၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ

၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ
by အမည်မသိ
4487၀ိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာအမည်မသိ

ပညာဝံ ပညဝါ ဗုဒ္ဓ၊ သုတဝံ သုတဝါ တုလ၊

ဘဂဝံ ဘဂဝါ ဘောန္တံ၊ ဘောန္တံ ဝန္ဒာမိ ဘောန္တဂုံ။

ပညာဝံ ပညဝါ- ပညာရှိသူ နတ်လူတို့ထက် အထူးပညာရှိတော်မူထသော။ သုတဝံ သုတဝါ- သုတရှိသူ နတ်လူတို့ထက် အထူးသုတ ရှိတော်မူထသော။ ဘဂဝံ ဘဂဝါ- ဘုန်းကံရှိသူ နတ်လူတို့ထက် အထူးဘုန်းကံ ရှိတော်မူထသော။ အတုလံ- တုဘက်လွတ်ကင်း သုံးလူ့မင်းလည်း ဖြစ်တော်မူပေထသော။ ဗုဒ္ဓ- သဗ္ဗညု မြတ်စွာဘုရား။ ဘောန္တံ (အဘဝန္တံ)- သံသရာဘဝ မဆုံးနိုင်သူ နတ်လူဗြဟ္မာအပေါင်းတို့ကို။ ဘောန္တံ (ဘဝန္တံ)- ဆုံးသော ဘဝရှိသည်ကို။ ဘဝန္တံ ဘာဝန္တံ- ဖြစ်စေတော်မူတတ်ထသော။ ဘောန္တဂုံ ဘဝန္တဂုံ- ဘဝဆုံးရာ နိဗ္ဗုတာသို့ ရှေးဦးစွာ ရောက်တော်မူပြီး ထသော။ ဘောန္တံ- ကိုယ်တော့်သခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ ဝန္ဒာမိ- လက်စုံမိုးကာ ရှိခိုးပါ၏။ ဝန္ဒာမိ- ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့မြတ်နိုး လက်အုပ်မိုးကာ ရှိခိုးဦးညွတ်ပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား ...


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။