်၊ လေလို လျင်မော၊ နွယ်သန့်*ကြောသား၊ သိန္ဓောမျိုးစစ်၊ ဖြစ်လင့်*တပဲး၊ ဆင်းရဲး မဝ၊ မုဆိုးမနှိုက်၊ မလှ စာရေ၊ မှီနေရခိုက်၊ ဘိုး မထိုက်ရှင့်၊ လူနှိုက် ထို့တူ၊ ဉာဏ်ယှိဟူလည်း၊ ကြီးသူ ဥက္ကဋ္ဌ၊ စိုးရ မှီကင်း၊ ဂုဏ် မဝင်းဘူး၊”မင်း၏့ ကျေးဇူး၊ မထိမ်မြူးနှင့်၊ အထူး မျှော်ဆ၊ ရှာရစ်ကြလော့၊ မင်းခဟူသည်၊ မင့်းရိပ်ခြည်ကို၊ တို-ရှည် နှိုင်းညှိ၊ ဆင်ခြင် သိလျက်၊ စိုးစိ မင်းမှာ၊ မသာ နှလုံး၊ မရွှင်ပြုံးဘဲး၊ ညှိုးချုံး ထဲးနာ၊ ယှိသော့ခါလည်း၊ ရာဇာအကြိုက်၊ ရွှင် နှစ်ခြိုက်အောင်၊ လိုလိုက် သင့်လျော်၊ စိတ်ကို ဖျော်လျက်၊ နာပျော်အရေး၊ ကြံ *စိစ္စေး၍့။။ ဉာဏ်ဆေး ကုအုံကြစေလော့။ (၄)
(၃၆၅) မင်းခယောက်ျား၊ ထိုအပြားကား၊ ပိုင်းခြား မှတ်ဘိ၊ “နွယ်
ဇာတိသို့၊ မိမိ မှီကာ၊ တည်နေရာကို၊ မှန်စွာ မချွတ်၊ ဖျက်ဆီးတတ်နှင့်၊ သတပတ် ကြာ၊ ပဒုမ္မာသို့၊ မှီရာ အားကို၊ ထင်ရှား ကြက်သရေ၊ တင့်တယ်စေသည့်၊ မသွေ မှန်မျှို့၊ ထိုနှစ်ဘို့တွင်၊ နွယ်သို့ မသင့်၊ ကြာသို့ ကျင့်လျက်၊ သခင့်အ†ကျိုး၊ ယုတ် မညှိုးအောင်၊ အား†ကြိုး လုံ့လ၊ မလစ်ကြနှင့်၊”ဉာဏ မျှော်ချင့်၊ အရှင် မြင့်မှ၊ ကျွန်မြင့်တုံချင်၊ ဤလူ့ခွင်နှိုက်၊ အရှင် သွေးထွက်၊ ကျွန် သွေးထွက်ဟု၊ ပျက်လည်း အမျှ၊ ဖြစ်က အတူ၊ ချမ်း-ပူ တကွ၊ မကွဲကြတည့်၊ ရာဇဝသတီ၊ ကျမ်းတိုင်း ညီအောင်၊ ကိုယ်စီ ကျင့်ငြား၊ မပေါ့စားနှင့်၊ တပါး ရပ်မြေ၊ အရှင် စေသော်၊ မသွေ ဥဿုံ၊ ကိစ္စ*ကုံအောင်၊ ဆောင်တုံ ရေး†ရာ၊ လွန်လိမ္မာသည့်၊ အမ†ရာ မွေး၊ မဟော့် ကျေးသို့၊ မြော်တွေး ထောက်ထား၊ မလျော့လျားနှင့်၊ ယောက်ျားဟူက၊ အရေး ကျသော်၊ လုံ့လ ခိုင်*ဖြီး၊ သက်စွန့် ကြီးလော့၊ မြို့စီး တရာ၊ မြို့လာ တထောင်၊ *ယခေါင် ရှေးက၊ ဆိုကုန်ကြလည်း၊ သူရ ရဲးရင့်၊ အသင့် ပညာ၊ အလိမ္မာဟု၊ သုံးဖြာ အင်ပြည့်၊ စုံလှည့်လတ်သော်၊ မဟော်သဓာ၊ ပညာ ဂမ္ဘီ၊ နန္ဒီသေန၊ ပစ္စန္တတို့၊ လုံ့လ အကြံ၊ သင့် စီမံ၍့၊ အခံ အထိုး၊ ထိုနှစ်မျိုးလည်း၊ ရဲးကိုး ရဲးယုံ၊ ရဲး မဖြုံဘူး၊ *မကုံ *မငံ၊ ဘုန်းကံ ဗလ၊ ဓန နွမ်းပါး၊ မတန်ငြားဘဲး၊ ခွန်အား ဥစ္စာ၊ ပညာ စိုးရ၊ လွန်သမျှကို၊ ကာလ ဘယ်ခါ၊ မဘက်ရာတည့်၊ တဖြာ ထိုမှ၊ မုချ မှတ်လျှင်း၊ ဝမ်းတွင်း စွဲးမျို၊ “မင်းခဆိုလျှင်၊ ကိုယ်လို ဘယ်မျှ၊ မငဲ့ရဘူး၊ ဌာန မရွေး၊ ရိုသေ ပေးလျက်၊ ခွေး၏့စရိုက်၊ မင်းလို လိုက်က၊ မင်းကြိုက်တတ်စွာ၊ သဘောသာရှင့်၊”နေရာဟူလည်း၊ သိပ်သည်းစေကြ၊ မင်းလျှင် စသား၊ ထိုမျှ ဂုဏ်မြင့်၊ ကိုယ်နှင့် မတူ၊ ကြီးမြတ်သူတို့၊ *တူရူ မျက်နှာ၊ *ပတ်ပါ *ပက်ပည်၊ မတည် တည့်တည့်၊ စောင်းကြည့် မြင်သာ၊ ခစားရာ၏၊ ပညာ နှိုင်းညှိ၊ အခွင့် သိသား၊ ကဝိလက္ခဏာ၊ မြောက်ပြီးစွာတို့၊ အခါ အခါ၊ ပြောဆိုရာလည်း၊ နည်းနာ ပုံ*ပြင်၊ စုံလင် ပြည့်ဝ၊ ပြောတိုင်း လှ၏၊ “ဒသ ကျော်ဟိုး၊ ဆင်ဆယ်မျိုးတွင်၊ နွယ်ရိုးဘာဝ၊ ဝိသိဋ္ဌဖြင့်၊ တိဏ ပဏ္ဏ၊ စားသမျှ မြက်၊ နွယ် သစ်ရွက်ပေါင်း၊ ဝမ်းဝယ် အောင်းက၊ ပျံ့လှောင်း ဂန္ဓာ၊ နံ့သာ စင်စစ်၊ မွှေးမျိုးဖြစ်သည်၊ မျိုးဇာစ် ထူးစွာ၊ ဆင်နံ့သာသို့၊ ပညာယှိသူ၊ လူတို့ ခံတွင်း၊ ရောက်လျှင်း နှုတ်က၊ မြွက်သမျှကား၊ များလှ ဗိုလ်လေး၊ ကြားတိုင်း မွှေးလျက်၊ ချို-ဧး သာယာ၊ နားတန်းဆာဖြင့်၊ နာသာဘွယ်ချည်း၊ ဖြစ်သတည်းတည့်၊”ပုံနည်း ပမာ၊ ဆောင် ဥဒါနှင့်၊ ဌာနာဌာန၊ လျော်သင့် မျှအောင်၊ မင်းခတို့ ထုံး၊ တချောင်း သုံးလျက်၊ လက်ရုံး နှလုံး၊ မင်းသုံးပညာ၊ အရာရာနှိုက်၊ လိမ္မာ လေ့ကျက်၊ မင်း နှစ်သက်၍့၊ ဆောင်ရွက် ထပ်တိုး၊ ဂုဏ် မညှိုးသည်။။ မြတ်နိုး စုပုံကြစေလော့။ (၅)
(၃၆၆) ရာဇအရှင်၊ သခင် စိုးမင်း၊ သတိ ကင်း၍့၊ ချွတ်ယွင်း မေ့ကျန်၊ ဌာနန် ရာထူး၊ ခြီးကြူး မေးခေါ်၊ မပြုသော်လည်း၊ ပျော်ပျော် ကပ်ဆည်း၊ ဝမ်း မနည်းနှင့်၊ မင်းတည်း မျက်နှာ၊ ရသော့ခါလည်း၊ လွန်စွာ မြူးရွှင်၊ မိုး မမြင်အောင်၊ ငါ့ပြင် မယှိ၊ ထင်ဘိ စိတ်မှာ၊ မမြောက်ရာဘူး၊ “ဥစ္စာတစိ၊ မယှိဘူးသူ၊ ယှိခဲ့မူကား၊ ထိုလူ အထူး၊ ဝမ်းမြူး လွန်ကာ၊ ရူးတတ်စွာ၏၊ လိမ္မာ ယဉ်ကျေး၊ ဆေးလေး ငြိမ်သက်၊ မာန် မတတ်နှင့်၊ မွေ့ညက် နှုတ်ချို၊ စကားဆိုလည်း၊ တောင်လို ဘယ်ခါ၊ မမောက်ရာဘူး၊”ပြည်-ရွာ အခြား၊ တိုင်းတပါးက၊ ထင်ရှား တန်းခိုး၊ မင့်းဂုဏ်တိုးအောင်၊ ကြော်ဟိုး ကြေငြာ၊ ဆက် ပဏ္ဏာကို၊ *ပြစ်ဆာ ယွင်းဘောက်၊ အဖျင်း ကောက်၍့၊ မင်းမှောက် ရှေ့မှာ၊ မလျှောက်ရာဘူး၊ “မသာ မ†ယာ၊ ဆ†ရာ မိဘ၊ နည်းမရသည့်၊ တောသာ့း နှုတ်သံ၊ နာခံ မချမ်း၊ လွန် ကြမ်း†တန်းသို့၊ လူ့†တမ်း မမှီ၊ အလဇ္ဇီဖြင့်၊ ဝစီဒုစရိုက်၊ လူမိုက် လျှာပါး၊ တဘွားဘွားနှင့်၊ စကား ဖျင်*ဖျင်၊ မင်းပွဲးခွင်နှိုက်၊ ထင်ရာ ထင်တိုင်း၊ အရိုင်းဘာသာ၊ မပြောရာတည့်၊” “ပမာ အထူး၊ ပင်လယ် ကူးနှင့်၊ စစ်ဦး စစ်ခေါင်၊ ကိုယ်ဝန်ဆောင် မိန်း†မ၊ ထို†မှ တချက်၊ ထန်းတက်ယောက်ျား၊ မင်းခစားတို့၊ ယုံမှားအပ်ရာ၊ မကင်းသာတည့်၊”ပညာ အမျိုး၊ မကိုးစားသင့်၊ အခွင့် ဆင်ခြင်၊ လျှောက်အတင်နှိုက်၊ မဝင် မင်းနား၊ ယှိငြားခဲ့သော်၊ မတ်မဟော်လျက်၊ ရှေ့တော် မင်းပွဲး၊ *ဗိုလ်ပုံထဲးက၊ ငင်ဆွဲး အဟုတ်၊ နှင်ထုတ်ခံရ၊ “မင်းဟူကလျှင်၊ မာန ဇာတိ၊ ကြီးစွဘိ၏၊ မြွေ-မီ့းပမာ၊ ကြောင်း မရှာဘူး၊ လိုရာ လိုက်လျော၊ အသင့် ချောရှင့်၊ သဘော ဧကန်၊ မှန် မမှန်ပင်၊ ပြစ်ဒဏ် မလွတ်၊ ဖြစ်တို့တတ်၏၊”မှတ်လော့ *စင်းလျင်း၊ “ခြင်္သေ့မင်း၏့၊ ထံရင်းနှိုက်တွင်၊ ခစားကျင်သည့်၊ သမင် မုသား၊ ဝက်ကား မှန်ရာ၊ တင်ကြပါလည်း၊ နားမှာ မသင့်၊ နှလုံး †နင့်၍့၊ ဝက်†နှင့် သမင်၊ ထိုတွင် သိမ်းကျုံး၊ နှစ်ကောင်လုံးကို၊ သက်ဆုံးစေလတ်၊ ဝါး-ကိုက် သတ်၏၊” “သင့်မြတ် ရေးရာ၊ တင်တတ်စွာ၍့၊ ယုန်လိမ္မာငယ်၊ ပညာ ကြွယ်ကား၊ အကယ် မချွတ်၊ သေဘေး လွတ်၏့၊ ခဲးကတ် လိမ္မာ၊ ကြံစည်ကာလျှင်၊ ကောင်းစွာ သတိ၊ ထားဘိ မယွင်း၊ နှလုံးသွင်းလော့၊”မင်းကို အချစ်၊ စင်စစ် မှတ်ကြုံ၊ မယုံစအပ်၊ ဆွေမျိုး စပ်ဘော်၊ တော်၏့ မမှန်း၊ ခင်ပွန်း မထင်၊ ကျွမ်းမဝင်ရာ၊ သခင် အမြဲး၊ ကြောက်ရွံ့ ကဲး၍့။။ မှတ်စွဲး ပြုတုံကြစေလော့။ (၆)
(၂၆၇) မင်းဘွယ်စိုး †ယ၊ စံတပဖြင့်၊ ခွင့်†ရသော်လည်း၊ စောင့်စည်းအပ်စွာ၊ ပညာ နှိုင်းဆ၊ မပြုကြနှင့်၊ မင်းခပီပီ၊ ကျင့်ရေးညီလော့၊ စစ်ချီကာလ၊ ပေးထ အရာ၊ စစ်ပြန်လာက၊ မဆောင်ရဘူး၊ ရူပ ဆင်းပြင်၊ မင်းရုပ်သွင်သို့၊ ဆင်ယင် တန်းဆာ၊ နေရာ ထိုင်ပြု၊ မင်းကို တု၍့၊ ဝတ်မှု စားဟန်၊ မင့်းသဏ္ဌာန်ဖြင့်၊ မတန် မရာ၊ ဘယ်ခါသော်မှ၊ မယောင်ရဘူး၊ နှိမ့်ချ ဝတ်-စား၊ တန်ရုံအားနှင့်၊ ညွတ်တွား ကျို့ကျို့၊ ပြားပြားယို့၍့၊ ယုန်သို့ စေ့စေ့၊ ခစားလေ့လော့၊ ဆယ်ရေ့ တရေး၊ မင်းပြစ်ပေးလည်း၊ ခွေးသို့အလား၊ မှတ်မထားဘဲး၊ ပြစ်မှား မယှိ၊ ပကတိသွင်၊ မျက်နှာ ရွှင်လျက်၊ ထွက်-ဝင် မကင်း၊ ဝတ် မပျင်းလင့်၊ ထမင်းသခင်၊ ကျေးဇူးရှင်ကို၊ ဘယ်တွင် ဒေါသ၊ မခံရတည့်၊ ကိုယ်က ခြီး†မြှောက်၊ မင်းဖြစ်†မြောက်လည်း၊ မလောက် *မလား၊ မခံ့ညားဘဲး၊ စကား မချေ၊ မယှိစေနှင့်၊ မထေမဲ့မြင်၊ ဘုန်း-ကံရှင်အား၊ စိတ်တွင်သော်မျှ၊ မကြံရတည့်၊ မင်းခယောက်ျား၊ ပန်းပြား တူရှည့်၊ လိမ္မာ ပြည့်လော့၊ မင်း၏နှလုံး၊ ဆင်ခြင် ကျုံး၍့၊ ဆံထုံး ပန်းတန်၊ ပိုမလွန်အောင်၊ တင်ရန် လျှောက်ခွင့်၊ မင့်းလို ချင့်ပြီး၊ သခင့် မေးဟန်၊ ကျွန်၏့ တင်ခြင်း၊ မင်း၏ မေးခိုက်၊ လိုလိုက် တင်ရာ၊ ပညာယှိ မေး၊ အရေးသင့်တိုင်း၊ ချင့်နှိုင်း တင်ခြင်း၊ ချွတ်မယွင်းလင့်၊ *နှုန်းထွင်း *စာနာ၊ အရာရာကို၊ ပညာယှိမှ၊ ခွင့်သိနိုင်ကြ၊ ဤလောကနှိုက်၊ လုံ့လ ဆော်နှိုး၊ အားထုတ် †ကြိုး၍့၊ သံ†ကျိုး သံပြတ်၊ ဆက်နိုင်တတ်၏၊ ယွင်းချွတ်ခေါ်ရိုး၊ စကားကျိုးကား၊ ကျောက်ကျိုး မလွဲး၊ ဆက်နိုင်ခဲး၏၊ အမြဲး မှတ်ရာ၊ မင့်းထံမှာလျှင်၊ ရံခါ တိမ်းပါး၊ အမှား တင်မိ၊ မင်းပြစ် ငြိသော်၊ သက်ယှိ သက်*မဲ့၊ သက်ကဲ့အလား၊ သားမယားနှင့်၊ ခမ်းနား ဥစ္စာ၊ ရတနာ နေအိမ်၊ စည်းစိမ် ကုန်အောင်၊ *ဥသျှောင် ခြေ-လက်၊ မငဲ့ကွက်ဘဲး၊ မင်းမျက် ပြေကြောင်း၊ ကြံကောင်း ကြံရာ၊ ကြံအပ်စွာ၏၊ ပညာ ခဲးကတ်၊ ကြံစည်တတ်လော့၊ ရာဇဝတ်ရေး၊ ပေါက်-ကျေး မယွင်း၊ သိခက်လျှင်း၏၊ “မင်းလည်း တခန်း၊ ရဟန်း တသီး၊ မီးလည်း တထွေ၊ မြွေလည်း တခြား၊ ဤလေးပါးကို၊ လေးစားမမူ၊ ငယ်၏့ဟူ၍့၊ စွဲယူ ဝမ်းတွင်း၊ မှတ် မသွင်းလင့်၊ မင်းတည်း မွေးက၊ မနှေး ချက်ပြီး၊ နေ့ခြင်း ကြီး၏၊ ဖျက်ဆီးတုံက၊ ခဏ မကြာ၊ အခါ မယှိ၊ ဥက္ခောင်းတိရှင့်၊ မျက်စိ တမှိတ်၊ သွားကြိတ် မခံ၊ ဆိတ်လျှံ လွန်ပြင်း၊ ရှောင်မကွင်းဘူး၊ မင်းတို့ မျက်စောင်း၊ ငဲ့တိုင်း *တောင်း၏၊ ခြောင်းခြောင်း မွှန်လှည့်၊ နဂါးကြည့်သို့၊ မြည့်မြည့် ကြေမွ၊ ပျက်တတ်စွတည့်၊ မင်းခတို့ ဘေး၊ မပြတ် တွေး၍့။။ ကိုယ်ရေး မှုလုံကြစေလော့။”(၇)
(၃၆၈) ထိုမှ တထွေ၊ သူ့ရပ်မြေဝယ်၊ မင်းစေ တမန်၊ အင် ရှစ်တန်တို့၊ မလွန် မကြွား၊ မပလွှားနှင့်၊ နှစ်ပါး သင့်မျှ၊ နှစ်ဘက် လှအောင်၊ ရာဇ ရိပ်ခြည်၊ နားလည် *ပွန်းတီး၊ လိမ္မာသီးလော့၊ ရေစီး ဘောင်ဆန်၊ အိုတန် ဆန်ခတ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ ရန်ရှောင်၊ လူ့ဘောင် ရှေးက၊ နည်းနာပြ၏၊ ခ,ယ သိမ်မွေ့၊ ကျင့်လေ့ မ†ယို၊ နှိမ့်ချ ကိုယ်ဖြင့်၊ ရို†ရိုသေသေ၊ နှုတ်သံချေနှင့်၊ စိတ်နေ မမြင့်၊ မဝင့် မသုန်၊ မင်းတို့ဂုဏ်ကို၊ နေရုဏ်*တမျှ၊ ထွန်းစေပလော့၊ ဓမ္မစရိယာ၊ ပြောပ ရာဝယ်၊ ရှေးခါ လမ်းသွား၊ မင်းနှစ်ပါးတို့၊ ရထားဦးချင်း၊ ဆိုင်ကြလျှင်းသော်၊ မင်းဗြဟ္မဒတ်၊ သမ္မုနတ်၏့၊ အမတ် သာရထိ၊ ပညာယှိသို့၊ မိမိသခင်၊ ဂုဏ်ထူးအင်ကို၊ ထင်ထင်ပပ၊ ညွှန်းထွေပြလော့၊ မုချ မယွင်း၊ ဘုန်းဂုဏ် လင်း၍့၊ ကိုယ့်မင်းသခင်၊ တန်ခိုးထင်မှ၊ အရှင်ကောင့်းကျွန်၊ ပန်းကောင်း ပန်ဟု၊ ဆိုဟန် မခွ၊ ကိုယ့်ဂုဏ် လှလိမ့်၊ “မင်းခယောက်ျား၊ လစာ စားတို့၊ ကမ်းနားသစ်ပင်၊ ပမာသွင်နှင့်၊ လူတွင် မွေးငြား၊ ဝက်အလားဖြင့်၊ မမှား သေဘို့၊ မနှစ်လို့ရာ၊ ကြောက်အပ်စွာရှင့်၊ ကိုယ့်တာ သူ့ဝန်၊ မလွန် ထိုထို၊ ကျူး မပိုနှင့်၊ ကျိုးလို ပြစ်ရ၊ ဖြစ်တတ်စွ၏၊”ကိစ္စ အခွင့်၊ မင်းနှင့် စပ်†လျှင်၊ မလွန်ခင်ကို၊ အ†လျင် တင်ကောင်း၊ မတင် နှောင်းက၊ အပြစ်ရ၏၊ “*မဲ့ထ ပညာ၊ အလိမ္မာကင်း၊ လူ*ခပင်းကား၊ မြေတွင်း မီး-ရေ၊ မှီနေ ရုက္ခ၊ စားထ အစာ၊ ကိုးကွယ်ရာမှ၊ မှန်စွာ မချွတ်၊ ဘေး ဖြစ်တတ်၏၊”မှတ်လော့ *စင်းလျင်း၊ စိုးပိုင်နင်းသည်၊ မင်းတို့နှိုက်မှာ၊ ဘယ်ဆိုရာလိမ့်၊ ဘယ်ခါ မမှား၊ သတိထား၍့၊ ရွာသား မင်းစေ၊ ရွာနေ မလေး၊ အရေးမထား၊ ဟူသောလားသို့၊ မင်းအား ကိုယ်တူ၊ မမူစ,အပ်၊ မင်းတည်း ကွပ်က၊ *လျပ်လျပ် မကြာ၊ သေတတ်စွာ၏၊ “အာဏာ မလွန်၊ အရှင် ညွှန်တိုင်း၊ ကျွန်တို့စရိုက်၊ ခွေ့းနှယ် လိုက်လျက်၊ ဆောင်ထိုက် အရေး၊ ဦးဆွေး ဆံမြည့်၊ ပြန်မလှည့်နှင့်၊ ကျွန်၏့ လက္ခဏာ၊ သိ လိမ္မာလော့၊ ပညာမျက်စိ၊ မြင်ယှိစေကြ၊ မယုတ်ရဘူး၊ နေ့-ညခရီး၊ တောင်-မြစ် ဆီးလည်း၊ ဝေးနီး ယူဇနာ၊ မဟူသာတည့်၊ အခါ မထောင့်၊ ချိန် မစောင့်နှင့်၊ ငြောင့်ကို သင်ဖြူး၊ ဆူးကို မွေ့ရာ၊ မြွေမှာ တံတား၊ ကျားကို သစ်ငုတ်၊ စုန်း-ဘုတ် တစ္ဆေ၊ ဘော် မိတ်ဆွေသို့၊ မင်းစေဟူက၊ မဆုတ်ရဘူး၊” “မင်းခ ဓမ္မတာ၊ သစ္စာ မကျူး၊ သူ့ကျေးဇူးကို၊ အထူး ခံငြား၊ သူ့ဆန် စားက၊ သူ့အား ကျိုးဆောင်၊ မရှောင်သာပေ၊ ရဲးရချေ၏၊”တထွေ ထိုမှ၊ ပြည်မ တိုင်းသား၊ *ဗိုလ်လူများတို့၊ တရားရေးရာ၊ ယှိသော့ခါလည်း၊ အာဒါသမု၊ ဝိဓူ့သဖွယ်၊ ကြီးကျယ် ပြည်ရေး၊ ရှုပ်ထွေး *ခဲးလှော်၊ ဖြစ်ခဲ့သော်ကား၊ မဟော် သုခမိန်၊ နန္ဒီသိန်သို့၊ နှိုင်းချိန် မယွင်း၊ အရှင်မင်း၏့၊ ရေးခင်းကိစ္စ၊ ယှိကာလနှိုက်၊ သုမုခ†ကျီး၊ စစ်သူကြီးနှင့်၊ သီး ဘန္တရ၊ ဆောင် ဆက်သသား၊ သူဝ မတ်ခေါင်၊ ရွှေကျေးယောင်သို့။။ ရေးဆောင် *မှုကုံကြစေလော့။ (၈)
(၃၆၉) အထွေ အထွေ၊ ထုံးနည်း ဘွေ၍့၊ အခြေ အမြစ်၊ မှု ခဲးဆစ်နှိုက်၊ အစစ် အဆေး၊ ဆွေးနွေး ကုန်စင်၊ ချည့်နှယ် သင်လျက်၊ မှုအင် ရှုကာ၊ *ချေငံစွာလျှင်၊ သာယာ နှုတ်ခွန်း၊ မကြမ်း†တန်းနှင့်၊ ဖြောင့်†တန်း ကြည်လင်၊ သဘော စစ်၍့၊ လူ-ရှင်*ခပင်း၊ သူ့ဝမ်းတွင်းက၊ အခြင်းအရာ၊ ထုတ်ယူပါသို့၊ ပညာဝဇိရ စိန်၊ နှိုင်းချိန် ဖြတ်တောက်၊ ရှေ့နောက် မြင်ကိန်း၊ ဉာဏ် ချုပ်ထိန်းရှင့်၊ “ဒေဝိန်း ကာမိန်း၊ ပကုတ်သိန်းတို့၊ အပြိန်း သက်သက်၊ ဉာဏ်မနက်ကြောင့်၊ မိတ်ဘက်အမေး၊ ဆိတ်နှင့် ခွေးကို၊ ကြံတွေးကုန်ကြ၊ မဆုံးဆသို့၊ မောဟ ဖီသန်း၊ မယမ်းမှန်းနှင့်၊ မျက်ကာန်းပမာ၊ ပင်ပန်း†ကာတည့်၊ အာ†ဂါ အာဘော်၊ ရှုမျှော် အမြဲး၊ သူ*ရမ်းဘဲးကို၊ နှိုက်နှဲး ဆင်ခြင်၊ အဖြေ မြင်က၊ အတင် သိမျိုး၊ ကျမ်းရိုးသဘော၊ ဟုတ်လှ မော၏၊ မနောထဲး ချုပ်၊ အတွင်း ငုတ်သား၊ *မှန်,ထုတ် လျှို့ဝှက်၊ သူ့ကြံနက်ကို၊ ပေါ်ထွက်မှုတွင်၊ ဆစ်ရေး မြင်လော့၊”မြွေ-ဆင် ကြံချောင်း၊ လုံးတလျောင်းနှင့်၊ သောက်ကောင်း အရည်၊ နွားနို့သည်လျက်၊ မည်မည် ဝါးဝါး၊ မခွဲးခြားဘဲး၊ မပြား အမူ၊ ထွန်တုံး တူဟု၊ တယူတည်းသာ၊ သညာ မခွ၊ မြဲးမှတ်စွသား၊ လာလုက*လုင်၊ ပေါက်ပင် မှတ်ငြား၊ မင်းသား လေးဦး၊ မြင်ဖူး ချိန်ခါ၊ တကြိမ်သာမျှ၊ ထင်ရာ စွဲးမှန်း၊ တတန်းတန်းဖြင့်၊ သူကာန်း ဆင်တွေ့၊ မစေ့ မစုံ၊ ငြင်းခုံ မပြီး၊ ရယ်ဘွယ်ကြီးသို့၊ ဒူရီး ဒူးရား၊ ပိုးဝါး မချင့်၊ မမူလင့်တည့်၊ “*ယခင့် ရှေးဖြစ်၊ ပဏ္ဍိတ်စစ်ဖြင့်၊ ခုနစ်နှစ်ရွယ်၊ ပညာ ကြွယ်တို့၊ ဉာဏ်ကျယ်သော့အား၊ သိကြား ဘီလူး၊ ရုပ်ထူး ဆောင်ပြု၊ ရထာ့းလုနှင့်၊ သားလု ခုံ†ငြင်း၊ မှုဆင် ကျင်းလည်း၊ ဖြည်း†ညှင်း သာယာ၊ ပညာ မြော်ဆ၊ သိရ တမျိုး၊ မယားခိုးနှင့်၊ နွားခိုး ချည်လုံး၊ စစ်ထုံး သိပ်သည်း၊ *နိဿရည်းကို၊ ယူနည်း ဝမ်းတွင်၊ စစ်မေး ဆင်လော့၊” “အကြင် လူ့ရွာ၊ လောကမှာလျှင်၊ အနာ မသိ၊ ဆေး မယှိတည့်၊ ယောင်ဝိ ယောင်ဝါး၊ မကုစားခင်၊ သမားသဖွယ်၊ ငွေယူ လွယ်သို့၊ လူဝယ် မှုခင်း၊ ဖြစ်ပေါ်လျှင်းက၊ အရင်း မမြစ်၊ မစစ် မသိ၊ ပြုမိ ပြုရာ၊ ပဏ္ဏာ ယူငြား၊ *အလျင် စား၍့၊ တရား ချဲ့ထွင်၊ ဘွဲ့ မဆင်နှင့်၊ ကြား-မြင် သုတ၊ *ကုံင *လောက်ငံ၊ ရွှေရည် ကျံသို့၊ *နက်တံ ဆေးလေး၊ ဉာဏ်ဖြင့် ရှေး၍့။။ စစ်ရေး ရှုစုံကြစေလော့။”(၉)
(၃၇၀) ထို့ပြင် တကွဲး၊ ဥယျာဉ်ထဲးတွင်၊ အစွဲး မရ၊ *ငိုက်မျည်းကျစဉ်၊ မျောက်မ ခိုးကွယ်၊ ပုလဲးသွယ်လျှင်၊ မဘွယ် မရာ၊ ခဏတာနှိုက်၊ မဟာသေဋ္ဌိ၊ ပုရောဟိကြီး၊ စောင်းတီးဆရာ၊ ပြည့်တန်ဆာသို့၊ ရောက်ရာအခွင့်၊ သင့် မသင့်ကို၊ ဉာဏ်ဖြင့် *နှုန်းထွင်း၊ ထောင်မှာ သွင်း၍့၊ စာရင်း မှတ်နာ၊ မတ် ကြီးစွာသို့၊ ပညာ မြော်မြင်၊ လှစ် တွေးထင်လော့၊ လူတွင် မှန်လှ၊ ဤလောကနှိုက်၊ ထိုမျှ*၄င်း၊ လူအပေါင်းကား၊ ကောင်းမွန် ရသ၊ စားရခါပေ၊ ချစ်မိတ်ဆွေကို၊ တ,လေစမြဲး၊ စစ်မြေပွဲးနှိုက်၊ သူရဲးကောင်းကို၊ အလိုယှိလေ့၊ သိမ်မွေ့ နက်နဲး၊ ခက်ခဲး ရေးရာ၊ ရောက်သော့ခါသော်၊ ပညာယှိအား၊ လိုကြငြား၏၊ တရားပွဲးခွင်၊ မှုသဘင်ဝယ်၊ သို့လျှင် အထူး၊ ဉာဏ်ရောင် မြူးသား၊ ကျေးဇူး ထင်ပေါ်၊ ပညာကျော်တို့၊ ရှုမျှော် ပိုင်းခြား၊ သူတပါး၏့၊ စကားအကျ၊ အရသရုပ်၊ လက်ဆုပ်ပိပိ၊ ရမိ ဖမ်းကိုင်၊ လက်ပွေ့ဆိုင်သို့၊ သူနိုင် ငါနိုင်၊ နှုတ်ပြိုင် *ဆူလှယ်၊ နာဘွယ် မရဲး၊ လျောက်လဲး တင်†ချေ၊ အထွေထွေဖြင့်၊ ဆင်†ခြေ နှစ်ပြင်၊ တရားဝင်နှင့်၊ မဝင်ထိုက်ရာ၊ အင်္ဂါ မူလ၊ စသည့်အပြား၊ စိန့်နှယ်သားလျက်၊ *စူးစား *နစ်နော၊ ဝမ်းနှင့် †ကျောသို့၊ *စော†ကြော ရှေ့-နောက်၊ နှိုင်းထောက် ဆင်ခြင်၊ လူ-ရှင်အများ၊ ယုံမှား ကင်းကြောင်း၊ ဉာဏ်ဖြင့် လောင်းပြီး၊ ထုံးဟောင်း နည်းနာ၊ ဆောင် ဥဒါနှင့်၊ ပမာ ပမည်း၊ သိပ်သည်း ဆို့ပိတ်၊ ဖိုလ်ဟိတ် ခတ်သွယ်၊ ကျဉ်းကျယ် စစ်မေး၊ *ဆေးလေး သိမ်မွေ့၊ ဆုံးဖြတ်လေ့တည့်၊ နောက်-ရှေ့ မြစ်ရင်း၊ မရှင်း မစင်၊ *ခုံတမင်ဖြင့်၊ ဆင်ခြင်း လျော့မေ့၊ မစေ့ မငု၊ လျင် မပြုလင့်၊ မနုအမတ်၊ ရှေးသူမြတ်မှ၊ ယွင်းချွတ် သတိ၊ ယှိလတုံငြား၊ တရား တခု၊ သခွါးမှုနှိုက်၊ မရှု ရင်းမြစ်၊ အစစ် ကြွင်းကျန်၊ မမှန်သော့အား၊ ဖြတ်မိမှား၏၊ ဉာဏ်သွား မစောင်း၊ သတိ ကျောင်းလျက်၊ *ရှောင်တခင်မှု၊ မပြု လျင်စွာ၊ နည်းနာ နယ၊ စစ်ပုံ ပြသား၊ ထိုမျှ မှတ်ဘွယ်၊ အသွယ်သွယ်ကို၊ ဝမ်းဝယ် ပိုက်သွင်း၊ စစ် ဖြည်းညှင်းသည်။။ စစ်ခြင်း နုတုံကြစေလော့။ (၁၀)
(၃၇၁) စစ်ခြင်း နုတုံ၊ စစ်မှု စုံအောင်၊ စစ်ပုံ လှလှ၊ စစ်နည်း ရ၍့၊ တွေးဆ မမှား၊ ဉာဏ် စဉ်းစားလော့၊ စကားတွင်းမှ၊ တရား ပါ၏၊ ရာဇာ ဝိဒေဟ၊ သေနက,က၊ စသည့် ငါးဦး၊ လေ့ကျက်ဖူးတိုင်း၊ အထူး မြွက်ကာ၊ ပြု ခြင်းရာနှင့်၊ ရှေးခါ ပုဏ္ဏား၊ လေးယောက်သားတို့၊ မပြား အတူ၊ လောကီဟူသည်၊ လူတို့သဘော၊ မနောထဲး ပိုက်၊ ကိုယ့်အကြိုက်ဖြင့်၊ စရိုက်ယှိရာ၊ ပြောတတ်စွာ၏၊ သေချာ မှတ်လျက်၊ အရေးခက်က၊ နေ့ရက် သွေး၍့၊ ဖြည်းနှေး ရှည်ကြာ၊ ဆိုင်းလင့်ကာလျှင်၊ သာယာ ညှင်းဖြ၊ သုဓမ္မနှင့်၊ စန္ဒကုမာရီ၊ ဒေဝီတို့လား၊ နှလုံးထားလော့၊ “ပခုံးကြားထွက်၊ လည်ပင်းထက်နှိုက်၊ နားရွက် မျက်စိ၊ ပေါက်ဘိ မွေးဆံ၊ ခြံရံ ဝန်းကျင်၊ ဥက္ခောင်း*ဖြင်လည်း၊ အမြင် အသိ၊ ယှိသည့် ဥက္ခောင်း၊ လွန် နည်းတောင်းခဲ့၊ အကြောင်း မစစ်၊ ဉာဏ်*မဲ့လစ်မူ၊ ဖြစ်ကတတ်ဆန်း၊ မှတ်ယူမှန်းလျက်၊ ဆင်ကာန်း တောတိုး၊ ဝိုးဝါး တွေးထင်၊ မဆင်ခြင်းဘဲး၊ ထန်းပင် ထက်ဖျား၊ ကျီးသိုက်ကြားက၊ ပတ္တမြား ရောက်ထွက်၊ ရေကန်နက်ကို၊ ကော်ပတ် မဆုံး၊ တရုံးရုံးနှင့်၊ အားလုံး လူစု၊ ဆင်းရဲးမှုတည့်၊”မေးပြု မျိုးနွယ်၊ ရေဆယ် မီးယူ၊ ဝန်ကူ ပဲးပြုတ်၊ ပုန်းစလုတ်က၊ သစ်ခုတ် ဆေးပေါင်း၊ သမင် ရောင်းငြား၊ မုံ့ဆန်းစားဟု၊ ဆယ်ပါး လူမိုက်၊ ကျင့်စရိုက်နှင့်၊ လက်နှိုက် ပျောက်†ရွေ့၊ ပဲးတစေ့ကြောင့်၊ ငုံ†၍့ နှုတ်ထဲး၊ လုပ်ပြည့် ပဲးကို၊ ထုတ်ကြဲ ရှာဖွေ၊ ဥယျာဉ်မြေတွင်၊ ချောက် ရေသွန်းမျိုး၊ အားထုတ် †ကြိုးလည်း၊ အ†ကျိုး မပြီး၊ အချည်းနှီးမျှ၊ ပျက်စီးသည်သာ၊ ဓမ္မတာတည့်၊ ပညာ ဝမ်းတွင်း၊ ဆင်ခြင်ခြင်းနှင့်၊ မကင်းစေဘိ၊ သတိတရား၊ အမြဲး ထား၍့။။ ဉာဏ်သွား နုလုံကြစေလော့။ (၁၁)
(၃၇၂) “ဉာဏ်သွား နုလုံ၊ မယှိတုံ၍့၊ တစုံတခု၊ မြော် မရှုဘဲး၊ အပြု ချွတ်ယွင်း၊ သတိ ကင်းက၊ မှုခင်း ထွေလာ၊ ဖြစ်တတ်စွာရှင့်၊ ရေးရာ မကျယ်၊ ရေလိပ်ငယ်ကို၊ ရေဝယ်ချဟု၊ ရေးကြီးပြု၍့၊ ပြည်မှုကိစ္စ၊ မီးပွားထ၏၊ မိုက်လှ အလို၊ မြေကြီး ပြိုဟု၊ မြည်ဆိုတုံငြား၊ ယုန့်စကားကြောင့်၊ တောသား ကုန်အောင်၊ တော သုံးထောင်ဝယ်၊ ဆင်*ပြောင်ကစ၊ တွေးဆ *မဲ့လျှင်း၊ ရေသို့ ဆင်းခဲ့၊ ဖျား-ရင်း နီး-ဝေး၊ ကြီး-ငယ် သေးနှင့်၊ အရေး ပြုထိုက်၊ မပြုထိုက်ကို၊ ဉာဏ်နှိုက် မြော်ဆ၊ ရှုကုန်ကြလော့၊” “ကိစ္စ ချည်းနှီး၊ ကျိုး မပြီးဘဲး၊ မြေကြီး ကုန်နိုး၊ မြေတုန်နိုးနှင့်၊ မိုးလည်း ပြိုအံ့၊ မြေ ပျောက်တံ့ဟု၊ ကြောက်ရွံ့ စိုးထိတ်၊ မလုံစိတ်ဖြင့်၊ အဟိတ်ပီပီ၊ ဉာဏ်မမှီသည့်၊ တီနှင့် ကြိုးကြာ၊ မိုက်စွာ တုံ†မြောက်၊ တီတွတ် †မျောက်တို့၊ မကြောက်ထိတ်ထိုက်၊ မှု မစိုက်နှင့်၊ အမှိုက်က စပ်၊ မီးဟပ် စွဲးပြောင်၊ ပြာသာဒ်ဆောင်ကို၊ လောင်သည့် *တန္တု၊ ပျက်စီးမှုတည့်၊ ကြက်ဥအရောင်၊ တိမ်တောင် တ*ပြေး၊ ပေါက်နှင့် ကျေးသို့၊ ပြည်ရေး မင်းရေး၊ ရှုပ်ထွေး ထွေပြား၊ ထိုနှစ်ပါးကို၊ ပိုင်းခြား ဆုံးဖြတ်၊ သိနိုင်တတ်အောင်၊ မှူးမတ်တို့ထုံး၊ ညှိ အားလုံးဖြင့်၊ လွှတ်ရုံးသဘင်၊ ရွှေနန်းပြင်ဝယ်၊ ထွက်-ဝင် မ†ပျင်း၊ ရှုမြော် တင်း၍့၊ *စိုင်း†ပြင်း အမြဲး၊ ခါ *မစဲးသည်။။ မင်းပွဲ စုဆုံကြစေလော့။”(၁၂)
(၃၇၃) ရွှေသား စလွယ်၊ ရာ ကြီး-ငယ်တိ၊ သုံးသွယ် ခြောက်သွယ်၊ ကိုးသွယ် ဆဲ့နှစ်၊ ဂုဏ်ရည် စစ်၍့၊ သင်္ကျစ် ဘွဲ့မည်၊ ထီးစည် ကျိုင်းချက်၊ ဆောင်အယွက်နှင့်၊ လွှတ်တက် ရုံးထိုင်၊ ရွှေကွန်းပိုင်က၊ နိုင်ငံ ပြည်ရေး၊ စုရေး ငန်းရပ်၊ ငါ ဝန်အပ်တိုင်း၊ မလပ် ဆော်ဘန်၊ ကိုယ့်တာဝန်ကို၊ မလွန်စေမှု၊ လုံ့လ ပြု၍့၊ မြော်ရှု ပညာ၊ ဆောင်တတ်စွာသည့်၊ လိမ္မာ တတ်*ပွန်၊ အို မတ်ဝန်တို့။။ ဝေဘန် ချင့်နှိုင်း၊ ဉာဏ်ဖြင့် ပိုင်းလော့၊ တိုင်းခန်း ပြည်-ရွာ၊ ပြည့် ရေးရာထက်၊ လူမှာ လူ့ရေး၊ လွန်ရှုပ်ထွေးခဲ့၊ အိမ်ရေး အိမ်ခန်း၊ ဝေတမ်း ဝေပုံ၊ ဤနှစ်စုံလည်း၊ လူ့ဘုံ လူ့ရပ်၊ ထပ်ထပ် ဖြစ်ပွား၊ လွန် များပြား၏၊ ယောက်ျား မိန်းမ၊ လောက ဓမ္မတာ၊ လူ့ *တံထွာဖြင့်၊ အိမ်ရာထောင်ဘက်၊ အရှက် အစပ်၊ မအပ် မလျော်၊ ချွတ်ချော် မှားယွင်း၊ အငြင်း အခုံ၊ ဆူ့းနှယ် ပုံရှင့်၊ လုံးစုံ မြော်ရှု၊ လုံ့လ ပြု၍့၊ ဂရုကတ၊ ဝါယာမဖြင့်၊ အမျာ့း ကျိုးဆောင်၊ ပင်လယ်ဘောင်ဝယ်၊ ပဲ့ထောင်သမား၊ *တမုံဖျားနှင့်၊ ယောက်ျားကဝိန်၊ မှန်ချိန် အထူး၊ မာလိန်မှူးသို့၊ ကျေးဇူး များမှု၊ ပမာ တုလျက်၊ ပြည်သူ့ မိ-ဘ၊ မည်ထိုက်လှအောင်၊ ထိုမျှ ရှုပ်ထွေး၊ လူ့ရေး မှုကျယ်၊ မျိုး လေးနွယ်ကို။။ သာ့းနှယ် မျှကြပစေကုန်။ (၁၃)
(၃၇၄) ထိုသို့ ရှုပ်ထွေး၊ မျိုး *နွယ် †လေးဖြင့်၊ *ဗိုလ်†လှေး အထု၊ လူရေးမှုကြောင့်၊ မနု မနော၊ ရှင်*စော မုနိ၊ ဣသိ မိုးယံ၊ တန်းခိုးပျံတို့၊ နန်းစံ ကမ္ဘာ၊ တည်ဦးစွာက၊ မဟာသမတ်၊ နေနတ် နွယ်မှူး၊ ဘေးတော်ဦးအား၊ ကျေးဇူး များစေ၊ ဆက်သွင်းပေသည့်၊ ရွှေစာ ကျမ်းမြတ်၊ ဓမ္မသတ်တည့်၊ ဆုံးဖြတ် ခွဲးခြမ်း၊ နန်းစဉ်†ကျမ်းနှင့်၊ နု†ကြမ်း နှိုင်းဆ၊ ဖြတ်ထုံး စသား၊ ကမ္ဘာ့ လက်သုံး၊ ကျမ်းအားလုံးကို၊ သိမ်းကျုံး ညက်စေ၊ လေ့ကျက် †ချေ၍့၊ ဗိုလ်†ခြေ နောင်လာ၊ များစွာတို့အား၊ မှတ်သားလွယ်မှု၊ ကြည့်ရှု လွယ်ကြောင်း၊ ရုံးပေါင်း စုလတ်၊ နဝရတ် ကိုးလီ၊ မျက် စုံစီသို့၊ လောကီပညာ၊ ကြီးကျယ်စွာသား၊ မဟာဉာဏဝန်၊ ပဏ္ဍိ*မွန်တို့၊ နည်းညွှန် သေချာ၊ ကျမ်းစုံစွာဖြင့်၊ ပဏာမ နိဒါန်း၊ အစဉ် တန်း၍့၊ အခန်း အခန်း၊ ဂဏာန်း ပုဒ်†မ၊ ပိုင်းခြားပြသား၊ မိန်း†မ ယောက်ျား၊ သား သမီးစု၊ အိမ်ရာမှုကို၊ စေ့ငု စုံစွာ၊ မှတ် လေ့လာလော့၊ မြင်းသာ စီး၍့၊ ထီး-မ မသိ၊ မဟူဘိလင့်၊ *သနိ သနဲ၊ ခွဲးခွဲး ခြမ်းခြမ်း၊ အကျမ်းကျမ်းကို၊ စုံစမ်းသမှု၊ ရှာဘွေ ရှုလျက်၊ အနု အရင့်၊ နှိုင်းချင့် ဝေဘန်၊ အပြန်ပြန်ဖြင့်၊ *ကျေပွန် နှလုံး၊ လက်ကိုင် သုံး၍့။။ ထုံးသို့ မွကြပစေကုန်။ (၁၄)
(၃၇၅) အမြဲး ရှုကာ၊ ပြုအပ်စွာသား၊ မှတ်ရာ အထူး၊ *ဝဲး မကူးတည့်၊ ကျမ်းဦး ပဏာမ၊ နိဒါန်း ပြသား၊ အစ *မဆွ၊ ပထမခဏ်း၊ ပိုင်းသန်း ခြားမှတ်၊ ဓမ္မသတ် မည်စုံ၊ မှတ်ပုံ ဒုတီယ၊ ထိုမှ တခင်း၊ ကျမ်းရင်း နိဒါန်း၊ ပြညွှန်း တ†တိ၊ ဣ†တ္ထိတို့ မာန်၊ လော်လည်ဟန်နှင့်၊ ဘောက်ပြန် လှည့်ပတ်၊ မာယာ မှတ်သား၊ ဋ္ဌုပ္ပတ် ဘော်ပြ၊ စတုတ္ထ တဖြာ၊ ကညာ ပ ဉ္စမ၊ ပုတ္တ ပုတ္တီ၊ ထိုပြီ အပ၊ ဒါသ ဒါသီ၊ ကိုယ်နှိုက် မှီကို၊ လောကီ လူ†များ၊ ထုံးစံအားဖြင့်၊ ထိမ်း†မြားခြင်းပြ၊ ဆဋ္ဌ တကြောင်း၊ *၄င်းတို့နှင့်၊ စပ်သဖြင့်လျှင်၊ ဖြစ်ခွင့်ယှိတိုင်း၊ ကျမ်းလာ နှိုင်း၍့၊ ဖြတ်ပိုင်းရန်ပြ၊ သတ္တမရှင့်၊ မိ-ဘ ထိန်းသူ၊ ကြည်ဖြူသောအား၊ မထိမ်းမြားဘဲး၊ ယောက်ျား မိန်းမ၊ မှားယွင်းကြ၍့၊ ဖြစ်ထ မှုကို၊ ဆုံးဖြတ်ဆိုသား၊ ထိုသည်အရ၊ အဋ္ဌမတည့်၊ မိ-ဘ မပေး၊ အရေး မရ၊ မိန်းမကလည်း၊ မမျှသဘော၊ သို့ဖြစ်သောလျက်၊ မိုက်ဇော ကြီးမား၊ မု*ဒိမ်းအားဖြင့်၊ *သော်ကား *မော်ကား၊ ထိုယောက်ျားတို့၊ ပြစ်မှား ဖျက်ဆီး၊ မှုသီး ဖြတ်ရန်၊ ဝေဘန် ဘော်ပြ၊ နဝမ တခြား၊ မယားနှင့် လင်၊ ဝတ် ဂုဏ်အင်က၊ ချစ်ခင်အပ်စွာ၊ ဆုံးမရာနှင့်၊ စွန့်ကွာအပ်ထ၊ ခြင်းရာပြသည့်၊ ဒသမ မည်တွင်၊ ထိုလင် မယား၊ ဖြတ်ခြား ကင်းကွာ၊ ဆုံးဖြတ်ရာသည်၊ ဧကာဒသမ၊ ပရဒါရီ၊ မညီ တ†ရား၊ သူ့မ†ယားကို၊ ပြစ်မှား ကျူးလွန်၊ ပြစ်ဝန်ထိုက်ရာ၊ ပြသည်မှာကား၊ ဒွါဒသမ၊ ထိုပရဒါ၊ ဖြစ်သည်မှာလည်း၊ နှစ်ဖြာ ပိုင်းခြား၊ ယောက်ျား မိန်းမ၊ ဟီန ဥက္ကဌ်၊ ယုတ်-မြတ် မျိုး-နွယ်၊ ကြီး-ငယ် ပြစ်ဒဏ်၊ စီရင်ရန်ဖြင့်၊ ထုံးမှန်ယှိရေး၊ ဆုံးဖြတ်ပေးသား၊ တေးရသ†မ၊ ထိုလောက်မျှတိ၊ ပုဒ်†မ ဂဏာန်း၊ ဆဲ့သုံးခဏ်းကို။။ စွဲးမှန်း ရကြပစေကုန်။ (၁၅)
(၃၇၆) ထိုမှ တ †တန်း၊ အမွေခန်းနှိုက်၊ နိ†ဒါန်း အစ၊ သုံးကဏ္ဍလည်း၊ တူမျှ နည်းရှေ့၊ မကောက်ကွေ့တည့်၊ အမွေ့လက္ခဏာ၊ ခြင်းရာ အပြား၊ ထင်ရှား ပြသ၊ စတုတ္ထ မှတ်လေ၊ အမွေ စုလိုက်၊ မခံထိုက်နှင့်၊ ခံထိုက်သည့်သား၊ ပိုင်းခြား ပ ဉ္စမီ၊ မိ-ဘ သားရင်း၊ ဝေခြင်း ဆဋ္ဌမံ၊ မွေခံ သား†ချင်း၊ ပြု†ခြင်း ကျင့်ဝတ်၊ မွေ မသွတ်ဘဲး၊ အလွတ် ချန်ထား၊ အဘို့များကို၊ မွေစား *တကာ၊ တောင်းရာသည့်ဖြစ်၊ လ-နှစ် ပရိစ္ဆေ၊ တထွေ ထုံးမှီး၊ *သင်းသီး လက္ခဏာ၊ ပြရာ သတ္တ†မ၊ ထို†မှ တ+ခြင်း၊ သား+ချင်း တထွေ၊ အမွေ ခွဲးရန်၊ ပြဟန် အဋ္ဌ†မ၊ ယင်း†မှ တချက်၊ အထက် ပါထ၊ ပုဗ္ဗကနှင့်၊ ဘထွေး မိထွေး၊ ဝေရေး နဝမ၊ ယင်းပုဗ္ဗနှင့်၊ ထိုဘ-မိထွေး၊ မွေးသည့် သားများ၊ ဝေခြား ပုံပြ၊ ဒသမတည့်၊ လင်က မယား၊ ပါသည့် သားနှင့်၊ နှစ်ပါးစုံရ၊ အောက် သားလှတို့၊ ဝေကြပုံမှာ၊ ဧကာဒသ†မ၊ ထို†မှ တသင်း၊ ဘိုး-ဘွားရင်းနှင့်၊ မြေးရင်း ဝေကြ၊ ဒွါဒသမ မှတ်ရေး၊ ဘိုးထွေး ဘထွေး၊ အထက် မြေးတို့၊ ဝေရေး တေရသ်၊ မှတ်လော့ တခြား၊ ထက်မြေးများနှင့်၊ ထိုဘွား ဘိုးထွေး၊ မွေးသည့် အောက်သား၊ ဝေခြား ဆုံးဖြတ်၊ စုဒ္ဒသ်မည်ငြား၊ မယား ကြီးငယ်၊ ဝေဘွယ် ပန္နရသ်၊ ဆက်ဆတ် မှတ်ရာ၊ ထက်ပါ ပုဗ္ဗက၊ ထို့သားလှနှင့်၊ ဘထွေး မိထွေး၊ မမွေး သားရင်း၊ ဆွေသား†ချင်းတို့၊ ဝေ†ခြင်းရာပြ၊ သောဠသမတည့်၊ မုချ ဆိုတိုင်း၊ ဆစ်အပိုင်းကို။။ ကသိုဏ်း ကျကြပစေကုန်။ (၁၆)
(၃၇၇) ထိုမှ တထွေ၊ မွေ့ရှင် သေ၍့၊ မွေခံ မယှိ၊ သို့ဖြစ်ဘိမူ၊ မိဘ သားချင်း၊ မရင်း သားဖျား၊ ဆွေမျိုးများတို့၊ ဝေစားထိုက်ဟန်၊ ပြန်မှန် သတ္တရ၊ မိ-ဘ သား-မယား၊ သားချင်းများတို့၊ မွေစား မရ၊ သူစိမ်းကသာ၊ မွေခံရာကို၊ မှန်စွာ ပြလတ်၊ အဋ္ဌရသ်တည့်၊ မြဲးမှတ် ထောက်ဆ၊ ယောက္ခမနှင့်၊ ချွေးမ သားမက်၊ ခွဲးဝက် ဝေမှု၊ ဧကုနဝီ၊ ဒါသီ ဒါသ၊ ကျွန်မျာ့းအမွေ၊ ခွဲးဝေထိုက်ရာ၊ ခွဲးကာ ဝေပြ၊ ဝီသတိ†မရှင့်၊ ထို†မှ တဖြာ၊ ဆရာ တ+ပည့်၊ အလို+ပြည့်အောင်၊ ဝေသည့်နည်းမှီ၊ ဧကဝီ တခြား၊ မယားသေ လင်၊ လင်သေ မယား၊ မွေစားခံရ၊ ဗာဝီသမနှင့်၊ လမ်းစ ခရီး၊ မနီး လူ့ဘောင်၊ တော-တောင်ဟူက၊ မြေ-ရေစသား၊ ဒေသ ရပ်မှာ၊ ရဥစ္စာကို၊ ထိုဥစ္စာရှင်၊ သခင် မိ-ဘ၊ လူနှစ်ဝတို့၊ ရသူနှင့်ပေ၊ ခွဲးဝေ နည်းပြ၊ တေဝီသမက၊ ပုဏ္ဏာ့အမွေ၊ ခံပေထိုက်သက်၊ ခွဲးဝက် ဝေပြု၊ စတုဝီသတိမ၊ သမဏပြီ၊ ပ ဉ္စဝီမျိုး၊ သားဆိုး မြေးကောင်း၊ ဆွေပေါင်း ဉာတိ၊ မယှိ မွေခံ၊ ထိုဓနံကို၊ ဆက်ဆံ မင်းသာ၊ မင်းဘဏ္ဍာဟု၊ ဖြစ်ရာ ဖြစ်ထိုက်၊ ထုံးလိုက် နည်းမှီ၊ ပြရာ စီသည့်၊ ဆဗ္ဗီသတိမ၊ ဆုံးကဏ္ဍတည့်၊ ထိုမျှ ပိုင်းသန်း၊ မွေပုံခန်းကို၊ ဂဏာန်း ပုဒ်မ၊ နံပါတ်ပြတိုင်း၊ လုံ့လ မကင်း၊ ကြည့်ရှုခြင်းဖြင့်၊ မွေရင်း မွေဖျား၊ ပိုင်း ခြားနား၍့၊ ပိုက်*ဖြား ကြင်နာ၊ လူ*ဗိုလ်ပါအား၊ လေးဖြာ ဂတိ၊ မငြိ မရှက်၊ ထိုက်သက်ရာရာ၊ ဝေအပ်စွာ၏၊ စဉ်လာ တန္တီ၊ ပဝေဏီနှင့်၊ အညီ မှန်ကန်၊ မလွန် မပို၊ ထိုထို တရား၊ ဆုံးဖြတ်အားက၊ လားလိမ့် နတ်ရွာ၊ မသမ္မာမူ၊ ပြိတ္တာ ငရဲး၊ ဖြစ်မြဲး မချွတ်၊ အပါယ် လွတ်အောင်၊ ကျင့်ဝတ် စွဲးသုံး၊ သူတော်ထုံးဖြင့်။။ နှလုံး လှကြပစေကုန်။ (၁၇)
(၄င်း ၃-ပိုဒ် အရကျက်မှတ်၍့ 'အဂ္ဂမဟာသေနာပတိ သေနတ်ဝန်, ကင်းဝန်မင်းကြီး စီရင်သော 'အိမ်မှုခဏ်း'၊ ဓမ္မသတ်ကြီး 'အမွေခဏ်း' ဓမ္မသတ်ကြီးတို့နှိုက်၊ ကြည့်ရှုကြကုန်မူ အလွန် သိလွယ်ကုန်လိမ့်မည်။)
(၃၇၈) ဇာတိ ဥက္ကဌ်၊ ကျင့်မြတ် သစ္စာ၊ ပညဝါနှင့်၊ သာယာ နှုတ်ချို၊ ပြောဆို သန့်ရှင်း၊ တတ်ခြင်း တရား၊ ရေးခြား လိမ္မာ၊ အင် ရှစ်ဖြာကြောင့်၊ ခုံရာ အသီး၊ ငါ မြှောက်ခြီး၍့၊ ထွန်းညီး ဂုဏ်ရည်၊ ပွဲးလယ် တည်လျက်၊ *အသည် အဝါ၊ တင့်တယ်စွာလျှင်၊ လေးဖြာ အဂတိ၊ မစွန်းငြိဘဲ၊ ပြည်ကြီ့း ချမ်းသာ၊ ရှာတတ်စွာသည့်၊ မဟာသုခမိန်၊ မတ် ကဝိန်တို့။။ ချိန်သို့ မမှား၊ သတိထား၍့၊ ရှစ်ပါး ဂုဏ်အင်၊ ပြည့် စုံလင်တိုင်း၊ ဆင်ခြင်သမှု၊ နှလုံးပြုလော့၊ “*တန္တု ရှေးခါ၊ ယမုံနာနှင့်၊ ဂင်္ဂါ မြစ်သား၊ နှစ်ကောင် ငါးကို၊ တရား ဖြတ်ဆို၊ ရေလိပ်အိုသို့၊ ကိုယ်ကို မြှောက်ခြီး၊ မပြီး အမှု၊ မပြုအပ်ရာ၊ ကရု†ဏာဖြင့်၊ ကြင်†နာ ကင်းငြား၊ မသနားဘဲး၊ ကျား တရားဖြတ်၊ ဝါး ကျွတ်ကျွတ်တိ၊ ကိုက်သတ် အသေ၊ သားကို ဝေသို့၊ မရေ မရာ၊ မလျော်စွာဘူး၊ ပမာ တသီး၊ မြင်းတစီးလျှင်၊ အမြီးက စား၊ ခေါင်းက စားသို့၊ ရှုံးသား နိုင်သူ၊ လူနှစ်ဦး လက်၊ နိုင် အထက်ဖြင့်၊ နှစ်ဘက်ပေါ်မှာ၊ ပဏ္ဏာ ယူစား၊ မျောက်အိုလားနှင့်၊ ကမ်းနား တွေ့ကြိမ်၊ ဉာဏ် ဖျင်းသိမ်သည့်၊ ရေတိမ် ကျက်စား၊ ရေနက် သွား၍့၊ ရှာစား လေ့ပြု၊ ဖျံ နှစ်ခုတို့၊ ငါးလုကြရာ၊ ယုတ်မာအကျင့်၊ ခေါင်းနှင့် အမြီး၊ ဖြတ်ပြီး ပေးငြား၊ အလယ်သားကို၊ တရားဖြတ်သူ၊ ငါ့ဘို့ဟူ၍့၊ ဆောင်ယူ မနှေး၊ ချီကာ ပြေသည့်၊ မြေခွေး ငါးဝေ၊ မတူစေနှင့်၊ ရှေ့နေ ခုံမင်း၊ ပေါင်းသင်းပြီးလျှင်၊ သမင် ကြို့ထိုး၊ လှည့်ပတ်မျိုးသို့၊ တံစိုး တူစား၊ သူတပါးကို၊ တရား တိုက်တိုက်၊ လောဘ လိုက်၍့၊ မထိုက် ကြေးငွေ၊ မယူစေနှင့်၊ ဥပဒေ ဓမ္မ၊ ပိုင်းခြားပြတိုင်း၊ မုချ မှန်စွာ၊ မချွတ်ရာဘူး၊ ပဏ္ဏာ လို†ကြူး၊ ဂတိ ထူးက၊ ခုံ†ကျူး ခုံ့တာ၊ မလွတ်သာဘူး၊ မျက်နှာ ယှိငြား၊ ညှာသော့အားဖြင့်၊ ထောက်ထား သက်သေ၊ မကူစေနှင့်၊ မသွေ မဘောက်၊ ခုံတည်မြောက်သည်။။ ခုံလောက် မြင်းမိုရ် ခံ၏သို့။”(၁၈)
(၃၇၉) အမွေ ဝေရေး၊ မိ-ဘ ရှေးက၊ ပေး၏့ မရ၊ မပေးရဟု၊ ကျမ်းပြ ထင်စွာ၊ မွေ ဥစ္စာလျှင်၊ ဝေရာ မယှိ၊ ဖြစ်တုံဘိမူ၊ ဘ-မိ ခြားသီး၊ သားသမီးအား၊ ပေးပြီးတုံမြောက်၊ လက်သို့ ရောက်လည်း၊ မျက်မှောက်ယှိစွာ၊ ထိုဥစ္စာကို၊ ညီညာ သား†ချင်း၊ မွေပုံသွင်း၍့၊ ဝေ†ခြင်း မုချ၊ ဝေစေရ၏၊ ကြက်မ စာကျွေး၊ သား တဝေးအား၊ ပေးသည့် ဝတ္ထု၊ မွေ့ထုံး ပြုလော့၊ “လောကုပဒေ၊ အမွေဟူငြား၊ သားချင်းများတို့၊ မွေစား မစုံ၊ မွေပုံ မပြီး၊ အတီး မသွေ၊ ရှေး လွန်လေက၊ သန္ဓေ အဟိတ်၊ စျာန်-မဂ် ပိတ်လည်း၊ မဆိတ် မွေစု၊ မြွေ့ထုံး ရှုလော့၊ ဤလူ့ရပ်†ဌာန်၊ လွန်ခက်†ထန်လျက်၊ မျက်မာန် ရဲးရဲး၊ ခွေးနှယ် ခဲး၍့၊ အစွဲး မပြေ၊ အမွေဟူက၊ ထိုမျှ သားချင်း၊ အူတုံ့ဆင်းသာ၊ အရင်းအချာ၊ ဉာတကာတို့၊ မေတ္တာ ပျက်ပြုန်း၊ မုန်းကြ သေအောင်၊ ရှေ့ဆောင် ရှေ့နေ၊ ခုံ သက်သေအား၊ ငွေကို ပေးလျှင်း၊ မင်း၏့ တိုက်မှာ၊ ဥစ္စာ ပြည့်ငြား၊ ဟူသော့လားဖြင့်၊ တရား ဆင်ကြ၊ လေကို ရမှ၊ လက်ချ ရေငုံ၊ ငြိမ်းကြတုံ၏၊ ဝေပုံ တမျှ၊ မစားကြဘူး၊” “မောဟ မှေးထူ၊ လောကီလူတို့၊ ဆိုင်သူကိုကား၊ မလိုအားဘဲး၊ အခြား ပြင်လူ၊ သူစိမ်းဟူသည်၊ မဆိုင်သူမှ၊ ကြည်ဖြူကြ၏၊ ထိုမျှ လူပုံ၊ မိုက်စေး ချုံတည့်၊ လုံးစုံ လူမှု၊ ထောက် မျှော်ရှုလော့၊”မနု မနော၊ မိန့်ဟော ဣသိ၊ ကျမ်း ပါဠိနှင့်၊ ထုံးရှိ စံမှီ၊ ညီစေ တဝ၊ ဓမ္မသာမိက၊ သဘောရဖြင့်၊ လောက လူမှာ၊ ဆုံးဖြတ်ရာဟု၊ မှန်စွာ မခွ၊ မိန့်ကြ ရှေးသူ့၊ အနှုန်း ပြု၍့၊ ရင့်-နု ယုတ်-လတ်၊ အမြတ် ငယ်-ကြီး၊ အသီးသီးကို၊ မငြီး မငွေ့၊ စုံစေ့ မကျန်၊ အောက်-ထက် လှန်ပြီး၊ ချိ*ချန် ကြွင်း*မဲ့၊ နှိုင်းရှဲ့ ပိုင်းခြား၊ စုံ-ဆအားဖြင့်၊ ထက်သား အောက်သား၊ မထား မချန်၊ တိရစ္ဆာန်ပါ၊ ပုံမှန် မျှပျမ်း၊ ခွဲး ဝေခြမ်းသည်။။ ဆော်ရွမ်း ပဟိုရ်သံ၏သို့။ (၁၉)
(၃၈၀) ပဟိုရ့့် သဏ္ဌာန်၊ ချက်တိုင်း မှန်အောင်၊ ဝေဘန်သမှု၊ ဖြတ်ပိုင်း ပြုလော့၊ သုံးလူ့ ချစ်ဘ၊ သမ္ဗုဒ္ဓလည်း၊ အာမိသ ဓမ္မ၊ နှစ်ပါး ပြ၍့၊ သာသနာ့အမွေ၊ ဟောမိန့်ထွေ၏၊ ဝါး-ပေ ငှက်ပျော၊ ကျူသဘောသို့၊ လောကူပမာ၊ ထင်စွာ ပြကတေ့၊ အမွေ့ဥပဒေ နည်းလေးထွေကို၊ သိစေ *စေ့ငု၊ မှတ် နှိုင်းရှုလော့၊ ဤလူ့ဘဝ၊ လူ့လောကနှိုက်၊ မိ-ဘ နှစ်ပါး၊ ယှိ ထင်ရှားစဉ်၊ သား-သမီးစု၊ လိုဟု အမွေ၊ မတောင်းစေနှင့်၊ ပေသို့ မှတ်ရာ၊ သေမှသာတည့်၊ ထက်ပါ အောက်သား၊ ယှိခဲ့ငြားသော်၊ ဝါးနှင့် တူစေ၊ လိုက်သင့် ဝေလော့၊ မွေမခံထိုက်၊ သားမိုက်တို့†မှာ၊ သီးရုံသာသို့၊ ပ†မာ ငှက်ပျော၊ မှတ်သဘောတည့်၊ ဥဘတော ပဏ္ဍုက်၊ သွင်ယုတ် အင်ချို့၊ ထိုသားတို့ကား၊ ကျူသို့ *တန္တု၊ ညီ မပြုလင့်၊ ဆွေစု မျိုးစစ်၊ ခုနစ် ဝင်ထ၊ ကိုယ့်လက်မှလျှင်၊ အဘ အဘိုး၊ ခေါ်ရိုး စဉ်ရှေး၊ အဘေး အဘွဲး၊ တကွဲး အဘွေး၊ တရေး အဘော်၊ အောက်သော် တခြား၊ သားနှင့် မြေး-မြစ်၊ တဆစ် တီ-မျှော့၊ မှတ်လော့ ကျွတ်-ဆတ်၊ ကျမ်းဂန် ထွက်လည်း၊ အောက်-ထက် သုံးစီ၊ မလွန် ညီရုံ၊ ဤရွေ့ ဤမျှ၊ ဖြစ်ထိုက်စွဟု၊ နှိုင်းဆ စိစစ်၊ ပိုင်းခြား ဆစ်လျက်၊ ကျိုး-ပြစ် မွေစု၊ ခံစေ ပြုလော့၊ ပြည်သူ့ အထက်၊ မှု ပေါ်ထွက်က၊ ထိုက်သက် ဒဏ်ရေး၊ ပြစ် လျှော့ပေးသည်။။ ရင်သွေး သားသက်နှံ၏့သို့။ (၂၀)
(၃၈၁) ရင်သွေး ညက်စံ၊ သား သက်နှံအား၊ မျက်လျှံ ဘ-မိ၊ ဒေါသ ယှိလည်း၊ မချိ မိုးကဲး၊ လွန်စွာ လွဲး၍့၊ ဟိန်းဟဲးရုံမျှ၊ သာသာ ချသို့၊ ထိုမျှ မှောက်မှား၊ ပြည်သူ့အားကို၊ ပြစ်ထား ဒဏ်ရေး၊ လျော့လျော့ ပေးလျက်၊ မြီကြွေး ခိုက်ရန်၊ နှုတ်-လက်လွန်ကို၊ ဖြေဖျန်သမှု၊ ငြိမ်းအောင် ပြုလော့၊ မနုရာဇာ၊ မဟာသမ္မတ၊ ကမ္ဘာစ,က၊ ဒွါဒတရား၊ ပိုင်းခြား လုံးစုံ၊ စိစစ်ပုံလည်း၊ အာဂုံ *စေ့ငု၊ သိမ်းဆောင် ရှုလော့၊ “အတု အပ၊ နည်း မကျဘဲး၊ ခြေမ ဆူးစူး၊ နဖူး ဆူးရှာ၊ ရေလာ တလွဲး၊ ခနွှဲး တခြား၊ ဟူသော့လားနှင့်၊ ယုန်ကား တောင်ပြေး၊ ခွေးကား မြောက်လိုက်၊ ထိုက် မထိုက်ကို၊ ဉာဏ်နှိုက် မရှု၊ ကျင့် မပြုနှင့်၊”အမှု မမှန်၊ တရား ကျန်က၊ သည်းထန် လွန်ပြင်း၊ မျက် ခြေနင်းလျက်၊ ချင်းချင်း *ပုတ်တိုက်၊ လူ့နှယ် ရိုက်၏၊ မလိုက် ဂတိ၊ ထုံးယှိ စံမှီ၊ ပဝေဏီနှင့်၊ အညီ သင့်မော၊ သဘောဉာဏ် ရှု၊ ဆုံးဖြတ် ပြုက၊ ယခု ဝတ္တမာန်၊ ပစ္စုပ္ပန်တွင်၊ မတန် လူမျှ၊ နာဂရာဇာ၊ သုပဏ္ဏာနှင့်၊ ဣန္ဒာ သိကြား၊ နတ်မင်း†များတို့၊ ပတ္တ†မြား မျက်ရှင်၊ ရွှေစင် ပန်းခိုင်၊ မနိုင် အဘိုး၊ နတ်ပုဆိုးဖြင့်၊ မြတ်နိုး *ကော်ရော်၊ ပူဇော် မြှောက်ခြီး၊ လူမင်းကြီးမူ၊ အသီး များလှ၊ နွားမ တထောင်၊ ဆင်*ပြောင် ရထား၊ စသော့အားဖြင့်၊ ကျေးစား အပိုင်၊ ခရိုင် ဆဲ့ခြောက်၊ ကြွယ်ပင်ပေါက်အောင်၊ ခြီးမြှောက် ပူဇော်၊ ကောင်းကြီး ခေါ်၍့၊ လူ့ဘော် နတ်ရပ်၊ ပင်လယ် ခပ်သည်။။ နှံ့စပ် သတင်း ပျံ၏့သို့။ “ (၂၁)
(ပျံကို အောက်မြစ် မရေး မဘတ်ကြနှင့်။)
(၃၈၂) ကိုးပါး အင်္ဂါ၊ စုံလင်စွာနှင့်၊ သေနာပတိ၊ အစယှိသား၊ ပြည်ကြီး ရေးကိုင်၊ ပြည်ရေး ပိုင်၍့၊ မဏ္ဍိုင်သဖွယ်၊ ကြီးကျယ် *နက်ဘိ၊ ဂုဏ်ထူး ယှိကြောင့်၊ ပြည်ကြီ့း ပခုံး၊ ပြည့် လက်ရုံးဟု၊ တိုင်းလုံး ကိုးရာ၊ မတ်*တကာလည်း၊ အင်္ဂါ မဘောက်၊ ကိုယ့်ဂုဏ် လျောက်ဖြင့်၊ စောင့်ရှောက် လုံ့လ၊ ပြုကုန်ကြလော့၊ “ဥက္ကဋ္ဌလူ၊ ဖြစ်လိုမူကား၊ သူမျာ့းထက်သာ၊ ကရုဏာနှင့်၊ မေတ္တာပွားမှု၊ သည်းခံ ပြု†မှ၊ ဂုဏ်ထူး ရ၏၊ မိန်း†မ ယောက်ျား၊ မင်း ပုဏ္ဏားတို့၊ လေးပါး မျိုးနွယ်၊ ကျေးဇူးကြွယ်လိမ့်၊ ချုတ်ချယ် မျက်လျှံ၊ သည်းမခံက၊ ခြံရံ နည်းပါး၊ ခြွေရွေ ယှားလျက်၊ ဂုဏ်အား မလှ၊ ကြုံလှီကြလိမ့်၊”ဒေသ ရပ်ခြား၊ ခရီးသွားနှင့်၊ နွားလား ဝန်တင်၊ ထွက်-ဝင် ရပ်တည်၊ အသည် အလာ၊ များစွာ သီးသီး၊ ရောက်ပြီး ရောက်စ၊ ဟူသမျှကို၊ ဘာ့းနှယ် ဝမ်း†ချမ်း၊ ညှိုး မသမ်းအောင်၊ ခွဲး†ခြမ်း မျှော်ရှု၊ *ဗိုလ်လူ့ စိတ်နေ၊ မညစ်စေနှင့်၊ တိုင်းခြေ ဌာန၊ ထာဝရနှိုက်၊ ထိုမျှ ရှင်-လူ၊ ရွှေပြည်သူလည်း၊ မပူ မပင်၊ *မငြင် မ†ငြို၊ ချမ်းရိပ်ခို၍့၊ ကြည်†ညို ဝမ်းတွင်း၊ သာ ပွင့်လင်းအောင်၊ ကင်းသင်း ကူးတို့၊ သယ်ပို့ စောင့်နေ၊ မလစ်စေနှင့်၊ လွန်လေ *အတီး၊ နိမိတ် ပြီးသား၊ အိုးကြီးအလယ်၊ အိုးငယ် ထောင်-သောင်း၊ လောင်း၍့ မပြည့်၊ အိပ်မက်၏့သို့၊ နှိုင်းရှည့်အလား၊ တူသော့အားဖြင့်၊ တိုင်းသား ပြည်သူ၊ များ ရှင်-လူတို့၊ ဆာပူ ညှိုးခွေ၊ မဖြစ်စေနှင့်၊ လူမွှေယောက်ျား၊ မင်းစေများလည်း၊ မင်းအား ကိုးကိုး၊ မင့်းအကျိုးနှင့်၊ ကိုယ်ကျိုးသာမျှ၊ ငဲ့တတ်ကြ၏၊ နဂ္ဃ တန်လျှင်း၊ သိန္ဓောမြင်းနှင့်၊ မင်းပါ ထီး-စည်၊ ဗာရာပြည်ကို၊ ဂုဏ်ရည် နွမ်းပါး၊ ဆန် ကွမ်းစားဖြင့်၊ ပိုင်းခြား ဟုတ်ဟတ်၊ အဘိုးဖြတ်သား၊ ရာပြတ် မိုက်†လှ၊ မတ်ဗာ†လတို့၊ အစိုးရဘက်၊ အာဏာ ရှက်၍့၊ နှိပ်စက် တုတ်ခွန်၊ ပိုလွန် လွှမ်းမိုး၊ ပြည် နွမ်းညှိုးအောင်၊ ပွားတိုး အိမ်†ခြေ၊ မစစ်စေနှင့်၊ မှုံ†ချေ မျက်နှာ၊ ပမာ ပုံပြင်၊ ရင့်-နု ငယ်-ကြီး၊ ဝေး-နီး တို-ရှည်၊ မျှသာ ကြည်သည်။။ ရွှေရည် သုတ်လိမ်းကျံ၏သို့။ (၂၂)
(၃၈၃) ရွှေရည် မင်းစံ၊ လိမ်းကျံ အဟုတ်၊ ညှိကာသုတ်သို့၊ မယုတ် မလွန်၊ ပြည်သူ့ဝန်ဖြင့်၊ တုန်ခွန် လွှမ်းမိုး၊ မတိုး မထွေ၊ မကျပ်စေနှင့်၊ အနေတကျ၊ ထိုမျှ *နှုန်းကဲး၊ မလွဲး မှန်စွာ၊ သပြာ ချိန်-စင်း၊ တောင်းတင်း အလုံး၊ ပြည်သုံး တိုင်းသုံး၊ ရှေးထုံးမယုတ်၊ တောင်-ထွာ မုတ်နှင့်၊ တသုတ်တိုက်†ကျမ်း၊ ဆုတ်ပတ်တမ်းလည်း၊ ကြော့†ကြမ်းမူထား၊ ကျင့်တတ်ငြား၏၊ “သူ့မယား ငို၊ မျက်ရည် ယိုမှ၊ ကိုယ့်မယား လှ၊ ဝမ်း ဝကြဟု၊ ဆိုထ မယွင်း၊ လူ*ခပင်းတို့၊ မှုခင်း စိုးစိ၊ ဖြစ်သည်ယှိသော်၊ ဝိုင်းဘိ အုံကာ၊ မီးလောင်ရာဝယ်၊ မိစ္ဆာ ငှက်ခါး၊ မှောင့်သောလားသို့၊ ချောက်ချား လူမွှေ၊ မညှပ်စေနှင့်၊”လူလေ လူကြွား၊ ဟုတ်စား *လျှပ်စား၊ လောင်းသမားနှင့်၊ ခိုးသား *တန္တ၊ *ထားပြ *မုဒိမ်း၊ ပလိမ်း *ပ†ကျံ၊ လူစိမ်း*ဆွံတို့၊ စိတ်ကြံ မသင့်၊ ဘိစီး ကျင့်၍့၊ ဆိတ်နှင့် သစ်နှယ်၊ နှိပ်စက် ကျယ်လျက်၊ မဘွယ် နိုင်ထက်၊ ဗလက္ကာရ၊ အဓမ္မမျိုး၊ မဆိုး မပွေ၊ မလျှပ်စေနှင့်၊ မင်းဆွေ စိုးမျိုး၊ မင်း အားကိုး၍့၊ လွှမ်းမိုး အာ†ဏာ၊ မင့်းမျက်†နှာနှင့်၊ ပမာမ*ခံ့၊ လူ ထိတ်+လန့်အောင်၊ ချောက်+လှန့် ခြိမ်းမဲး၊ ငင်ဆွဲး တွန်း-ထိုး၊ ငါ မင်းမျိုးဟု၊ ကိုးရိုး ကားရား၊ သောက်စား သေရည်၊ မတည် မတံ့၊ ယစ်နံ့ ထောင်းထောင်း၊ *ကသောင်း ကနင်း၊ ပြုတုံလျှင်းက၊ မင်းစေ ကျူးလွန်၊ မင်းစေဝန်တည့်၊ မင်းကျွန် မင်းဆွေ၊ မင်းစေ မင်းသံ၊ နှုတ်*မ†ငံနှင့်၊ *လက်ငံ *ခြေငံ၊ တိုင်းနိုင်†ငံနှိုက်၊ ပေါ်လျှံ ထောင်လွှား၊ လျှပ်စား ထိုမျှ၊ မယှိရအောင်၊ ဌာနအချုပ်၊ တိုက်အုပ် တိုက်စီး၊ သူကြီး *ကလန်၊ သံပျင်မွန်အား၊ စာချွန်ဆင့်ကာ၊ ဝန်ဆိုရာတို့၊ အာဏာ ကွပ်သိုင်း၊ စောင့်ကြပ်†ထိုင်းသည်။။ တံ†တိုင်းပတ်ကာ ခြံ၏့သို့။ (၂၃)
(၃၈၄) “ကျေးကျွန် ကပ်နေ၊ ရောက်လာ†ချေလည်း၊ အ†ခြေ မယှိ၊ ဇာတိ မကောင်း၊ *ပလောင်း ပလဲး၊ အပေါ် ချွဲးနှင့်၊ မမြဲး နှုတ်-လျှာ၊ ဝါစာ ဆန်းပြား၊ *ချောစားတတ်စွာ၊ သူယုတ်မာကို၊ မေတ္တာ *ရှောက်ရှက်၊ ပေါင်းဘက် တူရော၊ မနှီးနှောနှင့်၊ မာလောပမာ၊ ရောက်ရာ အားလုံး၊ ရတ်ပတ် †ကုံးနှိုက်၊ တိုက်†ဂုံး *ချောပစ်၊ သဘောညစ်ဖြင့်၊ စင်စစ် ဆတ်ဆတ်၊ ဖျက်ဆီးတတ်၏၊ ယွင်းချွတ် ကျင့်မူ၊ ထို*ဂုံးလူထက်၊ ခိုးသူနှင့် စုန်း၊ ချင့်*နှုန်း ဌာန၊ နေရာ ချ၍့၊ မ,စ စောင့်ရှောက်၊ ခြီးမြှောက်သဖြင့်၊ ထားသော် သင့်၏၊” “ယခင့် လူမျိုး၊ ကျင့်ဆိုး လွန်စွာ၊ ယုတ်မာသဘော၊ *ချောလျောတတ်သူ၊ လူမကောင်းကား၊ ဥက္ခောင်းကို ဖြတ်၊ သတ်၍့ ပြီးလျက်၊ အုန်းသီးဖြစ်အောင်၊ *ဂုံးတိုက်ဆောင်ဟု၊ လူ့ဘောင် ရှေးက၊ ပေါ်ရာဏသို့၊ ပြောကြ ပုံသေ၊ ထင်ရှားပေ၏၊ သေခွေ သတိ၊ မြဲးစေဘိလော့၊” “ပိသုဏဝါစာ၊ လွန်စွာ ဆိုးလှ၊ လျှာ နှစ်ခွနှင့်၊ ရှေးက သူဟောင်း၊ အပေါင်း*တကာ၊ နေရာ ချ၍့၊ မကျနိုင်စွာ၊ လူယုတ်မာကို၊ ပယ်ခွါ စွန့်ပစ်၊ မနီးရစ်နှင့်၊” “အပြစ် အကျိုး၊ ကောင်း-ဆိုး ယုတ်-မြတ်၊ မသိတတ်က၊ လူ့ဗာလတည့်၊ သိမှ ပဏ္ဍိ၊ မည်တုံဘိရှင့်၊”အသိဉာဏ် နက်၊ ပညာ ဘက်၍့၊ အောက်-ထက် ဝန်းကျင်၊ တွင်း-ပြင် ဝေး-နီး၊ နယ်သီး ရှက်ဆိုင်၊ ခရိုင် တိုင်းပြည်၊ အတည်တည်နှင့်၊ ပတ်လည်ဒေသ၊ မြို့ပြ ရွာ†ကျေး၊ မျက်နှာရေးကို၊ မှန် †ကြေးမုံ+ပြင်၊ နေ့တိုင်း တင်သို့၊ *သံ+ပျင် မကျန်၊ *ကလန် မကြွင်း၊ စုသင်း မှုကိုင်၊ မြေတိုင် တောခေါင်း၊ အပေါင်း ထိုမျှ၊ စစ ကုန်စင်၊ များ*ပုံယင်နှိုက်၊ ဆင်ခြင် မပေါ့၊ မမေ့လျော့နှင့်၊ မြဲးလော့ အစဉ်၊ ယှဉ်လော့ အပြီး၊ မငြီး မငွေ့၊ စေ့စေ့ စပ်စပ်၊ မလပ် မျှော်ရှု၊ လုံ့လပြု၍့၊ ပြည်မှု *ကုံအောင်၊ ပြည်ကျိုး ဆောင်က၊ ပြည်ထောင် ပွင့်လင်း၊ မင်းနှင့် †ချင်းသည်။။ ငြိမ်း†ခြင်း လ-ကြယ် ရံ၏့သို့။ (၂၄)
(၃၈၅) ရေးတတ် ရာမြင်၊ ရွှေနန်း ဝင်၍့၊ ရွှေစင် လုံညီ၊ ရွှေကွန်း မှီလျက်၊ ဂုဏ်ဆီ ပြည့်ဝ၊ ထူး ဉာ†ဏကြောင့်၊ ဌာ†န ဦးတင်၊ မင်းတိုင်ပင်နှင့်၊ သေနင် စိုးအုပ်၊ ဗိုလ်ချုပ် ကြီးမြတ်၊ ဆုံးဖြတ် တရား၊ တံခါးစောင့်မှူး၊ တထူး ကိုယ်ရံ၊ မြဲးမြံ သန်စွမ်း၊ *လက်ပမ်း ဆောင်မြဲး၊ ပွဲးမှူး ရာပြတ်၊ ပညတ် တသီး၊ သူကြီး *ကလန်၊ *သံပျင်*မွန်က၊ တမန် သူလျှို၊ ထိုပြီ့း တခြား၊ *ဟူးရား စာရေး၊ တဆဲ့လေးတည့်၊ နီး-ဝေး တွင်းပြင်၊ မင့်းထံခွင်နှိုက်၊ ထွက်-ဝင် မကင်း၊ ညီလာကျင်း၍့၊ မင်းနှင့်တကွ၊ ပြည်ကိစ္စကို၊ လုံ့လ *ကုံအောင်၊ ရွက်ဆောင် မပြတ်၊ သက်ရှင်တတ်ကြောင့်၊ ပညတ် နာမ၊ ဘိဓာနဖြင့်၊ သဒ္ဒဝေါဟာ၊ နည်းစဉ်လာသည်၊ ပညာ *ကြံသိုင်း၊ မတ်သဇိုင်းတို့။။ မှာတိုင်း မချွတ်၊ စွဲးကုန် †မှတ်လော့၊ “မှူး†မတ် မင်းစေ၊ မသရေ၍့၊ ပြည်မွှေ ပြည်နှောက်၊ ဘောက်သောက်လူမျိုး၊ ထူ လွှမ်းမိုးက၊ ပြည်ကျိုး မင်းကျိုး၊ နှစ်မျိုး ပျောက်ကွယ်၊ မာလောနွယ်လျှင်၊ ရစ်တွယ် အုံပြီး၊ သစ်ပင်ကြီးကို၊ တောမီး စပ်†လောင်၊ တောလုံး ပြောင်ဟု၊ *သူ†လှောင် သူပွေ၊ မဘိစေနှင့်၊”ရှေ့နေ ရှေ့ခံ၊ နှုတ်သံ အတင်း၊ ခုံငြား တင်†ချေ၊ ဆင်†ခြေ ဆင်လက်၊ တွဲးရှက် ဆိုဟန်၊ မုသားဉာဏ်တည့်၊ မမှန် အရေး၊ ကိုယ်တိုင် ဆေး၍့၊ စစ်မေး မငြီး၊ သက်သေ ကြီးလည်း၊ *မထီး စေရာ၊ *စာနာ စဉ်းစား၊ ခုံမင်း ကြားက၊ အခြား သက်သေ၊ မယှိစေနှင့်၊ မတွေ မလွေ၊ ထုံးနည်း ဘွေ၍့။။ ခွဲးဝေ ဆုံးဖြတ်၊ စံညွှန်းတည်း။ (၂၅)
(၃၈၆) ဆုံးဖြတ် ခွဲးဝေ၊ မတွေလွေနှင့်၊ လွန်လေ ရှေးခါ၊ ပြည်ဗာရာဝယ်၊ ဥစ္စာ*ကြွယ်လေ့၊ သူဌေ့းသမီး၊ ငယ်-ကြီး တကွ၊ ညီ အစ်မသို့၊ မူလထက် ပွား၊ အတိုးအားဖြင့်၊ ခက်ဖျား ညွှန့်ဝေ၊ မစားစေနှင့်၊ မျိုးဆွေ တဝေး၊ တင် မြီ†ကြွေးကြောင့်၊ လုပ်†ကျွေး စေပါ၊ ကျွန်ရာ ခိုင်းငြား၊ သူစိမ်းလားသို့၊ တိုးပွား ယူမှု၊ မပြုအပ်ရာ၊ အာနန္ဒာနှင့်၊ ဟင်္သာ ကိုးသောင်း၊ ပျက်စီးကြောင်းကို၊ ထုံးဟောင်း ယူဆ၊ မှတ်ကုန်ကြလော့၊ ထိုမှ တမူ၊ “တောမြိုင်ငူတွင်၊ သေတူ သေ†ခြင်း၊ နောင်-ညီရင်းတို့၊ ကောင်†ချင်း ထပ်ကာ၊ သေတတ်စွာကြောင့်၊ ရင်းချာဟူငြား၊ အူတုံ့ဘွားသည့်၊ သားချင်းတို့မှာ၊ ဥစ္စာ လောဘ၊ မောဟစွမ်းအား၊ ကျားခေါင်းစားသို့၊ တရား ပျက်သေ၊ မမှားစေနှင့်၊” “မိဆွေ ဘမျိုး၊ နွယ်ရိုး ပေါက်ဘော်၊ စပ် မတော်လည်း၊ သင့်လျော် တိုးတက်၊ ထံပိုးတွက်မျှ၊ ဘ,ထက် သားကြီး၊ ပြန်ပြန် စီး၍့၊ ကြွေးသီးသီး ကျင်၊ ကြွေးပင် စိုက်က၊ ကြီး လောဘတိုင်း၊ ကြွေးချ မြီပါ၊ ဆိုပမာသို့၊ လိုရာ နိုင်ထက်၊ နှိပ်စက်ဘိထွေ၊ မပွားစေနှင့်၊” “လူမွေ လူနှောက်၊ လူချောက် လူဂ†ချား၊ လူလျှပ်ဝါးတို့၊ မ†ခြား သူကောင်း၊ အမူ+ပြောင်းလျက်၊ နှုတ်+ပျောင်း စိတ်ကောက်၊ ရေငတ်မျောက်နှင့်၊ သေသောက်မြေခွေး၊ လိုရုံသွေးသို့၊ ကိုယ်ရေးပြီးကာ၊ ကျင့်တတ်စွာ၏၊” “မာယာကာရီ၊ နှုတ်ချို†အီဖြင့်၊ ထို†ဤ ဆန်းပြား၊ သာယာဖြားလျက်၊ သံမျှား ဝမ်းထဲး၊ မုသား စွဲး၍့၊ စဉ်းလဲး လျှပ်ပွေ၊ မများစေနှင့်၊ စိတ်နေ မမှန်၊ သူတော့်ဟန်ဖြင့်၊ ကြံဘန် ရူပ၊ ရုပ်ယောင်ပြပြီး၊ နည်းမျှ မြက်မှိုက်၊ ခေါင်းနှိုက် ကပ်တင်၊ ပြစ်ကြီး ထင်လျက်၊ ရွှေစင်ရတနာ၊ တရာကိုမူ၊ ခိုးယူတုံလစ်၊ ရသေ့ညစ်သို့၊ ကောက်ကျစ်မူရာ၊ ပြုတတ်စွာ၏၊ မောဟာဂတိ၊ မှောင်ကြီး ဘိ၍့၊ မသိမှားထွေ၊ မလားစေနှင့်၊”မီး-ရေ ခဲး-ဆန်၊ အဓိဋ္ဌာန်ဖြင့်၊ လေးတန် ကမ္ဘာ၊ ဆုံးဖြတ်ရာလည်း၊ ယထာဘူတ၊ မဟုတ်†လှတည့်၊ မူ†လ ပဝတ္တ၊ ထာဝရနှင့်၊ ဇင်္ဂမမှု၊ အစုစုကို၊ ခွဲးရှု ယုတ်မြတ်၊ ဆင်ခြင်လတ်၍့၊ ဆုံးဖြတ်သမှု၊ စီရင်ပြုသား၊ ရှေးသူ့ထုံး မျှော်၊ အ*နှုန်း လျော်လော့၊ မဟော်သ†ဓာ၊ အာ†ဒါသမု၊ ဝိဓူ့ နည်းဟောင်း၊ ထိုအပေါင်းကား။။ ကြံကောင်း ကြံမြတ် ကြံမွန်တည်း။ (၂၆)
(၃၈၇) ကြံကောင်း ကြံမြတ်၊ ဉာဏ်ဖြင့် မှတ်၍့၊ ဆုံးဖြတ် ရွေးချယ်၊ ကြီးမှု ငယ်လျက်၊ ငယ်သည့်အမှု၊ ပ,အောင် ပြုလော့၊ “ဤလူ့ထုံးစံ၊ ခါတရံနှိုက်၊ မကြံမစည်၊ မရည်မစောက်၊ လာရောက် ဆိုင်ထ၊ မှုပြိုင်ကြလျက်၊ ကာကတာလိ၊ ဟူဘိ ထုံး*တီး၊ ပမာပြီးသား၊ ထန်းသီးကြွေကြိုက်၊ ကျီးနင်းလိုက်သို့၊ ခါခိုက်ကြုံထ၊ ဖြစ် ဆုံကြ၏၊” “လောကဘွယ်ရာ၊ လူတို့ရွာဝယ်၊ ဓမ္မတာ မဟုတ်၊ ငြင်းမှုတ် မျောက်ငယ်၊ ရေဝယ် ကျောက်ကူး၊ အထူး ထင်ခဲ့၊ သက်သေ*မဲ့၍့၊ ယုံဘွယ့် လက္ခဏာ၊ မယှိပါလည်း၊ ရံခါ မုချ၊ ဖြစ်တုံစွတည့်၊ ရှေးက စဉ်လာ၊ ထင်ရှား မှာရှင့်၊ များစွာ *အစုတ်၊ လူ သမုတ်နှင့်၊ မဟုတ် မကျော်၊ မပုပ်သော်လျှင်၊ မပေါ်စရာ၊ ဆိုရိုးလာရှင့်၊” “လူ့ရွာ လူ့ပြည်၊ ထုံးတမည်လည်း၊ မှုသည်တပါး၊ မယှိငြားက၊ စကားထွေလာ၊ မဆို*မာတည့်၊ စာနာ *စေ့ငု၊ ဆင်ခြင်ပြုလော့၊”စတုဇာတိ၊ အချိ *ပြောထူ၊ တိုင်းပြည်သူအား၊ စိတ်ပူ လက်†ညစ်၊ ကြံရည် †ညှစ်သို့၊ အပြစ် ရှာရှာ၊ စစ် ပဏ္ဏာနှင့်၊ အရာ မမြင်၊ အနာထင်အောင်၊ မှုဆင် ကျယ်ပွား၊ မချဲ့ငြားလင့်၊ “နည်းပါး ပညာ၊ မလိမ္မာကို၊ လိမ္မာသူ စား၊ ဆန်းပြား ပညာ၊ လူလိမ္မာကို၊ ဒေဝါ-နတ် စား၊ ယှိတတ်ငြား၏၊ မတရားမူ၊ ကျင့်တတ်သူကို၊ လူ မနှစ်ခြိုက်၊ နတ် မကြိုက်ဘူး၊ မှတ်ပိုက် သေချာ၊ စုံ မျက်†နှာဖြင့်၊ ပ†ဏ္ဏာ မထောက်၊ ရှေ့ခွင် မှောက်သို့၊ လာရောက်သော့အား၊ နှစ်ပါး ညီဘိ၊ မှုသည်ယှိမှ၊ ဝိနိစ္ဆယ၊ ပေးထိုက်စွရှင့်၊ *တ†ပက္ခသာ၊ တ†သက်ညှာဖြင့်၊ မျက်နှာ ကြည့်မှု၊ ပဏ္ဏာ ရှု၍့၊ မပြုစအပ်၊ ဝါး မလျှပ်နှင့်၊ သံညှပ်မယွင်း၊ မျက်ခြေနင်းသို့၊ ငဲ့ခြင်း မယှိ၊ ဂတိ မယှဉ်၊ စိတ် ကင်းကြဉ်သည့်၊ ဝိညာဉ် မ*ဟဲ့၊ သက်*မဲ့အလား၊ ခိုင် တည်ကြားက၊ တရားသူကြီး၊ နတ်စည်တီး၍့။။ ကောင်းခြီးပေးလိမ့် သံဝှန်တည်း။”(၂၇)
(၃၈၈) “လျှပ်လျှပ် ဝါးဝါး၊ မတည်ကြားဘဲး၊ တိမ်းပါး ယွင်းခွ၊ ဆန္ဒာစသား၊ လောဘ ကပ်ငြိ၊ မောဟဘိက၊ ဂတိ လေးပါး၊ ဤတရားကို၊ ရှောင်ရှား ပယ်*ရှဲး၊ ကြဉ်နိုင်ခဲး၏၊ အမြဲး ထိုကြောင့်၊ သမာ စောင့်လျက်၊ ကျောက်တောင့်လက္ခဏာ၊ ပမာအလား၊ တည်သော့အားဖြင့်၊ လေးပါး ဂတိ၊ စိုးစိ လိုက်ထွေ၊ မငြိစေနှင့်၊”စေ့ရေ *နှိုင်းရှု၊ သာ့းနှယ် ပြုလျက်၊ ပြည်သူ့ချမ်းသာ၊ ပွားကြောင်း ရှာမှ၊ အဝိနာဘာဝေါ၊ နယောပဒေသ၊ အဝုတ္တသိဒ်၊ နိမိတ် နိမိတ္တဝန်၊ မလွန်နည်းမျိုး၊ ကြောင်း-ကျိုး တကွ၊ သဟ စရဏံ၊ ဆက်ဆံ ပြီးမြဲး၊ မှန်မလွဲးရှင့်၊ *ပြည်ထဲး တိုင်းခြေ၊ မရိစေနှင့်၊ “လူလေ လူလျှပ်၊ လူကျင့်သွပ်တို့၊ အစွပ် အ†ယိုး၊ လှည့်ပတ်မျိုးဖြင့်၊ မ†ရိုး အလို၊ ငလက်တိုနှင့်၊ ငညိုတို့နည်း၊ တချက်တည်းသို့၊ ပေါင်းစည်း ရောရှက်၊ အပျက် လူမှာ၊ ပြုတတ်စွာ၏၊ မာယာကာရ၊ ဝ ဉ္စနဖြင့်၊ ထိုမျှ လူမွှေ၊ မယှိစေနှင့်၊”လက်-ခြေ *ငံငံ၊ ပေါ်လျှံ လျှပ်ဝါး၊ လူပေါ့များက၊ *ချောက်ချား တိုင်း†ခြေ၊ ပျက်တတ်†ချေ၏၊ ပြည်နေ တိုင်းသား၊ *ဗိုလ်လူများကို၊ ဖြားဖြား *ယောင်း†ယောင်း၊ စျေးနာ†ရောင်းသို့၊ ပျောင်းပျောင်း *ပျ+ပျ၊ နည်းနာ +ပြ၍့၊ ဆုံးမ သာ†ယာ၊ နူးစေ†ရာ၏၊ “ပညာ *နှိုက်†နှဲး၊ *သူရမ်းဘဲးကို၊ နက်†နဲး သိမ်မွေ့၊ သိလေ့ ဟုတ်တိုင်း၊ ရှေး*ကြံသိုင်းတို့၊ ကရိုဏ်း ရွှေဉာဏ်၊ ပြ ဝေဘန်သို့၊ နည်းမှန် စိုက်စိုက်၊ လမ်းရိုးလိုက်လော့၊”သောင်းတိုက် မဆံ့၊ နတ်ပြည် နှံ့အောင်၊ ခြီးအံ့ ကျော်ကျူး၊ ဂုဏ်ရောင် မြူးလိမ့်။။ ကျေးဇူး မိုးမြင့် တံခွန်တည်း။ (၂၈)
(၃၈၉) ဓမ္မသတ်ကျမ်းလာ၊ မှတ်စရာလည်း၊ ကောင်းစွာမသွေ၊ မှတ်သိစေလော့၊ ရေ-မြေ စိုးရ၊ ဘဝသခင်၊ ပြည်ရှင်ပိုင်နင်း၊ မင်း-မိဖုရား၊ *လျာထား ဥပရာဇ်၊ ညီချစ် ရင်းချာ၊ ရတနာမျက်ဖျော်၊ သားတော် မြေးမြစ်၊ ရွှေရင်နှစ်ကား၊ မင်းစစ်တွင်ခေါ်၊ ပြစ် မမြော်တည့်၊ ဆွေတော် နွယ်သက်၊ မင်းဆက် မင်းစဉ်၊ စပ်လျဉ် ကျင့်မူ၊ သိမှီသူနှင့်၊ *ပြောထူ ဉာဏ၊ ရှေးက *သံပိုဏ်း၊ သမိုင်း မှတ်တင်၊ ရာဝင် *မော်ကွန်း၊ ထီးနန်း ဌုပ္ပတ်၊ တတ်မှတ် သိသူ၊ ကဝိလူက၊ ရာဇူ*သနင်း၊ ပြည့်ရှင်မင်းတို့၊ မကင်း ထံခွင့်၊ တိုင်ပင် မပြတ်၊ ရာထူး မြတ်သား၊ မတ် စစ်သူကြီး၊ ခြားသီး တထွေ၊ စစ်မြေပြင်ထဲး၊ လက်နက် စွဲး၍့၊ ဝင်ခွဲး မှုထမ်း၊ ရဲးစွမ်းသသူ၊ စစ်ကဲးဟူသည်၊ ဤသူ လေးပါး၊ ပိုင်းခြား အရိုး၊ မင်းမျိုး ပညပ်၊ ခေါ်ဆိုအပ်၏၊ မြို့ကွပ် ထောင်မှူး၊ တထူး ထိုမှ၊ တရာ့းသူကြီး၊ တသီး ထိုပြီ၊ စာချီ စာမာ၊ ရွာတွင် အုပ်စီး၊ သူကြီး ပြည်စိုး၊ ကွမ်းဘိုး ခွန်ပိုင်၊ မြေတိုင် တောကဲး၊ မလွဲး မှတ်ယူ၊ မင်းမျိုးဟူလော့၊ လူတွင် မင်းက၊ ဌာန ရာပေး၊ သူဌေး သူကြွယ်၊ ကုန်စယ် သွယ်ပြု၊ လယ်ယာမှုနှင့်၊ များထု ရတနာ၊ ဥစ္စာ ဘောဂ၊ ကြွယ်ဝသူကို၊ သူဌေးဆို၏၊ ထိုမှ ကြွင်းငြား၊ ဆင်းရဲးသားတည့်၊ လေးပါး မျိုးဆွေ၊ ခွဲးဝေ သီးခြား၊ မျိုးနွယ်အားဖြင့်၊ ပြစ်မှား ကာမ၊ စသည်တို့မှာ၊ စီရင်ရာ၏၊ တဖြာ ထိုမှ၊ လူ့လောကနှိုက်၊ သီလ ယှိသူ၊ ငယ်ရွယ်သူနှင့်၊ အိုသူ ဇရာ၊ သူနာ တဦး၊ သူရူး တမျိုး၊ မင်းစိုး တပါး၊ သားငါး ရှောင်လစ်၊ ထိုခုနစ်တို့၊ စင်စစ် ပုတ်ခတ်၊ သေတုံလတ်လည်း၊ ကင်းလွတ် တစိ၊ ပြစ် မယှိဟု၊ မနုသိက၊ ဓမ္မကျမ်းလာ၊ မိန့်ခဲ့ မှာရှင့်၊ ပညာကရိုဏ်း၊ စက်ဖြင့် ပိုင်းသို့၊ ချင့်နှိုင်း ယုတ်-ဖြတ်၊ သင့် ဆုံးဖြတ်သည်။။ သွယ်ခတ် ဟိတ်-ဖိုလ် သမ္ဗန်တည်း။ (၂၉)
(၃၉၀) လောကီ ဓမ္မတာ၊ လူတို့မှာတိ၊ စဉ်လာတရား၊ ဖျက် မမှားလင့်၊ “သားနှင့် အမိ၊ နတ်ရှိ ရွယ်လှ၊ မောင် နှမတိ၊ မွေးဘ သမီး၊ တူ ဦးရီးက၊ မိကြီး မိထွေး၊ ရှောင် မရွေးဘဲး၊ ခွေး-ဝက်*တမျှ၊ အဓမ္မဟု၊ ရာဂ မပွား၊ ညီ့မယားလျှင်၊ လပ်အားပစေ၊ နောင် မနေရာ၊ သညာမခွ၊ ချွေးမ နှမ၊ သမီးမျှဖြင့်၊ စိတ်က မှတ်သား၊ နောင့်မယားလည်း၊ လပ်ငြားစေမူ၊ ညီဖြစ်သူတို့၊ မယူအပ်စွ၊ ဆရာ့မယား၊ အမိလားသို့၊ မမှား စိတ်မှာ၊ ရိုသေရာ၏၊ ဓမ္မတာ ဝတ်၊ ကျင့်ချွတ် တိမ်းပါး၊ ညီ့မယားကို၊ နောင့်ဘွား ယူထ၊ နောင့်သက်မျှကို၊ ညီက မရှောင်၊ အိမ်ထောင်ပြုရာ၊ ထိုပြည်ရွာကား၊ ရေစာ ခေါင်းပါး၊ မိုး-လေ †ယှားဟု၊ ထင်†ရှား ဓမ္မသတ်၊ ကျမ်း ဆိုလတ်၏၊”ပညတ် ထုံးစံ၊ တရံ မလစ်၊ ကံမြစ်ကြလေ၊ အသရေကို၊ စံရွှေ ကိုယ်လေး၊ ပေး၍့ မရ၊ စောင့်အပ်လှသား၊ “မိန်းမဖြစ်လျက်၊ ကြောက် မရှက်ဘဲး၊ ကြောင့်မျက်နှာစာ၊ ကြွက်မြူးလာသို့၊ အခါ*မဲ့ငြား၊ တကိုယ်အားဖြင့်၊ ယောက်ျားယှိရာ၊ မိန်းမ လာသော်၊ ကိလေသာစိတ်၊ ယိုဖိတ် စွန်းငြိ၊ ကျူးလွန်မိလည်း၊ မယှိ *ပြစ်ဆာ၊ ကင်းစေရာ၏၊”မှန်စွာ ထိုပြီ့း၊ လင်ယှိမယား၊ သူအခြားနှင့်၊ ယဉ်ပါးကုန်†ကြ၊ ပထမနှိုက်၊ ယော†က်ျား ကိုယ့်ဘိုး၊ လျော်ရိုး သုံးဆယ်၊ နှစ်ကြိမ်ဝယ်ကား၊ ဆဲ့ငါးကျပ်သာ၊ သုံးကြိမ်မှာမူ၊ သင်္ချာ ပညပ်၊ ခုနစ်ကျပ်ခွဲး၊ လွန်မြဲး လွန်ဘိ၊ လေးကြိမ် ယှိက၊ ပြည့်ကြီ့းတန်ဆာ၊ မည်လေရာဟု၊ ကျမ်းလာ မှတ်သား၊ လျော် မစားလင့်၊ “မယား တိရစ္ဆာန်၊ လင် သူ*မွန်တိ၊ သောတာပန်လား၊ မယား သောတာပန်၊ လင် တိရစ္ဆာန်တို့၊ ကျင့်ဟန် မတူ၊ မကောင်းသူမှာ၊ မီးပူ ကျရှောင်း၊ ကောင်းကျင့်သူကား၊ နတ်ပြည်လား၏၊ မယားကို လင်၊ လင်ကို မ†ယား၊ နတ်အလားသို့၊ တ†ရားသဖြင့်၊ ကောင်းစွာ ကျင့်က၊ ငါးဆင့် နတ်ရွာ၊ ဘုံ နိမ္မာဝယ်၊ ချမ်းသာ နှစ်ပါး၊ တူ ခံစားလိမ့်၊ လင်မယား †နှစ်၊ အကျင့် ညစ်မူ၊ †နစ်ကြ ငရဲး၊ မကွဲး *တဝေး၊ သံပြိုင် ထွေးသည်။။ ငိုကြွေး အော်ကြ ညံတွန်တည်း။”(၃၀)
(၃၉၁) ဖြတ်ထုံး ဖြတ်ပုံ၊ အလုံးစုံနှိုက်၊ အာဂုံ အာဂါ၊ ခြင်းရာ အသင့်၊ ဉာဏ်ဖြင့် ရှုမော၊ မှုသဘောတည့်၊ ရေမျော ဆယ်ဘိ၊ နှုတ်ဂတိတိုင်း၊ တည်ယှိစေရာ၊ မလွဲးသာဟု၊ ဇလာကနတ်၊ ဒေဝီမြတ်လျှင်၊ ဆုံးဖြတ် ဤသို့၊ တည်စေမျှို့၏၊ “နတ်တို့ နာမ၊ အမည်သ,သား၊ အ ဉ္ဇနဒေဝီ၊ ဂမ္ဘီ ဉာဏဝန်၊ မိမြတ်*မွန်လည်း၊ ကျွန်နှင့် သူကောင်း၊ ပေါင်း၍့ ရငြား၊ သမီး-သားတို့၊ နွားမသို့သာ၊ မိနောက်ပါဟု၊ ပညာစက္ခု၊ မျှော်ထောက်ရှု၍့၊ ဓေနုပ†မာ၊ ဖြတ်ထုံး †မှာ၏၊”အရာ နှိုင်းညှိ၊ ဉာဏ်သတိဖြင့်၊ ဖြန့်ချိ စဉ်းစား၊ စိန့်အလားသို့၊ ပြတ်သား ခွဲးဝေ၊ မချွတ်စေနှင့်၊ မြေကား မိခင်၊ ထန်းပင် အဘ၊ မူလ ရင်း-ဖျား၊ သခွား သွေးပေါင်း၊ ကိုယ်-ခေါင်းအင်္ဂါ၊ အပ္ပဋ္ဌာန၊ ပဋ္ဌာနနှင့်၊ ကြောင်းစ ကြောင်းရင်း၊ မကင်းရာချေ၊ ပုံသေ မှတ်ပြု၊ အမှုဟူထ၊ ဤလော†ကနှိုက်၊ ဖြစ်†က မနည်း၊ အချည်း မလွတ်၊ ဟူသတတ်တည့်၊ ပညတ်စကား၊ အစဉ် ကြား၏၊ ယော†က်ျား လူသွပ်၊ ပျားဖွပ် ဆင်ထိန်း၊ လူပြိန်း တောသွား၊ လေးယောက်သားက၊ ရှဉ့်-ဘား ခင်†ထိတ်၊ ကူညီဟိတ်ဖြင့်၊ တိတ်†တိတ် မနေ၊ မြည်မိချေ၍့၊ ဝင်လေ တရား၊ မလွတ်ငြားဘူး၊ မှတ်သား ပိုက်ကျုံး၊ စီရင်ထုံးလည်း၊ သစ်တုံးတခု၊ ကညာနုသို့၊ ရေးထု သက်သွင်း၊ ဆင်ခြင်း ဝတ်စား၊ လေးဦးသားနှင့်၊ တပါး ထို့ပြင်၊ တပြည်ခွင်က၊ တပင် မင်းသမီး၊ ငှက်ကြီး ချီကာ၊ ရောက်လာလိမ့်သော၊ ဗေဒင် ဟောက၊ မြေကြော ရှုံ့လစ်၊ လေးပစ် ဆယ်ယူ၊ သက်သွင်းသူဟု၊ ထိုလူ ငါးဦး၊ တရားထူးနှိုက်၊ ယှဉ်ပူး ကိုယ်ကြပ်၊ နီးကပ် ဆောင်ထ၊ ရေမှ ဆယ်တင်၊ ဝတ် ဆင်ယင်သည့်၊ အကြင် ယောက်ျား၊ ရပိုင်ငြား၍့၊ မယား ပြုစေ၊ ကြွင်းလေ သူများ၊ ကိုယ်ဘို့ ထားပြီး၊ ဝေစား စုံပြီ၊ တစုစီတည့်၊ ပန်းချီ ပန်းပု၊ ရေးထု လုပ်ကျင်၊ ဗေဒင်လူမျိုး၊ ဆေးဘိုး လက်ခ၊ ဟောတို့မျှနှင့်၊ ဇီဝ ကိုယ်တွင်း၊ သက်သွင်းဆရာ၊ ကိုယ်ဘိုးသာဟု၊ ပညာယှိမြတ်၊ ကဝိမတ်တို့၊ ဆုံးဖြတ်သော့တူ၊ နည်းယူ မှန်လှ၊ ဆုံးဖြတ်ကြလော့၊”လူက မဆံ့၊ နတ်တိုင် †နှံ့၍့၊ ရ†နံ့ ကြိုင်မျိုး၊ နတ်ပန်းမိုးဖြင့်။။ ကြိုးလိမ့် နတ်ရည် လျှံသွန်းတည်း။ (၃၁)
(၃၉၂) ပုထုဇဉ့်ငြမ်း၊ လူ့ ထုံးတမ်းတိ၊ ချစ်ကျွမ်းဝင်မှု၊ တခုခုဖြင့်၊ သွင်းပြု ပဏ္ဏာ၊ သစ္စာ မှန်းထား၊ ရည်းစားဟူဘိ၊ စောင့်သူ†ယှိသား၊ နတ်†ရှိ ရွယ်နှုန်း၊ ငယ်စဉ်တုန်းလျက်၊ *ခင်အုန်းမြောက်ထ၊ ထိုမိန်းမတို့၊ ပြင်ပယောက်ျား၊ သူအခြားနှင့်၊ ပျော်ပါးမိရာ၊ ဆက်ဆံပါသော်၊ မိစ္ဆာစာရ၊ မကင်းကြဘူး၊ ထိုမှ တပါး၊ ပြင်ယောက်ျားတို့၊ ဝင်သွား ပေါက်ရောက်၊ မမြောက် ကာမ၊ ကျစေ မင်းဒဏ်၊ ကျူးလွန်သော့အား၊ မယားခိုးပြစ်၊ လုံး*ဓွန်း ဖြစ်၏၊ စင်စစ် မှတ်ပိုက်၊ ကံလည်း ထိုက်ရှင့်၊ လူနှိုက် တရံ၊ လူ့ထုံးစံဖြင့်၊ မဆံစဖူး၊ လေးဆယ်ကျူးထ၊ မြောင်းတူးကညာ၊ မည်စပါခဲ့၊ လူ့ရွာ ထင်ရှား၊ မင်းယောက်ျားထံ၊ များစွာ ရံ၍့၊ မိဿံ ဝန်း*လျား၊ အစဉ်အားဖြင့်၊ တရားအရိုး၊ မိန်းမမျိုးတို့၊ လင်ခိုးအရာ၊ ကျမ်း မလာလည်း၊ လူမှာ ပိုင်းခြား၊ မယား ယှိ†ကျင်၊ သူ၏့ လင်ကို၊ အ†ကြင် မိန်းမ၊ ယူချေကလျှင်၊ လောကခေါ်ရိုး၊ လင်ခိုးဟူသည်၊ မည်သတတ်ဟု၊ ဓမ္မသတ်ထုံး*တီး၊ အစဉ် ပြီးရှင့်၊ မယားကြီးအား၊ ငါးကျပ် သပြာ၊ ပူဇော်ရာ၏၊ သင်္ချာ ဆင့်ထပ်၊ ဆဲ့ငါးကျပ် တထွေ၊ လျော်စေဟူငြား၊ နားပါး ပုတ်ခြင်း၊ ဆံဆွဲးခြင်းဖြင့်၊ ပြစ်ကင်း သမုတ်၊ တုတ်နှင့် မဆိုင်၊ ကိုယ်တိုင် သက်သက်၊ ခြေ-လက်သာမျှ၊ ပြုပိုင်ကြဟု၊ လောကအစဉ်၊ သမိုက် ယှဉ်၏၊ ပိုက်ယဉ် အထူး၊ လွန်မကျူးအောင်၊ လေးဦး နွယ်ပြား၊ လူအများနှိုက်၊ တရား ညီဖြောင့်၊ ပြည်ကို စောင့်လော့၊ လူနှောင့် လူရှက်၊ ပေါ်မထွက်ဘဲး၊ ငြိမ်သက် စည်*ဖြီး၊ ပျော်မငြီးလျှင်၊ ရန်မီး မဖြုံ၊ ပြည်ကြီး လုံလိမ့်၊ နေရုံ ရိုးရဲး၊ ရွှေစာခဲးကို၊ အမြဲး *ခိုင်ကျည်၊ ကပ်လုံး တည်အောင်၊ ပတ်လည် ခွေရစ်၊ အဆစ်ဆစ်သည်။။ တောင်မြစ် ထပ်ထပ် ရံဟန်တည်း။ (၃၂)
(၃၉၃) မှတ်လော့ တပုံ၊ ခုံသမတ်တို့၊ မပြတ် ကိုယ်နှိုက်၊ တည်ထိုက်စေရာ၊ ကျမ်းလာ မိန့်ဘွင့်၊ မှတ်ကြောင်း ရင့်ပိမ့်၊ အသင့် တတန်၊ ဟုတ်မှန် အမျိုး၊ အကျိုး စပ်ငြား၊ စကား သာယာ၊ မေတ္တာ ရှေးပြု၊ ငါးခု ပဋိညာဉ်၊ အမြဲး ယှဉ်ပြီး၊ ကင်း-ကြဉ် ဂတိ၊ သမာဓိနှင့်၊ ခွင့်ရှိ သွယ်သွယ်၊ မှု ကြီး-ငယ်တို့၊ ဆိုဘွယ် ရောက်က၊ ချင့်ထောက် လွယ်ကူ၊ ကောက်ယူ *ချက်ဖြုတ်၊ နှလုံး နှုတ်ဖြင့်၊ *တံသုတ် ညီညွတ်၊ ဓမ္မဝတ်က၊ လောကဝတ် ရာဇဝတ်၊ ကျွတ်လွတ် ပြတ်ပြေ၊ သေခွေ စီလျည်၊ စက်ပိုင်း*ရည်သို့၊ နန်းစည် ထားမှတ်၊ ရာဇသတ်နှင့်၊ ဓမ္မသတ် ဖြတ်ထုံး၊ လက်သုံး ကိုင်စွဲး၊ မလွဲးစေရ၊ မှန်သင့် ပြလော့၊ အဓမ္မ ပညတ်၊ ပါပသတ်ကား၊ သူမြတ်*တကာ၊ မလိုစွာဘူး၊ စဉ်လာဟူထ၊ ထိုတွင့်မှတည့်၊ လောကအမှတ်၊ ဓမ္မသတ်ထက်၊ ရာဇသတ် ချုပ်စေ၊ ဆိုတုံပေလည်း၊ *ပြစ်ချေ ပါပ၊ ကင်းလွတ်မှရှင့်၊ သပညာဝါ၊ ဝိဇာနေယျ၊ ဉာဏ်ဖြင့် ဆလော့၊ ကမ္မပထ၊ မလွတ်ကမူ၊ ကျလိမ့် ငရဲး၊ အမြဲး မှန်†လှ၊ ဧကန္တတည့်၊ “ဗာ†လတ+ရ၊ လူ့ပါပတို့၊ မ+ယာ့းမျက်နှာ၊ မသာ သာအောင်၊ လိုရာ လိုက်ထ၊ ကျင့်တတ်စွတည့်၊ မိန်းမစကား၊ နာသော့အားဖြင့်၊ မယား အားရ၊ မိဘကိုပင်၊ မောင်းနှင် ဆွဲးထုတ်၊ ရိုက်ပုတ် မွေ့ယမ်း၊ ငေါက်ငမ်း ခြိမ်းမဲး၊ ညှဉ်းဆဲး သတ်ဖြတ်၊ ပြုကြတတ်၏၊ လူ-နတ်မျိုး ကင်း၊ မီးမှာ သင်းသို့၊ အဖျင်း စင်စစ်၊ ထိုလူညစ်ကား၊ ဖြစ်ထ မလွဲး၊ အပါယ်ထဲးနှိုက်၊ ဆင်းရဲးတွင်းနက်၊ အမြဲး ကျက်၍့၊ မတက် လူ့ရွာ၊ မချမ်းသာဘဲး၊ နတ်မှာ ဝေးဘိ၊ အဝီစိနှင့်၊ ဒုဂ္ဂတိမျှ၊ နစ်မွန်းရလိမ့်၊” “လောကစီးပွား၊ တလမ်းသွားသာ၊ မယားစားဘို့၊ သား စားဘို့ဟု၊ ကိုယ့်ဘို့ နောင်ဘေး၊ မတွေး မဆ၊ မိုက် အန္ဓဖြင့်၊ လောဘအလို၊ လိုက်မပိုနှင့်၊ ဤကိုယ် ပျက်ပြား၊ ဘဝလားသော်၊ မယား မပါ၊ သား မပါဘူး၊ ကိုယ့်တာ ကိုယ်ခံ၊ စာရေးတံသို့၊ ကိုယ့်ကံအလျောက်၊ မြေကြီ့းအောက်ဝယ်၊ မီးတောက် ဟုန်းဟုန်း၊ ငရဲး*ဖုန်းနှိုက်၊ ပြေး-ပုန်း မရ၊ မိ-မယ် တ,၍့၊ ဒုက္ခခံမှု၊ ကိုယ်တခုဖြင့်။။ ကိုယ်ပြု ကိုယ်ကျူး ကံလွန်တည်း။”(၃၃)
(၃၉၄) လောဘ ဒေါသ၊ မောဟအလိုက်၊ ထိုက်-မထိုက်ကို၊ ဉာဏ်နှိုက် မချင့်၊ လိုတိုင်း ကျင့်သား၊ မသင့်မူခြင်း၊ လူ*ခပင်းနှိုက်၊ မင်းနှင့် အမတ်၊ အမြတ် ဥက္ကဋ္ဌ၊ လူ့မိ-ဘတည့်၊ သီဟ ပြကတေ့၊ ခြင်္သေ့အတူ၊ ကျင့်အပ်သူရှင့်၊ မှတ်ယူ ဓမ္မ၊ ယွင်းမခွနှင့်၊ “မိ-ဘဟူငြား၊ သမီး-သားနှိုက်၊ သနား*မဲ့ရေး၊ ကင်းဝေး ကရုဏာ၊ မထိုက်စွာဘူး၊” “ငဲ့ကာ ကိုယ့်ဘို့၊ ဤသို့ မသင့်၊ ထိုသို့ သင့်ဟု၊ နှုတ်ဖြင့် စာစာ၊ တစွာစွာနှင့်၊ ဆရာကတော်၊ မည်ခေါ် မှတ်ပြု၊ အနုသာသိက၊ ဆက်ရက်မသို့၊ သူများကိုသာ၊ စီရင်ကာလျှင်၊ ကိုယ်မှာသော်ကား၊ မကျင့်ငြားဘဲး၊ တရား လက်ယှိ၊ တရားသိတို့၊ ဂတိ လိုက်ထ၊ အပါယ် ကျလိမ့်၊” “မီးပြသမား၊ တွင်းကျွံမှားသို့၊ တရားသိလျက်၊ ဂတိလိုက်ကာ၊ မမိုက်ရာဘူး၊ ခန္ဓာ အသက်၊ သေပျက်အရေး၊ သား-သွေး လိုမှု၊ ဂတိပြုလည်း၊ မရှု တရား၊ အမိုက်အားဖြင့်၊ အမှားမျှသာ၊ လိုက် မ†ညှာနှင့်၊” “ပ†ညာ သတိ၊ မြဲးဘိ မယို၊ စောင့်သော†ကိုယ်ဖြင့်၊ သူ့†ကို နိစ္စ၊ ချင့် ဆုံးမလော့၊ သည်မျှအခွင့်၊ သည်မျှသင့်ဟု၊ ဉာဏ်ဖြင့် နှိုင်းကာ၊ ပိုင်းအပ်စွာရှင့်၊” “လိုရာလူတို့၊ ပညာချို့တိုင်း၊ ကိုယ့်ဘို့အမှု၊ ထင်တိုင်းပြုကို၊ ထိုသူ့ လိုရာ၊ မလိုက်သာဘူး၊ ကရုဏာ ပညာဉ်၊ ယှဉ်၍့ အမြဲး၊ သူ့ထက် ကဲးအောင်၊ ယူစွဲး မချ၊ ကျင့်သုံး မျှလော့၊” “ရှေးက တန္တီ၊ ထုံးနှင့်ညီသား၊ ပဝေဏီစစ်၊ ဖြစ်လင့်*ကစား၊ ငှက်နှင့် သားကို၊ သေစား သေစေ၊ စီရင်ထွေကား၊ ကင်းပေ ကရုဏာ၊ တင်းလွန်းစွာခဲ့၊ *မရေရာလွန်း၊ ပြစ်စွန်း မလွတ်၊ ဖြစ်သတတ်ကြောင့်၊ သူမြတ် သူ*မွန်၊ ဉာဏဝန်တို့၊ အလွန် စိတ်နှိုက်၊ မခြီးထိုက်ဘူး၊ မှုလိုက် လောက၊ လျော်တုံစွလည်း၊ ဓမ္မ လွန်ကျူး၊ ပြစ်ဝန် ကူး၍့။။ စူးလိမ့် ပါပလှံချွန်တည်း။”(၃၄)
(၃၉၅) အထိုက် အထိုက်၊ မှုအလိုက်တိ၊ နှိုက်နှိုက် *နှဲး†နှဲး၊ ကြံနက်†နဲးပြီး၊ ဝေခွဲး စဉ်းစား၊ ခိုးတရားနှိုက်၊ ပိုင်းခြား ပရိစ္ဆိန်၊ ဉာဏ်ပညိန်ဖြင့်၊ ဖြစ်ချိန် ဖြစ်ရာ၊ တန်းဘိုးပါနှင့်၊ ဥစ္စာ ဟောင်း-သစ်၊ စိစစ် ထုံးစံ၊ *ကုံ*လောက်ငံအောင်၊ ကာလံ ဒေသံ၊ အဂ္ဃံ ဓန၊ နည်းပြ စဉ်လာ၊ မဟာပဒေသ လေးပါး၊ သတိထားလော့၊ တရားဥပဒေ၊ မြစ် ခက်ဝေလျက်၊ အသေ အရှင်၊ လူတွင် ခေါ်ရိုး၊ ထီးကျိုး စည်ပေါက်၊ မင်းလဲး ဘောက်သော်၊ ပ,ပျောက်စေရာ၊ မပျောက်†ရာက၊ လယ်†ယာ မိုးမြေ၊ အမွေ ခွဲး+တမ်း၊ ညှိ ဝေခြမ်းရှင့်၊ ခံ+ထမ်း ဥစ္စာ၊ ချေးငှားရာလည်း၊ သေချာ လက်ဆုပ်၊ စာရင်း ကုပ်လျက်၊ အချုပ် သက်သေ၊ သဝေ မခြား၊ မြော် ထောက်ထားတည့်၊ ယောက်ျား တဆူ၊ သက်ကြီးလူနှင့်၊ မြတ်သူတို့က၊ ဆုံးမသော့အား၊ ဆဲးဆိုငြားလည်း၊ အမှား ပြစ်ဆာ၊ မယူရာရှင့်၊ ဂုဏ်ဝါ *နုန့်နယ်၊ သူငယ်မိန်းမ၊ ဣတ္ထိယတို့၊ တင်စ ရှေးဖျား၊ ထိုသူများအား၊ တရား ပေါက်လွှတ်၊ ဆဲးရေရွတ်က၊ ဓမ္မသတ်ကျမ်းလာ၊ ပြစ်ပေးရာ၏၊ တဖြာ ထိုမှ၊ သီလယှိသူ၊ ငယ်ရွယ်သူနှင့်၊ အိုသူ ဇရာ၊ သူနာ တဦး၊ သူရူး တမျိုး၊ မင်းစိုး တပါး၊ သား-ငါး ရှောင်လစ်၊ သူခုနစ်တို့၊ သတ်ညှစ် သေဘိ၊ ပြစ် မယှိဟု၊ လောကီ့အလို၊ ဆုံးဖြတ် ဆို၏၊ ထိုထို လျပ်ဝါး၊ စကား *ဖဖ၊ နှုတ်ရွ လျှာရွှင်၊ တငင်ငင်နှင့်၊ သူတင် ငါ†ချေ၊ ဆို ရှေ့နေတို့၊ ဆင်†ခြေ ထပ်လု၊ အနု အကြမ်း၊ မိရာ ဖမ်း၍့၊ လက်ပမ်း လက်ဝှေ့၊ လက်ပွေ့သတ်ယောင်၊ တဘောင်ဘောင်နှင့်၊ တိမ်းရှောင် ပတ်ရစ်၊ ကြက်ကောင်း ပစ်သို့၊ အဆစ် မြင်တိုင်း၊ မှုတွင် လှိုင်း၏၊ ချင့်နှိုင်း ရင့်-နု၊ အမှု ကျယ်ချဲ့၊ *တွယ်ငဲ့ ချုပ်ရုပ်၊ တရား ငုပ်၍့၊ ရှုပ်ရပ် ထွေးထွေး၊ ရှေ့နေ သွေးတိုင်း၊ ပုပ်ဆွေး နေ့ရှည်၊ ဆိုင်း မတည်လင့်၊ လုပ်သည် ကိုင်သူ၊ ထိုလူအများ၊ ဆင်းရဲးသားကား၊ လုပ်စား ကိုင်စား၊ သွားလာ မပြီး၊ ချပ်တီး *ချပ်နောင်၊ လျင်ဆောင် ပတ်လည်၊ ရပ်မတည်ဘူး၊ မှုသည် တပါး၊ ရွားစား တဦး၊ အထူး မင်းခန့်၊ ရပ်တန့် ညီမျှ၊ ဆုံးမတတ်သူ၊ နှစ်လူ မှုသည်၊ ခုံတည် ခွင့်ပြု၊ ပြည်သူ့*သနင်း၊ မင်းနှင့် ခြောက်ပါး၊ ထိုသူများတို့၊ ဖြတ်ခြားတုံမြောက်၊ ရှေ့ လေးယောက်မူ၊ ဘောက်သော် ဘောက်စေ၊ နောက် နှစ်ထွေကား၊ သေသေ ရှင်ရှင်၊ မပြင်အပ်စွာ၊ မဘောက်ရာသည်။။ ရာဇာ မင်းနှင့် ခံဝန်တည်း။ (၃၅)
(၃၉၆) လောကီ့ ဓမ္မတာ၊ လူတို့ရွာဝယ်၊ လူမှာ လူလိုက်၊ နတ်ပြည်နှိုက်လည်း၊ နတ်ထိုက် နတ်†လျောက်၊ မှုရေးရောက်သော်၊ အ†လျောက် အထား၊ တရား တွေ့ဆိုင်၊ နှစ်ဦး ပြိုင်လျက်၊ ရှုံး-နိုင် ညီမျှ၊ ထိုက်ရာ ပြ၍့၊ ကောက်ရစမြဲး၊ သို့မလွဲးတည့်၊ တောထဲး အုံလျှိုး၊ တောမူဆိုးက၊ တောမျိုး လူစစ်၊ တောဝယ် ဖြစ်၍့၊ သစ်ထစ် ခွံတင်၊ တောတွင် မှတ်စွဲ၊ ပြုကြမြဲးနှင့်၊ မျိုးကွဲး နွယ်ခြား၊ ဇာတိအားဖြင့်၊ ဘုရား နတ်ကိုင်၊ ကျမ်းကိုင် ပန္နက်၊ ကျိန်စာ ယွတ်က၊ နှုတ်မြွက် ဆိုကြား၊ ဟူသည်များနှိုက်၊ တရား မကင်း၊ ပြစ် လွတ်ရှင်းသော်၊ ချင်းတို့ ဓမ္မတာ၊ ကုလာစာရ၊ စာရိတ္တတိုင်း၊ ဘာဝအလိုက်၊ အထိုက် အလျောက်၊ ပြီးမြောက်စေရာ၊ ဘာသာ *နှုန်းပျက်၊ ထုံး မဖျက်လင့်၊ “အသက်ဆုံးရာ၊ ခန္ဓာ ပျက်ကြောင်း၊ ကျင့်မကောင်းကို၊ အလောင်း သူမြတ်၊ ဗောဓိသတ်တို့၊ ဆုံးဖြတ် ဘယ်ရွေ့၊ မပြုလေ့တည့်၊ သိမ်မွေ့ နည်းနာ၊ သတ္တဝါအား၊ မေတ္တာ ကရု၊ ပညာ ရှု၍့၊ ပြည်သူ့ကိစ္စ၊ ဆောင်ကုန်ကြ၏၊ ရှေးက သူဟောင်း၊ ကျင့်ကောင်း ဥပဒေ၊ လွဲးသွေ မကြိုက်၊ ဂတိ လိုက်၍့၊ အမိုက် သုံးလျက်၊ ထုံး မစွက်လင့်၊ “ထက်မြက် ဉာဏ်*ဝါ၊ ငါ စွမ်းစွာဟု၊ ထင်ရာ ထင်တိုင်း၊ တောဆင်ရိုင်းသို့၊ ချင့်နှိုင်း မယှိ၊ နှုတ် ခိုက်ထိလျက်၊ *ပစိ ပုတ်ခတ်၊ သူယုတ်-မြတ်အား၊ ကုတ်ကတ် ဆန်းပြား၊ စကား စီးကာ၊ မပြောရာဘူး၊ နှုတ်လျှာ ပေါက်လွှတ်၊ ပြောဆိုတတ်က၊ ပရိသတ်ဝယ်၊ ထိုလူကျယ်ကို၊ ပွဲးလယ် မသွင်း၊ ဝိုင်းပယ်လျှင်းလိမ့်၊” “ဖြည်းညှင်း သာယာ၊ စဉ်လာ တန္တိ၊ ဝေါဟာ ယှိတိုင်း၊ ကဝိလက္ခဏာ၊ ပြည့်စုံစွာလျက်၊ ပေါရာဏိက၊ လမ်းရိုး†ကျအောင်၊ ဝါ†ကျ နိပ္ဖန်၊ ကာရန် ပုဒ်-ဓာတ်၊ သင့် ဆုံးဖြတ်၍့၊ အသတ် နိဂ္ဂဟိတ်၊ အပိတ် အဘွင့်၊ ရစ်-ပင့် ဝိသဇ္ဇနီ၊ ထုံးမှီ စံမှတ်၊ မှန် မချွတ်ဘဲး၊ ဖတ်-ရွတ် ရေးနည်း၊ *နိဿရည်းကို၊ သိပ်သည်းစေလျက်၊ ပထမက်နှင့်၊ ဒုတီယက်မှာ၊ အက္ခရာကြမ်း၊ နားမ†ချမ်းတည့်၊ ခွဲး†ခြမ်း တဝ၊ တတီယ စတုတ္ထာ၊ ပ ဉ္စမာမူ၊ အက္ခရာနု၊ ကဏ္ဏ†သုဟု၊ ရှေး†သူ့ မှတ်ပုံ၊ နည်း-အာဂုံလည်း၊ မှတ်ယုံ ဝမ်းဝယ်၊ *တမျဉ်းသွယ်သို့၊ မပယ် မဖျက်၊ ဆောင် လေ့ကျက်ရှင့်၊”မင်းပျက် မတ်ချွတ်၊ ကျင့်ဝတ် မတည်၊ ယွင်း သွေဖည်က၊ ပြည် မချမ်းသာ၊ ပြည်ကြီး နာလျက်၊ များစွာ ပြည်သူ၊ အိုးနှယ် ဆူ၍့၊ *ဗိုလ်လူ ရုတ်ရက်၊ စစ်ကြီး တွက်၏၊ လေးချက် ယုတ်မာ၊ မိစ္ဆာဂတိ၊ မငြိ မကပ်၊ မလျပ် မဝါး၊ မှန်တရားဖြင့်၊ မစား တံစိုး၊ တော်*ဖြောင့် ရိုးလော့၊ လိုဆိုး ပါပ၊ မိုက်မောဟနှင့်၊ လောဘ ပေါက်လွှတ်၊ မှား မချွတ်နှင့်၊ ဓမ္မသတ်တရား၊ ယှိပါငြားလည်း၊ တိမ်းပါး ငဲ့ကွက်၊ လက်ဆောင် ဖျက်ဟု၊ စဉ်ဆက် ဆိုရိုး၊ မြော်စောင့် ကြိုးလော့၊ အမျိုး မျက်†နှာ၊ ထိုး ပ†ဏ္ဏာနှင့်၊ မေတ္တာ ယှိ*မဲ့၊ ဂတိ ယွဲ့၍့၊ မငဲ့တုံရှောင်း၊ မှန်လမ်းကြောင်းဖြင့်။။ တိမ်းစောင်း မယှိ ရံဘန်တည်း။ (၃၆)
(၃၉၇) မေတ္တာ တံစိုး၊ အမျိုး မျက်နှာ၊ မညှာ မငဲ့၊ ချိန်၏့ ကဲ့သို့၊ *နှိုင်းရှဲ့*တမျှ၊ ကျင့်ကုန်ကြလော့၊ ရှေးက မနု၊ ရှင်တို့ ပြုသား၊ ပေါင်းစု ထင်ရှား၊ ကျမ်းဂန်များနှင့်၊ ပိုင်းခြား သတ်မှတ်၊ စီရင်တတ်၍့၊ ဆုံးဖြတ်နိုင်†မှ၊ ဓ†မ္မဂုတ္တ၊ ဓမ္မဋ္ဌဟု၊ တရာ့းသူကြီး၊ လူနှိုက် ခြီးလျက်၊ နောက်ပြီး တမလွန်၊ နတ် ခြောက်ဌာန်ဝယ်၊ ဗိမာန် ရွှေဘုံ၊ ရံ-ရွေ စုံနှင့်၊ အာရုံ ငါးသွယ်၊ ကြီးကျယ် တင့်မော၊ စံ ပြန့်*ပြောလိမ့်၊ သို့လော မဟုတ်၊ “ဂတိ ပြုတ်က၊ ခြုတ်ခြုတ် နိရယ၊ ငရဲး ကျ၍့၊ ပြင်းပြ ပူ†ထွေ၊ ကျိုက်ကျိုက် ဝေလျက်၊ သံ†တွေ ရဲးရဲး၊ မျို အမြဲးနှင့်၊ သံခဲး တောင်†ရှိ၊ မီ့းအတိတို့၊ သက်†ယှိအသွင်၊ သံမြေပြင်ထက်၊ အရှင်လတ်လတ်၊ ကျွဲးဆိုး ခတ်သို့၊ မပြတ် နယ်†ကြိတ်၊ မည်*ကျိတ်†ကျိတ်ဖြင့်၊ ကြောက်ထိတ်ဘွယ်ကြီး၊ ညီးညီး လောင်ရဲး၊ *ဖုန်း†ငရဲးနှိုက်၊ ဆင်းရဲး ကြီးစွာ၊ ရှည်ကြာ အဟုတ်၊ ခံ ကြမ်းကြုတ်ပြီး၊ ဂိဇ္ဈကုဋ်တောင်၊ ပြိတ္တာ့ဘောင်ဝယ်၊ ကျီးကောင် လင်းတ၊ သိန်း-စွန် စသား၊ ထိုမျှ သဲးသဲး၊ တဝဲးဝဲးနှင့်၊ ဆိတ်ဆွဲး *တစ်လွေး၊ ငိုကြွေး မြည်ကြော်၊ ဟစ်အော်သဖြင့်၊ ကိုယ့်အကျင့်တိုင်း၊ ကိုယ်နှင့် မတန်၊ အဏ္ဍဝန်ကို၊ အလွန် လေးလံ၊ တရံ မချိ၊ ထမ်းဆောင်ဘိ၍့၊ မိမိ ကျောက်သား၊ မိမိ စားလျက်၊ ကြီးမားစွာလှ၊ ပေတဒုက္ခ၊ ခံစားရလိမ့်။။ မိုးဝ ကောင်းကင် ပျံ*ကွန်တည်း။”(၃၇)
အမစ္စောဝါဒခဏ်း (၃၇)ပိုဒ် ပြီး၏၊