အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
(၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁။)
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်
(၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ (က) အမြတ်ခွန်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
- (ခ) ဤဥပဒေသည် ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွက်မှ စ၍ အာဏာတည်စေရမည်။
၃။ (က) ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွက်မှစ၍ အမြတ်ခွန် ဥပဒေအရ စည်းကြပ်ရန်ကိစ္စရပ်များကို ဝင်ငွေခွန် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။
- (ခ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် အခွန်ထမ်းက အမြတ်ခွန်ဥပဒေပုဒ်မ ၁၂ အရ ပေးသွင်းထားသော အခွန်ကို ခုနှိမ်ပေးရမည်။
၄။ ၂၀၁၁-၂၁၁၂ စည်းကြပ်နှစ်မတိုင်မီက အမြတ်ခွန်ဥပဒေအရ စည်းကြပ်ရန်ကိစ္စရပ်များနှင့် ဆောင်ရွက်ဆဲကိစ္စရပ်များကို အမြတ်ခွန်ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။
၅။ အမြတ်ခွန်ဥပဒေပုဒ်မ ၁၉ အရ ခွင့်ပြုသည့်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအဖြစ် ဆက်လက်အကျိုးသက်ရောက် စေရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်