အရွယ်မှာအစွယ်ကျိုးပြီမို့

အရွယ်မှာအစွယ်ကျိုးပြီမို့
by မောင်းထောင် ဦးကျော်လှ
4267အရွယ်မှာအစွယ်ကျိုးပြီမို့မောင်းထောင် ဦးကျော်လှ

အရွယ်မှာအစွယ်ကျိုးပြီမို့
ကွယ်ကိုးရန်မပေါ်ဘု
ညှိုးယော်ယော် ဖိုးကျော်လှငဲ့
ကိုးမှော်ရဉာဏ်ဝိဇ္ဇာ။

မန်းရွှေမြေ နန်းဗွေကနက်
ထမ်းရွက်စဉ်အခါတုန်းဆီက
ရွာလုံးကုန်မှီခိုလောက်ပါငဲ့
ဂုဏ်ရောက်ဟန် မောက်မန်မတင်း
ရန်ကင်းအောင်ထွေထွေပြုခဲ့
မင်းမှုတွက်တာ။

ဘိလပ်စံ ထပ်မံစိုးပြန်တော့
ကံညှိုးပုံအခက်ဆုံးပေပေါ့
မျက်လုံးသဖွယ်နှင့်
လက်ရုံးနှစ်သွယ် ပခုံးဝယ်ပေါက်လေသို့
သုံးယောက်ကယ်တိတ်ညီနောင်သားငယ်တို့
ရှောင်ရှားနှင့်အနိစ္စာ
ဘိဇ္စျနာရွှေ့ပြောင်း။

အစဉ်ပင်အလျင်သူကြီးတို့နှင့်
၀ရီးတူဆွေအမျိုးပါပဲ
မောင်ဖိုးမှန် စိုးပြန်ခိုက်မှာမှ
တန်လိုက်လေ အရပ်သားတို့က
မသနားမညှာတာလို့
တံခါးမွာသြားကာအိပ္ပါရ
အရိပ်ကယ်အရောင်မဲ
မှောင်ထဲမှာမမြင်မကန်းဟာမို့
ပင်ပန်းစွာ လမ်းတာသွားရ
စမ်းတားစမ်းတီဖြစ်ချေပေါ့
ဤနှစ်လွန်ခုနှစ်ဆယ်သာခဲ့
ကိုယ်ခန္ဓာအိုကာထိုင်းပြီမို့
ထိုရွာမှတံခါးဗိုလ်အရာမခိုင်းပါနှင့်တော့
မှိုင်းမပါကြောင်း။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.