ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၂။ အသက်သခင်ကို ပြစ်မှားသူ
4970ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၃၂။ အသက်သခင်ကို ပြစ်မှားသူဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၂)

အသက်သခင်ကို ပြစ်မှားသူ

ပြင်ဆင်ရန်

ရှေးအခါက ဗာရာဏသီပြည်ရှိ ရွာတစ်ရွာတွင် လယ်သမားတစ်ယောက်သည် နွားများကို စားကျက်၌ လွှတ်ထားပြီး ပေါက်တူးပေါက်နေ၏။ နွားများက စားကျက်တွင် စားသောက်နေရင်း တောအုပ်ထဲသို့ ဝင်သွားကြသည်။ လယ်သမားသည် နွားပျောက် ရှာရင်း တောအုပ်ထဲ၌ မျက်စိလည်ပြီး လမ်းမှားသွား၏။ ခုနစ်ရက်တိုင်တိုင် တောအုပ်ပြင်ပသို့ ထွက်၍ မရသဖြင့် ထမင်းလည်း မစားရပေ။ တစ်နေ့တွင် သူသည် အိမ်ပြန် လမ်းရှာရင်း တည်ပင်တစ်ပင်နားသို့ ရောက်သွားသည်။ တည်သီးစားရန် အပင်ပေါ်သို့ တက်ခူးရာ ခြေချော်ပြီး အတောင်ခြောက်ဆယ်နက်သော ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွား၏။ ချောက်ကမ်းပါးက အလွန်မတ်စောက် သဖြင့် အပေါ်သို့ ပြန်မတက်နိုင်တော့ပေ။ ဤသို့ဖြင့် ချောက်ကမ်းပါးထဲ ကျနေသည်မှာ ဆယ်ရက်ခန့် ကြာ သွားသည်။

တစ်နေ့တွင် ဘုရားအလောင်းမျောက်မင်းသည် တည်ပင်ပေါ်၌ တည်သီးစားနေစဉ် ချောက်ကမ်းပါးထဲတွင် ပြုတ်ကျနေသော လယ်သမားကို တွေ့သွားခဲ့၏။ ထိုအခါ ကျောက်ဖျာ၌ ကြိုးချည်ကာ ချောက်ကမ်းပါးသို့ ဆင်း၍ လယ်သမားကို ကျောပေါ်တင်ကာ ကြိုးဖြင့် အပေါ်သို့ ဆွဲတက်ပြီး ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရသည်။ အပေါ်သို့ ရောက်သောအခါ မျောက်မင်းက “ကျွန်ုပ် အလွန်ပင်ပန်း နေတဲ့အတွက် ခေတ္တခဏ အနားယူပါဦးမယ်”ဟု ဆိုကာ ကျောက်ဖျာပေါ်တွင် ပက်လက်လှန် အနားယူရင်း အိပ်ပျော်သွားလေသည်။

မျောက်မင်း အိပ်ပျော်နေစဉ် လယ် ရန် သမားသည် “တောထဲမှာရှိတဲ့ တိရစ္ဆာန်ဆိုတာ လူတွေရဲ့ အစာ ဖြစ်တယ်၊ ဒါ့ကြောင့် ဒီမျောက် ကြီးကို သတ်ပြီး စားလို့ရတယ်၊ ငါလည်း သိပ်ပြီး ဆာလောင်နေတယ်၊ ဒီမျောက်သားကို ယူသွားရမယ်၊ တောအုပ်ထဲက ထွက်ဖို့ ရိက္ခာ လိုတယ်”ဟု ကြံစည်၍ အနားတွင်ရှိသော ကျောက်တုံးဖြင့် မျောက်မင်း၏ ဦးခေါင်းကို ထုရိုက်လိုက်သည်။ ထိုသို့ ထုရိုက်သော်လည်း လယ်သမားသည် အားနည်းနေသောကြောင့် မျောက်မင်းမှာ မသေဘဲ ခေါင်းကွဲသွားလေသည်။ မျောက်မင်းသည် လန့်နိုးသွားပြီး သစ်ပင်ပေါ်သို့ ခုန်တက်လိုက်၏။ သွေးများ ယိုစီးလျက် မျက်ရည်များ ကျလာကာ “အို လူသား ... သင်မြေပြင်က သွားပါ၊ ကျွန်ုပ်က သစ်ခက်တွေနဲ့ သင့်ကို လမ်းညွှန်ခေါ်ဆောင်သွားပါမယ်”ဟု ပြော၏။ ရွာအနီးကို ရောက်သောအခါ မျောက်မင်းသည် တောအုပ်ထဲသို့ ပြန်ဝင်သွားလေသည်။ ။

လယ်သမားသည် ကျေးဇူးရှင် သူတော်ကောင်း မျောက်မင်းကို ကိုယ်ထိလက်ရောက် စော်ကားမိ သောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အလွန်ပူလောင်သည့် ဝေဒနာကို ခံစားနေရသည်။ အနာများလည်း ပေါက်လာသည်။ အနာများက ပူလောင်လှသဖြင့် ငှက်ပျောရွက်များကို ခင်း၍ အိပ်ရ၏။ သို့သော် ဝေဒနာက မသက်သာဘဲ တဖြည်းဖြည်း ပိုဆိုးလာသည်။ နောက်ဆုံးတွင် လယ်သမားသည် ထိုပြင်း ထန်သည့် ဝေဒနာကို ခုနစ်နှစ်ခန့် ခံစားရပြီး ကွယ်လွန်သွားခဲ့လေသည်။