အမြတ်ဆုံးသီလ
သင်ခန်းစာ (၇)
အမြတ်ဆုံးသီလ
ပြင်ဆင်ရန်သီလရှိသော အမတ်ကြီး
လွန်လေပြီးသောအခါက တိုင်းပြည်တစ်ပြည်တွင် အကျင့်သီလနှင့်ပြည့်စုံသော နန္ဒအမည်ရှိ အမတ် ကြီးတစ်ဦး ရှိလေသည်။ သူသည် ပြဿနာများကို မှန်မှန်ကန်ကန် ဖြေရှင်းဆုံးဖြတ်ပေးတတ်၏။ ထို့ကြောင့် သူ့ကို ဘုရင်နှင့်တကွ တိုင်းသူပြည်သားများက လေးစားကြသည်။ တစ်နေ့တွင် အမတ်ကြီးသည် “ငါ့ကို ဘုရင်နှင့်တကွ လူအများက လေးစားကြ၏၊ ဤသို့ လေးစားကြသည်မှာ ငါ၏ စည်းစိမ်ဥစ္စာများကြောင့် လော၊ ရာထူးကြောင့်လော၊ မျိုးရိုးကြောင့်လော စမ်းသပ်ကြည့်ဦးမှပဲ”ဟု တွေးမိလေသည်။
ထိုနေ့မှစ၍ အမတ်ကြီးသည် ဘုရင့်ဘဏ္ဍာတိုက်ထဲမှ ငွေအနည်းငယ်ကို နေ့စဉ် ခိုးယူခဲ့၏။ ငွေထိန်းက တွေ့မြင်သော်လည်း “အမတ်ကြီးဟာ သီလရှိသူ ဖြစ်တယ်၊ ခိုးတာ မဟုတ်လောက်ပါဘူး”ဟု တွေးပြီး တစ်စုံတစ်ရာ မပြောဘဲ နေခဲ့သည်။ နေ့စဉ်နေ့တိုင်း တွေ့ရသောအခါ မနေသာတော့ဘဲ အမတ်ကြီးကို ဘုရင့်ထံသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြသည်။ ဘုရင့်ထံ ရောက်သောအခါ အမတ်ကြီးက “ဘဏ္ဍာငွေ များကို ခိုးလိုစိတ်ဖြင့် ယူခြင်း မဟုတ်ပါ၊ လူအများ ချစ်ခင်မြတ်နိုးရသည့်အကြောင်းကို စမ်းသပ်လို၍ ယူခဲ့ခြင်း အဖော်ဖြစ်ပါသည်”ဟု ရှင်းပြလိုက်လေသည်။ လူများ အထင်ကြီးလေးစားသည်မှာ အကျင့်သီလကောင်းမွန် ခြင်းကြောင့်ဖြစ်ကြောင်း အမတ်ကြီး သဘောပေါက်သွားပါသည်။ အကြောင်းရင်းမှန်ကို သိသွားသော ဘုရင်နှင့် တိုင်းသူပြည်သားများက အမတ်ကြီးကို ရှေးကထက် ပို၍ လေးစားသွားကြလေသည်။