အသင်္ခယာကျောင်း ကျောက်စာ

အသင်္ခယာကျောင်း ကျောက်စာ (သက္ကရာဇ် ၆၆၅)
by အသင်္ခယာ
4327အသင်္ခယာကျောင်း ကျောက်စာသက္ကရာဇ် ၆၆၅အသင်္ခယာ

(မျက်နှာဘက်)

ပြင်ဆင်ရန်
  • “။ ။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿတိ။ ။ သွဿတိ ကောင်သောဖ္လစ်စေလျှင် တေည်၊ ကာလယု
  • တ်အခာနှိုက် ဖုရာသိခင်သာသနာကိုဝ် အခာခပ်သိမ် တေည်စိမ်သနှိုက် အတုမဲသာ တတ်အာခြင်လေည်ဟိဓသော
  • ၊လုံလပြည်ညာသတ္ထာတန်ခိုဝ်ဟူသော တန်ဆာလေည် ဆင်ဓသော၊ စံပုတိတ်ဓက်ဟိသော အလွှံသော မင်တိုဝ် သး
  • ည်လေည် မေဩာင်နိုင်ဓသော ၁၂ဝဝဝဝဝသော ခန်မင်ကြိ၏ စစ်သည်ကိုဝ်လေည် ေဩာင်စင်ပြိဓသော၊ သိရိတြိ
  • ဘါဝနာတိတ္တျာပဝရသီဟသူရဓမ္မရာဇာလေည် မေည်ဓသော တြျာမင်ကြိ၏ တဝံဖ္လစ်သောအစ်ကိုဝ်လေည် ဖ္လစ်ဓ
  • သော၊ ရတ္တနာသုံပါနှိုက် အတုမဲသာ ကြည်ညိုဝ်ခြင်ဖ္လင် ညွတ်သာနှလုံလေည်ဟိဓသော၊ အမေည်ဖ္လင်ကာ အတိုင်မသိ
  • သောရန်သူတိုဝ်ကိုဝ် ေဩာင်စင်ပြိသောကြောင် အသင်္ခယာလေည်မေည်ဓသော၊ ယောက်ကျာတကာဓက် မ္လတ်စွာဓေး
  • သာတြျာမင်ကြိ၏အစ်ကိုဝ်သည် မြင်စိုင်မေည်သောအရပ်နှိုက် ရွှယ်အတိသော စလစ်က္လောင်ကြိကိုဝ်ပ္လုရုယ် လှူသော၊”

[နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ တိ။ ။သွန္တိ၊ ကောင်းသောဖြစ်စေလျှင်းတည်း။ ကာလယုတ်အခါ၌ ဘုရားသခင်သာသနာကို အခါခပ်သိမ်း တည်စိမ့်သော၌ အတုမဲ့သော တတ်အားခြင်း လည်း ရှိထသော၊ လုံ့လပညာသဒ္ဓါတန်ခိုးဟူသော တန်ဆာလည်း ဆင်ထသော၊ ဇမ္ဗူဒိပ်ထက်ရှိသော အလျှံသောမင်းတို့သည်လည်း မအောင်နိုင်ထသော ၁၂ဝဝဝဝဝ သော ခန်းမင်းကြီး၏ စစ်သည်ကိုလည်း အောင်စင်ပြီးထသော၊ သီရိတြိဘဝနာဒိတျပဝရ သီဟ သူရဓမ္မရာဇာလည်းမည်ထသော တရားမင်းကြီး၏ တစ်ဝမ်းဖြစ်သော အစ်ကိုလည်းဖြစ်ထသော၊ ရတနာ သုံးပါး၌ အတုမဲ့သော ကြည်ညိုခြင်းဖြင့် ညွတ်သော နှလုံးလည်းရှိထသော၊ အမည်ဖြင့်ကား အတိုင်းမသိသော ရန်သူတို့ကို အောင်စင်ပြီးသောကြောင့် အသင်္ခယာလည်း မည်ထသော၊ ယောက်ျားတကာထက် မြတ်စွာထသော တရားမင်းကြီး၏အစ်ကိုသည် မြင်စိုင်းမည်သော အရပ်၌ ရွှေအတိသော စုလစ်ကျောင်းကြီးကိုပြု၍ လှူ သော။]


  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.