၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ။
[၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၃။]
၁၃၂၄ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်။
(၁၉၆၂ ခုနှစ်၊ မေလ ၉ရက်။)
အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကျေညာသည်။
နိုင်ငံတော် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ။ (၁) ဤဥပဒေကို ၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင် စေရမည်။
- (၂) ဤဥပဒေသည်၊ ချက်ခြင်းအာဏာတည်ရမည်။
၂။ ။ (၁) ရန်ကုန်တက္ကသိုလ် အက်ဥပဒေ (The University of Rangoon Act ) ကို၊ ဤဥပဒေဖြင့် ရုပ် သိမ်းလိုက်သည်။
- (၂) ယင်းသို့ရုပ်သိမ်းသည့်အခါ-
- (က) မြန်မာနိုင်ငံ ယေဘုယျစကားရပ် အက်ဥပဒေ ပုဒ်မ ၅ပါ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ရမည်။
- (ခ) ရန်ကုန်တက္ကသိုလ် ပိုင်ပစ္စည်းအားလုံးသည်၎င်း၊ ရန်ကုန်တက္ကသိုလ်၏ ကြွေးမြီတာဝန်အားလုံးသည်၎င်း အစိုးရ၌ တည်ရှိသက်ရောက်ရမည်။
၃။ ။ ဤဥပဒေစတင် အာဏာတည်သည့် အချိန်မှအစပြု၍၊ နိုင်ငံတော် တော်လှန်ရေး အစိုးရသည်၊ ရန် ကုန် တက္ကသိုလ်အား၊ အဆိုပါ ရုပ်သိမ်းခြင်းခံရသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေဖြင့် ပေးအပ်ထား သည့် အာဏာနှင့် တာဝန်ဝတ္တရားများကို ဆက်လက်သုံးစွဲ ဆောင်ရွက်ရမည်။
ဗိုလ်နေဝင်း၊
ဥက္ကဋ္ဌ၊
နိုင်ငံတော် တော်လှန်ရေးကောင်စီ။
၁၃၂၄ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်။
(၁၉၆၂ ခုနှစ်၊ မေလ ၉ ရက်။)
အမိန့်အရ၊
ဒု-ဗိုလ်မှူးကြီး ကိုကို၊
အတွင်းဝန်၊ နိုင်ငံတော် တော်လှန်ရေး အစိုးရအဖွဲ့။